• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖိနှိပ်ကန့်သတ်မှုများ မလုပ်ရန် မြန်မာလုပ်သားများ ထိုင်းအစိုးရထံ တောင်းဆို

by ကျော်ခ
7 August 2019
in သတင်း
A A
ချင်းမိုင်မြို့တော်ဝန်ရုံးသို့ သြဂုတ် ၆ ရက်နေ့က သွားရောက် တောင်းဆိုနေမှု  / ကျော်ခ / ဧရာဝတီ

ချင်းမိုင်မြို့တော်ဝန်ရုံးသို့ သြဂုတ် ၆ ရက်နေ့က သွားရောက် တောင်းဆိုနေမှု / ကျော်ခ / ဧရာဝတီ

4.1k
VIEWS
Share on FacebookShare on Twitter

အလုပ်သမား အခွင့် အရေး ဖိနှိပ်ကန့်သတ်မှု မရှိစေရန် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်း အလုပ်သမား များ အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၆ ဖွဲ့က ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနထံ စာပို့တောင်းဆိုလိုက် သည်။

ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးအဖွဲ့ (MAP Foundation)၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေး ဖောင်ဒေးရှင်း (HRDF) တို့အပါအဝင် အလုပ်သမားအဖွဲ့အစည်း တာဝန်ရှိသူများနှင့် အလုပ်သမားများက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပေါ်ရှိ မြို့တော်ဝန်ရုံးသို့ သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

MAP Foundation အဖွဲ့၏ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတာဝန်ခံ ထောင်းခမ်း က “သူတို့ (မြန်မာ အလုပ်သမားတွေ) မှာ အလုပ်ကြမ်းတွေပဲ လုပ်ခွင့်ရှိပါတယ်။ ဥပဒေ အရ လုပ်နိုင်တဲ့ အလုပ် ၃၈ ခုသတ်မှတ်ထား တယ်။ ဒါပေမယ့် ဆိုတဲ့ ချွင်းချက် ရှိသေးတယ်၊ အဲဒီ ဒါပေမယ့် အထဲမှာ ဥပမာ ပန်းရံလုပ်တယ်ဆိုရင် ပေကြိုးတွေကိုင် တာတို့ အချောသပ်တာတို့ကို သူတို့က ပေးမလုပ်ဘူး။ သွားစစ်ဆေးတဲ့ အချိန်မှာ မိရင် ဒဏ်ငွေဆောင်ရတယ်” ဟု သတင်းထောက် များကို ပြောသည်။

၎င်းကဆက်၍ “နောက်ပြီးတော့ ရွှေ့ပြောင်း အလုပ်သမားတွေ တကယ်လုပ်ရမယ့် အလုပ်က ဘာလဲ ဆိုတာ မတင်မကျဖြစ်နေတယ်။ မထင်မရှားဖြစ်နေတဲ့ အတွက် ဒီနေ့လာ တောင်းဆိုတာက ရွှေ့ပြောင်း လုပ်သားတွေ ဆန္ဒအရ ပေကြိုးတွေ ကိုင်နိုင်ဖို့ ကိုယ်တတ်ကျွမ်းသမျှ၊ ကျွမ်းကျင်သမျှ အလုပ်ကို လုပ်ကိုင်ခွင့်ရရှိရန် လာတောင်းဆိုတာပေါ့” ဟု ရှင်းပြသည်။

ချင်းမိုင်မြို့တော်ဝန်ရုံးသို့ သြဂုတ် ၆ ရက်နေ့က သွားရောက် တောင်းဆိုနေမှု (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်က ထုတ်ပြန်လိုက်သည့် အလုပ်သမား ဥပဒေ သစ်အရ ရွှေ့ပြောင်းလုပ်သားများသည် အလုပ်ကြမ်းများကိုသာ လုပ်ကိုင်ရမည့် သဘော ဖြစ်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် စီမံမှု အပိုင်းလုပ်နေကြသည့် မြန်မာ အချို့ ဆက်တိုက် ဖမ်းဆီးခံရမှုများ ရှိနေသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

၂၀၁၇ ခုနှစ်က ပြဌာန်းလိုက်သည့်နောက် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းခွင်များကို သွား ရောက် စစ်ဆေးကြကြောင်း ထိုသို့ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆရာ အဆင့် အချောကိုင်သည့် လုပ်ငန်းများ လုပ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အဖမ်းခံခဲ့ ရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) အဖွဲ့ပြောခွင့်ရသူ စိုင်းကျော်ဝင်းမြင့် က ပြောသည်။

စိုင်းကျော်ဝင်းမြင့် က “ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမား အက်ဥပဒေမှာ ပြဌာန်းတာက (ရွှေ့ပြောင်း) အလုပ်သမားတွေ အောက်ခြေသိမ်းပဲ လုပ်ရမယ်၊ ဆရာအဆင့် အချောကိုင်တဲ့ အလုပ်တွေ လုပ်လို့မရဘူး။ ဥပမာ အုတ်စီတာတို့၊ ဆေးသုတ်တာတို့ အချောကိုင်လို့မရဘူး” ဟု ရှင်းပြသည်။

၎င်းကဆက်၍ “ဒီဥပဒေအရ သူတို့က သက်ဆိုင်ရာဌာနကို အခွင့်အရေးတွေ ပေးထားတယ်။ ဖမ်းခံရပြီဆိုရင် အဲဒီအလုပ်သမားတွေကို ဗီဇာ ရုပ်သိမ်းပိုင်ခွင့်ရှိတယ်။ နောက်ပြီးတော့ ဒဏ်ကြေး မိမယ်၊ မြန်မာပြည်ကို ပြန်ပို့မယ်။ အဲနောက်ပိုင်း Black List သွင်းပြီး ထိုင်းနိုင်ငံကို ၂ နှစ် ပြန်ဝင်လာလို့ မရဘူး” ဟုလည်းဆိုသည်။

ချင်းမိုင်မြို့တော်ဝန်ရုံးသို့ သြဂုတ် ၆ ရက်နေ့က သွားရောက် တောင်းဆိုနေမှု (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ထိုသို့ အလုပ်ခွင်များထဲတွင် ထိုင်းလူမျိုးများလည်း လုပ်ကိုင်သူနည်းသဖြင့် အလုပ်ရှင်များ အနေဖြင့် အခက်တွေ့ နေရကြောင်း ထို့ကြောင့် လုပ်ငန်းရှင်များကိုယ်တိုင် MAP Foundation၊ HRDF ကဲ့သို့ သော အဖွဲ့အစည်းများထံ လာရောက်၍ အကူအညီတောင်းလာသဖြင့် အစိုးရထံ တင်ပြရန် ဖြစ်လာခဲ့ ကြောင်း စိုင်းကျော်ဝင်းမြင့် က ဆိုသည်။

ထိုကဲ့သို့ဖမ်းဆီးမှုများကြောင့် အလုပ်တချို့ ရပ်နားရသလို အလုပ်သမားများအနေဖြင့်လည်း အလုပ် သွားရန်ပင် တွန့်ဆုတ်နေကြကြောင်း၊ မိလျှင်ဒဏ်ငွေဆောင်ခိုင်းမှုများ ရှိသကဲ့သို့ အိမ်ပြန်ပို့မှု များ လည်းရှိကြောင်း အလုပ်သမတဦး ဖြစ်သည့် နန်းလွမ်မန့် က ရှင်းပြသည်။

နန်းလွမ်မန့် က “တချို့တွေလည်း အဖေအမေတွေ ဖမ်းဆီးသွားပြီးတော့ ကလေးပဲ ကျန်ခဲ့တယ်။ အဲတော့ ကလေးက ယိုးဒယားမှာ ကျန်ခဲ့တယ်။ အဖေအမေတွေက မြန်မာပြည် ပြန်ပို့ခံရတယ်။ အဲလိုမျိုးတွေလည်း ဖြစ်နေတယ်” ဟု ရှင်းပြသည်။

ချင်းမိုင် မြို့တော်ဝန်ရုံးမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့မည့် စာထဲတွင် ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ရွှေ့ပြောင်း အလုပ်သမားဥပဒေကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးရန်၊ ထိုဥပဒေနှင့် ပတ်သက်သည့် ဝန်ကြီး အစည်းအဝေး သဘောတူညီထားချက် များအား အမြန်ကြေညာပေးရန်၊ ထိုဥပဒေ မထုတ်ပြန်ခင် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့ ၁၆ ဖွဲ့နှင့် ချင်းမိုင်မြို့တော်ဝန်တို့ အကြား အမြန်တွေ့ဆုံဆွေးနွေးရန်တို့ပါရှိကြောင်းသိရသည်။

ချင်းမိုင်မြို့တော်ဝန် စူဖတ်ချိုင်အက်စူဝမ် ကတော့ တောင်းဆိုချက်များကို ကိုယ်တိုင် ထွက်၍ လက်ခံပြီး တောင်းဆိုချက်များကို အမြန်းဆုံးဆောင်ရွက်ပေးသွားမည်ဟု ကတိပြုသွားသည်။

You may also like these stories:

ဂျပန်သို့ မြန်မာလုပ်သား စေလွှတ်ရေး ဆွေးနွေးညှိနှိုင်း

ထိုင်း တရားမဝင် နိုင်ငံခြားသား ရှင်းလင်းမှု မြန်မာ ထောင်ချီ အဖမ်းခံရ

ထိုင်းအလုပ်အကိုင်အတွက် မြန်မာလုပ်သားများ ငွေညှစ်ခံနေရ

Your Thoughts …
Tags: HRDFMap Foundationချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ရှမ်းပဲ နာမည်ပျက်တာ မဟုတ်ဘူး၊ မြန်မာပြည်သားတွေအားလုံးကို ဂယက်ရိုက်တယ်

ရှမ်းပဲ နာမည်ပျက်တာ မဟုတ်ဘူး၊ မြန်မာပြည်သားတွေအားလုံးကို ဂယက်ရိုက်တယ်

by ဧရာဝတီ
7 October 2025
6k

ရှမ်းလူငယ်ဂိုဏ်းများနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းနှင့် ရှမ်းတိုင်းရင်းသားများ၏ သဘောထားအမြင်များကို ဧရာဝတီက မေးမြန်းထားသည်။

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

by ဧရာဝတီ
12 July 2024
4.3k

စေလွှတ်လိုက်သည့် လုပ်သားဦးရေအလိုက် ၃ လအတွင်း မိသားစုလွှဲပို့ငွေ ပေးပို့ခြင်း ရှိ/မရှိ စာရင်း တင်ပြရမည်ဖြစ် ကြောင်းနှင့် တရားဝင်ဘဏ်များမှတဆင့် ငွေပြန်လွှဲကြရန် အလုပ်သမားများရှိရာသို့ သွားရောက် စည်းရုံးရေးတို့ကို

မြန်မာ အိမ်ခြံမြေဝယ်သူများ ဘန်ကောက်ကို ကျော်ကြည့်လာ

မြန်မာ အိမ်ခြံမြေဝယ်သူများ ဘန်ကောက်ကို ကျော်ကြည့်လာ

by ဧရာဝတီ
10 February 2024
2.4k

"မကြာသေးမီက တက်လာတဲ့ အဝယ်လှိုင်းကတော့ ချင်းမိုင်မှာ အငြိမ်းစားနေထိုင်ဖို့နဲ့ ဖူးခက်မှာ အပမ်းဖြေ နေထိုင်ဖို့ပဲ" ဟု ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးသည်။

ပြိုင်ဆိုင်မှု ပြင်းသည့် စနစ်မှ လွတ်မြောက်ရေး တရုတ်ကလေးငယ်များ ထိုင်းတွင် ပညာလာသင်

ပြိုင်ဆိုင်မှု ပြင်းသည့် စနစ်မှ လွတ်မြောက်ရေး တရုတ်ကလေးငယ်များ ထိုင်းတွင် ပညာလာသင်

by Huizhong Wu
19 September 2024
2.2k

၈ တန်း စတင်တက်ရောက်တော့မည့် ရော့ဒ်နီသည် ထိုင်းတွင် ဂစ်တာနှင့် စန္ဒယားတီးပြီး အင်္ဂလိပ်စကားလုံးသစ်များ လေ့လာရန် မှတ်စုစာအုပ်တအုပ် ဆောင်ထားသည်။

စစ်မီးတောက်များကြားက ရွှေ့ပြောင်းဘဝများ

စစ်မီးတောက်များကြားက ရွှေ့ပြောင်းဘဝများ

by နွေနေ
18 June 2024
1.6k

အာဏာရှင်ဟာ ကတုတ်ကျင်းနား ကျည်လာမကျခင်အထိ သာယာနေတုန်းပဲ။

ဇင်းမယ် “ရွှေ” အမျိုးများဆီ အလည်အပတ် ခရီး

ဇင်းမယ် “ရွှေ” အမျိုးများဆီ အလည်အပတ် ခရီး

by ကြာဖက်နှင်း
6 October 2024
1.3k

တကယ်တော့ ဘုရင့်နောင် နယ်ချဲ့ခဲ့ဖူးသည့် ဇင်းမယ်သည် ရေချင်း မြေချင်း စပ်နေသည့် အပြင် ဘာသာ ယဉ်ကျေးမှု ကလည်း ဆက်စပ်နေတော့ ကိုယ့်မြေ ကိုယ့်ရေလိုပါပဲ…

Next Post
“အောင်”ဆေးခန်း၊ Mental Health Initiative ကို တည်ထောင်ထားသူ စိတ်ရောဂါ အထူးက ဆရာဝန် ဒေါက်တာစန်းစန်းဦး

လိင်ကိစ္စကို ရှက်စရာ၊ ရွံ့စရာ၊ အကုသိုလ်လို့ ဆိုပေမယ့် လူ့သဘာဝအရ ဒါတွေရှိနေမှာပဲ

မင်းသမီး အန်ဂျလီနာ ဂျိုလီနဲ့ သားကြီး မက်ဒေါ့စ်

ကိုရီးယားက တက္ကသိုလ်မှာ ပညာသင်ကြားတော့မယ့် အန်ဂျလီနာ ဂျိုလီရဲ့ သားကြီး မက်ဒေါ့စ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved