• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်း ဇေယျာသီရီ ရုပ်ရှင်ရုံ ဝယ်ထားသည့် ကုမ္ပဏီကို တရားစွဲရန် စီစဉ်နေ

by ဒီလှိုင်းဝင်း
27 July 2018
in သတင်း
A A
--

--

6.9k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ တရုံတည်းသာ ကျန်သော ဇေယျာသီရိ ရုပ်ရှင်ရုံကို ဝယ်ယူ ထားသည့် ကုမ္ပဏီကို ရုပ်ရှင်လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခြင်းမရှိ၍ ယင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲ အရေးယူနိုင်ရန် လုပ်ဆောင်မည်ဟု သိရသည်။

စစ်ကိုင်းမြို့ရှိ ဇေယျာသီရိ ရုပ်ရှင်ရုံကို မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီ၏ ခွင့်ပြုချက် ဖြင့် ၂၀၁၁ ခုနှစ်က အပြီး ရောင်းချပေးခဲ့ရာ ဝယ်ယူသည့် ကုမ္ပဏီမှ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက် လုပ်ဆောင်ရမည်ဟု ပါရှိသော်လည်း ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခြင်း မရှိသောကြောင့် တရားစွဲဆို အရေးယူနိုင်ရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
48
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
583
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
180

“စာချုပ်ပါ စည်းကမ်းအတိုင်း အရေးယူသွားမယ်၊ မူလက ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ချုပ်ဆိုထား တာ၊ ဒါကြောင့် ပြန်ကြား ရေးကို ပြန်လွှဲပေးလိုက်တယ်၊ တိုင်းအစိုးရကို လိုအပ်သလို ဆောင်ရွက်နိုင် ဖို့ဆိုပြီး ပြန်လွှဲပေးတယ်။ စာချုပ်ပါ စည်းကမ်းနဲ့ ဘယ်လို အချက်တွေက ဘယ်လိုတွေ ငြိနေသလဲ ဆိုတာကို စစ်ဆေးရမယ်။ လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆက်လက် လုပ်ဆောင်ရဦးမှာ ဆိုတော့ အမြန်ဆုံးတော့ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

ဒေါက်တာဇော်ဝင်းက ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယ (၁) နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲ တိုးတက်မှု များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အရေးယူမယ် ဆိုတဲ့အပိုင်းမှာ ကုမ္ပဏီနဲ့ ညှိနှိုင်းလို့ရမယ်ဆိုရင် ညှိနှိုင်းမှာပေါ့။ ညှိနှိုင်းလို့မှ သူတို့ ဘက်က လုံးလုံးကို ဆောင်ရွက်မပေးနိုင်ဘူး ဆိုရင်လည်း စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေ အတိုင်း တရားဥပဒေအရ အရေးယူ သွားမှာပေါ့။ ဆုံးဖြတ်ချက်ကတော့ ကက်ဘိနက်မှာ တင်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ဒေါက်တာ ဇော်ဝင်းက ဆက်လက်ပြောသည်။

စစ်ကိုင်းမြို့ရှိ ဇေယျာသီရိရုပ်ရှင်ရုံကို မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ်က စူပါ ကော်ဖီမစ် ကုမ္ပဏီက ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဇော်လင်းက မြန်မာနိုင်ငံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အပြီး ရောင်းချပေးသည်ဆိုသော်လည်း ဝယ်ယူ သူများအနေဖြင့် အနည်းဆုံး လူ ၂၀၀ ဆန့် ရုပ်ရှင်တရုံကို ပြန်လည်ပြုလုပ်ပေးကာ ကျန်ရှိသည့် အပိုင်းကို စီးပွားရေးလုပ်နိုင်သည်ဟု ကတိကဝတ်ဖြင့် ရောင်းချခြင်း ဖြစ်သည်ဟု ဆိုသည်။

“လက်ရှိအနေအထားကတော့ စာချုပ်ပါ စည်းကမ်းအတိုင်း ရုပ်ရှင်ပြဖို့ အကောင်အထည် ဖော်ခိုင်း နေတာ တော်တော်ကြာ နေပါပြီ။ စာချုပ်ထဲမှာလည်း ဘာစီးပွားရေး လုပ်ငန်းပဲ လုပ်လုပ်၊ အနည်း ဆုံးတော့ Mini Cinema ပါရမယ်လို့ သတ်မှတ် ထားပါတယ်” ဟု ပြောသည်။

စစ်ကိုင်းမြို့ရှိ ဇေယျာသီရိရုပ်ရှင်ရုံကို ဝယ်ယူသူများက ရုပ်ရှင်ရုံအဖြစ် ပြန်လည်ပြသခြင်း မရှိဘဲ ကုမ္ပဏီပိုင် ကုန်ပစ္စည်း များ သိုလှောင်ရာ ဂိုဒေါင်အဖြစ် အသုံးပြုနေလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်း ဇေယျာသီရိရုပ်ရှင်ရုံကို ၁၉၇၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် တွင် ရုပ်ရှင် ဇာတ်ကား များကို စတင်ပြသနိုင်ခဲ့ကာ ပထမဦးဆုံးပြသသော ရုပ်ရှင်ဇာတ်ကားမှာ “မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ” ဖြစ်သည်။ ထိုစဉ် အချိန်က မန္တလေးမြို့၌ ရုပ်ရှင်ရုံပေါင်း များစွာရှိနေ ပြီ ဖြစ်သော်လည်း မန္တလေး မြို့သူ၊ မြို့သားများနှင့် စစ်ကိုင်းမြို့ အနီး ဝန်းကျင်မြို့များကပါ ဇေယျာ သီရိ ရုပ်ရှင်ရုံသို့ လာရောက် ကြည့်ရှုကြရသည်အထိ စည်ကားမှုမျိုး ရှိခဲ့သည်။ အဆိုပါ ရုပ်ရှင်ရုံကို ၂၀၁၁ ခုနှစ်တွင် စူပါကော်ဖီမစ် ကုမ္ပဏီက ဝယ်ယူပြီးနောက် ရုပ်ရှင်ပြသမှုကို ရပ်နားထားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယခုအခါ စစ်ကိုင်းမြို့တွင် ရုပ်ရှင်ရုံရှိသော်လည်း ပြသနိုင်ခြင်းမရှိသည်မှာ ၈ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ မြို့လူထု အပန်းဖြေနိုင်ရန်အတွက် ရုပ်ရှင်ရုံတရုံ ရှိသင့်ကြောင်း စစ်ကိုင်းမြို့ ဒေသခံများ က ပြောကြသည်။

စစ်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက် က ဇေယျာသီရိ ရုပ်ရှင်ရုံ ပြန်လည်ဖွင့်လှစ်ပြသရေး တိုက်တွန်းကြောင်း အဆိုကို ၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့ရာ ကန့်ကွက်မည့်သူမရှိဘဲ အတည်ပြု ခဲ့ကြောင်း သိရသည်။

ယင်း အဆိုအောင်မြင်ပြီးနောက် ဇေယျာသီရီ ရုပ်ရှင်ရုံ ပြန်လည် ဖွင့်လှစ်ပြသရန် အစိုးရအဖွဲ့၏ ညွှန် ကြားထားမှု သတ်မှတ်ကာလထက် ကျော်လွန်နေသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်မြေ ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်၊ စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဇေယျာသီရိ ရုပ်ရှင်ရုံအား ဝယ်ယူ ထားသော ကုမ္ပဏီမှ တာဝန်ရှိသူများသည် ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ လူမှုရေးဝန်ကြီးရုံးခန်းတွင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံညှိနှိုင်းရာတွင် ဝယ်ယူထားသည့် ကုမ္ပဏီအနေဖြင့် အချိန်ကာလ ၁ နှစ် ထပ်မံစောင့်ဆိုင်းပေးရန် တောင်းဆိုထားမှုလည်း ရှိကြောင်း သိရသည်။

“ဇေယျာသီရိနဲ့ ပတ်သက်ပြီး အဆိုအောင်တာကြာပြီ၊ စစ်ကိုင်းက အဆိုအောင်ပြီး လက်ရှိအချိန်အထိ ဘာမှ မလုပ်ဘူး။ နောက်ဆုံး ကုမ္ပဏီနဲ့လည်း ညှိနှိုင်းပြီးပြီ။ အခုက ဘယ်လိုမှ ညှိနှိုင်းဆောင်ရွက်လို့ မရတော့တဲ့ အခါမှာ တိုင်းဒေသကြီး အစိုးရကနေ တရားဥပဒေလမ်းကြောင်းက သွားဖို့ပဲ ရှိတော့ တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ပြောသည်။

ဇေယျာသီရိရုပ်ရှင်ရုံ ပြန်လည်ဖွင့်လှစ်ပြသရေး တိုက်တွန်းကြောင်း အဆိုနှင့်အတူ မုံရွာမြို့ရှိ မြစန္ဒာ ရုပ်ရှင်ရုံ ကိုလည်း ပြန်လည်ဖွင့်လှစ်ပြသရေး တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ရာ အောင်မြင်ခဲ့ပြီး ယခုအခါ အဆိုပါ မြစန္ဒာရုပ်ရှင်ရုံမှာ ပြန်လည်ပြသပေးနေပြီဖြစ်ကြောင်း သိရသည်။

၁၉၂၀ ပြည့်နှစ်ကစတင်ခဲ့သော မြန်မာ့ရုပ်ရှင်သည် ယခုအခါ ရာပြည့်ကာလသို့နီးကပ်လာပြီ ဖြစ်သော်လည်း ရုံတင်ပြ သနိုင်ရန်အတွက် ရုပ်ရှင်ရုံများ ရှားပါးလာမှုကြောင့် ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်မှု အားပါ ကျဆင်းလာ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်အချိန်က ရုပ်ရှင်ရုံပေါင်း ၃၀၀ ခန့်အထိရှိခဲ့ရာမှ ယခု အခါတွင် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံ၊ ပုဂ္ဂလိကပိုင်ရုံ ၃၁ ရုံနှင့် အပြီးရောင်းရုပ်ရှင်ရုံပေါင်း ၁၃၃ ရုံ ရှိသည့်အနက် အပြီးရောင်း ပြသဆဲရုံ ၇၈ ရုံရှိကြောင်း သိရသည်။

Your Thoughts …
Tags: စစ်ကိုင်း ဇေယျာသီရီ ရုပ်ရှင်ရုံ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
နေပြည်တော်တွင် ကျင်းပသည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး / ဧရာဝတီ

တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၂)

လိုင်စင် ထုတ်ပေးနေသည်

လိုင်စင် ထုတ်ပေးနေသည်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate