• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ထိုင်ဝမ်မှာ အမျိုးသားတဦး Quarantine ချိုးဖောက်မှုနဲ့ ကန်ဒေါ်လာ ၃၅,၀၀၀ ဒဏ်ရိုက်ခံရ

by Aurora
28 January 2021
in Trend
A A
ထိုင်ဝမ်ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေအရ နိုင်ငံရပ်ခြားက ပြန်လာသူတွေဟာ မဖြစ်မနေ Quarantine ၁၄ ရက် နေထိုင်ရမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေအရ နိုင်ငံရပ်ခြားက ပြန်လာသူတွေဟာ မဖြစ်မနေ Quarantine ၁၄ ရက် နေထိုင်ရမှာ ဖြစ်ပါတယ်။

5k
VIEWS
Share on FacebookShare on Twitter

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသားတဦးကို Home Quarantine စည်းကမ်း အကြိမ်ကြိမ် ချိုးဖောက်မှုနဲ့ ထိုင်ဝမ်ဒေါ်လာ ၁ သန်း (အမေရိကန်ဒေါ်လာ ၃၅,၀၀၀) ဒဏ်ရိုက်ခဲ့ပါတယ်။ အမည် မဖော်ပြထားသူ အဆိုပါ အမျိုးသားဟာ ဇန်နဝါရီ ၂၁ ရက်က ထိုင်ဝမ်ကို ပြန်ရောက်လာသူဖြစ်ပြီး သတ်မှတ်ချက်အတိုင်း Home Quarantine နေထိုင်စဉ်မှာ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာပါ။

နိုင်ငံအလယ်ပိုင်း၊ Taichung မြို့မှာ နေထိုင်သူ အဆိုပါ အမျိုးသားဟာ စီးပွားရေးလုပ်ငန်းကိစ္စနဲ့ တရုတ်ပြည်မကြီးကို သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်က ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အိမ်မှာ Quarantine နေထိုင်စဉ် အချိန်အတွင်း အနည်းဆုံး ၇ ကြိမ်လောက် စည်းကမ်း ချိုးဖောက်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

RelatedPosts

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

15 October 2024
2k
အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

22 September 2024
1.4k
အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

21 September 2024
434

TTV သတင်းဌာနက ထုတ်ပြန်ချက်အရ အဆိုပါ အမျိုးသားဟာ နေထိုင်ရာ တိုက်ခန်းကနေ ဈေးဝယ်ထွက်ခဲ့သလို၊ ကားသွားပြင်ခဲ့ပြီး တခြားကိစ္စတွေအတွက် အနည်းဆုံး ၇ ကြိမ်လောက် အပြင်ကို ထွက်လာခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်မှာ Quarantine နေထိုင်စဉ်ကာလအတွင်း အပြင်ထွက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးချင်းတွေနဲ့လည်း အချင်းများ ရန်ဖြစ်ခဲ့သေးတယ်လို့ သတင်းမှာ ပါရှိပါတယ်။ Taichung မြို့ ဒေသအာဏာပိုင်တွေဘက်က အဆိုပါ အမျိုးသားဟာ ဇန်နဝါရီ ၂၁ ရက်က တရုတ်ပြည်မကြီးကနေ ပြန်လာသူဖြစ်တယ်လို့ အတည်ပြုပေးထားပါတယ်။

ထိုင်ဝမ်ရဲ့ သတ်မှတ်ထားတဲ့ ဥပဒေအရ နိုင်ငံရပ်ခြားက ပြန်လာသူတွေဟာ မဖြစ်မနေ Quarantine ၁၄ ရက် နေထိုင်ရမှာ ဖြစ်ပါတယ်။ Taichung မြို့တော်ဝန် Lu Shiow-yen က ဒါဟာ ရာဇဝတ်မှုမြောက်ပြီး နောက်ထပ် ပြစ်ဒဏ်တွေပါ ချမှတ်သင့်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၁ သန်းနဲ့ တရက်စာ Quarantine ကုန်ကျစရိတ် ထိုင်ဝမ်ဒေါ်လာ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၇) ပေးဆောင်သွားရမယ့်အပြင် ထိုင်ဝမ်အစိုးရက Quarantine ဝင်သူတွေအတွက် တရက် ထောက်ပံ့ငွေ ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၃၅) ကိုလည်း ခံစားခွင့်ရမှာ မဟုတ်တော့ပါဘူး။

ထိုင်ဝမ်မှာ ယခင်ကလည်း Quarantine စည်းကမ်း ချိုးဖောက်တာကြောင့် ဒဏ်ရိုက်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားဟာ ၈ စက္ကန့်ကြာ စည်းကမ်း ချိုးဖောက်မှုနဲ့ အမေရိကန်ဒေါ်လာ ၃၅,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ပြီး COVID-19 ကူးစက်ခံရသူ ၈၉၃ ဦးနဲ့ သေဆုံးသူ ၇ ဦးသာ ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: edition.cnn

You may also like these story:

ထိုင်ဝမ်မှာ ၈ စက္ကန့်ကြာ Quarantine စည်းကမ်း ချိုးဖောက်သူကို ကန်ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်

Your Thoughts …
Tags: Quarantineထိုင်ဝမ်နိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

Fuwan Chocolate Farm မှာ တွေ့ရတဲ့ Theobroma Cacao Tree   / သီဟတိုး / ဧရာဝတီ

ချောကလက် ကြိုက်သူတွေ သွားလေ့လာသင့်တဲ့ ထိုင်ဝမ်နိုင်ငံက “Fuwan Chocolate Farm”

by သီဟတိုး
6 March 2019
23.5k

Fuwan Chocolate Farm ကို ရောက်တယ်ဆိုရင်ပဲ အဲဒီမှာ အဓိက လေ့လာနိုင်တာကတော့ ချောကလက်တွေရဲ့ ဖြစ်တည်ရာ ကိုကိုးပင်တွေကို အနီးကပ် လေ့လာနိုင်တာပါ။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ  / အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်း

Quarantine နေရာ ဝင်ရောက် တိုက်ခိုက်သူများကို အမှုဖွင့်တရားစွဲတင်

by ဒီလှိုင်းဝင်း
10 April 2020
69.3k

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ရှိ အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်းရုံးတွင် ဖွင့်လှစ်ထားသော Facility Quarantine သတ်မှတ်နေရာသို့ ဝင်ရောက် တိုက်ခိုက်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တရားစွဲတင်ထားကြောင်း ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

ထိုင်ဝမ်ရဲ့ နာမည်ကျော် ပြည်တွင်းထုတ်ကုန်များ

ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကျော် ပြည်တွင်းထုတ်ကုန်များ

by Aurora
23 January 2021
4.9k

အရှေ့အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကျွန်းမှာလည်း မပါမဖြစ် အိမ်ပြန်လက်ဆောင် ဝယ်သွားသင့်တဲ့ ပြည်တွင်းထုတ်ကုန် နာမည်ကျော်ပစ္စည်းတွေ ရှိပါတယ်။

ကတ်ထူစက္ကူတွေနဲ့ ထူးထူးခြားခြား အလှဆင်ထားတဲ့ စားသောက်ဆိုင်

ထိုင်ဝမ်နိုင်ငံက ထူးထူးခြားခြား စားသောက်ဆိုင်များ

by Aurora
6 November 2020
11.6k

Instagram အသုံးပြုသူတွေကြား နာမည်ကြီးနေတဲ့ ဒီဆိုင်လေးကတော့ “Alice in Wonderland” ရုပ်ရှင်ထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားမိစေမယ့် Zhongzheng ခရိုင်မှာရှိတဲ့ ကော်ဖီဆိုင်လေးပါ။

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်

အင်းယားလိတ်ဟိုတယ်ကို အဝင်အထွက်ပိတ်ပြီး လူ ၂၀၀ ကျော် Quarantine ထား

by အောင်သီဟ
1 April 2020
28.3k

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်း လူ ၂၀၀ ကျော်ကို အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်ထားကြောင်း သိရသည်။

သရုပ်ဆောင် ရီရီပွင့်ဖြူ  / Yi Yi Pwint Phyu's Facebook

မိခင်ကို အနီးကပ် ပြုစုခဲ့ပေမယ့် ကိုဗစ် မကူးအောင် နေထိုင်ပုံ ရီရီပွင့်ဖြူ မျှဝေ

by ဧရာဝတီ
23 July 2021
13.9k

“အမေ့ကို ၂၂ ရက် အနီးကပ် ပြုစုခဲ့ပေမယ့် ကိုဗစ် မကူးခဲ့ပါဘူး။ COVID ကြီးကို အနီးကပ် ကြုံတွေ့ရတာ တကယ့်ကို ကြောက်ဖို့ ကောင်းပါတယ်”

Next Post
ခေတ်ရေစီးကြောင်းပေါ်က အွန်လိုင်းဈေးကွက် (ရုပ်/သံ)

ခေတ်ရေစီးကြောင်းပေါ်က အွန်လိုင်းဈေးကွက် (ရုပ်/သံ)

ကူးစက်မှုအသစ်လှိုင်းဟာ ယခင်ထက် ပိုပြင်းထန်နိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဗီယက်နမ်မှာ ၂ လအကြာ ပြည်တွင်းကူးစက်မှုအသစ် ပြန်တွေ့ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate