• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြည်သူအများစု ဆန္ဒကို ရှေးရှုဆောင်ရွက်ရန် KNPP တိုက်တွန်း

by ဇူးဇူး
17 May 2019
in သတင်း
A A
ကယား ပြည်နယ် ဝန်ကြီးချုပ် အယ် ဖောင်းရှိူး  / ကယားပြည်နယ် အစိုးရအဖွဲ့ရုံး

ကယား ပြည်နယ် ဝန်ကြီးချုပ် အယ် ဖောင်းရှိူး / ကယားပြည်နယ် အစိုးရအဖွဲ့ရုံး

10.1k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု နှင့်ပတ်သက်၍ ပြည်သူ အများစု၏ ဆန္ဒကို ရှေ့ရှုဆောင်ရွက်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က မေ ၁၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုးက မေ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား လုံးဝ မပြောင်းရွှေ့ပေးနိုင်ကြောင်း ပြောကြားပြီးနောက် KNPP မှ ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

KNPP ၏ သဘောထား ကြေညာချက်တွင် ပြည်ထောင်စုအစိုးရမှ ပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက် ထူခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု အစိုးရတို့၏မူ မဟုတ်ကြောင်းနှင့် လမ်းညွှန်ထားမှု မရှိကြောင်း သတင်းမီဒီယာများတွင် တွေ့မြင်သိရှိရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ကရင်နီပြည်နယ်အတွင်း ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းသည် ပြည်နယ်အစိုးရမှ မိမိဆန္ဒအလျောက် စိုက်ထူသည့် သဘောဖြစ်နေ၍ ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရဖြစ်သည်နှင့် အညီ ပြည်သူအများစု၏ ဆန္ဒကို ရှေ့ရှုဆောင် ရွက်ရန်ရန် KNPP က ဆိုသည်။

KNPP အနေဖြင့် ပြည်နယ်အစိုးရက ဗိုလ်ချုပ်ရုပ်တု စိုက်ထူရန် စတင်ကြိုးပမ်းချိန်ကတည်းက အကြိမ်ကြိမ် သတိပေးခဲ့ သော်လည်း အလေးမမူဘဲ စိုက်ထူခဲ့ခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ ရင်ဆိုင်ကြုံတွေ့လာရပြီး ပြည်နယ်၏ တည် ငြိမ်အေးချမ်းရေး ကိုသာမက ပြည်နယ်အတွင်း KNPP က အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး တည် ဆောက်မှု ဖြစ်စဉ်အပေါ်ကိုပါ သက်ရောက်မှု ဖြစ်ပေါ်စေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ် ပြဿနာကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုး နိုင်ရေး ကြိမ်းပမ်းမှုများကို အဟန့်အတားဖြစ်စေကြောင်း KNPP ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူ နဲနယ်ပလိုးကလည်း ပြီးခဲ့သည့် မတ်လပိုင်းက ပြောဆိုထားသည်။

နဲနယ်ပလိုး က “ပြီးတော့ တဖက်က သမိုင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့မှ ကျန်တဲ့ တဖက်ကို လွှမ်းမိုးတဲ့ သဏ္ဍာန်မျိုးကို ကရင်နီပြည်သူ လူထုနဲ့အတူ KNPP ကလည်း မလိုလားဘူး” ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ KNPP အပါအဝင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီပြည် လူငယ်များ အင်အားစု သပိတ်ကော်မတီနှင့် ဗိုလ်ချုပ် ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီတို့ မတ်လအတွင်းက တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံ ဆွေးနွေးပွဲများ၏ ရလဒ်များမှတဆင့် ဗိုလ်ချုပ်ရုပ်တု ရွှေ့ပြောင်းနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ကရင်နီပြည်လူငယ် များ အင်အားစု သပိတ်ကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ မေလအတွင်း အပြီးသတ်ဆွေးနွေးရန် သဘောတူညီမှု ရရှိ ထားသော်လည်း မတ် ၁၄ ရက် တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၏ ပြောစကားကြောင့် တွေ့ဆုံညှိနှိုင်းမှု လမ်းဆုံးသွားခဲ့ ကြောင်း သိရသည်။

သပိတ်ကော်မတီမှ ခွန်းသောမတ်စ်က “အဲဒီလို အပတ်တွေ ခဏခဏ ပြောလေ့ရှိပါတယ်။ သို့သော် ဒီတခေါက်က ညှိနှိုင်း ဖော်ဆောင်ရေး ကော်မတီက လူကြီး တွေရှေ့မှာတင် ကတိတွေ ချိုးဖောက်တယ်ဆိုတော့ ဒီဝန်ကြီးချုပ်ရဲ့ လုပ်ပုံကိုင်ပုံတွေက တော်တော်လေး ပြည်နယ်သူ/ သားတွေကို စော်ကားတယ်။ တော်တော်လေး ကတိမတည်တဲ့အတွက် ကျနော်တို့ ပြည်နယ်မှာ အဲဒီလို ဝန်ကြီးချုပ်ရှိတာ ကိုက တော်တော်လေးကို ပြည်နယ်အတွက် နစ်နာတယ်” ဟု ပြောဆိုသည်။

ကရင်နီပြည် လူငယ်များ အင်အားစုအနေဖြင့် ဗိုလ်ချုပ်ရုပ်တု ဖယ်ရှားရေးနှင့် ပတ်သက်၍ မူလရည်ရွယ်ချက် တောင်းဆို ချက်များအတိုင်း လှုပ်ရှားမှုများဆက်ရှိနေမည်ဖြစ်သော်လည်း မည်သု့ိမည်ပုံဆောင်ရွက်သွားမည်ကို ယနေ့အချိန်ထိ တရား ဝင်ထုတ်ပြန်မှု မရှိသေးသည်ကို တွေ့ရသည်။

KNPP က ပြည်တွင်းတွင် မလိုလားအပ်သော တည်ငြိမ်မှု ပျက်ပြားစေသည့် လုပ်ဆောင်မှုများကို ဦးတည်ခြင်းမှ ရှောင်ကြဉ် ၍ အပြုသဘောဆောင် စေ့စပ်ညှိနှိုင်းမှုဖြင့် နှစ်ဖက်လက်ခံနိုင်သော အခြေအနေရောက်သည့်တိုင် အာဃာတတရား ကင်း ရှင်းစွာဖြင့် ဦးတည် ဖြေရှင်းကြရန် တိုက်တွန်းထားသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပြည်နယ်အစိုးရအနေဖြင့် အပြုသဘောဆောင်သည့် လမ်းကြောင်းကို ပြန်လည်ဦးတည်ရန်နှင့် တဦးတယောက်၊ တပါတီ၊ တစုတဖွဲ့အရေးထက် ပြည်နယ်အရေးနှင့် ပြည်နယ်လူထု အရေးကိုသာမက ပြည်ထောင်စုအရေးကိုပါ ဦးစားပေးဆောင် ရွက်ရန် တိုက်တွန်းရင်း KNPP အနေဖြင့်လည်း ကော်မတီတရပ်ဖွဲ့စည်း၍ ပါဝင်အဖြေရှာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဟု ဆိုသည်။

ဆက်စပ်ဖတ်ရှူရန် – လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ် လုံးဝ ပြောင်းရွှေ့မည် မဟုတ်ဟု ဝန်ကြီးချုပ် ပြော

You may also like these stories:

လွိုင်ကော်က ဗိုလ်ချုပ်ရုပ်တု မတ်လ ၁၇ ရက်နေ့မတိုင်မီ ဖယ်ရှားရန် တောင်းဆိုထား

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
56
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
836

ကယား ဗိုလ်ချုပ် ရုပ်တု ရွှေ့ပြောင်းရေး တွေ့ဆုံပွဲ ရလဒ် မထွက်

ကယားပြည်နယ်တွင်း တပ်စခန်းသစ်များကြောင့် ဒေသခံများ စိုးရိမ်နေ

Your Thoughts …
Tags: KNPPဗိုလ်ချုပ် ကြေးရုပ်လွိုင်ကော်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.8k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်

လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်

by စောလွင်
5 September 2024
11.4k

လက်နက်ကြီးကျည် ၂လုံး ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိသော်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒစကမှူးနှင့် ဒု ဒစကမှူးတို့မှာ စိုးရိမ်ထိတ်လန့်ကာ လွိုင်ကော် အနောက်တောင်ဘက် မိုင် ၂၀ခန့် အကွာရှိ ဒီးမောဆိုမြို့နယ် အတွင်းမှ ကရင်နီတော်လှန်ရေး ပူးပေါင်းများ...

လွိုင်ကော်ကို ထိန်းချုပ်ပြီးနောက် နယ်မြေစိုးမိုးရေး စစ်တပ်ပိုမို လှုပ်ရှား

လွိုင်ကော်ကို ထိန်းချုပ်ပြီးနောက် နယ်မြေစိုးမိုးရေး စစ်တပ်ပိုမို လှုပ်ရှား

by စောလွင်
16 August 2024
7.4k

ဆီဆိုင်နှင့် ပင်လောင်း လမ်းကြောင်းများမှ အင်အားထောင်ချီဖြင့် လွိုင်ကော်မြို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်များက အချိန်နှစ်လကျော်အတွင်း လွိုင်ကော်မြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်သွားနိုင်သည့်အခြေအနေရှိကြောင်း

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

by စောရယ်
1 February 2024
6.6k

ကျနော်တို့နဲ့ ဘဝတူတော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဘုံသဘော တူညီချက်ပေါ်လာအောင် အခုက ကျနော်တို့ သဘောထား ဒီလိုရှိပါတယ်ဆိုတာ ကနဦး ချပြတဲ့သဘောပါပဲ

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

by ဧရာဝတီ
4 January 2024
6k

နှစ်သစ်သို့ ရောက်လာသောအခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဦးမည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။

Next Post
ယခင်နှစ် မိုးရာသီ၌ အရပ်ဘက် အဖွဲ့တချို့ သစ်ပင် စိုက်ပျိုးနေစဉ်  / Green Generation

ပြည်ခရိုင် အတွင်း သစ်ပင် ၁၁ သိန်းခန့် စိုက်ပျိုးမည်ဟု ဆို

အဂတိမှု သတင်းပေးသူများကို ကော်မရှင် ဘယ်လို အကာအကွယ် ပေးမှာလဲ (ရုပ်/သံ)

အဂတိမှု သတင်းပေးသူများကို ကော်မရှင် ဘယ်လို အကာအကွယ် ပေးမှာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved