အမေရိကန်နိုင်ငံ၊ New Jersey နယူးဂျာစီမြို့က လူအိုရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေ အတော်များများ ရှိခဲ့ကြောင်း New York Times သတင်းစာကြီးမှာ ရေးသားထားပါတယ်။
သတင်းအရ ရဲတွေက ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ၄ ယောက်သာ ဆန့်တဲ့ ရေခဲတိုက်ထဲမှာ လူသေအလောင်း ၁၇ လောင်းကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ နယူးဂျာစီက လူအိုရုံမှာ သေဆုံးခဲ့သူပေါင်း ၆၈ ဦး မကြာသေးခင်က ရှိခဲ့ပြီး ၂၆ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့ကြောင်း သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
နယူးယောက် မြို့တော်မှာရှိတဲ့ လူအိုရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ တောမီးလောင်သလို မြန်ဆန်တဲ့အကြောင်း လေ့လာသူတွေက ပြောဆိုခဲ့ပြီး ထောင်နဲ့ချီတဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးကုန်တဲ့အကြောင်းနဲ့ သေဆုံးသူတွေအတွက် ထည့်ဖို့အိတ်တွေကို အလျင်အမြန် မှာကြားရတဲ့အကြောင်း သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
ဒီလို လူအိုရုံတွေမှာ ကူးစက်ချိန်မှာ သူတို့ကိုပြုစုဖို့အတွက် လုံလောက်တဲ့ အကာအကွယ်တွေ မရှိတဲ့အကြောင်း၊ သူနာပြုတွေလည်း မလုံလောက်တဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။
ဒီလို များစွာသေဆုံးခဲ့တာကို မိသားစုဝင်တွေက မေးခွန်းထုတ်နေကြပြီး ဒီလိုမဖြစ်သင့်ကြောင်း သတင်းစာကို ပြောဆိုခဲ့ပါတယ်။
You may also like these stories:
ယူကေမှာ နေထိုင်တဲ့ မြန်မာဆရာဝန် COVID-19 ကြောင့် သေဆုံး
ကိုဗစ်ကာလအတွင်း အွန်လိုင်းမှတဆင့် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံများရှိလာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစဉ်က အကြောင်းတွေကို ပြောပြတဲ့ မင်းသား Tom Hanks