IT

Xiaomi နဲ့ Meitu တို့ ပူးပေါင်းကာ Selfie အသားပေး CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်မည်

Xiaomi က လူငယ်တွေကို အဓိကပစ်မှတ်ထားမယ့် “CC” စမတ်ဖုန်းစီးရီးအသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။ ယခုဖုန်းစီးရီးအသစ်ကို MeituPic ဓာတ်ပုံပြင် App ကို ဖန်တီးခဲ့တဲ့ Meitu အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းထုတ်လုပ်သွားမှာဖြစ်ပြီး၊ ခေတ်လူငယ်တွေအကြိုက် Selfie အသားပေး ဖုန်းတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံနဲ့ ဗီဒီယိုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာနိုင်ပါတယ်။

CC စီးရီးအသစ်ဟာ “ကာလာစုံ” မှာ ဖြစ်သလို၊ “ဆန်းသစ်မှု” တွေလည်း ပါရှိမယ်လို့ Xiaomi က ပြောကြားထားပါတယ်။ လက်ရှိထုတ်ထားတဲ့ Mi စီးရီး၊ Redmi စီးရီးတွေနဲ့ မတူဘဲ၊ ပိုမို ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ မြင်တွေ့ရနိုင်ပါတယ်။

လောလောဆယ်မှာတော့ CC စီးရီး ဖုန်းအသစ်တွေကို Xiaomi က တရားဝင် မိတ်ဆက်ပြသထားခြင်း မရှိသေးပါဘူး။ မကြာခင်ရက်ပိုင်းအတွင်း မြင်ရမယ်လို့ ဆိုပါတယ်။ ကောလာဟလတွေအရတော့ Mi CC9 နဲ့ Mi CC9e တို့ဟာ ဒီစီးရီးရဲ့ ပထမဆုံးဖုန်းတွေ ဖြစ်လာမယ်လို့ သိထားရပါတယ်။

Xiaomi ကနေ ပေါက်ကြားလာတဲ့ ဓာတ်ပုံတခုမှာလည်း ရှေ့နောက်လှန်နိုင်တဲ့ ကင်မရာအစိတ်အပိုင်းနဲ့ Meitu အမှတ်တံဆိပ် ဖုန်းတလုံးကို တွေ့မြင်ထားရပါတယ်။ ကင်မရာအစိတ်အပိုင်းထဲမှာ ကင်မရာဆန်ဆာ သုံးခုနဲ့ ဖလက်ရှ်မီး တခုတို့ ပါဝင်ပြီး၊ Selfie ရိုက်ချင်ရင် အရှေ့ကို လှန်ပြီး ရိုက်ရမှာပါ။ Xiaomi Mi CC9 ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာနိုင်ပါတယ်။

Mi CC9e လို့ ယူဆရတဲ့ Xiaomi ဖုန်းတလုံးရဲ့ အချက်အလက်အချို့ကိုလည်း တရုတ်နိုင်ငံ ဆက်သွယ်ရေးပစ္စည်းမှတ်ပုံတင်ဝဘ်ဆိုဒ် TENAA မှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ရေစက်ပုံစံ Notch ပါ Display ၊ ရိုးရိုးကျောဘက်ကင်မရာသုံးလုံးနဲ့ပါ။ AMOLED Display ကို အသုံးပြုသွားမှာဖြစ်ပြီး၊ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာလည်း ပါဝင်ဖို့ ရှိပါတယ်။

Ref: Gadgets 360, Gizmochina

You May Also Like These Stories:

Huawei က Nova 5 Series အသစ်ကို မိတ်ဆက်

Huawei က ခေါက်ချိုးဖုန်း ဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်

Infinity-O Display အသုံးပြုထားတဲ့ Samsung Galaxy M40 ထွက်ရှိ

Loading