• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင် ရွေးကောက်ပွဲ ပြန်ကျင်းပရန် လုံခြုံရေး အာမခံချက် မရှိသေး ဟု သမ္မတရုံး ပြော

by ခိုင်ရိုးလ
9 January 2021
in သတင်း
A A
ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်အမျိုးသားပါတီ စစ်တွေတွင် မဲဆွယ်စည်းရုံးနေစဉ်  / ခိုင်ရိုးလ / ဧရာဝတီ

ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်အမျိုးသားပါတီ စစ်တွေတွင် မဲဆွယ်စည်းရုံးနေစဉ် / ခိုင်ရိုးလ / ဧရာဝတီ

7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေး လတ်တလောတွင် လုံခြုံရေးဆိုင်ရာ အာမခံချက် မရှိသေးကြောင်း နိုင်ငံတော်သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများကို ပြောသည်။

ဦးဇော်ဌေးက “သက်ဆိုင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို ဒီဒေသ၊ ဒီဒေသတွေကတော့ လုံခြုံရေး အာမခံတယ် ဆိုတာမျိုး ပေးထားတာ မရှိဘူး။ ဒီကြေညာတဲ့အပိုင်းမှာ တပ်မတော်ဘက်က ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေနဲ့ ကျနော်တို့ကို ပြောပြတာ ရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းတယ်ဆိုတဲ့ အပိုင်းကလည်း မပြီးသေးဘူး။ (တိုက်ပွဲ) က ခဏတာ နားလည်မှုနဲ့ ရပ်နေတာ” ဟု ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပရန် ကျန်ရှိသည့် ရခိုင် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ဆောလျင်စွာ အမြန်ဆုံး ကျင်းပပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း ဇန်နဝါရီ ၇ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်၌ “နိုင်ငံသူ နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေး မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်နိုင်ရေးအတွက် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း” ဆိုထားသည်။

ထိုထုတ်ပြန်ချက်၌ “နိုင်ငံသူ နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေး မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်နိုင်ရေးအတွက် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း” ဆိုထားသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
4
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
89

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ပြုနိုင်ရန်၂၀၂၀ နိုဝင်ဘာ ၁၂ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် နှစ်ဖက်တပ်ဖွဲ့များ ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ထိုသို့ ရပ်ဆိုင်းနေသည့် ကာလ၌ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ဆောလျင်စွာ ကျင်းပနိုင်ရေး တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီနှင့် ရက္ခိုင် စစ်တပ် (ULA/AA) အဖွဲ့နှင့် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ဆွေးနွေးနေစဉ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလ၌ AA အဖွဲ့က NLD ပါတီ ကိုယ်စားလှယ် သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ် လာခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် AA အဖွွဲ့နှင့် စတင်ဆွေးနွေးခဲ့စဉ်ကပင် လွှတ်တော် ကိုယ်စား လှယ် ၃ ဦးအား ပြန်လည် လွှတ်ပေးရန် ဆိုသည့်အချက် ပါဝင်ကြောင်းနှင့် ဆွေးနွေးပွဲရလဒ်အရ ထို ၃ ဦးအား ပြန်လည်လွှတ်ပေးရန် နှစ်ဖက် စီစဉ်ခဲ့ကြကြောင်းနှင့် ဇန်နဝါရီ ၁ ရက်တွင် တပ်မတော်မှတဆင့် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု ခေါင်းဆောင် ဦးမြအေးက “ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာကို တော်တော် စိတ်မကောင်း ဖြစ်ခဲ့တယ်။ ဒါကြောင့် အခြေအနေ အကြောင်းကြောင်းနဲ့ မကျင်းပဖြစ်တဲ့ နေရာတွေမှာ ပြန် လည် ကျင်းပနိုင်ရင် ကောင်းတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်က ထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန်သည်ဖြစ် စေ အခြေအနေပေးရင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပသင့်တယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲ ဖြစ်မြောက်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့်သာ သက်ဆိုင်သလို ပြည်နယ် ရွေးကော်အနေဖြင့် ပြည်ထောင်စု ရွေးကော်ဘက်မှ အကြောင်းကြားလာလျှင် ရွေးကောက်ပွဲ လုပ်ပေးရန် မဲရုံသုံးပစ္စည်းများ အဆင်သင့် ရှိသလို စစ်ဘေးရှောင်စခန်းများ၌ မဲရုံ ဖွင့်လှစ်ပြီး လုပ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့(ခွဲ့) မှ တာဝန်ရှိသူက ပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)မှ ဦးစီးအရာရှိ ဦးသူရိန်ထွဋ် “ကျနော်တို့မှာတော့ လက်ရှိ မဲလက်မှတ်တွေ၊ အဆင်အသင့် ရှိတယ်။ ဘတ်ဂျက်တော့ မရှိသေးဘူး။ နောက်ပြီး တိုက်ပွဲရှောင်စခန်းဆီ ပြောင်းဖွင့်ဖို့ဆိုရင် အခု ကျနော်တို့ စာရင်းက သူ့တို့ရဲ့ နေရပ်ရွာတွေမှာပဲ ပါဝင်နေတယ်။ ဒါတွေကို တိုက်ပွဲရှောင် စခန်းတွေဆီသို့ ပြောင်းရမယ်။ ကျန်တဲ့ ရုပ် ဝတ္ထုပိုင်းဆိုင်ရာ၊ မဲရုံပစ္စည်းတွေတော့ အဆင်အသင့်ရှိနေတယ်” ဟု ဆိုသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ကို ရခိုင်မြောက်ပိုင်းရှိ မဲဆန္ဒရှင်ပြည်သူတို့က ကြိုဆိုကြပြီး ရခိုင်တွင် စစ်ရေးပဋိပက္ခ အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ပြည်သူ့ဆန္ဒကို အစိုးရ သိရှိစေရန် မိမိနှစ်သက်သည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် ဆန္ဒ ရှိနေကြသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ကို ရခိုင်မြောက်ပိုင်းရှိ မဲဆန္ဒရှင်ပြည်သူတို့က ကြိုဆိုကြပြီး ရခိုင်တွင် စစ်ရေးပဋိပက္ခ အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ပြည်သူ့ဆန္ဒကို အစိုးရ သိရှိစေရန် မိမိနှစ်သက်သည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် ဆန္ဒ ရှိနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ကျေးရွာမှ ကိုကျော်လှိုင်က “ဒီမိုကရေစီ အခွင့်အရေးအဖြစ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် တွန်းအား ပေးလာတာကိုတော့ ဝမ်းသာကြိုဆိုတယ်။ အမှန်တကယ် ရွေးကောက်ပွဲကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးအပိုင်းက အခု အစိုးရသစ် မဖွဲ့ခင် ရွေးကောက်ပွဲ အမြန် ကျင်းပပေးဖို့ တောင်းဆိုချင်တာပေါ့” ဟု ဆိုသည်။

ရခိုင်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ရခြင်းမှာ ရွေးကောက်ပွဲ ဥပဒေအတိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ခန့်အပ်ပြီးမှသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း လက်ရှိတွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားသည့် ကိစ္စကို အသစ်ဖွဲ့နိုင်မှသာလျှင် ရွေးကောက်ပွဲ ကျင်းပ၍ ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။

“လက်ရှိ ဥပဒေဘောင်ရဲ့ အကန့်အသတ်တွေကြောင့် လုပ်လို့မရတာ။ ရခိုင်မြောက်ပိုင်းမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ဆိုရင် မြေပုံ၊ မင်းပြား စတဲ့ ဒေသတွေမှာ အုပ်ချုပ် ရေးမှူးတွေ နုတ်ထွက်ကြတာရှိတယ်။ ဒါတွေက ဥပဒေနဲ့အညီ ပြန်ခန့်ရမယ်။ အုပ်ချုပ်ရေးမှူးကို မင်းသွားလုပ် ဆိုပြီး ပြောလို့ မရဘူး။ ဒါတွေ အမြန်ဆုံး လုပ်ဖို့လိုသေးတယ်” ဟု ရှင်းပြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်တို့တွင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတို့မှာ စစ်ရေး ပဋိပက္ခ ပြဿနာများနှင့် ဆက်စပ်ကာ ဖမ်းဆီး စစ်ဆေးခံရသည့်အတွက် ပြီးခဲ့သည့်နှစ်များက နုတ်ထွက်စာ တင်ထားကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိစေရေး သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် မေတ္တာရပ်ခံခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိစေရေး သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် မေတ္တာရပ်ခံခဲ့သည်။

ကျင်းပ ပြီးစီးခဲ့သော၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ လုံးဝကျင်းပ နိုင်ခြင်း မရှိသလို တချို့မြို့နယ်များတွင်လည်း တစိတ်တဒေသလောက်သာ ကျင်းပနိုင်ခဲ့သည်။

You may also like these stories:

မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပါက ကန့်ကွက်ရန် မရှိဟု RCSS ပြော

ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ

တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ

AA တောင်းဆိုချက်ကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်မည်ဟု တပ်မတော်ပြော

Your Thoughts …
Tags: AAတပ်မတော်ရခိုင်ပြည်နယ်ရွေးကောက်ပွဲလုံခြုံရေး
ခိုင်ရိုးလ

ခိုင်ရိုးလ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် ၃၇၅,၀၀၀ နီးပါး ရှိသွားပါပြီ။

အမေရိကန်မှာ ကိုဗစ်ကြောင့် ပထမဆုံးအကြိမ် တနေ့တည်း လူ ၄,၀၀၀ ကျော်သေဆုံး

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် Kelly Craft ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နှင့်အတူ မြင်ရစဉ်

မနုတ်ထွက်မီ ဒေါ်နယ်ထရမ့် အမေရိကန်သံအမတ်ကို ထိုင်ဝမ် စေလွှတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved