အလွယ်ပြောရင်တော့ အစိုးရကပြုစုထုတ်ဝေတဲ့ ဗိုလ်ချုပ်အတ္တုပတ္တိ စာအုပ်ဖြစ်တယ်။ ရှည်ရှည်ဝေးဝေး ပြောရရင်တော့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက် ဦးစီးဌာနက ထုတ်ဝေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အမည်ရ အတ္တုပတ္တိ စာအုပ်ဖြစ်တယ်။
စာမျက်နှာ ၆၀၀ နီးပါးရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းစာအုပ်ကို အဖုံးခိုင်ခိုင်ခန့်ခန့် စာရွက်သား ကောင်းကောင်းနဲ့ စပယ်ရှယ်ချုပ်ထားတာ ဖြစ်တယ် (စာအုပ်သမားမဟုတ်တော့ စာအုပ်အခေါ်အဝေါ်တွေနဲ့တော့ မပြောတတ်ဘူး)။
အဖုံးမှာ ဗိုလ်ချုပ် စစ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဖော်ပြထားပြီး အဖုံးနောက်က စာအုပ်အဖွင့်မှာ ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်တို့ အစိုးရအဖွဲ့နဲ့ ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ခန့်ခန့်ထည်ထည် ဖော်ပြထားတယ်။
အဖုံးမှာ ဗိုလ်ချုပ် စစ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဖော်ပြထားပြီး အဖုံးနောက်က စာအုပ်အဖွင့်မှာ ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်တို့ အစိုးရအဖွဲ့နဲ့ ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့ အမှတ်တရ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ခန့်ခန့်ထည်ထည် ဖော်ပြထားတယ်။
နောက်ဖုံးမှာ ဗိုလ်ချုပ်မိန့်ခွန်းကို ကောက်နုတ်ဖော်ပြထားပြီး နောက်ဖုံးအတွင်းမှာတော့ ရွှေတိဂုံဘုရားမှာ ဗိုလ်ချုပ်မိန့်ခွန်း ပြောနေပုံ ဓာတ်ပုံဖော်ပြထားတယ်။
ဗိုလ်ချုပ်အောင်ဆန်း စာအုပ်ကို အခန်း (၆) ခန်းနဲ့ ဖွဲ့စည်းဖော်ပြထားပြီး အခန်း (၁) လူငယ်ဘဝ (၁၉၁၅ -၃၂)။ အခန်း (၂) မှာ တက္ကသိုလ်ကျောင်းသားဘဝ (၁၉၃၂ – ၃၈)။ အခန်း (၃) သခင်ဘဝ။ အခန်း(၄) လက်နက်ကိုင်တော်လှန်ရေး ပြင်ဆင်မှုကာလ (၁၉၄၀ – ၄၁)။ အခန်း (၅) စစ်ဝန်ကြီးဘဝ (၁၉၄၂ -၄၅)။ အခန်း (၆) အမျိုးသားခေါင်းဆောင် (၁၉၄၅ – ၄၇) တို့ ဖြစ်တယ်။
ဒီစာအုပ်ရဲ့ ထူးခြားချက်က စာအုပ်ကို ၁၉၈၂ ခုနှစ်ကတည်းက ရေးသားပြီးစီးခဲ့ပေမယ့် နှစ်ပေါင်း လေးဆယ်ခန့်အကြာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကျမှ ထုတ်ဖြစ်ခဲ့တယ်။ စာအုပ်စတင်ဖြစ်ခဲ့ပုံကလည်း ရခိုင်အမတ် ဦးကျော်သာထွန်းက ၁၉၇၇ ခုနှစ်လွှတ်တော်မှာတင်ခဲ့တာက အစပြုခဲ့တာဖြစ်တယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၇ ခုနှစ်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးကျော်သာထွန်းက ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရှိသင့်တယ်လို့ အဆိုတင်ပြီး လွှတ်တော်က အတည်ပြုခဲ့ရာက ဒီစာအုပ် စတင်မွေးဖွားခဲ့တာပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ခန့်က ရေးသားပြုစုခဲ့တဲ့ စာအုပ်ကို အခုလက်ရှိ ပညာရှင်တချို့က ပြန်လည်မွမ်းမံပြီး ရေးသားပြုစု ထုတ်ဝေခဲ့တာလည်းဖြစ်တယ်။ ဒီတိုင်းချည်း လွှတ်ပေးလိုက်တာ မဟုတ်ဘူးဆိုတာကို အမှာရေးတဲ့ ဒေါက်တာ တိုးလှ စာမှာ ဖတ်ရတယ်။
“လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကရေးခဲ့ပြီး သုတေသီများ ထိုလုပ်ငန်းမှ ကာလရှည်စွာ ကင်းကွာနေခဲ့ပြီ ဖြစ်သောကြောင့် ယခုပြန်စရသောအခါ ပါဝင်ရေးသားခဲ့ကြသူတို့ အခက်အခဲများစွာနှင့် ကြုံကြရပါသည်။ ကဏ္ဍအလိုက် တာဝန်ယူရေးသားခဲ့ကြရသူများလည်း ယခုအခါ ဇရာက ထောင်းလာကြပြီ။ အတွေးအယူများလည်း ပြောင်းလဲနေကြပြီဖြစ်သည်။ မှတ်ဉာဏ်များလည်း မှုန်မွှားစ ပြုလာပေပြီ။ ပညာရှင်တချို့ မရှိကြတော့ချေ။ မရှိတော့သူများ ရေးခဲ့သည်ကို ပြန်လည်ဆက်ရေးရန်သည် အခြအနေနှင့် အချိန်ကာလ မတူကြတော့သဖြင့် အသစ်ရေးလိုက်ရသည်က ပိုမြန်နိုင်ကောင်း နိုင်ပေမည်။ အယူအမှား တခုပါသွားလျင် ပုဂ္ဂိုလ်ကို ထိခိုက်ခြင်းထက် နိုင်ငံနှင့်လူမျိုးပါ ထိခိုက်သွားလျှင် ဘွာခတ်၍ရသည်မျိုးလည်း မဟုတ်ချေ”။
အချိန်တိုအတွင်း ပြန်လည်စိစစ်လုပ်ကိုင်ရတဲ့အတွက် ထောက်ပြစရာရှိ ထောက်ပြပါလို့လည်း ဖိတ်ခေါ်ထားတယ်။
ကြည့်ရပုံက ဟိုး ၈၂ ခုနှစ်က စာအုပ်ကို ပြန်လည်မွမ်းမံပြီး ဗိုလ်ချုပ်အောင်ဆန်း စာအုပ်ကို ထုတ်လိုက်ပုံပါ။ ဒီစာအုပ်ကို စက်တင်ဘာထုတ်လို့ စာအုပ်မှတ်တမ်းမှာ ဖော်ပြထားပေမယ့် တကယ်ကြေညာပြီး ရောင်းခဲ့တာက ၂၀၂၀၊ နိုဝင်ဘာလမှပါ။
ကြည့်ရပုံက ဟိုး ၈၂ ခုနှစ်က စာအုပ်ကို ပြန်လည်မွမ်းမံပြီး ဗိုလ်ချုပ်အောင်ဆန်း စာအုပ်ကို ထုတ်လိုက်ပုံပါ။ ဒီစာအုပ်ကို စက်တင်ဘာထုတ်လို့ စာအုပ်မှတ်တမ်းမှာ ဖော်ပြထားပေမယ့် တကယ်ကြေညာပြီး ရောင်းခဲ့တာက ၂၀၂၀၊ နိုဝင်ဘာလမှပါ။
စာအုပ်ရောင်းတဲ့နေရာက နှစ်နေရာပဲဖြစ်ပြီး နေပြည်တော်က သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနဲ့ ရန်ကုန်က အမျိုးသားပြတိုက်တို့မှာပဲ ဖြစ်တယ်။
ဗိုလ်ချုပ်စာအုပ်ထုတ်တယ်ဆိုရုံပဲ တာဝန်ကျေ ထုတ်ဝေလိုက်သလိုဖြစ်နေပြီး လူအများ စိတ်ဝင်စားမယ့် စာအုပ်ဖြန့်ချိရေး အပိုင်းကို ကျယ်ကျယ်ပျံ့ပျံ့ မလုပ်ခဲ့ဘူး။
အုပ်ရေ ၁၀၀၀ ထုတ်တာ အခု ဌာနမှာ ရောင်းစရာမရှိအောင် ကုန်သွားပြီဖြစ်ပြီး အပြင်မှာ တအုပ် တသောင်းခွဲဖြစ်နေပြီ (အစိုးရရောင်းဈေးက ကျပ် ၇၀၀၀)။
စာအုပ်လက်ထဲရောက်အောင် ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ညီတယောက် အကူအညီတောင်းပြီး ကျားကုတ်ကျားခဲ အားထုတ်ခဲ့ရတယ်။
အခန်း (၁) လူငယ်ဘဝ (၁၉၁၅-၃၁) တော့ ဖတ်ပြီးသွားပြီ။
အောင်ဆန်းရဲ့ လူငယ်ဘဝမှာ ပြုံးချင်စရာကောင်းတာ ကလေးဘဝကတည်းက ဘုကျချင်တာ ဆိုးနွဲ့တာတွေ အတော်ပါတယ်။ သူက အငယ်ဆုံးသားဆိုတော့ မိဘမိဘအပေါ် ဗိုလ်ကျတာတွေလည်း လုပ်ခဲ့တယ်။ မိခင်အပေါ် အတော်လေးဆိုးနွဲ့ခဲ့တာဖြစ်ပြီး အမေနား ကပ်နေလိုက်တာ ကျောင်းစတက်တော့ အသက်က ၈ နှစ်ရှိပြီ။
အစ်ကိုလုပ်သူ ကိုအောင်သန်းကို မိဘတွေက ရှင်ပြုပေးတော့ သူက သူလည်း ရှင်ပြုချင်တယ်ဆိုပြီး ပူဆာတယ်။ ဒီမှာတင် အမေ ဒေါ်စု အကွက်ဝင်သွားပြီး ရှင်ပြုချင်ရင် စာတတ်မှရမယ်။ ဒီမှာတင်သူ ကျောင်းတက်မယ်ဖြစ်ခဲ့တော့တာပါ။
ဒါတောင် အစ်ကိုလုပ်သူ ကိုအောင်သန်းကို မိဘတွေက ရှင်ပြုပေးတော့ သူက သူလည်း ရှင်ပြုချင်တယ်ဆိုပြီး ပူဆာတယ်။ ဒီမှာတင် အမေ ဒေါ်စု အကွက်ဝင်သွားပြီး ရှင်ပြုချင်ရင် စာတတ်မှရမယ်။ ဒီမှာတင်သူ ကျောင်းတက်မယ်ဖြစ်ခဲ့တော့တာပါ။
ကျောင်းရောက်တော့လည်း စာကြိုးစားတဲ့ စာတော်တဲ့ ကျောင်းသား အောင်ဆန်း ဖြစ်ခဲ့တာပါပဲ။ အသက် (၁၁) နှစ်အရွယ်ရောက်တော့ အောင်ဆန်းကို ရှင်ပြုပေးဖို့ မိဘတွေက စီစဉ်ကြတယ်။
သူနဲ့အတူ ဒေါ်စုရဲ့ သူရင်းငှားသားတယောက်ကိုလည်း အတူ ရှင်ပြုပေးဖို့လုပ်တော့ အောင်ဆန်းက ကန့်ကွက်တယ်။ ဒီကောင်လေးက သူများပစ္စည်း ခိုးဖူးတယ်။ သူနဲ့အတူ ရှင်ပြုမပေးနဲ့။ ငယ်ငယ်ကတည်းက ဒီလို အောင်ဆန်းဖြစ်တယ်။
တခါ ဆိုင်းဝါသနာကြီးတဲ့ အောင်ဆန်းက ရှင်ပြုပွဲမှာ မကွေးက ဘဖြူဆိုင်းငှားပေးပါ ဆိုလို့ မိခင်ဖြစ်သူဒေါ်စုက သား အလိုကျ ငှားပေးရတယ်။
အောင်ဆန်းက ဆိုင်းဝါသနာကြီးသူဖြစ်ပြီး သူငယ်ငယ်က ဆိုင်းတီးတမ်း ကစားလေ့ရှိပါသတဲ့။ ချက်ကျလက်ကျ ပြောဆိုတတ်ပုံကို ဗိုလ်ချုပ်အောင်ဆန်း စာအုပ် အခန်း (၁) တနေရာမှာ ခုလို ဖတ်ရတယ်။
“ရေနံချောင်း နေရှင်နယ်ကျောင်း တက်နေစဉ် တနေ့တွင် သူငယ်ချင်း ခင်ဇော်က အောင်ဆန်း မင်း ဖေဖော်ဝါရီ ၁၃ ရက်ဖွား ဆိုတော့ ၁၃ ဂဏန်းဟာ အနောက်နိုင်ငံသားတွေက အတိတ်နိမိတ် မကောင်းတဲ့ ဂဏန်းဆိုကွဟု ပြောသောအခါ ငါ့မွေးရက်က ၁၃ ကို (၁+၃ =၄) ရတယ်။ ၄ ဂဏန်းသမားတွေဟာ တိုင်းပြည်တပြည်ရဲ့ သမိုင်းကို ပြုပြင်ပြောင်းလဲတတ်သူလို့ ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရိုက ဟောတယ်ကွ ဟု မောင်အောင်ဆန်းက ချက်ကျကျ ပြန်ဖြေတတ်သည်”
သူ့အသက် ၁၃ နှစ်လောက်မှာ ဒီလို ချက်ကျကျပြောနေနိုင်တာဖြစ်ပြီး စာဖတ်နာသူတွေသာ ခုလို တုန့်ပြန်နိုင်မယ့် စကားမျိုး ပြောတတ်တာဖြစ်တယ်။
သူ အထက်တန်းရောက်တော့ ပိုက်ဆံလှမ်းတောင်းတဲ့ ကိစ္စမှာ သားအဖနှစ်ယောက် အပြန်အလှန်ရေးကြတဲ့ စာတွေကလည်း ပြုံးချင်စရာ။
သူ အထက်တန်းရောက်တော့ ပိုက်ဆံလှမ်းတောင်းတဲ့ ကိစ္စမှာ သားအဖနှစ်ယောက် အပြန်အလှန်ရေးကြတဲ့ စာတွေကလည်း ပြုံးချင်စရာ။
သို့ သား အောင်ဆန်း၊ မင်းမှာတဲ့ငွေ ပို့လိုက်တယ်။ မင်း ငွေကို လိုတာထက် ပိုမှာတဲ့ အကျင့်ကို ဖျောက်ပါ။
အဖေ -မောင်ဖာ
နတ်မောက်
သို့အဖေ
ပို့လိုက်တဲ့ငွေ ရောက်ပါတယ်ခင်ဗျာ။
၁။ ငွေကို မှာတာထက် လျှော့ပို့တဲ့ အကျင့်ကို ဖျောက်ပါ။
၂။ တွေ့ကရာ စက္ကူနဲ့ စာရေးတဲ့အကျင့်ကိုလည်း ဖျောက်ပါ။
သား အောင်ဆန်း
ရေနံချောင်း
သူ့အဖေက မီးခြစ်ပုံးထုတ်တဲ့စက္ကူနဲ့ ရေးလိုက်လို့ဖြစ်တယ်။ ဦးဖာဟာ သူ့သားကို စည်းကမ်းချက် တချက် ထုတ်လိုက်တာ သားက စည်းကမ်းချက်နှစ်ချက် ပြန်ထုတ်လို့ဆိုပြီး သဘောတွေကျခဲ့လေရဲ့။
ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်း နေရှင်နယ်ကျောင်းသား ဘဝကတည်းက ဒိုင်ယာရီ ရေးတယ်။ ၂၃ -၂-၁၉၃၂ ရက်နေ့က ရေးခဲ့တဲ့ ဒိုင်ယာရီမှာ ခုလိုရေးထားတယ်။
ရှစ်ပဲ-ရှစ်ပဲ
သုံးစရာမရှိတော့ဘူး။
ကျွန်ုပ် ဂရပ်စာအုပ် ၅ ပဲတန်ဝယ်စဉ်မှာ မှားသည်။ နောက်မှ ခရီးလမ်းတွင် သတိရလာသည်။ ယခု ကျောင်း ၇ ရက်သာ တက်ရတော့မည်။ ၇ ရက်လုံး ဤ ၅ ပဲတန်ထဲ တွက်လို့ကုန်မှာ မဟုတ်။ နောင်နှစ်အတွက်လည်း အသုံးမကျ ဖြစ်ချိမ့်မည်။ သို့ကြောင့် ကျွန်ုပ်ကိုကျွန်ုပ် စဉ်းစားဉာဏ်နည်းသေး၏တကားဟု အပြစ်တင်မိသည်။
ခေါင်းဆောင်ဘဝမှာ ချွေတာကြပါလို့ပြောခဲ့သူ ဗိုလ်ချုပ်ဟာ အလယ်တန်းကျောင်းသား ဘဝကတည်းက ကိုယ်တိုင်ချွေတာခဲ့သူလည်းဖြစ်ကြောင်း သူ့ဒိုင်ယာရီတွေမှာ ဖတ်ရတယ်။
ခေါင်းဆောင်ဘဝမှာ ချွေတာကြပါလို့ပြောခဲ့သူ ဗိုလ်ချုပ်ဟာ အလယ်တန်းကျောင်းသား ဘဝကတည်းက ကိုယ်တိုင်ချွေတာခဲ့သူလည်းဖြစ်ကြောင်း သူ့ဒိုင်ယာရီတွေမှာ ဖတ်ရတယ်။
“၂၁-၂-၃၂ ယနေ့ ငွေ-၁ိ/ အစ်ကိုကြီးထံမှတောင်း။ ဂျော်နီနှင့် လဘက်ရည်သောက်သွား။ ၂ ယောက်တွက်ပေး ၃ ပဲ၊ ပြီးတော့ ၂၂-၂-၃၂ တွင် မင်အိုးတဘူးဝယ်၊ ၅ပဲ ပေးဝယ်၊ မနေ့က လက်ဖက်ရည်နှင့်မုန့် ၂ ပဲ ပေါင်း ၁၀ ပဲ ကုန်၊ ကျန် ၆ပဲ။
အောင်ဆန်း (လက်မှတ်ထိုးထားသည်)။
၂၆-၂-၃၂
လက်ရှိ ၁၁ ပဲ။ ၁ ပဲ ကောက်ရသည်။ ၁၂ ပဲ ဝင်ငွေ။ ၃ ပဲ ထွက်ငွေ။ ၉ ပဲကျန်၊ ကိုက်၏
အောင်ဆန်း (လက်မှတ်ထိုးထားသည်)။”
အခုပြန်ကြည့်တော့ ဗိုလ်ချုပ်စာအုပ်ကို တွန်းတွန်းတိုက်တိုက်ထုတ်ခဲ့သူ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကို စစ်အကြမ်းဖက်ခေါင်းဆောင်က အညှိုးအတေးထားပြီး အာဏာသိမ်းတာနဲ့ဖမ်း ထောင်ထဲထည့်ခဲ့တာပဲ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူငယ်ဘဝ အခန်းမှာ ကျနော် သဘောအကျဆုံးကတော့ ရေနံချောင်းမှာ ကျောင်းတက်စဉ် ကျောင်းသွားကျောင်းပြန်မှာ ပါးစပ်ဆိုင်းတီးပြီး သွားပုံကို ရေးသားဖော်ပြထားပုံကိုပါပဲ။
“မောင်အောင်ဆန်းသည် ရွှေကြာငုံရပ်မှ ကျောင်းသို့ အသွားအပြန်တွင်ဖြစ်စေ၊ မြို့မတောင်ရပ်ရှိ ဦးဘဝင်း၏ ဆရာဖြစ်သော ကွယ်လွန်သူဆရာကြီး ဦးအေးမောင်၏အိမ်သို့ အသွားအပြန်တွင်ဖြစ်စေ၊ ပါးစပ်ဆိုင်းတီး၍ သွားလေ့သွားထ ရှိသည်။ လမ်းတလျှောက်၌ အိမ်ဝင်းထရံအချို့တွင် နို့ဆီခွက်အလွတ်များ စွပ်ထားသည်ကို တွေ့လျှင် မနေနိုင်ဘဲ၊ နို့ဆီခွက်အလွတ်များကို တလုံးမကျန် ခေါက်သည်။ နို့ဆီခွက်အလွတ်တလုံးကို မခေါက်မိဘဲ၊ ကျော်သွားခဲ့သော် ထိုနို့ဆီခွက်ရှိရာသို့ ပြန်လာ၍ ခေါက်ဖြစ်အောင် ခေါက်သည်။ ပါးစပ်ဆိုင်းတီး၍ နို့ဆီခွက်မှ အသံမြည်အောင် ခေါက်သွားရခြင်းကို မောင်အောင်ဆန်း အလွန်နှစ်ခြိုက်သည်။ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်များ၌ မပျက်မကွက် ပြုလုပ်လေ့ရှိသည်”။
ရှေးလူကြီးတွေကတော့ မောင်အောင်ဆန်းဟာ ဆိုင်းဆရာသေလို့ ဝင်စားတာလို့ ပြောကြမယ်ထင်တယ် (သေချာ စဉ်းစားကြည့်တော့ မဆလ လက်ထက် ၁၉၈၂ ခုနှစ်ကတည်းက ဗိုလ်ချုပ်ကို ခေါက်ထားခဲ့ကြတာ ဖြစ်ပြီး နဝတ နအဖ စစ်အစိုးရလက်ထက်မှာတော့ လုံးဝ ဖျောက်ဖျက်ခံထားခဲ့တာပါပဲ။ အခုပြန်ကြည့်တော့ ဗိုလ်ချုပ်စာအုပ်ကို တွန်းတွန်းတိုက်တိုက်ထုတ်ခဲ့သူ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ုကြီး သူရဦးအောင်ကိုကို စစ်အကြမ်းဖက်ခေါင်းဆောင်က အညှိုးအတေးထားပြီး အာဏာသိမ်းတာနဲ့ဖမ်း-ထောင်ထဲထည့်ခဲ့တာပဲ)။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို
စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ဓားကို ပြုပြင်ထိန်းသိမ်းထား