• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICJ ကြားဖြတ်စီမံချက်ကြောင့် နိုင်ငံ့အချုပ်အခြာအာဏာ ထိခိုက်ခြင်းမရှိဟုဆို

by ဇူးဇူး
29 January 2020
in သတင်း
A A
ICJ တရားရုံးတွင် တွေ့ရသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံနှင့် အဖွဲ့  / ICJ

ICJ တရားရုံးတွင် တွေ့ရသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံနှင့် အဖွဲ့ / ICJ

8.9k
VIEWS
Share on FacebookShare on Twitter

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု စွပ်စွဲပြီး ကြားဖြတ်အစီအမံများ ချမှတ်ပေးရန် လျှောက်ထားမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံ အနေဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ဇန်နဝါရီ ၂၃ ရက်က ဆုံးဖြတ် ချမှတ်ခဲ့သည်။

အဆိုပါ ကြားဖြတ်အစီအမံ (Provisional Measures) ၄ ချက်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေ မည့် အချက်များ (လုံးဝ) မပါဝင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ က ပြောဆိုသည်။

ICJ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ပူးတွဲ ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဝန်ကြီး ဦးကျော်တင့်ဆွေက ဇန်နဝါရီ ၂၈ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ခဲ့သော “ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ် ခြင်းဆိုင်ရာ အတွေ့အကြုံများ စကားဝိုင်း” ဆွေးနွေးပွဲ၌ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုအဆင့်သည် ပဏာမအဆင့်သာ ရှိသေးပြီး ကြားဖြတ်စီမံချက်များနှင့် ပတ်သက်၍ မလိုလား၊ မချမှတ်စေချင်သော် လည်းပဲ ICJ သည် ဂျီနိုဆိုက်အမှု မှန်သမျှတွင် ကြားဖြတ်စီမံချက် တောင်းတိုင်း ရာခိုင်နှုန်းပြည့် ပေးလေ့ရှိကြောင်း၊ Provisional Measures ချမှတ်ခံရသည့် ကိစ္စတွင် ထိတ်လန့်စရာအချက် တခုမှ မပါကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေ က ရှင်းလင်းပြောဆိုသည်။

ဝန်ကြီး ဦးကျော်တင့်ဆွေ က “Provisional Measures ချလိုက်တဲ့အတွက် ကျနော်တို့အနေနဲ့ ရှုံးနိမ့်တယ်လို့ ပြောလို့မရပါဘူး။ ချလိုက်တဲ့အချက် တွေကလည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမယ့်ဟာမျိုး မဟုတ်ပါဘူး။ အဓိက ၂ ချက်ဖြစ်တဲ့ Provisional Measures နှစ်ခုစလုံးဟာလည်း ကျနော်တို့ အနေနဲ့ ကွန်ဗင်းရှင်း ဝင်ကတည်းက ဒီအတိုင်း လိုက်နာကျင့် သုံးပါမယ်ဆိုတဲ့ commitment တွေကိုပဲ ချမှတ်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ICJ က ချမှတ်လိုက်သည့် ကြားဖြတ်အစီအမံ ၄ ချက်အနက် ပထမဆုံး ၂ ချက်ကို ၎င်းအနေဖြင့် ဆိုလိုခြင်း ဖြစ်သည်။

နံပတ် ၁ အချက်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် အပိုဒ်(၂)၌ ဖော်ပြထားသည့် ကျူးလွန်မှုများ (နိုင်ငံတနိုင်ငံရှိ လူမျိုး၊ လူမျိုးစု၊ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်သည့် အုပ်စု တခု အပေါ် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကြီးမားစွာ ထိခိုက်စေခြင်း၊ ရည်ရွယ်ချက် ရှိရှိဖြင့် အုပ်စု ၁ စု ကို ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ ထိုအုပ်စုထဲရှိ ကလေးမွေးဖွားမှုကို ပိတ်ပင်တားဆီးခြင်း၊ ထိုအုပ်စုထဲရှိ ကလေးများကို အုပ်စုတခုသို့ အတင်းအကျပ် ပို့ဆောင်ခြင်း) ဖြစ်မလာစေရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် ဖြစ်သည်။

နံပတ် ၂ အချက်သည် မြန်မာနိုင်ငံရှိ တပ်မတော်၊ ပုံမှန်မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ ၎င်းတို့၏ ထိန်းချုပ်မှုအောက်ရှိ တိုက်ရိုက် (သို့) သွယ်ဝိုက်ရှိသည့် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်မဆို နံပါတ် ၁ ပါ အချက်များ ကို မကျူးလွန်စေရန် (လျှို့ဝှက်ကြံစည်မှု၊ ပြည်သူကိုလှုံ့ဆော်မှု၊ ကြိုးစားအားထုတ်မှု၊ ကြံစည်မှု၌ အတူပါဝင်ခြင်း) ဖြစ်သည်။

ထိုအချက်များကို ICJ က ဆုံးဖြတ်ချက်ချရာတွင် ဂမ်ဘီယာ အဆိုပြုချိန်က နံပါတ် ၁ တွင် အဓမ္မကျင့်ခြင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ နေအိမ်/ရွာများကို မီးရှို့ခြင်း၊ မြေယာပိုင်ဆိုင်မှုများ ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာ မရအောင် တားဆီးပိတ်ပင်ခြင်း စသည့် စာသားအသစ် ထပ်ထည့်ခြင်းများကို လက်မခံဘဲ ကွန်ဗင်းရှင်း အပိုဒ် ၂ အတိုင်းသာ ချမှတ်သွားသလို နံပါတ်နှစ်ကိုလည်းပဲ ကွန်ဗင်းရှင်း အပိုဒ် ၃ အတိုင်းသာ ချမှတ်သွားကြောင်း ICJ မြန်မာကိုယ်စား လှယ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ရှင်းလင်းပြောဆိုသည်။

ဦးချမ်းအေး က “၁ ရော ၂ ရော ကျနော်တို့ လိုက်နာမယ်လို့ ကတိကဝတ် ပြုထားပြီးအတိုင်း လိုက်လည်း လိုက်နာ နေတယ်။ ဆက်ပြီးတော့လည်း လိုက်နာရမယ့်ဟာတွေကို ဖော်ပြထားတာ။ စာသားအသစ်တွေလည်း မပါဘူး။ ကျနော်တို့ကို ထိခိုက် စေမယ့်ဟာတွေလည်း မတွေ့ရဘူး။ အချုပ်အခြာအာဏာကို ထိပါးစေမယ့် ဟာမျိုးလည်း မတွေ့ရဘူး” ဟု ဆို သည်။

တတိယအချက် ဖြစ်သည့် ဖြစ်ပြီးခဲ့သည့် ကျူးလွန်မှုများမှ ကျန်သည့် သက်သေ အထောက်အထားများကို မဖျက်ဆီး ရန်၊ ထိန်းသိမ်းပေးရန် ဟူသည့် အချက်နှင့် ပတ်သက်၍လည်း ICJ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၊ အမြဲတမ်း အတွင်းဝန် ဒေါ်သီတာဦးက ရှင်းပြသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၀၁ အရ ကျူးလွန်သူကို ပြစ်ဒဏ်ကျခံရခြင်းမှ အကာကွယ်ပေးရန် အလို့ငှာ ပြစ်မှုကျူး လွန်ခြင်းနှင့် စပ်လျဉ်းသည့် သက်သေခံချက် အထောက်အထားများကို ဖျောက်ဖျက်ခဲ့မည်ဆိုပါက ထိရောက်သည့်  ပြစ်ဒဏ်များ ပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။

ဒေါ်သီတာဦး က “သက်သေခံ ဖျောက်ခြင်းနဲ့ ပတ်သက်ပြီး ဥပဒေ အတိအကျ ရှိပြီးသားပါ။ အိုင်စီဂျေကနေ ချမှတ်တဲ့ တတိယချက်က ဂျီနိုဆိုက်ကျူးလွန်ခြင်းရဲ့ သက်သေခံ အထောက်အထားတွေ မဖျောက်ဖျက်ဖို့။ ဒါဟာ ဥပဒေပြဌာန်းချက်နဲ့ ရှိပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ဆက်လက်၍ ၎င်းက ရခိုင်ပြည်နယ်အရေးဆိုင်ရာ မြန်မာအစိုးရက ဖွဲ့စည်းထားသော လွတ်လပ်သည့် စုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE) အစီရင်ခံစာပါ အချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက စစ်ဥပဒေချုပ်ရုံး နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အစီရင်ခံစာပါ ကိစ္စများကို ဆက်လက် စုံစမ်းဖော်ထုတ်ရန်၊ တရားစွဲဆို အရေးယူ ခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှလည်း အသီးသီး ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းပြသည်။

ICJ ၏ ကြားဖြတ်အစီအမံ မချခင် ရက်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကြေညာချက်အရ စုံစမ်း အရေးယူ ဖော်ထုတ်ကာ တရားစွဲမည် ဆိုလျှင်လည်း မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ဥပဒေများ အတိုင်း အရေးယူ ဆောင်ရွက်သွားရမည် ဟု ဒေါ်သီတာဦးက ပြောသည်။

နောက်ဆုံးအချက်ဖြစ်သည့် မြန်မာ၏ စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချသည့်နေ့မှ ၄ လ အတွင်း အစီရင်ခံစာ တင်ရမည်ဖြစ်ပြီး နောက်ပိုင်း၌ ၆ လ တကြိမ်ဖြင့် အမှုမပြီးမချင်း ပုံမှန်အစီရင်ခံစာ တင်သွားရန်ဟူ၍ ဖြစ်သည်။

ထိုအချက်ကို အစိုးရအနေဖြင့် လုပ်ဆောင်ရန်မလိုကြောင်း၊ အချုပ်အခြာအာဏာကို ထိပါးခြင်းသာ ဖြစ်ကြောင်း ဝေဖန် သုံးသပ်မှုများနှင့် ပတ်သက်၍ ထိုသို့ အစီရင်ခံစာ တင်ပြခိုင်းခြင်းသည် မြန်မာနှင့် ဂမ်ဘီယာ အမှုတခုတည်းတွင်သာ တင်ခိုင်းခြင်းမဟုတ်ကြောင်း၊ အစီရင်ခံစာ တင်ရခြင်းသည် အခွင့်အလမ်းကောင်း တခုဟုသာမြင်ကြောင်း ICJ မြန် မာကိုယ်စားလှယ်အဖွဲ့ဝင် ဥပဒေအကြံပေး ဦးကျော်တင်က ပြောဆိုသည်။

ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ဖောက်ဖျက်ပါသည်ဟု အစွပ်စွဲခံရကတည်းက ရင်နာစရာကောင်းသည့် အခက်အခဲဖြစ်ပြီး ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း၊ အစီရင်ခံ တင်ပြခိုင်းမှုမှတဆင့် ဂျီနိုဆိုက် မရှိအောင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေမှုများကို ထိရောက်စွာ တင်ပြနိုင်မည်ဆိုပါက နောက်ပိုင်း အမှု ရင်ဆိုင် သည့်အခါ အမှုနိုင်ရန်အတွက် အထောက်အကူပြုသည့် ခြေလှမ်းတခုဟု ယူဆကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောသည်။

ကြားဖြတ်အစီအမံ ချလိုက်ခြင်းကြောင့် နိုင်ငံအတွက် ဒုက္ခအကြီးအကျယ် ရောက်ပြီဆိုသည့် ပြည်သူကို ကြောက် လန့်အောင် ပြောဆိုနေမှုများ တွေ့ရကြောင်း၊ မမှန်ကန်သည့် အချက်အလက်များဖြင့် ပြည်သူ ကြောက်လန့်အောင် လုပ်မည်ဆိုပါက နိုင်ငံကို ထိခိုက်မည်ဖြစ်ရာ ရည်ရွယ်ချက် ရှိရှိ၊ မရှိရှိ အချက်လက် မမှားယွင်းစေရန် ပြန်လည်လေ့ လာကြရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

ICJ က ချမှတ်လိုက်သည့် ယာယီလုပ်ဆောင်ရမည့် အချက်များကို ကြည့်လျှင် ICJ က တောင်းမှပြောမှ လုပ်ရမည့် တာဝန်များ မဟုတ်ဘဲ လူ့အခွင့်အရေးကို အမှန်တကယ် လေးစားသည့်၊ ပြည်သူလူထု၏ အခွင့်အရေးကို ကာ ကွယ်ပေးလိုသည့် အစိုးရတရပ် အနေဖြင့် လုပ်ဆောင်ပေးရမည့် တာဝန်ရှိကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများက သုံးသပ်ပြောဆိုသည်။

၆ လတကြိမ် ပုံမှန်တင်သွင်း အစီရင်ခံရမည့် လုပ်ထုံးလုပ်နည်းသည် အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို တားဆီးနိုင်ရန် နောက်တခါ တပ်မဖြစ်ရန် မည်သို့ ကာကွယ်ပေးနိုင်သလဲ ဆိုသည်ကို တရားဝင် တင်ပြရှင်း လင်းနိုင်မည့်၊ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို သက်သေပြနိုင်မည့် အခွင့်အလမ်း တခုဖြစ်သည်ဟု သုံးသပ်မှုများ လည်း ရှိသည်။

ဆက်စပ်လင့်-

ကြားဖြတ် အစီအမံများ မြန်မာ လုပ်ဆောင်ရန် ICJ တရားရုံး ချမှတ်

မလုပ်ပါဘူး မရှုပ်ပါဘူးဆိုပြီး ငြင်းဆန်မှုကြောင့် နိုင်ငံတကာဖိအားတွေ ပိုတိုးလာတာ

မြန်မာ လျှောက်လဲချက်အပေါ် ဂမ်ဘီယာက တုန့်ပြန်ချေပ

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်

Your Thoughts …
Tags: ICJ ကြားဖြတ်စီမံချက်အချုပ်အခြာအာဏာ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား

နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား

by ညိုအေး
16 November 2024
5.2k

သမိုင်းဆိုင်ရာ ရှုမြင်ချက်တွေ ကွဲပြားမှုကလည်း ဒီမိုကရေစီတော်လှန်ရေးနဲ့ လူမျိုးစုတွေရဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးတွေကြား ခြားနားမှုကို ဖြစ်စေပါတယ်။

မြန်မာ့အရေး ချဉ်းကပ်ရာတွင် တရုတ် ဟန်ချက်ပျက်လာနေသလား

မြန်မာ့အရေး ချဉ်းကပ်ရာတွင် တရုတ် ဟန်ချက်ပျက်လာနေသလား

by ခင်ဦး
16 September 2024
3.9k

တရုတ်သည် သူ့အကျိုးစီးပွားကို ထိခိုက်မှုအနည်းဆုံးဖြင့် ပဋိပက္ခအဆုံးသတ်ပြီး တည်ငြိမ်ငြိမ်းချမ်းမှုကို မည်သည့်နည်းဖြင့်မဆို ပြန်လည်ထိန်းသိမ်းလိုသည်။

နိုင်ငံတော်၊ အချုပ်အခြာအာဏာနှင့် တော်လှန်ရေး

နိုင်ငံတော်၊ အချုပ်အခြာအာဏာနှင့် တော်လှန်ရေး

by ရန်နိုင် (သလ္လာဝတီ)
4 November 2024
2k

မြန်မာနိုင်ငံတော်သည်ကား ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ အခြားမည်သည့် ပြင်ပနိုင်ငံကမှ မြန်မာကိုယ်စား၊ လူထုကိုယ်စား တရားဝင် စီရင်ပိုင်ခွင့်မရှိပေ။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ခေါ် ပိုးလမ်းမ စီမံကိန်းကြီး၏ အရေးပါသည့် အစိတ်အပိုင်း တခု ဖြစ်သည်

ကျောက်ဖြူ စီမံကိန်းက နိုင်ငံ့အချုပ်အခြာအာဏာကို စိန်ခေါ်နေသလား

by ဟေမာန်ဦး
6 September 2018
16.4k

ဒေသခံပြည်သူများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် နစ်နာဆုံးရှုံးမှုများအတွက် တရားမျှတမှုကို တရုတ်နိုင်ငံရှိ တရားရုံးများတွင် ရရှိနိုင်ရန်မှာ အိပ်မက်သဖွယ် ဖြစ်ပေလိမ့်မည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၉ ရက် ဘေဂျင်းတွင် တွေ့ဆုံနေကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင် / Reuters

အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာဖြစ်လာသော မြစ်ဆုံစီမံကိန်း

by အောင်ဇော်
5 April 2019
40k

အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းအပေါ် လူထုဆန့်ကျင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ် အကြိုကာလအတွင်း အရှိန်အဟုန် ကြီးထွားလာသည်။

Next Post
မြန်မာနိုင်ငံတွင် တွေ့ရသော တရုတ် ခရီးသွား တချို့ / ဧရာဝတီ

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေ

မြူလင်းကိုကို / Myu Lin Koko's Facebook

လုပ်ခွင့်ရရင် အနုပညာအလုပ်တွေ လုပ်ချင်တယ်လို့ မြူလင်းကိုကို ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved