• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲကိစ္စ တိုင်တိုင်ပင်ပင်လုပ်ရန် တိုင်းရင်းသားပါတီများ ကော်မရှင်အား တိုက်တွန်း

by ဇူးဇူး
3 June 2020
in သတင်း
A A
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနေသူ တဦး  / ဧရာဝတီ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနေသူ တဦး / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

COVID-19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပ/ရွှေ့ဆိုင်းမည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ သဘောတူညီချက် ရယူရန် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အား တိုက်တွန်းလိုက်သည်။

“အရင် ၂၀၁၀၊ ၂၀၁၅ အခြေအနေတွေနဲ့ မတူဘူးလေ။ အခုလို ကပ်ရောဂါကာလမှာ နိုင်ငံရေးပါတီတွေနဲ့ မဆွေးနွေးဘဲ ကော်မရှင်က အရင် လုပ်ထုံးလုပ်နည်း အတိုင်းပဲ ဆက်ပြီးလုပ်သွားမယ်ဆိုရင် နိုင်ငံရေးပါတီ တော်တော်များများမှာ အခက်အခဲ အကျပ်အတည်းတွေ အများကြီး ဖြစ်သွားနိုင်တယ်” ဟု UNA မိတ်ဖက် နိုင်ငံရေးပါတီ တခုဖြစ်သည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ဧရာဝတီကို ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
60
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
73

UNA အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ တသီး ပုဂ္ဂလများ ပါဝင်သည့် အစုအဖွဲ့ ၅ ခုမှ ကိုယ်စားလှယ် ၁၆ ဦးက အွန်လိုင်း အစည်းအဝေး ပြုလုပ်ပြီးနောက် ၎င်းတို့၏ သဘောထားကို ဇွန် ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို တနိုင်ငံလုံးရှိ နယ်မြေအသီးသီး၌ တပြေးညီ ဖြစ်စေရေး အဓိကထား ဆောင်ရွက်ပေးရန်၊ ရွှေ့ဆိုင်းခြင်း ပြုမည်ဆိုလျှင်လည်း ရွေးကောက်ပွဲတွင် ပါဝင်မည့် ပါတီများ၏ သဘောတူညီချက်ရယူရန်ဟူ၍ အဓိက တိုက်တွန်းတောင်းဆိုထားသည်။

ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်များကြောင့် လူထုနှင့် ထိတွေ့သည့် နိုင်ငံရေးဟောပြောပွဲများ၊ စည်းရုံးရေးလုပ်ငန်းများ စသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် အများစု လုပ်ဆောင်၍ မရဘဲ အကန့်အသတ် ဖြစ်သွားနိုင်သည်ဟု UNA မိတ်ဖက် နိုင်ငံရေးပါတီ တခုဖြစ်သည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ရှင်းပြသည်။

“အဲဒီလိုဖြစ်လာရင် နိုင်ငံရေးပါတီ အကြီးတွေအဖို့က ပြဿနာမရှိဘူး။ သူတို့က အစကတည်းက တည်ဆောက်ထားပြီးသားဖြစ်တယ်။ ပါတီအသစ်တွေနဲ့ ပါတီအငယ်တွေ၊ ပါတီအလယ်လတ်တွေကျတော့ အခက်အခဲ လာတွေ့တာပေါ့။ အချိန်ကာလနည်းတာက အဓိက အခက်အခဲပဲ” ဟု ၎င်းက ဆိုသည်။

ကပ်ရောဂါ ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် လူစုလူဝေး ဖြစ်စေနိုင်သည့် မဲစာရင်း ကြေညာပြသခြင်း၊ မဲဆွယ်စည်းရုံးရေးကအစ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများအဆုံး မည်သို့ စီစဉ် ပြင်ဆင်ထားပြီ ဆိုသည်တို့ကို ကော်မရှင်အနေဖြင့် အသိပေးပြောကြားသင့်ကြောင်း ရွေးကာက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သည့် PACE အဖွဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ထောက်ပြသည်။

ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ ကနဦးဆွေးနွေးမှုများ လုပ်ဆောင်သင့်နေပြီဟုလည်း ၎င်းက အကြံပြု တိုက်တွန်းသည်။

UNA အလုပ်မှုဆောင် အဖွဲ့ဝင်၊ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဦးစိုးနိုင်သန်းကလည်း “တခြားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှု မရှိဘဲနဲ့ အကြောင်းကြား မသိရဘဲနဲ့ သူတို့က အာဏာရပါတီဖြစ်တဲ့အတွက် အဆင်သင့်ဖြစ်တဲ့ အချိန်မှာ ထလုပ်ရင် ကျန်တဲ့ပါတီတွေအတွက် အခက်အခဲတွေ ဖြစ်နိုင်တယ်။ ပါတီအားလုံး တပြေးညီ ပြင်ဆင်ခွင့်ရအောင် ညှိနှိုင်းဆောင်ရွက်သင့်တယ်” ဟု ပြောသည်။

COVID-19 ဖြစ်ပွားမှုနှင့် တိုင်းရင်းသားဒေသ တချို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခင် ရွေးကောက်ပွဲများ ကဲ့သို့ မဲဆန္ဒနယ်တချို့၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ခြင်းမျိုး မဖြစ်စေချင်တော့ဘဲ တတိုင်းပြည်လုံး တပြေးညီ မည် သည့်နေရာမှ ကွက်မကျန်ဘဲ ဆောင်ရွက်ပေးစေချင်သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ သဘောထား ကြေညာချက်တွင် စစ်ဘေးဒုက္ခသည်များ၊ ရောဂါ ကပ်ဘေးဒုက္ခသည်များ၊ ပြည်တော်ပြန် အလုပ်သမားများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ လွတ်လပ်စွာ၊ ပိုမိုလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အစီအမံများ ကြိုတင်ဆောင်ရွက်ထားရန် ထည့်သွင်း တိုက်တွန်းထားသည်။

လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် COVID-19 အခြေအနေကြောင့် ဆန္ဒမဲပြုကြမည့် ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး စနစ်များ တပြည်လုံး တပြေးညီ စီစဉ်ပေးထားရန် လိုအပ်သည်ဟုလည်း အကြံပြု ထားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း “ကြိုတင်ပြင်ဆင်မှုတွေ မလုံလောက်ဘဲနဲ့ ရွေးကောက်ပွဲကာလ ရောက်လို့ တခြားနိုင်ငံရေးပါတီတွေနဲ့လည်း တိုင်ပင် နှီးနှောခြင်း မရှိဘဲနဲ့ အာဏာရအစိုးရ သဘောတခုတည်းနဲ့ လုပ်ဆောင်သွားမယ်ဆို ဝေဖန်ပိုင်းခြားစရာတွေ၊ ဝိဝါဒကွဲ ပြားစရာတွေ အများကြီး ပေါ်ပေါက်လာနိုင်ပါတယ်” ဟု သုံးသပ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အချိန်ဇယားများအတိုင်း နိုဝင်ဘာလတွင် ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧပြီ ၂၈ ရက်က မြန်မာ့အသံနှင့် မေးမြန်းချက်တွင် ထည့်သွင်းပြောကြားထားသော်လည်း ယနေ့အချိန်ထိ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပမှုဆိုင်ရာဖြစ်စေ၊ အခြားသော မူဝါဒများကို ဆွေးနွေးရေးဆိုင်ရာဖြစ်စေ နိုင်ငံရေး ပါတီများနှင့် ထိတွေ့မှု အလွန်အားနည်းသည်ဟု ဝေဖန်မှုများရှိသလို UEC အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ် သည်ဖြစ်စေ နိုင်ငံရေးပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဝိုင်းဝန်းဆွေးနွေးပြီးမှ ဆုံးဖြတ်ခြင်းကသာ ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း က ထောက်ပြလျက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလအတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ တည်ဆဲမှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၇ ပါတီရှိကြောင်း သိရသည်။

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲ ပုံမှန်အချိန်တိုင်း ကျင်းပနိုင်မလား

ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား

Your Thoughts …
Tags: UECကော်မရှင်တိုင်းရင်းသားပါတီများရွေးကောက်ပွဲ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
မေ ၂၁ ရက်က ထိုင်းနိုင်ငံမှ မန္တလေးသို့ ပြန်လည် ရောက်ရှိလာသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဇနီး ဒေါ်ယုယုမေ  / YuYu May Facebook

မန္တလေးဝန်ကြီးချုပ် Home Quarantine ပြီးပါက တာဝန်ပြန်ထမ်းဆောင်မည်

ရန်ကုန်တိုင်း သီလဝါ အထူးစီးပွားရေးဇုံ အတွင်းရှိ ကုန်ကြမ်းပစ္စည်းထုတ်လုပ်နေသော စက်ရုံတရုံ၏ လုပ်ငန်းခွင် / မျိုးမင်းစိုး

ကိုဗစ်အလွန်ကာလ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved