• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားမဝင် ဝင်လာသည့် ကသည်းသူပုန် ၆ ဦးကို တရားစွဲဆိုထား

by ဆလိုင်းသန့်စင်
15 January 2021
in သတင်း
A A
မဏိပူရပြည်နယ် အခြေစိုက် မော်ဝါဒီ ကသည်းသူပုန်များဖြစ်သည့်(PLA) တပ်ဖွဲ့ဝင်များ(naukrinama)

မဏိပူရပြည်နယ် အခြေစိုက် မော်ဝါဒီ ကသည်းသူပုန်များဖြစ်သည့်(PLA) တပ်ဖွဲ့ဝင်များ(naukrinama)

36.7k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယ အစိုးရကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည့် ကသည်းပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ဖွဲ့မှ အရာရှိတဦးနှင့် အခြားအဆင့် ၅ ဦးတို့မှာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခြင်းနှင့် အခြေချ နေထိုင်ခြင်းတို့ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများက တရားစွဲဆိုထားကြောင်း သတင်း ရရှိသည်။

၎င်း ကသည်းသူပုန် ၅ ဦးကို မုံရွာမြို့ ချင်းတွင်းမြစ်ကူးတံတားတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက ဖမ်းဆီးမိခြင်း ဖြစ်ပြီး၊ ကွင်းဆက်အဖြစ် စစ်ကိုင်းမြို့တွင် အခြေချ နေထိုင်နေသည့် PLA အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ နော်ရာကို ရဲတပ်ဖွဲ့က ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုအခါ အိန္ဒိယအစိုးရထံမှ အတည်ပြုချက် ရရှိသည့် အတွက် ၎င်းတို့ ၆ ဦးအား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့က မတရားအသင်းအက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ဖြင့် မုံရွာမြို့နှင့် စစ်ကိုင်းမြို့မ ရဲစခန်းတို့တွင် အမှုဖွင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ပြောခွင့်ရ ဒုရဲမှူးကြီး ဘဝင်းက “ချင်းတွင်းတံတားမှာ ကျနော်တို့ ကသည်း ၅ ဦး ဖမ်းမိတော့ ဆေးကုဖို့ လာတယ်လို့ ပြောတယ်။ မသင်္ကာတာနဲ့ ကျနော်တို့က အထူးအဖွဲ့နဲ့ စစ်ဆေးခဲ့ရာမှာ စစ်ကိုင်းမှာနေတဲ့ နော်ရာနဲ့ ဆက်စပ်နေလို့ သူ့ကိုပါ ဖမ်းလိုက်တာပါ။ သူက ကသည်းသူပုန်အဖွဲ့မှာ ဗိုလ်ကြီး အဆင့် ရှိတယ်။ ပြီးတော့ သူတို့အားလုံးက အိန္ဒိယနိုင်ငံသားတွေ ဖြစ်နေတယ်။ ဒါကြောင့် မတရားအသင်းများ အက်ဥပဒေနဲ့ ရဲတပ်ဖွဲ့က တရား လို လုပ် တရားစွဲထားသလို လဝက ဌာနကလည်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုထား ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

၂၀၂၀ သြဂုတ်လ ၁၃ ရက်တွင် ချင်းတွင်းမြစ်ကူး တံတားဂိတ်၌ မန္တလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ်ရှိ စစ်ကိုင်းတိုင်း၊ တမူးမြို့သို့ ဦးတည် မောင်းနှင်လာသည့် ပရာဒိုကားပေါ်တွင် ကားမောင်းသူအပါအဝင် ကသည်းလူမျိုး ၅ ဦးကို မသင်္ကာသဖြင့် လုံခြုံရေးဆိုင်ရာ အထူးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံသားများ ဖြစ်နေပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်နေသည့် ကသည်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် (People Liberation Army- PLA) တပ်ဖွဲ့ဝင်များ ဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးချက်များအရ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဆက်လက် ဖော်ထုတ်ခဲ့ရာ စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံသား စိစစ်ရေးမှတ်ပုံတင် အတုကိုင်ဆောင်၍ အခြေချနေထိုင် သူ PLA အဖွဲ့မှ ဗိုလ်ကြီး နော်ရာ (ခ) Devanl ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ နော်ရာ (ခ) Devanl မှာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Tokpaching ဒေသမှ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုးတစ်ယောက်ဖြစ်ပြီး စစ်ကိုင်းမြို့မှ မြန်မာ အမျိုးသမီးတဦးနှင့် အိမ်ထောင်ပြုကာ စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက် အမှတ် ၅ လမ်းတွင် အခြေချ နေထိုင်သူ ဖြစ်ပြီး မြန်မာအမျိုးသမီးနှင့် သမီးတယောက် ထွန်းကားခဲ့ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

၎င်းကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ၁/မညန(နိုင်) ၁၂၉၆၉၈ မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နယ်၊ ဟိုပင်မြို့၊ မြဝတီရပ်ကွက် အမည်ဖြင့် အတုပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများထံမှ သိရသည်။

PLA အဖွဲ့မှ ဗိုလ်ကြီး နော်ရာအပါအဝင် ကသည်းသူပုန်အဖွဲ့ဝင် ၆ ဦးကို ရဲတပ်ဖွဲ့က မတရား အသင်းများ အက် ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့အပြင် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့် တရား စွဲဆိုထား ကြောင်း၊ မုံရွာမြို့နယ် တရားရုံးတွင် ရမန်ယူ၍ စစ်ဆေးကြားနာမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PLA အဖွဲ့မှ ဗိုလ်ကြီး နော်ရာနှင့် ယာဉ်မောင်းသူ ကသည်းသူပုန် အဖွဲ့ဝင်တဦးအား မှတ်ပုံတင်အတု ပြုလုပ်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၆၈ ဖြင့် တာဝန်ရှိသူများက တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ ထပ်မံတရားစွဲဆိုသွားရန် ပြင်ဆင်နေကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒုရဲမှူးကြီး ဘဝင်းက “အရေးယူတာကတော့ ခေါင်းဆောင်ဆိုရင် မတရားအသင်း ပုဒ်မ ၁၇ (၂) နဲ့ အရေးယူတယ်။ နောက်လိုက်ငယ်သားဆိုရင် ပုဒ်မ ၁၇ (၁) နဲ့ အရေးယူထားပါတယ်။ နော်ရာနဲ့ ကားမောင်းသူကိုတော့ မှတ်ပုံတင် အတုပြုလုပ်မှုနဲ့ တရားရုံးကို ဦးတိုက်လျှောက်ပြီး ထပ်မံ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်” ဟု ပြောသည်။

PLA ကသည်းသူပုန်တပ်ဖွဲ့ဝင် ၆ ဦးကို တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံသို့ ဧရာဝတီ သတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

ကသည်းပြည်သူ့ လွှတ်မြောက်ရေးတပ်မတော် အဖွဲ့မှာ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသဖြစ်သည့် မဏိပူရ်ပြည်နယ် ကို အိန္ဒိယနိုင်ငံမှခွဲထက်၍ သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန် အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက် နေသည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

PLA အပါအဝင် မဏိပူရ် ခွဲထွက်ရေး သူပုန်အဖွဲ့ကြီး ၆ ဖွဲ့မှာ မဏိပူရ်ပြည်နယ်နှင့် အိန္ဒိယ – မြန်မာနယ်စပ်ရှိ စစ်ကိုင်း တိုင်း တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်တို့တွင် အဓိက ခြေကုပ်ယူ၍ လှုပ်ရှားလျက်ရှိပြီး မြန်မာပြည်တွင်းရှိ အခြားသောမြို့ကြီးများတွင်လည်း စီးပွားရေးလုပ်ငန်းတချို့ထူထောင်၍ နေထိုင်လျက်ရှိကြောင်း အိန္ဒိယ-မြန်မာ စစ်ရေး လေ့လာသူများက ပြောသည်။

အမည်မဖော်လိုသည့် အိန္ဒိယ-မြန်မာ စစ်ရေးလေ့လာသူက “ကသည်းသူပုန်တွေက အရင်ကတော့ တမူး၊ ကလေးနဲ့ တွန်းဇံတို့ လောက်ပဲ ခြေကုပ်ယူပေမယ့် နောက်ပိုင်းမှာ အရာရှိအဆင့်တွေ၊ အကြီးပိုင်းတွေက မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်နဲ့ မိုးကုတ်ဘက်အထိ သွားလာနေထိုင်ကြတာ ရှိတယ်။ စီးပွားရေးလုပ်ငန်းတချို့လည်း ထူထောင် ထားတာ ရှိတယ်။ အခု အရေးယူတာက ချင်းတွင်းတံတားမှာ မိလို့ ကွင်းဆက်ဖော်ရင်း ပါကုန်တာ။ တကယ်က မြန်မာ မှတ်ပုံတင် ကိုင်ပြီးနေတဲ့ ကသည်းသူပုန်တွေ အများကြီးရှိတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန် PLA တပ်ဖွဲ့မှ ဗိုလ်ကြီး နော်ရာ အပါအဝင် ၆ ဦးကို မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင်လည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) ၏ ဗဟိုဌာနချုပ် တကားစခန်းတွင် အာသံနှင့် ကသည်း သူပုန်များ ခိုအောင်းနေကြောင်း သတင်းရ၍ ဝင်ရောက်ရှင်းလင်းရာတွင် အာသံနှင့် ကသည်း သူပုန်များကို ဖမ်းဆီး ရမိခဲ့သည်။

ထို့နောက် တပ်မတော်က တရားလိုလုပ်၍ ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ရာ မေ ၁၅ ရက်က ၆ ကြိမ်မြောက် ရုံးချိန်းတွင် အာသံနှင့် ကသည်း သူပုန် ၂၄ ဦးအား ခန္တီးခရိုင် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်သည်။

ထိုသူများသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၂၀ ဧပြီလတွင် ပြန်လည် လွတ်မြောက်လာကြပြီး ၂၀၂၀ မေလတွင် စစ်ကိုင်းတိုင်း၊ ခန္တီးလေဆိပ်၌ အိန္ဒိယ အစိုးရထံသို့ ပြန်လည် လွှဲပြောင်း ပေးလိုက်သည်။

You may also like these stories:

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

မြန်မာနယ်စပ်က သူပုန်များကို တရုတ်ကူညီနေဟု အိန္ဒိယစွပ်စွဲ

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

Your Thoughts …
Tags: PLAကသည်းသူပုန်စစ်ကိုင်းမတရားအသင်းလဝက
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

Next Post
၂၀၁၈ ခုနှစ်က ရန်ကုန်ထိ ရောက်ရှိလာသည့် လှေစီးဒုက္ခသည်များ  /  ထက်ဝေ / ဧရာဝတီ

နေရပ်စွန့်ခွာသူများ ပြန်လက်ခံရေးကိစ္စ ဘင်္ဂလားဒေ့ရှ်ကို မြန်မာသတိပေး

တောင်ကြီးမြို့ NLD ရုံးတွင် တွေ့ဆုံခဲ့ကြသည့် NLD နှင့် WNP ကိုယ်စားလှယ်များ  / NLD – Shan State

‘ဝ’ ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် WNP တောင်းဆို

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved