• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာဂဒေသ၌ အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့်မပေးရန် NPSC ပြော

by ချစ်မင်းထွန်း
26 February 2019
in သတင်း
A A
NSCN-K လှုပ်ရှားနယ်မြေအတွင်း တပ်မတော်က ဝင်ရောက်ရှင်းလင်းပြီးရာမှ သိမ်းဆည်းခဲ့သော မှတ်တမ်းမျာ / တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံ

NSCN-K လှုပ်ရှားနယ်မြေအတွင်း တပ်မတော်က ဝင်ရောက်ရှင်းလင်းပြီးရာမှ သိမ်းဆည်းခဲ့သော မှတ်တမ်းမျာ / တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံ

20.6k
VIEWS
Share on FacebookShare on Twitter

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အာသံနှင့်ကသည်း လက်နက်ကိုင် အဖွဲ့အစည်းများကို ခိုလှုံခွင့်မပြုရေး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) အဖွဲ့နှင့် တွေ့ဆုံ တောင်းဆိုသွားမည်ဟု နာဂငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ (NPSC) က ဖေဖော်ဝါရီ ၂၅ ရက်က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နာဂဒေသငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတခုကို ဖေဖော်ဝါရီ ၂၃-၂၄ ရက်က နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု (ဗဟို) မှ ကြီးမှူးကျင်းပခဲ့ပြီး အရပ်ဖက် နာဂအဖွဲ့အစည်းများ၊ လူထုခေါင်းဆောင်များ တက်ရောက်ခဲ့ကာ NPSC ကို ဖွဲ့စည်း၍ အထက်ပါ အတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ် သည်။

NPSC  သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ဦးအာထော (ခ) မိုးဂျီ က “အာသံနဲ့ကသည်း သူပုန်တွေ NSCN-K ဒေသ ထဲမှာ ရှိတယ် မရှိဘူးက မျက်မြင် ကိုယ့်တွေ့ မတွေ့ရသေးဘူး၊ အဲတော့ တကယ်လို့ ဒီအဖွဲ့တွေ ရှိတယ်ဆိုရင် ကျနော်တို့ NSCN-K နဲ့ သွားရောက်  ဆွေးနွေးတဲ့အခါမှာ ဒါက ဘယ်လိုဖြစ်သလဲပေါ့၊ ဘယ်လို ဆုတ်ခွာအောင် လုပ်လို့ရမလဲ ဆွေးနွေးဖို့တော့ ရှိပါတယ်။ တကယ်လို့ အဲမှာ ရှိတယ်ဆိုရင်တော့ မထားဖို့ တောင်းဆိုသွားမယ်၊ ထားတာ မထားတာတော့ NSCN-K ရဲ့ကိစ္စဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

NPSC အနေဖြင့် ယင်းသို့တောင်းဆိုရခြင်းမှာ နာဂဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများ စစ်ဘေးဒုက္ခ ကင်းဝေးစေရေး အတွက် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တပ်မတော်က ယခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က NSCN-K ၏ ဗဟိုဌာနချုပ် တကားစခန်းကို အိန္ဒိယမှ အာသံ နှင့် ကသည်း သူပုန်များကို လက်ခံထားသည်ဟုဆိုကာ အင်အား ၄၀၀ ကျော်ဖြင့် ထိန်းချုပ်ထားသည့်အပေါ် NPSC က ကြားဝင် စေ့စပ်ညှိနှိုင်းရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

NPSC အနေဖြင့် နာဂဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော လုံခြုံရေးနှင့် နယ်မြေ အေးချမ်း ရေးဆိုင်ရာ အကြပ် အတည်းအား နိုင်ငံတော် အကြီးအကဲများ၊ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ ဆုံကာ ဒေသတွင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုများ ရှောင်ရှားနိုင်စေရန် အမြန်ဆုံး စေ့စပ် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်သည်ဟု ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

လက်ရှိတွင် NSCN-K မှ ကိုယ်စားလှယ်များနှင့် NPSC မှ ကိုယ်စားလှယ်များ တွေ့ဆုံနိုင်ရေး ကြိုးပမ်းနေသော်လည်း တွေ့ဆုံနိုင်မည့် အချိန်နှင့် နေရာကို မသတ်မှတ်နိုင်သေးကြောင်း၊ တပ်မတော်၏ စစ်ဆင်ရေး လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမှ သာလျှင် တွေ့ဆုံ နိုင်ဖွယ်ရှိကြောင်း NSCN-K မှ ဗဟို ကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဧရာဝတီသို့ ပြောသည်။

ဦးကျော်ဝမ်းစိန် က “သူတို့ဘက်က အာသံနဲ့ ကသည်း လက်နက်ကိုင်တွေကို မထားဖို့ ဆိုတာကိုတော့ ကျနော်တို့ အဖွဲ့အစည်း အတွင်းမှာ ညှိနှိုင်း တိုင်ပင်ရမှာပေါ့။ ဘာလို့ဆို ဒီအဖွဲ့အစည်းတွေဟာ ကျနော်တို့ လက်ထဲမှာတော့ မရှိဘူး၊ ကျနော်တို့ ပိုင်တာမဟုတ်ဘူး၊ အဲအတွက်ကြောင့်မလို့ ဒါတော့ အကောင်းဆုံးဖြစ်အောင်တော့ ညှိနှိုင်းရမှာ ပေါ့လေ”ဟု ပြောသည်။

NPSC ကတော့ NSCN-K နှင့် တွေ့ဆုံသည့်အခါ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို တက်ရောက်ရန်နှင့် NCA လမ်းကြောင်းပေါ် သွားရောက်နိုင်ရေး တို့ကိုလည်း ဆွေးနွေးရန် ရှိကြောင်း၊ အစိုးရ ကိုယ်စားလှယ်များဖြင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ရေး ကြိုးပမ်း နေကြောင်း၊ တွေ့ဆုံသည့်အခါ NSCN-K နှင့် တပ်မတော်ကြား ပြန်လည် ရင်ကြားစေ့နိုင်ရေး ဆောင်ရွက်ရန် ရှိကြောင်း NPSC သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ဦးအာထော (ခ) မိုးဂျီက ပြောသည်။

ဦးအာထော (ခ) မိုးဂျီက “ကျနော်တို့ မေတ္တာရပ်ခံချင်တာက လတ်တလောဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး လူမှု ဒုက္ခကို မဖြစ်စေချင်လို့ ကြားဝင် စေ့စပ်ပြီးတော့ နိုင်ငံရေးဘောင်ထဲကို NSCN-K ရောက်အောင် လုပ်သွားမယ်” ဟု ပြောသည်။

NSCN-K  အဖွဲ့အနေဖြင့် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) စာချုပ်ကို လက်မှတ် မရေးထိုးရသေးသော်လည်း တိုင်းဒေသကြီးအဆင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး NPSC မှ ကြားဝင် ညှိနှိုင်းလာမည့် အပေါ် တပ်မတော်မှ လက်ခံ ဆွေးနွေးရန် ရှိလာနိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ သတင်းထုတ်ပြန်ချက်ထဲမှာလဲ သဘောတူညီချက်တွေ ဖောက်ဖျက်လို့မလို့ ကျနော်တို့ ဆောင်ရွက်တာလို့ သတင်းစာ ရှင်းလင်းပြီးသားပဲ၊ သူတို့ဆီကလည်း ညှိနှိုင်းမယ်ဆိုပြီးတော့ ထုတ်ထားတာတွေလည်း ရှိပါတယ်။ အဲဒါ တွေ ကတော့ JMC လမ်းကြောင်းက လာတာလည်း ရှိပါလိမ့်မယ်၊ NRPC လမ်းကြောင်းက လာတာလည်း ရှိပါ လိမ့် မယ်”ဟု ပြောသည်။

တကားစခန်းကို ထိန်းချုပ်ထားခြင်းနှင့် နယ်မြေရှင်းလင်းမှုလုပ်ဆောင်ခဲ့သည့် အခြေအနေနှင့်ပတ်သက် ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်၊ ၉ ရက် ၁၆ ရက်တို့က စုစုပေါင်း ၃ ကြိမ် သတင်း ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသူ ၁၄ ဦးရှိပြီး အလောင်း ၁ လောင်း ရရှိကြောင်း၊ လက်နက်မျိုးစုံ ၈၀ လက် နှင့် ကျည်မျိုး စုံ ၁၇၀၀၀ ကျော် သိမ်းဆည်းရမိကြောင်း၊ ဗုံးသီးမျိုးစုံ ၂၉၀ ကျော်နှင့် လေ့ကျင့်ရန် လုပ်ထားသည့် တုတ်-ဓါး-လက်နက် ၁၈ လက် သိမ်းဆည်းရမိကြောင်း၊ လူနေ တဲနှင့်အဆောက်အအုံ ၆၅ လုံး ထိန်းသိမ်းထား ပြီး စစ်သင်တန်း လေ့ကျင့်ရေး ကွင်းများ လည်း တွေ့ရှိထားကြောင်း၊ ငွေ ၁၃ သိန်းကျော်လည်း သိမ်းဆည်းရမိ ထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် ၁၄ ဦးတွင် NSCN-K မှ ၆ ဦး ပါဝင်ပြီး People’s Liberation Army (PLA) နှင့် MPA (ကသည်း) တပ်ဖွဲ့တို့မှ အဖွဲ့ဝင် ၆ ဦးတို့ ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဓိကတော့ ကျနော်တို့က ၂ နိုင်ငံ သဘောတူညီချက်တွေရှိတယ်၊ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မူဝါဒက ငြိမ်းချမ်းရေးစွာ အတူယှဉ်တွဲနေထိုင်ရေး မူတွေရှိတယ်၊ ပြီးရင် ကာကွယ်ရေးမှာလည်း ဒါတွေရှိတယ်၊ ပြီးရင် မိမိရဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံထဲမှာ အခြေချခွင့် နေထိုင်ခွင့် တခြား နိုင်ငံရဲ့ အချုပ်အခြာ အာဏာ၊ တခြားနိုင်ငံရဲ့ငြိမ်းချမ်းရေး၊ တခြားနိုင်ငံရဲ့ မတည်မငြိမ်မှုဖြစ်အောင် လုပ်တာတွေ ကို လက်မခံဘူး၊ အဲဒါကြောင့် ကျနော်တို့က နယ်မြေအတွင်းမှာ လိုအပ်တဲ့ လုံခြုံရေးဆောင်ရွက်တာတွေ စိစစ် တာ တွေလုပ်ရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ဆက်စပ်ဖတ်ရှုရန် –

အိန္ဒိယ သူပုန်များကို လက်ခံထား၍ နာဂ ဌာနချုပ်ကို သိမ်းကြောင်း တပ်မတော်ထုတ်ပြန်

နာဂလက်နက်ကိုင်အဖွဲ့၏ ဌာနချုပ်ကို တပ်မတော်ဝင်ရောက် ထိန်းချုပ်

အိမ်နီးချင်းနိုင်ငံ တည်ငြိမ်မှု ပျက်အောင်လုပ်ခြင်း လက်မခံဟု တပ်မတော်ပြော

ဖိအားဆက်ပေးလျှင် ပြဿနာရှိဟု နာဂအဖွဲ့ပြော

Your Thoughts …
Tags: NPSCNSCN-Kကသည်းနာဂအာသံ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

အာသံရိုင်ဖယ်အတိုက်ခံရပြီး မြန်မာဘက်မှ နာဂအဖွဲ့ကို အိန္ဒိယလက်တုံ့ပြန်

အာသံရိုင်ဖယ်အတိုက်ခံရပြီး မြန်မာဘက်မှ နာဂအဖွဲ့ကို အိန္ဒိယလက်တုံ့ပြန်

by မေရီခိုင်
22 October 2025
5.9k

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN - K (YA)က အိန္ဒိယစစ်တပ်၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး အပြစ်မဲ့ အရပ်သားများနှင့် ကလေးသူငယ်များကို တိုက်ခိုက်သည့် လက်မခံနိုင်ကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံတကာစံနှုန်း ဥပဒေများ ထင်ရှားစွာ ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်...

တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

by ဝတ်ရည်ခိုင်မာ
25 June 2025
3.5k

အိန္ဒိယတွင် ပြည်နယ်များ၌ ဖက်ဒရယ်အခွင့်အရေး ပေးထားသည်ဖြစ်ရာ ပြည်နယ်အစိုးရများ၏ အဆုံးအဖြတ်လည်း အရေးပါ၏။

မြန်မာ့အနာဂတ်က လူမျိုးစုံလင်မှုလား၊ လူမျိုးစုံ ပဋိပက္ခလား

မြန်မာ့အနာဂတ်က လူမျိုးစုံလင်မှုလား၊ လူမျိုးစုံ ပဋိပက္ခလား

by Bertil Lintner
13 July 2024
1.9k

တရုတ်သည် တိုင်းရင်းသားတပ်မတော်များကိုသာမက မြန်မာစစ်တပ်အပေါ်တွင်ပါ သြဇာကျင့်သုံးနိုင်သည့် တခုတည်းသော ပြင်ပအင်အားကြီးနိုင်ငံဖြစ်ကြောင်း ထင်ရှားသည်။

မြန်မာရှိ အိန္ဒိယခွဲထွက်ရေးအဖွဲ့ကို ဒရုန်းတိုက်ခိုက်မှု နောက်ကွယ်

မြန်မာရှိ အိန္ဒိယခွဲထွက်ရေးအဖွဲ့ကို ဒရုန်းတိုက်ခိုက်မှု နောက်ကွယ်

by Rajeev Bhattacharyya
23 July 2025
1.5k

အိန္ဒိယသည် မြန်မာ့မြေတွင် အခြေစိုက်သည့် ခွဲထွက်ရေးအဖွဲ့စခန်းများကို ယခင်ကလည်း တိုက်ခိုက်ဖူးသည်။

မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

by CV Lalmalsawmi
18 September 2023
1.3k

မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးတိုက်ပွဲသည် ကာလရှည်ကြာမည့်စစ်ပွဲဖြစ်ပြီး အိန္ဒိယ အထူးသဖြင့် အရှေ့မြောက်ဒေသသည် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်ရမည်ဖြစ်သည်။

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

by ဧရာဝတီ
16 July 2025
281

အိန္ဒိယစစ်တပ်က နယ်စပ်စည်းမျဥ်းကနေ ကျော်လွန်ပြီး မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်က ကျေးရွာတွေကို ဇူလိုင်လ ၁၃ ရက်နေ့မှာ UAV ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Next Post
တရားမမှုများတွင် စေ့စပ်ဖြေရှင်းရေးနည်းလမ်း စမ်းသပ်ကျင့်သုံးမည် (ရုပ်/သံ)

တရားမမှုများတွင် စေ့စပ်ဖြေရှင်းရေးနည်းလမ်း စမ်းသပ်ကျင့်သုံးမည် (ရုပ်/သံ)

ရှမ်းပြည်နယ် မြောက်ကပိုင်းတွင် လှုပ်ရှားနေသော ကိုးကန့် တပ်ဖွဲ့ဝင်များ  /  Reuters

ပဏာမ အပစ်ရပ်စာချုပ် ချုပ်လိုကြောင်း အစိုးရကို မြောက်ပိုင်း မဟာမိတ် အဆိုပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved