Trend

မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများ ပိတ်ပင်ခံထားရကြောင်း Facebook အတည်ပြု

Want create site? Find Free WordPress Themes and plugins.

မြန်မာ စစ်အစိုးရဟာ Facebook ရဲ့ ဝန်ဆောင်မှုတွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကစလို့ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ အချိန် ၄ ရက်နီးပါး ပိတ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားပြီး ကုလသမဂ္ဂကလည်း စစ်အာဏာသိမ်းမှုကို မအောင်မြင်စေဖို့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စုစည်းကြဖို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ဖို့နဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြဖို့ ပြောဆိုမှုတွေကို မျှဝေဖို့ ဆိုရှယ်မီဒီယာကိုကို အရှိန်အဟုန်နဲ့ အသုံးပြုလာပြီး အဲ့ဒီအထဲမှာ Facebook က လူသိများထင်ရှားတဲ့ ဆိုရှယ်မီဒီယာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ စစ်အစိုးရက ပြည်သူတွေကို အသံတိတ်သွားစေဖို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ အရေးယူလုပ်ဆောင်မှုကို စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံအတွင်း လူဦးရေ ၅၄ သန်းရဲ့ ထက်ဝက်ခန့် အသုံးပြုနေကြတဲ့ Facebook ကို အနည်းဆုံး ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဝန်ကြီးဌာနက “လတ်တလော ကာလထဲမှာ အဖျက်အမှောက် ဆောင်ရွက်သူတွေက နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားစေပြီး အများပြည်သူ အကျိုး ထိခိုက်စေမယ့် သွေးထိုး လှုံ့ဆော်မှုတွေနဲ့ မဟုတ်မမှန်သတင်းတွေကို Facebook သုံးပြီး ရေးသား ဖြန့်ဝေနေပါတယ်” လို့ ပြောဆိုထားပါတယ်။

Facebook ကုမ္ပဏီဘက်ကတော့ “ပြည်သူတချို့အတွက် လက်ရှိမှာ ဝန်ဆောင်မှုကို ရယူနိုင်ခြင်း မရှိကြောင်း” အတည်ပြုထားပါတယ်။ ဒ့ါအပြင် သူတို့ရဲ့ WhatsApp လို သတင်းတိုပို့ ဝန်ဆောင်မှုစနစ်၊ Instagram နဲ့ သူတို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးက ပိုင်ဆိုင်တဲ့ တခြားဆက်သွယ်ရေး ပလက်ဖောင်းအားလုံးကို အဲ့ဒီ ကန့်သတ်မှုက ထိခိုက်စေခဲ့ကြောင်း ပြောဆိုထားပါတယ်။

နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Telenor ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေဟာ Facebook ချိတ်ဆက် အသုံးပြုမှုကို ယာယီပိတ်ပင်ရန် အမိန့်ထုတ်လိုက်ကြောင်း ပြောဆိုထားပြီး သူတို့ ကုမ္ပဏီအနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ အဲ့ဒီ လုပ်ဆောင်ချက်ဟာ လူ့အခွင့်အရေး ဥပဒေနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိ မေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံတဝန်းလုံးမှာရှိတဲ့ အဲ့ဒီက မြို့ကြီးတွေရဲ့ လမ်းမထက်မှာ စစ်သားတွေနဲ့ လက်နက် တပ်ဆင်ထားတဲ့ ယာဉ်တွေ လှည့်ပတ်သွားလာနေသော်လည်း သူတို့အဆို အာဏာလွှဲပြောင်းမှုကြောင့် သိသာထင်ရှားတဲ့ ပြည်တွင်းအုံကြွမှု မတွေ့ရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ညမှာတော့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမြို့ဖြစ်တဲ့ ရန်ကုန်နဲ့ တခြားကျေးလက်ဒေသတွေမှာတော့ အိုးခွက်တွေကို ရိုက်ကြသူများရှိသလို ကားဟွန်းတီးကာ အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဒုတိယမြောက်ညအဖြစ် ဆက်လက် လှုပ်ရှားခဲ့ကြပါတယ်။ အဲ့ဒီလိုမျိုး ပြည်သူရဲ့ မကျေနပ်မှုတွေကို ထင်ဟပ်စေတဲ့ ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာ အထူးသဖြင့် Facebook ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပါတယ်။

စစ်အာဏာရှင် စနစ်အား ဆန့်ကျင့်သည့်အနေဖြင့် ရန်ကုန်မြို့တွင် သံပုံးများ တီးစဉ် (ဓာတ်ပုံ – ဧရာဝတီ)

စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအရပ်သား ခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို စစ်တပ်အုပ်ရေးချုပ်ရေး လက်အောက်ထဲ ပို့ဆောင်လိုက်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီ အခန်းကဏ္ဍ တခန်းရပ်သွားခဲ့ပါတယ်။ အခုလိုမျိုး အာဏာသိမ်းမှုကို နိုင်ငံတကာကလည်း ပြစ်တင် ရှုတ်ချနေကြပြီး အာဏာသိမ်းမှုကို အတည်မပြုတဲ့နေရာထဲမှာ ကုလသမဂ္ဂလည်း ပါဝင်လာခဲ့ပါတယ်။

ကုလ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ အာဏာကို စွန့်လွှတ်ဖို့ မြန်မာဗိုလ်ချုပ်ကြီးတွေကို ဖိအားပေးမယ်လို့ ပြောဆိုထားပါတယ်။

Antonio Guterres က “ဒီအာဏာသိမ်းမှုကို မအောင်မမြင်ဖြစ်စေဖို့ မြန်မာနိုင်ငံအပေါ် လုံလောက်တဲ့ ဖိအားပေးရေး နိုင်ငံတကာအသိုင်းအဝန်းနဲ့ အဓိကကျတဲ့သူတွေအားလုံး စုစည်းကြဖို့ လုပ်နိုင်တဲ့အရာအားလုံးကို လုပ်ဆောင်မှာဖြစ်တယ်” လို့ အမေရိကန်သတင်းစာ ဝါရှင်တန်ပို့စ်ကို ပြောဆိုထားပါတယ်။

Ref:dw

You may also like these stories:

Apple ရဲ့ ထုတ်လုပ်ရေးပိုင်းကို အိန္ဒိယနဲ့ ဗီယက်နမ်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်

ထိုင်ဝမ်မှာ အမျိုးသားတဦး Quarantine ချိုးဖောက်မှုနဲ့ ကန်ဒေါ်လာ ၃၅,၀၀၀ ဒဏ်ရိုက်ခံရ

ခရစ္စတီယာနို ရော်နယ်ဒို ကိုဗစ် စည်းကမ်း ချိုးဖောက်မှုနဲ့ စုံစမ်း မေးမြန်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading