• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီသတင်းဌာန ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရ

by ဧရာဝတီ
11 March 2021
in သတင်း
A A
ဖေဖော်ဝါရီလ ၅ ရက် စစ်အာဏာသိမ်းမှုကို ကျန်းမာရေးဝန်ထမ်းများ စတင်ကန့်ကွက်ခဲ့ကြစဉ် / ဧရာဝတီ

ဖေဖော်ဝါရီလ ၅ ရက် စစ်အာဏာသိမ်းမှုကို ကျန်းမာရေးဝန်ထမ်းများ စတင်ကန့်ကွက်ခဲ့ကြစဉ် / ဧရာဝတီ

17.9k
VIEWS
Share on FacebookShare on Twitter

လွတ်လပ်သော သတင်းမီဒီယာတခု အဖြစ်ရပ်တည်လျက်ရှိသည့် ဧရာဝတီ သတင်းဌာနကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(က)ဖြင့် ရန်ကုန်မြို့တွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆန္ဒပြသူများထံမှ ငွေကြေးလက်ခံရယူခဲ့သည်ဆိုသော သတင်းကို ထုတ်လွှင့်ခဲ့သဖြင့် ယခုလို အမှု ဖွင့်ခံရခြင်း ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်ကို ပုဒ်မတပ်ခြင်း မဟုတ်ဘဲ ဧရာဝတီ သတင်းဌာနကို အမှုဖွင့်ခြင်း ဖြစ်ကြောင်း နေပြည် တော်မှ သတင်းရင်းမြစ်များက ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
127
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
143
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဧရာဝတီ သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် “ဖမ်းထားသော ဆရာဝန် ၇၀ ဦးအား ငွေသိန်း ၁၃၀ နှင့် လာရွေးခိုင်းနေ” သတင်းရုပ်သံကို ဖော်ပြခဲ့သဖြင့် ယခုလို အမှုဖွင့် အရေးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။



ယင်းရုပ်သံကို သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ကာယကံရှင်များ၏ အသံနှင့် ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး ယင်းရုပ်သံ တက် ပြီးသည့် နောက်ပိုင်းတွင် ငွေတောင်းခံမှုကို ရဲတပ်ဖွဲ့က လက်လျှော့သွားခြင်း ဖြစ်သည်။

ယင်းသတင်းသည် မှားယွင်း ဖော်ပြခြင်း ဖြစ်ကြောင်း စစ်ကောင်စီပိုင် MRTV သတင်းဌာနက ဖော်ပြခဲ့သေးသည်။

ပုဒ်မ ၅၀၅ (က)မှာ ဖော်ပြချက်ကို၊ ကောလာဟလ ကို၊ သတင်းကို ထုတ်ပြန်ကြေငြာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် လည်းကောင်း၊ ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေတပ်မှ အရာရှိ သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ကို မလေးစားခြင်း၊ ပျက်ကွက်စေခြင်း ပြုရန် အကြံရှိလျှင်၊ ပြုစေတန်ရာ အကြောင်းရှိလျှင် လည်းကောင်း ထိုသူကို ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးတွင် ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်ပြီး ပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်တိုးမြှင့်ခဲ့သည်။

ထိုကဲ့သို့ အမှုဖွင့်လှစ် တရားစွဲဆိုလာခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ဦးရဲနည်က စစ်အာဏာပိုင်များ က အာဏာသိမ်းအပြီး သတင်းမီဒီယာများအား နှိပ်ကွပ်ကာ သတင်းစီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်ရန် ကြိုးစားနေခြင်းကို ထပ်မံသက်သေပြခြင်းဟု ဆိုသည်။

“ဒီလို တရားစွဲလာတာကို သိပ်တော့ မအံ့ဩတော့ပါဘူး။ ကျနော်တို့ ရှေ့မှာ သတင်းမီဒီယာ ၅ ခုကို ဖျက်သိမ်းထားက တည်းက ကျနော်တို့ အလှည့်က အနှေးနဲ့ အမြန် ဖြစ်မယ်ဆိုတာ ကျနော်တို့ မျှော်လင့်ထားပြီးသားပါ”ဟု ဦးရဲနည်က ဆိုသည်။

“စစ်အာဏာပိုင်တွေရဲ့ လက်အောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မရှိတော့တာမို့ ဥပဒေဘောင်အတွင်းကနေ တရားမျှတမှု ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး”ဟုလည်း ထပ်မံပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက မတ်လ ၈ ရက်က သတင်းမီဒီယာ ၅ ခု ဖြစ်သည့် မဇ္ဈိမ၊ ဒီဗွီဘီ(DVB) ၊ Myanmar Now ၊ 7Day နှင့် ခေတ်သစ်မီဒီယာ တို့ကို ရေးသား ထုတ်ဝေ၊ ထုတ်လွှင့်ခွင့်များ ပိတ်ပင် လိုက်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း 7Day မီဒီယာတခုသာ ယာယီ ရပ်နားထားပြီး ကျန်မီဒီယာများက ပုံမှန်အတိုင်း သတင်းများ ထုတ်လွှင့် တင်ဆက်နေကြဆဲ ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့ ရှိ ပြည်တွင်းမီဒီယာများဖြစ်သည့် မဇ္ဈိမ သတင်းဌာနနှင့် ကမာရွတ်မီဒီယာတို့၏ ရုံးခန်းများကို စစ်တပ်နှင့် ရဲက စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့ပြီး ရုံးတွင်းပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဆေးဝန်ထမ်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ သတင်းသမားများနှင့် မီဒီယာ အလုပ်သမားများကို ကန့်သတ်ခြင်းအပါအဝင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ချိုးဖေါက်ခြင်းအတွက် စိုးရိမ်ကြောင်းဖေါ်ပြထားသည်။

“ကောင်စီအနေဖြင့် စစ်တပ်အား လုံးဝ ချုပ်တည်းထားရန် တောင်းဆိုပြီး နောက်ဆက်တွဲ အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း အလေးပေးပြောလိုသည်”ဟုလည်း ကြေညာချက်က ဆိုသည်။

You may also like these stories:

မြန်မာစစ်တပ် အကြမ်းဖက်နေမှု ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

ပြည်သူကို ညှင်းပန်းနှိပ်စက်ခဲ့သည့် ငရဲခန်း သို့မဟုတ် မြိတ်လေတပ်စခန်း

လူနာတင်ယာဉ်ကို တိုက်ခိုက်ရာတွင် သုံးသော အီတလီထုတ် ခဲယမ်း ဘယ်ကရ

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

Your Thoughts …
Tags: စစ်အာဏာသိမ်းပုဒ်မ ၅၀၅(က)ရဲတပ်ဖွဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အမှုဖွင့်ခံထားရဧရာဝတီသတင်းဌာန
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

by James Morris နှင့် Son Nguye
13 November 2025
1.4k

တရားမဝင် ငွေဘီလီယံပေါင်းများစွာနှင့် ပတ်သက်၍ ထိုင်းရဲအရာရှိ ၂၀၀ စုံစမ်းစစ်ဆေးခံနေရပြီး အများပြည်သူ ယုံကြည်မှုပြိုလဲကာ ထိုင်းထိပ်တန်းရဲအရာရှိများသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်

by ဧရာဝတီ
10 July 2023
9.4k

The Diplomat က ကလေးမြို့ မြောက်ပိုင်းရဲစခန်း အကြီးအကဲ ဦးဟံသာဦးနှင့် တွေဆုံမေးမြန်းခန်း ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

Next Post
ADB ၏ မြန်မာပြည်ရှိ စီမံကိန်းများအား ထောက်ပံ့ငွေမှာ လမ်းတံတားနှင့် အခြေခံအဆောက်အဦးများအတွက် ဖြစ်ကာ ဒေါ်လာသန်းရာချီသည်/ဧရာဝတီ

မြန်မာပြည် စီမံကိန်းများအတွက် ရန်ပုံငွေ ထောက်ပံ့မှု ADB ဆိုင်းငံ့

လက်နက်မဲ့ ဆန္ဒပြ အရပ်သားများအပေါ် စစ်အစိုးရ၏ ရက်စက်စွာနှိမ်နင်းမှုအား စီးပွားရေးလုပ်ငန်းတချို့က ကန့်ကွက်လာခဲ့ကြသည် / ဧရာဝတီ 

စားသုံးသူနဲ့ စစ်အာဏာပိုင်များကြား စီးပွားရေးလုပ်ငန်းတွေ ဘယ်သူ့ ရွေးမလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved