• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြို့သာဆေးခြောက်အမှု စိုက်ခင်းတာဝန်ခံ ကိုရှိန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ

by ဒီလှိုင်းဝင်း
10 March 2020
in သတင်း
A A
ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် စိုက်ခင်းတာဝန်ခံဟု ဆိုသော ကိုရှိန်းလတ် / ဒီလှိုင်းဝင်း / ဧရာဝတီ

ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် စိုက်ခင်းတာဝန်ခံဟု ဆိုသော ကိုရှိန်းလတ် / ဒီလှိုင်းဝင်း / ဧရာဝတီ

11.9k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်စိုက်ပျိုး သည် ဟုဆိုကာ စိုက်ခင်းတာဝန်ခံ ကိုရှိန်းလတ်အား မြင်းခြံခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ တပေါင်း တည်း ကျခံစေရန် ယနေ့ ရုံးချိန်း၌ အမိန့်ချမှတ်လိုက်သည်။

ကိုရှိန်းလတ်က “ကျနော်က အလုပ်သမားပါ။ ဘာမှလည်း မသိပါဘူး၊ နိုင်ငံခြားသား လွတ်တယ်။ တကယ့် တာဝန်ရှိ တဲ့သူတွေ လွတ်ပြီး ကျနော့်ကျမှ ထောင်ကျတယ် ဆိုတော့ ဒီဥပဒေကို ဘယ်လို ပြောရမှန်း မသိဘူး။ ဥပဒေကို ဘယ် လို နားလည်ရမှန်း မသိတော့ပါဘူး” ဟု ပြောသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
29
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
60
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
70

ကိုရှိန်းလတ်အား ဖေဖော်ဝါရီ ၁၀ ရက် ရုံးချိန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(က)၊၂၀ (က)၊ ၁၆ (ခ) စသည့် ပုဒ်မ ၃ ခုဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်ပြီး ပုဒ်မ၂၀ (က)နှင့် ၁၆ (ခ)တို့မှာ မသင့်လျှော် ဟုဆိုကာ အမိန့်ချမှတ်ရာတွင် ပုဒ်မ ၂၀ အစား ပုဒ်မ ၁၉ (က) ကို ပြောင်းလဲချမှတ်ခဲ့ခြင်း ဖြစ်သည်။

မြင်းခြံခရိုင် တရားရုံးမှ တရားသူကြီး ဦးဟန်သိန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင် ရာ ဥပဒေ ပုဒ်မ ၁၆(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)အရ အလုပ်နှင့်ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့ကာ ပြစ်ဒဏ်များအား တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အတွက် ထောင်ဒဏ်ပိုများသည့် အနှစ်၂၀ ကျခံရမည် ဖြစ်ကြောင်း သိရသည်။

ကိုရှိန်းလတ်၏ ဇနီး မနွယ်နွယ်က “ဒီနေ့က လွတ်မယ်လို့ ယုံကြည်ထားတဲ့နေ့ပါ။ အခုလို အမိန့်ချခဲ့တာ လုံး၀ မတရား ဘူး။ မကျေနပ်ပါဘူး။ တကယ့်တာဝန်ရှိတဲ့ နိုင်ငံခြားသားက လွတ်သွားပြီး အခုရှိတဲ့သူအပေါ် ပုံချတာ တရားသလား၊ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးက ဒါလား။ ကျမတို့က အပြစ်ရှိတယ်ဆိုရင် ခံရဲပါတယ်” ဟု ပြောသည်။

ကိုရှိန်းလတ်အား မြင်းခြံခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည့်အပေါ် အယူခံ ဆက်လက် တက်သွားမည်ဟု အမှုကို လိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ဆိုသည်။

“သူက ရိုးရိုး အလုပ်သမားပဲ ဖြစ်ပြီးတော့ စိုက်တာကလည်း သုတေသန စိုက်ခင်းလုပ်နေတာလည်း ဖြစ်တယ်။ တကယ့် ကာယကံရှင် စိုက်တဲ့သူတွေက ဒီနိုင်ငံရဲ့တရားစီရင်ရေးကို စိုးရိမ်တော့ ပြေးကြတာပေါ့။ သူ့အတွက် ဥပဒေ ကြောင်းအရ ကာကွယ်ပေးဖို့ ဆိုရင် အယူခံ ဆက်တက်ရမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ကိုရှိန်းလတ်အား တရားစွဲဆို အပြစ်ပေးခြင်းသည် ဥပဒေကြောင်းအရ တရားမျှတမှု မရှိဘဲ ယခုအမှုသည် တရားစွဲ တင်သင့်သော အမှုမျိုးမဟုတ်ဟုလည်း ဦးခင်မောင်သန်းက ဝေဖန် သုံးသပ်ပြသည်။

ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် စိုက်ခင်းတာဝန်ခံဟု ဆိုသော ကိုရှိန်းလတ် (ဓာတ်ပုံ-ဒီလှိုင်းဝင်း/ဧရာဝတီ)

ဆက်လက်၍ ၎င်းက “အစကတည်းက တရားစွဲတာကိုက တရားမမျှတဘူးလေ။ စီမံကိန်းအရ သုတေသန လုပ်နေ တာ၊ စီမံခန့်ခွဲနည်းအရ သုတေသန လုပ်နေတာကို ဆက်လုပ်သင့် မလုပ်သင့် ဆိုတာကို သက်ဆိုင်ရာ သမ္မတ က သော်လည်းကောင်း၊ ဝန်ကြီးချုပ်ကသော် လည်းကောင်း အဲဒီအဆင့်နဲ့ တင်ပြီးရမယ့် ကိစ္စဖြစ်တယ်၊ တရားစွဲတင်ရ မယ့်အမှု မဟုတ်တာကို တရားစွဲတင်ပြီး ပြစ်ဒဏ်ပေးတာ ဆိုတာက တရားမျှတမှု ရှိလား မရှိလား စဉ်းစားစရာကို မလို တာပါ” ဟု ပြောဆိုသည်။

မြို့သာ စက်မှု ဥယျာဉ်မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုးသည် ဟုဆိုကာ စိုက်ပျိုးသူ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃ နှစ်)၊ စိုက်ခင်း တာဝန်ခံ ရှိန်းလတ် (၃၇ နှစ်)၊ မရွှန်းလဲ့မြတ်နိုး (၂၃ နှစ်) တို့ကို ၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်က ဖမ်းဆီးခဲ့သည်။

 

ဖမ်းဆီးခံရသူများကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချနိုင်သည့် ပုဒ်မများ၊ သေဒဏ် ကျခံရမည့် ပုဒ်မများ ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ ပုဒ်မများဖြင့် မူးယစ် ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ စွဲတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုမှ မရွှန်းလဲ့မြတ်နိုးကို ဖေဖော်ဝါရီ ၁၀ ရက် ရုံးချိန်တွင် စွဲချက် မတင်မီ တရားရှင် လွှတ်ပေးခဲ့သည်။

အလားတူ အမေရိကန် နိုင်ငံသား Mr. John Fredric Todoroki သည် အချုပ်ဖြင့် အမှုရင်ဆိုင်နေစဉ် ကျန်းမာရေး မကောင်းဟု ဆိုကာ ၂၀၁၉ ခုနှစ် ဇူလိုင်လ၂၄ ရက်က ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၂(၁)ခြွင်းချက်အရ မြင်းခြံ ခရိုင် တရားရုံးက ကျပ်သိန်း ၃၂၅၀ တန် အာမခံပေးခဲ့သည်။

ထိုသို့ အာမခံရ ရှိပြီးနောက် မစ္စတာဂျွန် အနေဖြင့် အမှု လာရောက်ရင်ဆိုင်ခြင်း မရှိသဖြင့် တရားခံပြေးအဖြစ် သတ် မှတ်ခဲ့ကာ ၎င်းကို အာမခံပေးခဲ့သည့် Jaguco Myanmar International Co.Ltd မှ ဒေါက်တာ ခင်မောင်ဝင်းအား အာမခံငွေ ကျပ်သိန်း ၃၂၅၀ ပေးလျော်ရန် အမိန့်ချခဲ့သဖြင့် ပေးဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားခံပြေး မစ္စတာဂျွန်တိုဒိုရိုကီမှာ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ပြီး တိမ်းရှောင်ထွက်ပြေး သွားရာ ယခု အခါ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် ရောက်ရှိနေကြောင်း ဧရာဝတီသတင်းဌာနက ရေးသားခဲ့ပြီးဖြစ်သည်။

အွန်လိုင်းသတင်းဌာနတခုဖြစ်သည့် Gen ကလည်း ဂျွန်တိုဒိုရိုကီကို ကိုလော်ရာဒိုတွင် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်သံရုံးသည် ဂျွန်ကို သူ၏အမည်ဖြင့်ပင် နိုင်ငံကူးလက်မှတ်သစ် ထုတ်ပေးခဲ့ပြီး သူထွက်ပြေးလွတ်မြောက်စေ ရန် စီစဉ်ပေးသူက မြန်မာလူဝင်မှုကြီးကြပ်ရေးအရာရှိတဦးကို တံဆိပ်တုံးအတွက် အမေရိကန်ဒေါ်လာ ၃၀၀ ပေးခဲ့ သည်” ဟု ရေးသားသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းရာ “အမေရိကန် နိုင်ငံသားတယောက်ရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ဖြစ်တဲ့အတွက် ကိုယ်ရေးအချက်အလက်တွေကို ကျနော်တို့ ထုတ်ဖေါ်ပြောဆိုနိုင်ခြင်းမရှိပါဘူး” ဟုအကြောင်းပြန်သည်။

မြို့သာစက်မှု ဥယျာဉ်အတွင်း ဆေးခြောက် စိုက်ပျိုးသည် ဟုဆိုကာ မစ္စတာဂျွန် အပါအဝင် အမေရိကန် အခြေ စိုက် IIIM ကုမ္ပဏီ တာဝန်ရှိသူ အမေရိကန်နိုင်ငံသား ၅ ဦးကိုလည်း အမှုဖွင့်ထားပြီး မျက်ကွယ်တွင် အမှုကို စစ်ဆေးနေခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် ဆေးခြောက်စိုက်ခင်း ဟု နာမည်ကြီးခဲ့သည့် မြို့သာစက်မှုဇုန်အတွင်း စက်မှုကုန်ကြမ်း သဘာဝ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးရန် အတွက် ၂၀၁၈ ခုနှစ် မေလခန့်က စိုက်ဧက ၆၀ ခန့်အား အမေရိကန်နိုင်ငံသား John Fredric၊ Thomas နှင့် Alexandra Skemp တို့ ၃ ဦးက တိုင်းအစိုးရအဖွဲ့၏ တရားဝင် ခွင့်ပြုချက်ဖြင့် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်-

ဆေးခြောက်လျှော်အမှုမှ အမေရိကန်နိုင်ငံသား ပတ်စပို့အသစ်လဲပြီး ထွက်ပြေးသွားခဲ့

ဆေးခြောက်စိုက်ခင်းအမှု အမေရိကန်နိုင်ငံသားကို အာမခံသူ ကျပ်သိန်း ၃ ထောင်ကျော် လျော်ရ

မြို့သာဆေးခြောက်အမှု စွဲချက်တင်၊ တဦးအား တရားရှင်လွှတ်

Your Thoughts …
Tags: ဆေးခြောက်စိုက်ခင်းမူးယစ်ဆေးဝါးမြို့သာ စက်မှုဥယျာဉ်မြို့တော်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

by Thompson Chau
26 December 2023
13.8k

ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက တွန်းအားပေးသည်။

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

by Bertil Lintner
9 November 2023
10.2k

မြန်မာနိုင်ငံသည် ခိုင်မာ၊ ငြိမ်းချမ်း၊ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်နိုင်ငံဖြစ်လာပါက ပထမဆုံး ဆုံးရှုံးမှု ခံစားရမည့်နိုင်ငံမှာ တရုတ်ဖြစ်သည်။

၃၇ မင်းကစတဲ့ ဇာတ်လမ်း

by ဘုန်းမောင်
27 January 2025
9.9k

မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၏ အဓိကဇာတ်ဆောင်အဖြစ် ရပ်တည်နေသည့်အပြင် စစ်ဘုရင်များ၊ လက်နက်ရောင်းဝယ်ဖောက်ကားသူများ၊ လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် နိုင်ငံတကာ တရားရုံးများက အလိုရှိနေသော စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ကျက်စားရာ ကစားကွင်းတကွင်းအဖြစ် အသွင် ပြောင်းသွား ခဲ့သည်။

Next Post
Apple အနေနဲ့လည်း တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း iPhones အလုံးရေ ၅ သိန်းခန့်သာ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ဖုန်းဈေးကွက် ရောင်းအား ထက်ဝက်ကျော် ကျဆင်း

ယခင် ရုံးချိန်းမှာ တွေ့ရတဲ့ တရားလို ဒေါ်စန်းစန်းမြင့်  / ယုဖြူဟန် / ဧရာဝတီ

တရားလို ဒေါ်စန်းစန်းမြင့်မှ သက်သေခံစာချုပ်များ တင်သွင်းခဲ့တဲ့ ယနေ့ ရုံးချိန်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.3k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate