• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်က အဂတိ လိုက်စားကြောင်း သမ္မတထံစာပို့သည့် NLD အမတ် တရားစွဲခံရ

by နန်းလွင်နှင်းပွင့်
15 January 2021
in သတင်း
A A
တရားစွဲခံရသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် / Oo Cho

တရားစွဲခံရသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် / Oo Cho

51k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တပ်မတော်က အဂတိ လိုက်စားမှုရှိဟု စာတစောင် ရေးသားကာ သမ္မတထံ တင်ပြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုထားသည်ဟု သတင်းရရှိသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး သန်းထိုက်က ဇန်နဝါရီ ၈ ရက်တွင် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ ဖြင့် ဖားကန့်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ကာ အမှုဖွင့်ထားခြင်းဖြစ်သည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက “တပ်က အဂတိလိုက်စားပြီး ဝင်ရောက် လာတဲ့ ပုံစံမျိုးပြီးရင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကချင်က လုပ်လို့ ဝင်ရောက်လာတဲ့ ပုံစံ ရေးသားထားတယ်။ သူ့စာက စွပ်စွဲရေးသားထားတယ်။ ယာဉ်တွေကလည်း တပ်က ဖမ်းလိုက်တာတွေပဲ။ ဒါတွေ ဖမ်းလို့ရှိရင် ကျနော်တို့က ဖမ်းဆီးပြီး အပ်နှံတယ်။ ဒါတွေကို သိမ်းဆည်းဖို့ မသင့်ဘူးလို့ ရေးသားထားတာ ရှိတယ်။ အဓိကတော့ တပ်က ဖမ်းတဲ့ ယာဉ်ယန္တရားတွေက တပ်ခွင့်ပြုချက်နဲ့ တင်သွင်းလာသလို ရေးသားထားတာ ရှိပါတယ်။ ဒီလိုရေးသားထားလို့ ကျနော် တို့က တရားစွဲဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

တပ်မတော်မှ တရားစွဲဆိုထားသည့် ဦးခင်မောင်မြင့်သည့် လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် အပြင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော်နေရာတွင် ထပ်မံ အနိုင်ရရှိထားသူ ဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာအတွင်းက တပ်မတော်သည် ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တို့တွင် တရားမဝင် ရွှေမှော်များကို ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့ပြီး စက်ယန္တရားများကိုလည်း ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စုနှင့် ဆယ်ဇင်းကျေးရွာအုပ်စု အနီးရှိ တရား မဝင် ရွှေမှော်များ၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ မတရားမဝင် ရွှေတူးဖော်မှုများကို ဝင်ဖမ်းဆီးရာ ဘတ်ဟိုး ၅၃ စီး၊ မြေ သယ်ယာဉ် ၁၀ စီး၊ ဆီသယ်ယာဉ်၂ စီး စသည့် စက်ယန္တရားကြီးများကို ဖမ်းမိခဲ့သည်။

ထိုအကြောင်းအရာများ ပါဝင်သည့် အစီရင်ခံစာတစောင်ကို၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ဦးခင်မောင်မြင့်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံသို့ တင်ပြခဲ့သည်ဟု သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ဦးခင်မောင်မြင့် တင်ပြခဲ့သည့်ထဲတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာအတွင်း ဖားကန့်မြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခဲ့သည့် တရားမဝင် စက်ယန္တရားများအကြောင်းလည်း ပါဝင်သည့်အပြင် ထိုယန္တရားများ ဖားကန့်မြို့နယ်တွင်းသို့ ဝင်ရောက်လာ သည်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တပ်မတော်၊ တပ်ဖွ့ဲဝင်များက အဂတိလိုက်စားမှုများကြောင့် ဖြစ်သည်ဟု ရေး သားထားမှုများ ပါဝင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

တရားစွဲဆိုခံထားရသည့် ဦးခင်မောင်မြင့်ကို ဧရာဝတီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဦးခင်မောင်မြင့်မှ သမ္မတထံ တင်သည့် စာတွင် ရေးသား ထားသည့် စကားလုံး အသုံးအနှုန်းအပေါ် တရားစွဲဆိုခံရခြင်း ဖြစ်သည်ဟု ပြောသည်။

ဦးတင့်စိုးက “အမှန်တိုင်း ပြောရရင်တော့ မှန်ရင်းနဲ့မှားတယ်ပေါ့ဗျာ။ ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။

တပ်မတော်က ဝင်ရောက်ဖမ်းဆီးမှု မပြုခင်၂၀၁၇ ခုနှစ်၊ မေလကတည်းက ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက ကွင်းဆင်း စစ်ဆေးခြင်းများပြုလုပ်ရာ စုစုပေါင်း စက်ယန္တရားမျိုးစုံ တသောင်းကျော်ရှိသည့် အနက် ၄၀၀၀ ကျော်မှာ တရားမဝင် ယာဉ်များ ဖြစ်သည်ဟု တွေ့ရှိထားသည်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများတွင် အသုံးပြုသည့် ယန္တရားကြီး အုပ်စုတွင် ပါဝင် သည့် စက်ယန္တရားကြီးများ ဖြစ်သည်။

ဖားကန့်မြို့နယ်သည် ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများ ရှိသည့် ဒေသဖြစ်သည့်အလျောက် ဒေသတွင်း ဝင်ထွက်သည့် နေရာများတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း စစ်ဆေးသည့် ဂိတ်များ ရှိသည်။

ဖားကန့်မြို့နယ်အတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့များအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း လှုပ်ရှား သည်။

You may also like these stories:

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

ဖားကန့်မြေပြိုမှု ကချင်လုံ/နယ် ဝန်ကြီးနှင့် လုံခြုံရေး တပ်မှူးကို တပ်မတော် အရေးယူ

ဖားကန့်တွင် လာဘ်ငွေယူခဲ့ခြင်း မရှိဟု အမျိုးသား လွှတ်တော် ကော်မတီ ပြန်ရှင်း

ဖားကန့်တွင် လာဘ်စားမှုဖြင့် တပ်မတော် အရာရှိကြီးများ တာဝန်မှ ရပ်ဆိုင်း

Your Thoughts …
Tags: NLD အမတ်တပ်မတော်ဖားကန့်အဂတိလိုက်စားမှု
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
27k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
မဏိပူရပြည်နယ် အခြေစိုက် မော်ဝါဒီ ကသည်းသူပုန်များဖြစ်သည့်(PLA) တပ်ဖွဲ့ဝင်များ(naukrinama)

တရားမဝင် ဝင်လာသည့် ကသည်းသူပုန် ၆ ဦးကို တရားစွဲဆိုထား

၂၀၁၈ ခုနှစ်က ရန်ကုန်ထိ ရောက်ရှိလာသည့် လှေစီးဒုက္ခသည်များ  /  ထက်ဝေ / ဧရာဝတီ

နေရပ်စွန့်ခွာသူများ ပြန်လက်ခံရေးကိစ္စ ဘင်္ဂလားဒေ့ရှ်ကို မြန်မာသတိပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved