• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲကြောင့် ဒီးမော့ဆိုမှ အရပ်သားနေအိမ် ၆ လုံး ပျက်စီး

by ဧရာဝတီ
8 September 2021
in သတင်း
A A
စစ်ကောင်စီတပ်များက ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာအတွင်းရှိ အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီး  / KNDF

စစ်ကောင်စီတပ်များက ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာအတွင်းရှိ အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီး / KNDF

10.4k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ကြား တိုက်ပွဲများကြောင့် စံပြ ၆ မိုင် ကျေးရွာနှင့် ၅ မိုင်ကျေးရွာ အတွင်းမှ ဒေသခံများ၏ နေအိမ် ၆ လုံး ပျက်စီးသွား ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သော ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့သည် စက်တင်ဘာ ၇ ရက် နေ့လယ် ၃ နာရီမှ စတင်၍ ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ပျက်စီးသွားသည့် နေအိမ် ၆ လုံးအနက် စံပြ ၆ မိုင် ကျေးရွာမှ အိမ် ၄ လုံးသည် မီးလောင် ပျက်စီးသွားခြင်းဖြစ်ပြီး ၅ မိုင် ကျေးရွာမှ အိမ် ၂ လုံးသည် လက်နက်ကြီးကျည်များ ထိမှန်ကာ ပျက်စီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11

စံပြ ၆ မိုင် ကျေးရွာအနီး နေထိုင်သည့် ဒေသခံတဦးက “မနေ့က တိုက်ပွဲ တော်တော်ဖြစ်ပါတယ်။ ၄၂၇ နဲ့ ၁၀၂ တပ် က လက်နက်ကြီးတွေနဲ့ထုလို့ ဒီးမော့ဆိုက ပြည်သူတွေ ထွက်ပြေးရတာပါ။ ထွက်ပြေးတဲ့ထဲမှာ ဆိုင်ကယ်နဲ့ ကားနဲ့ ချိတ်မိပြီး ၈ နှစ် သမီးတဦး သေဆုံးပါတယ်။ ၆ မိုင်ရွာမှာလည်း မီးလောင်ပါတယ်။ မနက်ကထိ လောင်နေတာ အခုတော့ ငြိမ်းသွားပါပြီ။ ဒေါပိုးစီ ဘုန်းကြီးကျောင်းမှာ တပ်က တပ်စွဲထားတယ်။ လက်နက်ကြီး၊ လက်နက်ငယ် လှမ်း ထုတော့ ၆ မိုင် အိမ်တွေပေါ် ကျတယ်။ မီးက တော်တော်လောင်နေတာပါ။ အခုကတော့ ရွာမှာ ကျန်တဲ့သူတွေ ငြှိမ်းလို့ ငြိမ်းသွားပါပြီ” ဟု ပြောသည်။

၅ မိုင် ကျေးရွာအတွင်းမှ ဒေသခံတဦးကလည်း စက်တင်ဘာ ၇ ရက်၊ ညနေပိုင်းတွင် ၎င်းတို့ ကျေးရွာအတွင်း လက် နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုရှိပြီး နေအိမ် ၂ လုံး ပျက်စီးသည့်အပြင် ဒေသခံများသည်လည်း ရွာကို စွန့်ခွာ ကာ စစ်ဘေးရှောင်နေကြပြီဟု ပြောဆိုသည်။

စစ်ကောင်စီတပ်များက ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာအတွင်းရှိ အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံ-KNDF)

ယင်းဒေသခံက “သူတု့ိက တရွာလုံး လိုက်မွှေမယ့် အနေအထားရှိတော့ ဒီဘက်က PDF တွေက လမ်းမှာ ဖြတ်တိုက် လိုက်တာ။ အခုပြေးတာ တရွာလုံးလို့ ပြောရပါမယ်။ ကျနော်တို့မှာ အိမ်ခြေက ၂၄၇ အိမ် ရှိပါတယ်။ အခုရွာထဲမှာ ငှက် စာ၊ ဝက်စာ ကျွေးမယ့်သူပဲ ကျန်ခဲ့တာပါ” ဟု ဆိုသည်။

နေအိမ်များ ပျက်စီးရခြင်းမှာ စစ်ကောင်စီဘက်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာတွင်း ကျည် များ ကျပေါက်ကွဲကာ မီးလောင်ရခြင်းဖြစ်သည်ဟု ဒေသခံတချို့ကပြောပြီး တချို့ကလည်း စစ်ကောင်စီတပ်များ ရွာ တွင်း ဝင်ရောက်ကာ မီးရှို့ခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

KNDF ၏ သတင်းနှင့်ပြန်ကြားရေးက စံပြ ၆ မိုင်ကျေးရွာအတွင်း အရပ်သားနေအိမ်များ မီးလောင်ပျက်စီးရခြင်းမှာ စစ်ကောင်စီဘက်က ဝင်ရောက်မီးရှို့ခြင်းကြောင့် လောင်ရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်မှ စံပြ ၆ မိုင် ကျေးရွာဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှု များ ရှိသည်ဟု သိရသော်လည်း စစ်ကောင်စီတပ်များ ရွာတွင်းသို့ဝင်ပြီး မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဒေါပိုးစီကျေးရွာသည် ဒီးမော့ဆိုမြို့နယ်အတွင်း တည်ရှိပြီး လွိုင်ကော်မြို့နယ်၏ နယ်စပ်နှင့်လည်း နီးကပ်လျက် တည်ရှိသည့် ကျေးရွာ ဖြစ်သည်။
ဒေါပိုးစီကျေးရွာနှင့် စံပြ ၆ မိုင်ကျေးရွာသည် ပြည်ထောင်စုလမ်းမကြီး၏ တဖက်တချက်စီတွင် တည်ရှိသည်။

အဆိုပါ ကျေးရွာများနှင့် ၄ မိုင်ကျော် အကွာအဝေးတွင် တည်ရှိသည့် ငွေတောင်ကျေးရွာအနီး၌ စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ ၄၂၇ နှင့် ခြေလျင်တပ်ရင်း ခလရ ၁၀၂ တို့၏ အခြေစိုက်စခန်းများ တည်ရှိသည်။

ထိုတပ်များသည် ယခုအခါ ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် တပ်ဖြန့်လှုပ်ရှားနေပြီး ဒေါပိုးစီကျေးရွာတွင်း လာရောက် စခန်းချထားခြင်း ဖြစ်သည်။

စစ်ရေးအခြေအနေများ တင်းမာနေသဖြင့် ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ၅ မိုင်၊ စံပြ ၆ မိုင်၊ ဘတ်တလိန်၊ ဝမ့် လထွား၊ ဒေါခလိုက်လင်း၊ ငွေတောင်ကျေးရွာများမှ ဒေသခံအများစုမှာ နေအိမ်များကို စွန့်ခွာထွက်ပြေး နေကြသည် ဟု ဒေသခံများထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလကလည်း PDF တပ်များအားလုံး သက်ဆိုင်ရာ မိမိနယ်မြေရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ၊ ဒေါက်တိုင်များကို ဖြုတ်ချရန် အဆောက်အဦနှင့် ရုံးများအား ဝင်စီးနင်ထိန်းချုပ်ရန် အရေးပေါ်မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုထားသည်။
ထိုသို့ အရေးပေါ်ကြေညာချက် ထွက်ပြီးနောက် ကယားပြည်နယ်အတွင်း၌ နေ့လည် ၃ နာရီမှစ၍ လွိုင်ကော်မြို့နယ်၏ နယ်စပ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါပိုးစီကျေးရွာတွင် တိုက်ပွဲစတင်ခြင်း ဖြစ်သည်။

ကယားပြည်နယ်တွင်း PDF တပ်အားလုံးကို စုဖွဲ့ထူထောင်ထားသည့် KNDF က ၎င်းတို့အနေဖြင့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် တိုက်ခိုက်နေကြောင်း၊ ကရင် နီလူထုက စိုးရိမ်ထိတ်လန့်မှုမရှိဘဲ လုံခြုံရေးသတိ ရှိကြရန် စာတစောင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ည ၆ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့တွင်း ပစ်ခတ်သံများ ထွက်ပေါ်လာပြီး ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များက KA၊ KNDF၊ PDF တို့နှင့် ပူးပေါင်းကာ မြို့မရဲစခန်းကို ဝင်တိုက်ခြင်း ဖြစ်သည်ဟု အတည်ပြု ပြောဆိုထားသည်။

ကရင်နီတော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း ရဲစခန်းကို စီးနင်းထိန်းချုပ်နိုင်ခြင်း မရှိဘဲ ပစ်ခတ်ပြီး လှည့်ပြန်ခဲ့ရသည်ဟုလည်း ဒီးမော့ဆိုမြို့တွင်း တော်လှန်ရေးသမားများထံမှ သိရသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မနေ့ကတော့ ဒီးမော့ဆိုရဲစခန်းက ည ၇ နာရီလောက်မှာ လာပြီး ပစ်ခတ်တာ ရှိတယ်။ ဒီဘက်ကလည်း ပြန်ပြီး ပစ်ခတ်ခဲ့တယ်။ ဒါပါပဲ။ ထိခိုက်မှု မရှိပါဘူး။ ၁၅ မိနစ်လောက် ကြာတယ် ဒါပါပဲ” ဟု ပြောသည်။

KNDF ၏ ပြောရေးဆိုခွင့်ရှိသူက မြေပြင်တွင် စစ်ဆင်ရေး ပြုလုပ်နေသည့် တပ်ဖွဲ့များနှင့် အဆက်သွယ် ရခြင်း မရှိသေး သဖြင့် တိုက်ပွဲအခြေအနေများကို အသေးစိတ် ပြောပြနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသော်လည်း ၎င်းက “အခု ကယားတပြည်နယ်လုံးမှာ စစ်ရေးတင်းမာနေပါတယ်” ဟု ဆိုသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်တွင် ဒီးမော့ဆိုမြို့နယ်တခုလုံး လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ဧရာဝတီက ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချိန် ယနေ့ နေ့လယ် ၁၂ နာရီအထိ လျှပ်စစ်မီးများ ပြတ်တောက်နေဆဲ ဖြစ်သည်။

မြို့တွင်း ပစ်ခတ်မှုများနှင့် စစ်ရေးအခြေအနေ မတည်ငြိမ်ခြင်းကြောင့် ယနေ့ နံနက်ပိုင်းတွင် ဒေါ့ငံခါးရပ်ကွက်၊ စည်ပင် သာယာရပ်ကွက်များတွင်း နေထိုင်သည့် ဒေသခံတချို့မှာ မိတ်ဆွေများ၊ ဆွေမျိုးများ နေထိုင်သော လွိုင်ကော်မြို့ပေါ်သို့ သွားရောက် တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

ဒီးမော့ဆိုမြို့တွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းတခုမှ အမျိုးသမီး တဦးက အရပ်သားများသည် တိုက်ပွဲများ ပြင်းထန်လာပါက ပိတ်မိနေမည်ကို စိုးရိမ်သဖြင့် မြို့ပေါ်ရပ်ကွက်များရှိ နေ အိမ်များကို စွန့်ခွာထွက်ပြေးမှုများ ရှိနေသည့်အပြင် တိုက်ပွဲဖြစ်ပွားထားသည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ကျေးရွာဒေသခံများသည်လည်း ထွက်ပြေးနေကြသည်ဟု ပြောသည်။

စစ်ကောင်စီတပ်များက ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာအတွင်းရှိ အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံ-KNDF)

အခြေအနေများ ရှုပ်ထွေးနေဆဲ ဖြစ်သဖြင့် ထွက်ပြေးနေသည့် လူဦးရေ အတိအကျနှင့် ထွက်ပြေးကြသူများ မည် သည့်နေရာတွင် စစ်ဘေးရှောင်နေကြသည်ကို အတိအကျ မသိရသေးကြောင်း ယင်းအမျိုးသမီးက ပြောဆိုသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေဆဲ ကာလဖြစ်သဖြင့် ဒီးမော့ဆိုမြို့မှ လူထုများ အခြားကျေး ရွာများသို့ စစ်ဘေးရှောင်ကြရာတွင် ရွာတွင်းသို့ ပေးမဝင်ဘဲ Quarantine ဝင်ခိုင်းခြင်းများ ရှိသဖြင့် ထွက်ပြေးရသည့် အရပ်သားများ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ထူးဖျားရွာဘက်မှာလည်း စစ်သားတွေ အများကြီး ရောက်လာတယ်။ ခြုံငုံသုံးသပ်ရရင် ပိုပြီး ဆိုးလာမယ်လို့ပဲ တွေးထားတယ်။ ဒီးမော့ဆိုမှာ ရှေ့လတွေက ဖြစ်ခဲ့ပြီးပြီ။ အခု နောက်ထပ်ဖြစ်တော့ ကျမတို့အတွက် လုံခြုံတဲ့ နေရာဆိုတာ မရှိဘူး။ မနေ့က NUG က ကြေညာလိုက်တဲ့အပေါ် တချို့က ဝမ်းသာကြတယ်။ ဒီလိုမျိုး ကြုံတွေ့ရတဲ့သူတွေ အတွက်ကတော့ တော်တော်လေး အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်” ဟု ပြောသည်။

စစ်ရေးတင်းမာမှုများမှာ ဒီးမော့ဆိုမြို့နယ်အတွင်း၌သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ လွိုင်ကော်မြို့နယ်နှင့် နယ်မြေ ထိစပ် နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း၌လည်း တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။

ဖယ်ခုံမြို့နယ်အတွင်း ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစ၍ နေ့လယ် ၁၁ နာရီခွဲအထိ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား ထားသည်ဟု ဖယ်ခုံ PDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖယ်ခုံ PDF ၏ ပြောရေးဆိုခွင့်ရှိသူက “စစ်ကောင်စီတွေက လူအင်အား၊ ကားနဲ့ လှည့်ပြီးတော့ ကျမတို့ ဖယ်ခုံမြို့ အတွင်းကို လှည့်နေတယ်။ အဲဒါနဲ့ မြို့ပြင်နားရောက်တော့ (တိုက်ခိုက်မှု) ဖြစ်တာပါ။ NUG က စာထုတ်ထားတော့ ကျမတို့ကလည်း အဆင်သင့် အနေအထားနဲ့ နေနေကြပါတယ်” ဟု ပြောသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် လှုပ်ရှားကာ စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး အတွက် တိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်များသည် NUG နှင့် ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် အခြေ အနေ မကြေညာခင်ကတည်းက စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့များအား တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တပ်များ ဖြစ်သည်။

ကယားပြည်နယ်တွင် ပထမဆုံးတိုက်ပွဲ စဖြစ်သည်မှာ မေ ၂၁ ရက်က ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်တခုဖြစ်သော ဒေါ့ငံခါး ရပ်ကွက်အတွင်း၌ ဖြစ်ပြီး ထို့နောက်ပိုင်းတွင် လွိုင်ကော်၊ ဖယ်ခုံမြို့နယ်များ၌ပါ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်က PDF တပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်ရာတွင် အရပ်သား နေအိမ်များ၊ စစ်ဘေးရှောင် ဒုက္ခသည် များ ခိုလှုံနေသည့် ဘာသာရေး အဆောက်အအုံဖြစ်သော ဘုရားကျောင်းများကိုပါ လက်နက်ကြီး ကျည်များဖြင့် ပစ် ခတ်ခြင်း၊ ဒုက္ခသည်များ၏ ရိက္ခာနှင့်ဆေးဝါးများ၊ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ထားသည်။

ဇူလိုင်၊ သြဂုတ်လများတွင် စစ်ကောင်စီဘက်က တပ်မ ၆၆ နှင့် တပ်မ ၅၅ တို့မှ အင်အား ၁၅၀၀ ကျော်ရှိသည့် တပ်ဖွဲ့ ဝင်များသည် ကယားပြည်နယ်တွင်းသို့ ဝင်ရောက်လာပြီး ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ အပြင် ဘော်လခဲနှင့် ဖရူဆို မြို့ နယ်များအထိပါ တပ်ဖြန့်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဘော်လခဲနှင့် ဖရူဆိုမြို့နယ်တို့၌ အခြေစိုက်သည့် KA သည် စစ်ကောင်စီနှင့် တိုက်ခိုက်မှုများ ရှိလာပြီး သြဂုတ်လအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် KA သည် ကရင်နီလူငယ်တော်လှန်ရေး တပ်များကို ဦးဆောင်ကာ ပူးတွဲတိုက်ခိုက်လျက် ရှိသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ စာရင်းအရ မေလမှ ယခုအချိန်ထိ တိုက်ပွဲများကြောင့် ကယား ပြည်နယ်တွင်း အရပ်သားဦးရေ ၁ သိန်းခွဲခန့် စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။

ကယားပြည်နယ်သည် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ လူဦးရေ ၂၈၀,၀၀၀ ဝန်းကျင်သာ ရှိသည့် ပြည်နယ်တခု ဖြစ်သည်။

You may also like these stories:

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ

ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ

ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ

အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်

Your Thoughts …
Tags: KNDFPDFစစ်ကောင်စီတိုက်ပွဲဒီးမော့ဆို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးများကို တွေ့ရစဉ်  / ဧရာဝတီ

အဂတိမှုဖြင့် တရားစွဲခံထားရသော ရခိုင်ဝန်ကြီးဟောင်း ၅ ဦးအမှု ပထမအကြိမ် ရုံးထုတ်

၂၀၁၈ မတ်လ နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား / ဧရာဝတီ

မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved