သတင်း

မြန်မာက နိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ဧပြီကုန်ထိ ယာယီရပ်ဆိုင်း

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နိုင်ငံ အားလုံးကို ဆိုက်ရောက်ဗီဇာ နှင့်အီလက်ထရောနစ်ဗီဇာ E- Visa ထုတ်ပေးခြင်းအား ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင် နှင့် ဒိန်းမတ်နိုင်ငံတို့ကို လွန်ခဲ့သည့် ၁၄ ရက်အတွင်း နေထိုင်ခဲ့သူများနှင့် သွားရောက်ခဲ့ဖူးသော နိုင်ငံခြားသား၊ မြန်မာနိုင်ငံ သားများကို မြန်မာနိုင်ငံသို့ ဝင်ရောက်ချိန်တွင် သီးသန့်သတ်မှတ်ထားသော နေရာတွင် ၁၄ ရက် စောင့်ကြည့်သွားမည့် အစီအစဉ်လည်း ပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်း များသည် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ ၎င်းတို့၏ နေအိမ်တွင် ၁၄ရက် သီးသန့်နေထိုင်စောင့်ကြည့်မှု ပြုလုပ်မည် ဖြစ်သည်။

COVID-19 ဂယက်ကြောင့် ရန်ကုန်လေဆိပ် လေကြောင်းလိုင်းအချို့ ခရီးစဉ် ဖျက်သိမ်းမှုနှင့် လေဆိပ်အခြေအနေကို မတ်လ ၁၈ရက်နေ့က တွေ့ရစဉ်(မျိုးမင်းစိုး၊ ဧရာဝတီ)

ထိုအဖွဲ့အစည်းများမှ ဝန်ထမ်းများ နှင့် နိုင်ငံခြားသားအနေနဲ့ မြန်မာနိုင်ငံသို့ မလွဲသာ မရှောင်သာ ကိစ္စရပ် သို့မဟုတ် အရေးကြီး တာဝန်ဖြင့် လာရောက်ရန်ရှိပါက လိုအပ်သည့် ပြည်ဝင်ဗီဇာ နှင့် သီးသန့်ထားရှိရေး အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့အားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်ပေါ်သို့မတက်မီ အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုး ခြင်းနှင့် အသက်ရှူမဝသည့် လက္ခဏများ မရှိကြောင်း ဖော်ပြသည့် သက်ဆိုင်ရာနိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေး အဖွဲ့အစည်းမှ ထုတ်ပေးသည့် ဆေးထောက်ခံစာ ပြရန်လိုကြောင်းလည်း သတ်မှတ်ခဲ့သည်။

အဆိုပါ နိုင်ငံများအပါအဝင် မြန်မာနိုင်ငံသို့ ဝင်ရောက်ပါက ၁၄ ရက် စောင့်ကြည့်ခံရမည့် နိုင်ငံစာရင်းသည် ယခုတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ ရှိလာပြီဖြစ်သည်။

You may also like these stories:

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်

နယ်စပ်ဂိတ်များမှ နိုင်ငံခြားသား ဝင်ရောက်ခွင့် ယနေ့ စပိတ်

Did you find apk for android? You can find new Free Android Games and apps.
Loading