• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သူရဦးအောင်ကို နုတ်ထွက်ရန် နေပြည်တော်စုရုံးပွဲက တောင်းဆို

by ထက်နိုင်ဇော်
20 May 2017
in သတင်း
A A
နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “သာသနာရေး ဝန် ကြီး ဦးအောင်ကို ရှုတ်ချပွဲ” / ဧရာဝတီ

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “သာသနာရေး ဝန် ကြီး ဦးအောင်ကို ရှုတ်ချပွဲ” / ဧရာဝတီ

12.8k
VIEWS
Share on FacebookShare on Twitter

ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကို နုတ်ထွက်ပေးရန် အမျိုးသားအင်အားစုများဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုသော သံဃာနှင့် လူ ၃ ထောင်ခန့်က နေပြည်တော်တွင် စုဝေး တောင်းဆိုခဲ့ကြသည်။

ရန်ကုန်နှင့် မန္တလေးမှ အဓိကလာသည့် ကန့်ကွက်ပွဲသို့ တက်ရောက်လာသည့် မြို့နယ်အသီးသီး ပါဝင်သူများ၏ သဘောထား ထုတ်ပြန်ချက်တစောင်ကို ဖတ်ကြားရာတွင် ဝန်ကြီး သူရဦးအောင်ကိုအား ရာထူးမှ ဖယ်ရှားပေးရန်၊ ဆရာတော် ဦးဝီရသူ တရားဟောခွင့် ပြန်လည် ရရှိရန်၊ ဦးဝင်းကိုကိုလတ် အပါအဝင် ၄ ဦးအား ပြန်လွှတ်ပေးရန်နှင့် မြရာကုန်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် အဓိက တောင်းဆိုခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “သာသနာရေး ဝန်ကြီး ဦးအောင်ကို ရှုတ်ချပွဲ”က တောင်းဆိုချက်များကို နိုင်ငံတော် သမ္မတနှင့် သမ္မတရုံးတို့က တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရမည် ဖြစ်ပြီး တလ စောင့် ကြည့်မည် ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးမှု မရှိပါက သပိတ်စခန်း ဖွင့်လှစ်၍ အကြမ်းမဖက် အရေးတော်ပုံတရပ်ကို ဖော်ဆောင်ပြီး နောက်တဆင့် အရှိန်မြှင့်တ ိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယင်းအုပ်စုက ရာဇသံပေး ကြေညာခဲ့သည်။

“ဒီထုတ်ပြန်မှုတွေအပေါ်မှာ သာသနာရေး ဝန်ကြီးကို အရေးယူခြင်းသော်လည်းကောင်း သို့မဟုတ် သာသနာရေး ဝန်ကြီးက နောင်တရ ပြီးတော့ တို့ရဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေ အားလုံးကို ဝန်ချတောင်းပန်မယ်ဆိုရင် လှုပ်ရှားမှုတွေ ဆက်မလုပ် တော့ဘူး။ အဲဒါတွေ တခုမှ မလုပ်ဘူးဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်သွားမှာပါ”ဟု ယနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ဦးတင့်လွင်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
128
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
40
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
126

ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး သူရဦးအောင်ကို၏ လုပ်ဆောင်ချက်၊ ရပ်တည်ချက်များသည် အစ္စလာမ် ဘာသာဝင်များဘက်သို့ ဖြေလျှော့မှုများ ဖြစ်စေပြီး ဗုဒ္ဓသာသနာ၏ အနာဂတ်သည် ပိုမိုရှုပ်ထွေးမှုနှင့် သွေးကွဲစေမှုများဆီသို့ ဦးတည်နေသဖြင့် ဝန်ကြီး ဦးအောင် ကိုအား ရာထူးမှ ဖယ်ရှားပေးရမည်ဟု ၎င်းတို့က ဆိုသည်။

“သာကေတ ဖြစ်စဉ်မျိုးတွေကို ဝန်ကြီးက လက်ခံနေတော့ အခု တိုင်းပြည်မှာ ရာဇာ မရှိဘူး။ ရာဇာကောင်းမှ တို့တိုင်းပြည် တိုးတက်ပြီး သာသနာလည်း ထွန်းကားလာမယ်”ဟု အမျိုးသားရေး လှုပ်ရှားသူ ဦးတင့်လွင်က ပြောသည်။

ဘူးလက်ဂျာနယ် အယ်ဒီတာချုပ် ဦးလှဆွေကလည်း ဦးကိုနီ၏ အသုဘတွင် ရန်ကုန်တိုင်း လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက စကား ပြောဆိုရာတွင် မင်္ဂလာပါဟု စတင်ပြောဆိုသဖြင့် ၎င်းအသုဘသည် မင်္ဂလာရှိကြောင်း၊ မြန်မာပြည် အစိုးရ အဆက်ဆက် ဦးနု လက် ထက်မှစ၍ ဦးသန်းရွှေ၊ ဦးသိန်းစိန် လက်ထက်အထိ ဘာသာသာသနာအတွက် ဆောင်ရွက်ချက်များစွာ ရှိခဲ့သော်လည်း ယခု NLD အစိုးရလက်ထက်တွင် ဆောင်ရွက်ချက် တခုမျှ မတွေ့ရကြောင်း ဟောပြောသည်။

ဆန္ဒြုပ ဟောပြောနေစဉ်အတွင်း ရန်ကုန်မြို့မှ အမျိုးသားရေး လှုပ်ရှားသူများအဖွဲ့နှင့် လိုက်ပါလာသူ တဦးသည် အရက်မူး၍ အနီးရှိ သံဃာများကို ဆဲရေးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတချို့ ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ၎င်းကို ယာယီ ထိန်းသိမ်းခဲ့ရသည်။

ဥတ္တရသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းက “သူက ရန်ကုန်က ပါလာတာ။ မူးပြီးတော့ သောင်းကျန်းချင်လို့ ကျနော်တို့ ယာယီ ထိန်းသိမ်းပြီးမှ ရန်ကုန်က ခေါ်လာတဲ့ အဖွဲ့ခေါင်းဆောင်တွေက ပြန်ခေါ်သွားမယ်လို့ သိရပါတယ်။ သူ့ကိုလည်း အရေးယူဖို့ မရှိပါဘူး”ဟု ပြောသည်။

ထို့ပြင် ယနေ့ ဆန္ဒပြပွဲကို လူဦးရေ ကန့်သတ်ထားသော်လည်း လူဦးရေ ၃၀၀၀ ခန့်အထိ တက်ရောက်ခဲ့ပြီး ဟောပြောမှု ကြိုးဝိုင်း အတွင်း သို့ ကန့်သတ် လူဦးရေ ၃၀၀ သာ ထည့်သွင်းခိုင်းခဲ့သဖြင့် ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ တစုံတရာ အရေးယူရန် မရှိကြောင်း ရဲမှူး အောင်သန်းက ပြောသည်။

ယနေ့ပွဲကို နေပြည်တော်ရှိ ရဲအင်အား ၂၀၀ ကျော်ဖြင့် လုံခြုံရေး ယူပေးခဲ့ပြီး ယာဉ်ထိန်း တပ်ဖွဲ့ဝင် ၁၀၀ ကျော်က လမ်းရှင်းမှုများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Your Thoughts …
Tags: သူရဦးအောင်ကို
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဗိုလ်ချုပ် စစ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဖော်ပြထားတဲ့ စာအုပ်အဖုံး

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိထဲက လူငယ်ဘဝ

by ကိုရွှေအောင်
28 June 2022
18.9k

ဒီစာအုပ်ရဲ့ ထူးခြားချက်က စာအုပ်ကို ၁၉၈၂ ခုနှစ်ကတည်းက ရေးသားပြီးစီးခဲ့ပေမယ့် နှစ်ပေါင်း လေးဆယ်ခန့်အကြာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကျမှ ထုတ်ဖြစ်ခဲ့တယ်။

ဆိုရှယ်မီဒီယာတွင် အငြင်းပွားနေသော ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် သူရဦးအောင်ကို၏ ညစာစားပွဲ / နှင်းစပယ်အောင်ကို

ဦးအောင်ကို ညစာစားပွဲအစ ပြစ်ဒဏ်ခတ်ခြင်းကဟု ဆို

by ထက်နိုင်ဇော်
3 August 2019
52.2k

သူရ ဦးအောင်ကို၏ ညစာ စားပွဲမှာ ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်ကြောင်း အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။

သူရဦးအောင်ကို / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို

by ဧရာဝတီ
22 March 2022
9.3k

အသက် ၇၄ နှစ်အရွယ် သူရဦးအောင်ကို၏ ကျန်းမာရေး အခြေအနေ အား စိုးရိမ်ကြောင်း မိသားစုဝင်များက ထုတ်ဖော်ပြောဆိုထားကြသည်။

နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံနေသည့် သူရ ဦးအောင်ကို  / ထက်နိုင်ဇော် / ဧရာဝတီ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို သတိပေးခံရ

by မိုးမိုး
8 December 2018
45.6k

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ အစွန်းရောက် ဘာသာကြီး တခုဟု သုံးနှုန်းခဲ့မှုအပေါ် အကြီးအကဲများက ခေါ်ယူ သတိပေးထား ကြောင်း သိရသည်။

ယနေ့ နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံနေသည့် သူရဦးအောင်ကို  / ထက်နိုင်ဇော် / ဧရာဝတီ

ရွှေတိဂုံ စေတီ ရွှေမည်းသည် ပြောသဖြင့် တိုက်ခိုက်ခံနေရဟု သူရ ဦးအောင်ကို ပြော

by ထက်နိုင်ဇော်
27 September 2018
32k

ရွှေတိဂုံ စေတီတော်၏ ဖောင်းရစ် ရွှေများ သက်တမ်း မကုန်မီ မည်းလာသည့် အပေါ် ဝေဖန်ပြောဆိုသောကြောင့် “လေဖြတ်သွားပြီ” ဟု

သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

“ကိုယ်ပိုင်ကား မရှိကြောင်း” သူရ ဦးအောင်ကို ဖွင့်ဟ

by ထက်နိုင်ဇော်
1 June 2018
28.6k

သမ္မတ၊ လွှတ်တော်တို့အနေဖြင့် နိုင်ငံရေးရာထူး ရှိသူများ၏ ပိုင်ဆိုင်မှုများကို အများပြည်သူသိအောင် ချပြပေး စေလိုကြောင်း၊ ယင်းစနစ်မျိုးကို NLD ပါတီကိုယ်တိုင် အတိုက်အခံဘဝက တောင်းဆိုခဲ့ဖူးသည်။

Next Post
ပညာရေးစနစ်က နောက်ကျနေရသည့်အပြင် ကျောင်းနေအရွယ် ကလေးငယ်များ လဘက်ရည်ဆိုင်အပါအဝင် လုပ်ငန်းခွင်များတွင် ဝင်ရောက် အလုပ်လုပ်နေရဆဲ ဖြစ်သည် / Reuters

ပညာရေးပြုပြင်ပြောင်းလဲမှု ဘာကြောင့် အလွန်အရေးပါရသလဲ

မျက်နှာပြင်ပြည့် ပြသမျက်နှာပြင် စနစ်ပါရှိလာမယ့် Google Pixel 2 ကို လေ့လာခြင်း

မျက်နှာပြင်ပြည့် ပြသမျက်နှာပြင် စနစ်ပါရှိလာမယ့် Google Pixel 2 ကို လေ့လာခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved