• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းထဲ မြန်မာ တကျော့ပြန် ပါလာမလား

by ဧရာဝတီ
21 February 2020
in သတင်း
A A
ပါရီ အခြေစိုက် Financial Action Task Force (FATF) ၏ စောင့်ကြည့် စာရင်းတွင် ထည့်သွင်းခံရရန် ရှိနေကြောင်း Reuters သတင်းကဆိုသည် / Reuters

ပါရီ အခြေစိုက် Financial Action Task Force (FATF) ၏ စောင့်ကြည့် စာရင်းတွင် ထည့်သွင်းခံရရန် ရှိနေကြောင်း Reuters သတင်းကဆိုသည် / Reuters

15.8k
VIEWS
Share on FacebookShare on Twitter

နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးသူများ၏ ငွေကြေးခဝါချမှုနှင့် ငွေရေးကြေးရေးစနစ်တွင် ထိန်းကျောင်းမှု အားနည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံကို ယခုအပတ်အတွင်းတွင် ကမာ္ဘ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့တခု၏ စောင့်ကြည့် စာရင်းတွင် ထည့်သွင်းခံရရန် ရှိနေသည်ဟု စဉ်းစားဆွေးနွေးနေမှုများနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၂ ခု ကို ကိုးကားရင်း Reuters သတင်းက ဆိုသည်။

ပါရီ အခြေစိုက် Financial Action Task Force (FATF) က မြန်မာနိုင်ငံကို “မီးခိုးရောင်” Grey စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်မည်ဆိုလျင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှုများ တိုက်ဖျက်ရေး မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်တွင် “မဟာဗျူဟာ ချို့တဲ့မှုများ” ရှိကြောင်း နိုင်ငံအများအပြားဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခု ဖြစ်သော FATF က တွေ့ရှိခဲ့သည်ဆိုသည့် အဓိပ္ပါယ် သက်ရောက်ပါလိမ့်မည်။

စာရင်းတွင် ပါဝင်ခြင်းကြောင့် မည်သည့် အရေးယူဒဏ်ခတ်မှုမျှ ရှိလာမည် မဟုတ်သော်လည်း အရှေ့တောင်အာရှမှ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး အဝင်အထွက် စီးဆင်းမှုများ၏ တိုးတက်ရေးကို အဟန့်အတား ဖြစ်စေ နိုင်သည်ဟု အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုအပတ်အတွင်း ပါရီမြို့၌ ကျင်းပသော FATF အစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာနိုင်ငံ ငွေကြေးစုံစမ်းထောက်လှမ်းရေးဌာန အကြီးအကဲ ဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံသည် ယခုအချိန်ထိ မီးခိုးရောင်စာရင်းတွင် ရှိမနေ သေးကြောင်း Reuters သို့ ပြောကြားသည်။ ယနေ့  ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် မျက်နှာစုံညီအစည်းအဝေးတခုတွင် ၎င်းတို့၏ ကံကြမ္မာကို ဆုံးဖြတ်လိမ့်မည်ဟု သူကဆိုသည်။

FATF က ပုံမှန်အားဖြင့် ပါရီမျက်နှာစုံညီအစည်းအဝေး ပြီးဆုံးသည့် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဆုံးဖြတ်ချက်များကို ကြေညာပေးသည်။

မြန်မာအစိုးရက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစွမ်းရည် တိုးတက်စေရန် မဟာဗျူဟာမြောက် အကောင်အထည်ဖော်မှု အစီအစဉ်တခုကို ရေးဆွဲခဲ့သည် ဟု ဦးကျော်ဝင်းသိန်းက ပြောသည်။

သူက အသေးစိတ်ရှင်းပြရန် ငြင်းဆန်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကုမ္ပဏီများက အကျိုးအမြတ်ခံစားရသည့် ပိုင်ဆိုင်မှုကို ထုတ်ဖော်ရန်နှင့် ဘဏ်များက ဖောက်သည်များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန် လိုအပ်ချက် အသစ်များကို မကြာသေးမီက စတင် မိတ်ဆက်ပေးခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇ ဝတ်အဖွဲ့ များ၏ အမြတ်ထုတ်ခြင်း ခံနေရသည့် ဥပဒေဖြင့် ထိန်းကျောင်းမှုမရှိသော လောင်းကစား အဆောက်အဦးများနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိခဲ့ပြီးနောက် လောင်းကစားရုံများကို တရားဝင်ဖြစ်စေမည့် ဥပဒေများကိုလည်း ပြဌာန်းခဲ့သည်။

တိုင်းပြည်၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ခြင်းက ပြီးစီးရန် အလှမ်းဝေးနေသေးကြောင်း စောင့်ကြည့်အကဲခတ်သူများက တွေ့ရှိခဲ့ရပြီး ယခုအပတ်အစည်းအဝေးများတွင် မီးခိုးရောင်စာရင်းသို့ ထည့်သွင်းရေးက လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု FATF ၏ လုပ်ငန်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံအပေါ် စုံစမ်း စစ်ဆေးမှုများနှင့် ပတ်သက်၍ သိရှိထားသည့်  သတင်းရင်းမြစ် ၂ ခုက Reuters သတင်းဌာနသို့  ပြောကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လူကုန်ကူးမှု၏ အဓိက နေရာ ဖြစ်သော ရွှေတြိဂံဒေသ၏ အချက်အချာနေရာတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် တရားမဝင်ကျောက်စိမ်း တူးဖော်မှုများ၊ လက်နက် ကုန်ကူးခြင်းနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် အခြားသော ဥပဒေချိုးဖောက်မှုများနှင့် အတူ “သိသာထင်ရှားသော ပြဿနာများ” လည်း ရှိနေသည်ဟု FATF ၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာက တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံသည် အလွန် အဆင်မြင့်သော ငွေကြေး အမြတ်အစွန်း ဖော်ဆောင်ရေး ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရပြီး “ အရေအတွက် များပြားလှသည့် အလွန်သိသာထင်ရှားသော ငွေခဝါချမှုများ၏ ခြိမ်းခြောက်မှု အန္တရာယ် ကြီးမားစွာ ရှိနေသည်” ဟု အဆိုပါ အစီရင်ခံစာက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
87
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
31
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

အစီရင်ခံစာက “ပမာဏ ကြီးမားသော နိုင်ငံဖြတ်ကျော်ရာဇဝတ် အဖွဲ့များ” ၏ လုပ်ဆောင်မှုများက မြန်မာနိုင်ငံ၏ ပိုင်နက် အများအပြားကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် “နီးကပ်စွာ ဆက်နွယ်မှု” ရှိခဲ့သည် ဟုလည်း မှတ်ချက်ပေးခဲ့သည်။

မြန်မာအစိုးရက အဆိုပါ အဖွဲ့ အများစုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေဆဲဖြစ်ပြီး အချို့က မြန်မာ့တပ်မတော်၏ မဟာမိတ်ဖြစ်သော နယ်ခြားစောင့်တပ်ဖွဲ့တွင် ပူးပေါင်း ပါဝင်ခဲ့ကြသည်။

တချိန်တည်းမှာပင် အဂတိလိုက်စားမှုက မြန်မာနိုင်ငံတွင် “အလွန်သိသာသော စိန်ခေါ်မှု” တခုအဖြစ် ဆက်လက်ရှိနေပြီး အစိုးရပိုင် ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အုပ်ချုပ်မှုညံ့ဖျင်းခြင်းနှင့် စည်းကမ်း ဥပဒေများအရ ထိန်းချုပ်မှု အားနည်းခြင်းများ ရှိနေသည်ဟု အစီရင်ခံစာက ထပ်ပြောသည်။

မြန်မာနိုင်ငံသည် FATF ၏ “စာရင်းမည်း” Black list မှ ၂၀၁၆ ခုနှစ်တွင် ပယ်ဖျက်ခဲ့သည်။ စာရင်းမည်းသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှုများ တိုက်ဖျက်ရေး အားနည်းလွန်းပြီး ပူးပေါင်းဆောင်ရွက်မှု မရှိသော အဆင့်တွင် ရှိပြီး မီးခိုးရောင်စာရင်းမှာ သတိပေးသော အဆင့်ဖြစ်သည်။

You may also like these stories:

မြန်မာနိုင်ငံ၏ တိုးတက်မှုများကြောင့် GSP အခွင့်အရေး မရုပ်သိမ်းခြင်းဖြစ်ဟု EU ပြော

ရွှေဈေး ၁၂ သိန်း ၃ သောင်းကျော် အထိ ရောက်လာ

ကိုရိုနာဗိုင်းရပ်သစ်ကြောင့် တရုတ်စီးပွားရေး ခေါင်းအကြီးအကျယ်ကိုက်နေ

Your Thoughts …
Tags: FATFFinancial Action Task Forceငွေကြေးခဝါချမှုစောင့်ကြည့်စာရင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်

ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်

by ဧရာဝတီ
19 August 2024
17.9k

ရိုးမဘဏ် အမှုဆောင် ၄ ဦးကို စွဲဆိုသည့် အမှုများအား အများပြည်သူသိရှိအောင် ကြေညာခြင်း မရှိပေ။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

by အောင်သစ်
8 May 2024
9.7k

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

by ဧရာဝတီ
30 January 2024
6.1k

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လက်နက်ပွဲစား ခရိုနီ ဒေါက်တာ ထွန်းမင်းလတ်အား ထိုင်းတရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Next Post
ကုလားတန်မြစ်ကြောင်းဘေးက ပလက်ဝမြို့  / ပလက်ဝသတင်း

စစ်ပဋိပက္ခကြား မြေဇာပင် ဖြစ်သွားတဲ့ ပလက်ဝ

သရုပ်ဆောင် နေဒွေးနဲ့ တရားစွဲဆိုထားသူ သံစဉ်မောင်  / ယုဖြူဟန် / ဧရာဝတီ

တရားရုံးက သမ္မာန်စာပို့ထားပေမယ့် လိပ်စာမှားလို့ နေဒွေးဆီ မရောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved