• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ

by ဧရာဝတီ
2 July 2021
in သတင်း
A A
ကလေးမြို့ သုဿာန်တွင် ကိုဗစ်ကြောင့် သေဆုံးသူများအား ပရဟိတအဖွဲ့ဝင်များက သင်္ဂြိုဟ်ပေးနေစဉ်

ကလေးမြို့ သုဿာန်တွင် ကိုဗစ်ကြောင့် သေဆုံးသူများအား ပရဟိတအဖွဲ့ဝင်များက သင်္ဂြိုဟ်ပေးနေစဉ်

24.4k
VIEWS
Share on FacebookShare on Twitter

ကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနှင့် အကျိုးဆက်အဖြစ် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ဆန္ဒပြသူများကို နှိမ်နင်းသောကြောင့် ဖရိုဖရဲဖြစ်နေပြီးသော မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းက တုန်လှုပ်ဖွယ်ဖြစ်ကြောင်း ပြသနေသည်။

ကြာသပတေးနေ့က ဆေးစစ်သူ ၉၄၅၇ ဦးတွင် ပိုးတွေ့သူ ၂၀၇၀ ဦးဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကကြေညာသည်။ ထိုအရေအတွက်သည် လွန်ခဲ့သော နှစ် ဒီဇင်ဘာလလယ်နောက်ပိုင်း အမြင့်မားဆုံး တနေ့တာ ကူးစက်မှုဖြစ်ပြီး ပိုးတွေ့မှုနှုန်း ၂၁ ဒသမ ၈၉ ရာခိုင်နှုန်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

” ကိုဗစ်-၁၉ ကုသရေးဌာနတွေမှာ ဆေးတပ်ကလူတွေနဲ့ စစ်ဆရာဝန်တွေပဲရှိပြီး မြန်မာကြက်ခြေနီက သူတို့ကို ကူညီနေတယ်” ဟု အသက် ၃၀ အရွယ် အမည်မဖေါ်လိုသော ဆရာဝန်တဦးက Nikkei Asia သို့ပြောသည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချသည့် အာဏာလုယူမှု မတိုင်မီကပင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်လုပ်ကိုင်နေသူဖြစ်သည်။ အာဏာသိမ်းယူလိုက်ချိန်မှ စတင်ပြီး ရောဂါထိန်းချုပ်ရေးကို စစ်ဆေးတပ်များက စီမံကွပ်ကဲလိုက်သောကြောင့် ပါဝင်ဆောင်ရွက်သည့် စေတနာဝန်ထမ်း မရှိသလောက်ဖြစ်သွားသည်။

အာဏာမသိမ်းမီက ပြည်သူများသည် ရပ်ရွာအခြေပြုဆေးခန်းများတွင် ကုသမှုများ ရရှိကြသည်။ မိသားစုဝင်များ သို့မဟုတ် အိမ်နီးချင်းများတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ပါက ထိုသူများကို ကုသရေးဌာနများသို့မဟုတ် သီးခြားခွဲထားသည့် ကွာရန်တင်း ဌာနများသို့ ပို့ကြသည်။ လွန်ခဲ့သောနှစ်က ကိုဗစ်-၁၉ ကုသမှုကို ထိန်းချုပ်ရန် ထူထောင်ထားသော ဖျားနာကုဆေးခန်းများသည်လည်း ယခုအချိန်တွင် ကန့်သတ်ချက်များကြောင့် အသင့်အနေအထားတွင် မရှိတော့ပေ။ လွန်ခဲ့သောနှစ်က ရန်ကုန်တွင် ထိုသို့သော ဖျားနာကုဆေးခန်း ၂၉ ခန်းရှိသော်လည်း ယခုအခါ ၅ ခန်းပင် အလုပ်မလုပ်နိုင်တော့ကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် များပြားလှသော ကျန်းမာရေးလုပ်သားများသည် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်ပါဝင်လာပြီး ဖေဖေါ်ဝါရီက ၃ ရက်နေ့ခန့်က ဆေးရုံပေါင်း ၇၀ မှ သပိတ်မှောက်နေသော ဆရာဝန် ၁၀၀၀ ကျော် ရှိနေသည်။

ကျန်းမာရေးလုပ်သားများသည် ၎င်းတို့တာဝန်များကို စွန့်လွှတ်ပြီး ကုသမှုမပေးသောကြောင့် လူသတ်ခြင်းဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် လူမှုအာဏာဖီဆန်ရေးလှှုပ်ရှားမှုများတွင် ပါဝင်သည့် ဆရာဝန်များ ပြင်ပ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ခြင်းကိုလည်း ပိတ်ပင်ထားသည်။

ဆန္ဒပြပွဲများတွင်ပါဝင်သည့် ကျန်းမာရေးလုပ်သားများကို စစ်ကောင်စီက ရာဇဝတ်ဥပဒေပုဒ်မ ၅၀၅(က) ဖြင့်လည်း တရားစွဲသည်။ ထိုပုဒ်မသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများ၊ အခြားသူများ ပါဝင် တိုက်တိုက်တွန်းသူများကို ရာဇဝတ်သားအဖြစ် သတ်မှတ်သော ဥပဒေဖြစ်သည်။ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ် အကြီးအကဲဟောင်း ဒေါက်တာ ထားထားလင်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး စစ်ကောင်စီ ဆန့်ကျင်သူများနှင့် ပူးပေါင်းသည့်အတွက် နိုင်ငံတော်သစ္စာဖေါက်မှုဖြင့် တရားစွဲဆိုထားကြောင်း စစ်ကောင်စီမီဒီယာက ဇွန်လအစောပိုင်းတွင် ကြေညာသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
578
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
184
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
56

မြန်မာနိုင်ငံသည် ကိုဗစ်ဒုတိယလှိုင်းကို ၂၀၂၀ ခုနှစ် စက်တင်ဘာလမှ ၂၀၂၁ ဇန်နဝါရီလအထိတွေ့ကြုံခဲ့ပြီး အောက်တိုဘာလက ကူးစက်မှုအမြင့်ဆုံးအချိန်တွင် တနေ့တာကူးစက်မှု ၂၀၀၀ ကျော်အထိ ရှိခဲ့သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် ပြည်သူများနှင့် လုပ်ငန်းများမှ အလှူငွေများလက်ခံခြင်းဖြင့် အများပြည်သူဆိုင်ရာ အကူအညီများပေးခြင်းနှင့် စေတနာ့ဝန်ထမ်းများကို ဆေးခန်းများသို့ စေလွှတ်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုအရေအတွက်ကို အိမ်နီးချင်းများထက် နည်းအောင်လုပ်ဆောင်ခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီးနောက် ရောဂါထိန်းချုပ်ရေးဌာနများ ပိတ်သွားသည်။

ကိုဗစ်ဒုတိယလှိုင်းနှင့် တတိယလှိုင်းအစ ဂရပ်ဖစ်ဇယား

ရောဂါကူးစက်မှု တတိယလှိုင်းသည် ဇွန်လအစောပိုင်းတွင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကဲ့သို့သော အိန္ဒိယ နယ်စပ်ဒေသများမှစတင်သည်။ နယ်စပ်ဖြတ်ကျော်သွားလာခြင်းကြောင့် ရောဂါကူးစက်မှုသစ်များနှင့် ဗီဇပြောင်းပိုးသစ်များ ကူးစက်မှုများဖြစ်လာသည်။ ယခုနောက်ဆုံးဖြစ်ပွားသည့် ကူးစက်မှုသည် ရန်ကုန်အနီး ပဲခူးအပါအဝင် နိုင်ငံအတွင်း ဒေသအများအပြားသို့ ကူးစက်ပြီးဖြစ်နေကြောင်းလည်း တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

အရပ်သားကျန်းမာရေး ဝန်ထမ်းမလုံလောက်မှုနှင့် ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီသည် ၎င်းတို့ပိုင် ရင်းမြစ်များကို သုံးနေရသည်။ Nikkei နှင့်တွေ့ဆုံခဲ့သည့် စစ်ဆရာဝန်တဦး၏ အဆိုအရ စစ်တပ်သည် လူနာများကို ကုသမှုပေးရန် စစ်ဆရာဝန်များနှင့် သူနာပြုများအပါအဝင် စစ်တပ်ဆေးဝန်ထမ်းများကို ရန်ကုန်စစ်ဆေးရုံများသို စေလွှတ်နေသည်။ စစ်ကောင်စီသည် ကိုဗစ်စင်တာသစ်များ ထူထောင်ရန်လည်း ပြင်ဆင်နေသည်။

သို့သော် စစ်ကောင်စီ၏ ရောဂါတားဆီးရေး အစီအမံများသည် စစ်တပ်အတွင်းတွင်ပင် အားနည်းနေသည်။ စစ်တပ်သည် ကူးစက်မှုရှောင်ရှားရန် မည်သည့်အကြံဉာဏ်မျှ မပေးကြောင်း စစ်သားတယောက်၏ အသက် ၂၃ နှစ်အရွယ် သမီးကပြောသည်။ “အပြင်သွားရင် နှာခေါင်းစည်းတပ်လို့ပဲ ပြောတယ်။ ကာကွယ်ဆေးထိုးဖို့ အသက် ၁၈ နဲ့အထက်ကို စာရင်းကောက်နေပေမယ့် အဲဒီအစီအစဉ် ဘယ်တော့စမယ်ဆိုတာ မပြောဘူး” ဟု သူပြောသည်။

သာမန်ပြည်သူများကို ကာကွယ်ဆေးထိုးရန် လုပ်ငန်းများလည်း တိုးတက်မှု မရှိသလောက်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များကို မေလ ၁၃ ရက်နေ့နောက်ပ်ိုင်း ထပ်မံဖြည့်စွက်ခြင်း မရှိပေ။ ထိုစဉ်က စာရင်းအရ လူဦးရေ၏ ၃.၃ ရာခိုင်နှုန်းသာ အနည်းဆုံး ကာကွယ်ဆေး တကြိမ်ထိုးပြီးသေးသည်။

ထိုသို့ဖြစ်ရခြင်းမှာ မြန်မာ့နိုင်ငံရေး ဖရိုဖရဲအခြေအနေကြောင့်သာမက ကာကွယ်ဆေးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှ ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် အိန္ဒိယ နိုင်ငံမှ ကာကွယ်ဆေး သန်း ၃၀ ဝယ်ရန် သဘောတူထားသော်လည်း အိန္ဒိယသည် မတ်လနောက်ပိုင်း ၎င်းတို့ နိုင်ငံအတွင်း ကူးစက်မှု လွန်စွာမြင့်မားနေသောကြောင့် ထိုအစီအစဉ်ကို ဆိုင်းငံ့ထားရသည်။

” အိန္ဒိယကိုယ်တိုင်လည်း လူအများအပြားကို ကာကွယ်ဆေးထိုးပေးဖို့ အပြင်းအထန်ကြိုးစားနေတာ” ဟု ကျန်းမာရေးအရာရှိ ဒေါက်တာဒေါ်ခင်ခင်ကြီးပြောသည်။ ဖေဖေါ်ဝါရီလအထိ တင်သွင်းခဲ့သောကာကွယ်ဆေး ၃ သန်းကို ထိရောက်စွာ သုံးခဲ့ကြောင်း သို့သော် လက်ရှိနိုင်ငံတွင် ကာကွယ်ဆေးအဆင်သင့်မရှိတော့ကြောင်း ပြောသည်။

အာဏာလုယူမှုနောက်ပိုင်း လူသားချင်းစာနာမှု အကျပ်အတည်းနှင့် စီးပွားရေးအခက်အခဲများ ရင်ဆိုင်နေရပြီး ဖြစ်သော ပြည်သူများအတွက် တတိယလှိုင်းသည် နောက်ထပ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ ထိုဗိုင်းရပ်စ်ကို မကြာမီ ထိန်းချုပ်နိုင်မည့် အလားအလာလည်း မရှိပေ။

ကိုးကား။ ။ Nikkei Asia မှ Myanmar faces COVID surge amid lack of medics and jabs

You may also like these stories:

စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်

ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ

ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်

Your Thoughts …
Tags: ကိုဗစ်-၁၉ တတိယလှိုင်းကျန်းမာရေး ဝန်ကြီးဌာနစစ်တပ်မိသားစုများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်-ဦးမျိုးအောင် / MOI

အမိန့်ကြေညာချက်ကို မလိုက်နာရင်တော့ အရေးယူရမှာပဲ

by သဇင်လှိုင်
21 April 2020
62.7k

စက်ရုံ အလုပ်ရုံတွေက ဒါတွေကိုပြီးမှ ဖွင့်ရမှာ ဖြစ်တယ်။ ဖွင့်ချင်ရင် တိုင်းဒေသကြီး အစိုးရသော်လည်း ကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနသော်လည်းကောင်း၊ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးမှုဌာနကို သော်လည်း ကောင်း အကြောင်းကြားပါ။ အမြန်ဆုံး လာစစ်ပြီးတော့...

၂၀၂၁ ဇူလိုင် ၁၆ ရက် စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်နှင့် သေဆုံးသူတဦးအား စေတနာ့ဝန်ထမ်းများက သယ်ထုတ်လာစဉ်

GAVI Alliance မှ ကိုဗစ် ကာကွယ်ဆေး ၆ သန်းကျော် မြန်မာရမည်

by ဧရာဝတီ
9 October 2021
11k

ထိုကာကွယ်ဆေး များကို မြန်မာနိုင်ငံသို့ပေးပို့ရန် ကတိပြုထားသော်လည်း နှောင့်နှေးခဲ့ရပြီး ယခုအခါ ရရှိတော့မည်ဖြစ်သည်။

ရန်ကုန် Stay at Home အမိန့်ကြောင့် သတင်းစာ လုပ်ငန်းများ ပုံမှန် လည်ပတ်ဖို့ အခက်ကြုံ

ရန်ကုန် Stay at Home အမိန့်ကြောင့် သတင်းစာ လုပ်ငန်းများ ပုံမှန် လည်ပတ်ဖို့ အခက်ကြုံ

by ကျော်မျိုး
22 September 2020
10.1k

ကျန်းမာရေး ဝန်ကြီးဌာန၏ ရန်ကုန်တိုင်းတွင် ကိုကိုးကျွန်းမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်များအားလုံး (Stay at Home) နေ အိမ်တွင် နေထိုင်ရမည့် အမိန့်ကြောင့် ပုံမှန် လည်ပတ်နေသည့် သတင်းစာလုပ်ငန်းများ အခက်ကြုံနေ

COVID-19 ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ ခင်ခင်ကြီး / ဧရာဝတီ

စည်းလုံး ညီညွှတ်ဖို့ အရေးကြီးနေပါပြီ

by မိုးမိုး
3 April 2020
6.4k

ဧရာဝတီသတင်းထောက် မိုးမိုးက COVID-19 ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သော ဒေါက်တာ ခင်ခင်ကြီး အား ဆက်သွယ် မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရသည့် ရန်ကုန်မြို့တွင်း အခြေအနေ / ထက်ဝေ / ဧရာဝတီ

ကိုဗစ်ဒုတိယလှိုင်း ထိန်းချုပ်နိုင်ပြီ ဆိုသော်လည်း မပေါ့ဆသင့်ဟု ကျန်းမာရေး ဝန်ကြီးဌာန သတိပေး

by သဇင်လှိုင်
8 January 2021
5.1k

လက်ရှိအခြေအနေတွင် ပိုးတွေ့နှုန်း လျော့ကျလာခြင်းမှာ ပြည်သူလူထုအနေဖြင့် လူစုလူဝေးလုပ်ခြင်း၊ ပွဲလမ်းသဘင် ပြုလုပ်ခြင်းများ လျော့ကျလာပြီး စည်းကမ်းလိုက်နာလာခြင်းက အကြောင်းအရင်း တရပ်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီး က ဆိုသည်။

မေလ ၄ ရက်နေ့က ရန်ကုန်မြို့ ရှိ လမ်းမပေါ်သို့ ပြန်လည် ရောက်ရှိလာသည့် ကားများ  / ထက်ဝေ / ဧရာဝတီ

COVID – 19 ရောဂါပိုး မထိန်းချုပ်နိုင်မီ မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

by ကျော်မျိုး
8 May 2020
5.1k

COVID - 19 ရောဂါပိုး ကူးစက်ပျံ့နှံ့နေဆဲ အချိန်တွင် မထိန်းချုပ်နိုင်သေးမီ ပြည်သူများ မပေါ့ဆကြရန် ကျန်း မာရေး ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက သတိပေး ပြောဆိုသည်

Next Post
၂၀၂၁ခု ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့မြန်မာပလာဇာရှေ့တွင် ဆန္ဒပြနေကြသည့် အနုပညာရှင်များ / ဧရာဝတီ

စစ်ကောင်စီက နာမည်ဖျက်ချင်သဖြင့် အမှုရုပ်ပေးခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေ

Facebook Cele နေဆန်း  / Nay Sann's Facebook

ပြည်သူများကို Facebook Cele နေဆန်း ညှိုးငယ်စွာ တောင်းပန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved