• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဒီအချိန်မှာ ကောလာဟလ သတင်းတွေ မထွက်စေချင်ဘူး”လို့ စန္ဒီမြင့်လွင် ပြော

by ချစ်ပိုး
4 September 2020
in Entertainment
A A
အဆိုတော် စန္ဒီမြင့်လွင် / ဧရာဝတီ

အဆိုတော် စန္ဒီမြင့်လွင် / ဧရာဝတီ

14.7k
VIEWS
Share on FacebookShare on Twitter

COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတာကြောင့် ပရိသတ်တွေရော ပြည်သူပြည်သား အားလုံးကို စိုးရိမ်တယ်လို့ အဆိုတော် စန္ဒီမြင့်လွင်က ပြောပါတယ်။

“အခုက ပိုးတွေ့လူနာတွေလည်းများလာတော့ အပြင်သွားတာလေး နည်းနည်းလျှော့လိုက်တယ်။ ကလေးလည်းရှိတော့ အပြင်ဆိုင်တွေလည်း သိပ်မထိုင်ဖြစ်တော့ဘူး။ အရေးတကြီး လက်စသတ်စရာရှိတဲ့ အလုပ်လေးတွေတော့ လက်စသတ်နေတယ်။ အပြင်ထွက်ရင်လည်း လက်သေချာ ဆေးတယ်။ Mask ကို သေချာတပ်ရတာပေါ့။ အဲ့လို လက်ဆေးတယ်၊ Mask တပ်တာကတော့ အစကတည်းက အကျင်တော့ ရနေပါပြီ”

“အစကတော့ ပြည်တွင်းမှာ ကူးစက်မှု မရှိဘဲ အခုတော့ ပြည်တွင်းမှာပါ ကူးစက်လာတာဆိုတော့ စိုးရိမ်တယ်။ ကိုယ့်ပရိသတ်တွေရော၊ ပြည်သူပြည်သား အားလုံးကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မယ်။ ကိုယ့်မိသားစုကို ကာကွယ်မယ်ဆိုတဲ့ နည်းနဲ့သွားရင်တော့ အဆင်ပြေပါလိမ့်မယ်။ စည်းကမ်းတကျလေး လိုက်နာ နေထိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”လို့ စန္ဒီမြင့်လွင်ကပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဒီလို အချိန်မှာ ကောလာဟလ သတင်းတွေလည်း များစွာထွက်လေ့ရှိတဲ့ အတွက် ကောလာဟလ သတင်းတွေကိုလည်း မယုံကြည်စေချင်ဘူးလို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။

“ကောလာဟလတွေလည်း ထွက်တယ်။ ဒီလိုချိန်မှာတော့ ကောလာဟလတွေ မထွက်စေချင်ဘူး။ အားလုံးက အရမ်းကြောက်နေကြတယ်။ ပိုပြီးကြောက်အောင်လို့ စကားလုံးတွေနဲ့ စာတွေနဲ့ မပြောရင်တော့ ကောင်းတာပေါ့။ အခုချိန်မှာ စိတ်ကိုငြိမ်အောင် ထားကြပါ။ အလုပ်ကတော့တချို့ Stay home လုပ်လို့ရတဲ့အလုပ် ရှိသလို လုပ်လို့ မရတဲ့သူတွေလည်း ရှိတယ်။ ဂရုစိုက်ကြပါ”

“ကိုယ်က ခုခံအားကောင်းလို့ မကူးစက်ရင်တောင် အိမ်မှာ ကိုယ်ခံအား မကောင်းတဲ့သူရှိရင်၊ အသက်ကြီးတဲ့သူရှိရင် ကလေးငယ်တွေ ရှိရင် ကူးစက်နိုင်ပါတယ်။ အဲ့အတွက် သတိထား စေချင်ပါတယ်။ သေသေချာချာလေး ဘေးကင်းအောင် ဂရုစိုက်စေချင်တယ်။ ကောလာဟလတွေကို မယုံဘဲ ကျန်းမာရေးဝန်ကြီးဌာနတွေက ပြောတဲ့ သတင်းတွေကို သာယုံကြပါ”လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၁၁၃၃ ဦး တွေ့ရှိထားပြီး စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ ရောဂါပိုးကင်းစင်လာသူ ၃၅၉ ဦး၊ သေဆုံးသူ ၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

You may also like these stories:

“အခုချိန် မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့”လို့ အဆိုတော် ပိုပိုပြော

အမေရိကားက ပြန်လာပြီး Quarantine ၃ ပတ် ဝင်နေတဲ့ နိုင်းနိုင်း

“ဆန္ဒမဲပေးကြမည်” သီချင်း သီဆိုထားတဲ့ လေးဖြူ

Your Thoughts …
Tags: စန္ဒီမြင့်လွင်ပြည်တွင်းကူးစက်မှု
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အဆိုတော် စန္ဒီမြင့်လွင်နဲ့ သမီးလေး ထရက်ရှာ  /  Sandi Myint Lwin's Facebook

သမီးလေး ထရက်ရှာအကြောင်း ပြောပြတဲ့ အဆိုတော် စန္ဒီမြင့်လွင်

by ချစ်ပိုး
14 September 2020
21.6k

ကင်မရာတော့ သိပ်မကြောက်ဘူး။ ကြော်ငြာတွေ ရိုက်မယ်ဆိုရင် သမီးလေးလည်း တကယ် သုံးတယ်၊ တခြားကလေးတွေအတွက်လည်း အကျိုးရှိမယ့်ဟာမျိုး ရိုက်ပေးဖြစ်တယ်။

အဆိုတော် ပိုပို  / နေပိုင် / ဧရာဝတီ

“အခုချိန် မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့”လို့ အဆိုတော် ပိုပိုပြော

by ချစ်ပိုး
4 September 2020
6.6k

“အခုက ပျံ့မှာပဲ ကူးမှာပဲဆိုတော့ အပြင်ကို မလိုအပ်ဘဲ မထွက်ပါနဲ့။ ကြောက်လည်း ကြောက်ရမယ်။ အရမ်းလည်း စိုးရိမ်ပူပန် သောကတော့ မဖြစ်ပါနဲ့။ ဂရုစိုက်ပါ။

လူအများကြားသွားလျှင် နှာခေါင်းစည်းတပ်လာနေခဲ့ကြသည် / ထက်ဝေ

ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု မရှိတာ ဆယ်ရက်ကျော်လာ

by ဇော်ဇော်ထွေး
29 May 2020
36.2k

မေလ ၁၈ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု မရှိသည်မှာ ဆယ်ရက်ကျော်လာခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံမှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။

တရုတ်မှာ WHO ကျွမ်းကျင်သူများ ရောက်နေစဉ် ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်

by Aurora
13 January 2021
58k

National Health Commission ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ အရင်ရက်ပိုင်း နေ့စဉ်ကူးစက်နှုန်း ၅၅ ခုရှိခဲ့ရာက လက်ရှိမှာ နေ့စဉ်ကူးစက်နှုန်း ၁၁၅ ခု တွေ့လာရတယ်လို့ ဆိုပါတယ်။

ကူးစက်မှုအသစ်လှိုင်းဟာ ယခင်ထက် ပိုပြင်းထန်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဗီယက်နမ်မှာ ၂ လအကြာ ပြည်တွင်းကူးစက်မှုအသစ် ပြန်တွေ့ရှိ

by Aurora
28 January 2021
5.9k

တကျော့ပြန် COVID-19 ကူးစက်မှုဟာ မြို့တော် ဟနွိုင်းအနီးနားက Hai Duong နဲ့ Quang Ninh ဒေသတွေက ဖြစ်ပါတယ်။

ဗီယက်နမ်မှာ ပြည်တွင်း ကူးစက်လူနာတွေ ပြန်တွေ့နေတဲ့အတွက် သတိပေးချက်ကို အမြင့်ဆုံး အခြေအနေအထိ ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှု ပြန်တွေ့

by ညီညီသူ
28 July 2020
6.7k

ဗီယက်နမ်နိုင်ငံမှာ ဧပြီလကစပြီး ပြည်တွင်းကူးစက်မှု မရှိခဲ့ပေမယ့် ဇူလိုင်လမှာတော့ ပြည်တွင်း ကူးစက်လူနာတွေ ပြန်တွေ့နေတဲ့အတွက် သတိပေးချက်ကို အမြင့်ဆုံး အခြေအနေအထိ ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။

Next Post
Google Earth မှမြင်တွေ့ရသည့် ရွှေကုက္ကိုလ် စီမံကိန်း မှတ်တမ်း ဓာတ်ပုံ

စွပ်စွဲမှုများရှိသော်လည်း ရွှေကုက္ကိုလ်စီမံကိန်းနှင့် မပတ်သက်ဟု တပ်မတော်ငြင်းဆို

နေပြည်တော် အဝင်အထွက် ဂိတ်များတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးနေစဉ်  / Thiha lwin / ဧရာဝတီ

တိုင်းနှင့်ပြည်နယ်များသို့ ကိုဗစ်ဖြစ်ပွားနေသည့် မြို့များမှ လာသူများ Quarantine ဝင်ရမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved