• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟွန်ဆန် မြန်မာပြည်လာရန် ပြင်ထား

by ဧရာဝတီ
3 December 2021
in သတင်း
A A
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် / AFP

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် / AFP

6.2k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီလက မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားသူ ဦးဝဏ္ဏမောင်လွင်ကို လာမည့်အပတ်တွင် ကမ္ဘောဒီးယားသို့ ဖိတ်ခေါ်ထားကြောင်းနှင့် သူကိုယ်တိုင်လည်း မြန်မာသို့ သွားရောက်ရန် ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသည်။

ကြာသပတေးနေ့က တောင်ပိုင်းမြို့ကြီးဖြစ်သော ဆီဟာနုဗေးလ်မြို့သစ်တွင် ပြောကြားသည့် မိန့်ခွန်းတခုအတွင်း ထိုအကြောင်းကို ပြောခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံပိုင်မီဒီယာက ဖေါ်ပြသည်။

ဦးဝဏ္ဏမောင်လွင်ကို လာမည့် တနင်္လာ သို့မဟုတ် အင်္ဂါနေ့တွင် ဖိတ်ကြားထားကြောင်း ဟွန်ဆန်က ပြောပြီး မြန်မာပြည် ခရီးစဉ် ဖြစ်မြောက်ရေး ညှိနှိုင်းဖွယ် ရှိသည်။

လာမည့်နှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ၏အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားက မယူမီ ရက်အနည်းငယ်အလိုတွင် ဟွန်ဆန်က ထိုဆုံးဖြတ်ချက်ကို ပြောခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလ အာဏာသိမ်းချိန်နောက်ပိုင်း ASEAN နိုင်ငံများသည် စစ်တပ်က အရပ်သား ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းခြင်းကို ဆန့်ကျင်သည့် အနေဖြင့် မြန်မာစစ်ခေါင်းဆောင်ကို ASEAN ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် မပေးပေ။

မြန်မာစစ်အုပ်စုကလည်း ASEAN ထိပ်သီးဆွေးနွေးပွဲများသို့ မည်သည့်ကိုယ်စားလှယ်မျှ မစေလွှတ်ဘဲ တုံ့ပြန်သောကြောင့် ထိုဆွေးနွေးပွဲများ မြန်မာကိုယ်စားလှယ် မပါရှိပေ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

ကြာသပတေးနေ့ကပြောကြားသည့် မိန့်ခွန်းတွင် ဟွန်ဆန်က ASEAN နှင့် ပတ်သက်သည့် အရေးအကြီးဆုံး အချက်မှာ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ဘုံသဘောတူချက် ရရှိရေးမူဖြစ်ကြောင်းနှင့် အဖွဲ့ဝင် ၁၀ နိုင်ငံလုံးမှ ဘုံသဘောတူညီချက်ရရေးဖြစ်ပြီး ၉ နိုင်ငံတည်းမှ ရရှိရေးမဟုတ်ကြောင်း အလေးထားပြောသည်။

မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် အရှိန်မြှင့် အားထုတ်ခြင်းသည် ASEAN အတွင်း ပုံမှန်အခြေအနေကို ပြန်လည်ထိန်းသိမ်းရန်နှင့် အကျပ်အတည်းကို သက်သာအောင်လုပ်ရာတွင် အထောက်အကူပြုမည်ဟု ဟွန်ဆန်က မျှော်လင့်နေသည်။

ကိုးကား။ ။ NHK

You may also like these stories:

စစ်ကောင်စီကို ဖိအားပေးရန် နည်းမျိုးစုံ သုံးမည်ဟု အမေရိကန် သံတမန် ပြော

မြန်မာဗိုလ်ချုပ်များကို နွေးထွေးလာသော တရုတ်နိုင်ငံ

အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ မတက်ဟု မြန်မာအကြောင်းပြန်

တရုတ်က မြန်မာကို ထိပ်သီးဆွေးနွေးပွဲ ဖိတ်လိုသော်လည်း ASEAN နိုင်ငံများ လက်မခံ

Your Thoughts …
Tags: Aseanကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်မြန်မာပြည်လာရန် ပြင်ထားဦးဝဏ္ဏမောင်လွင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

သက်တမ်း ၅၆ နှစ်ပြည့်  အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ

သက်တမ်း ၅၆ နှစ်ပြည့် အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ

by ဧရာဝတီ
8 August 2023
2k

မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေခြင်းကို အဆုံးသတ်ရန် မြန်မာမှ သက်ဆိုင်သူအားလုံး၏ နိုင်ငံရေးဆန္ဒ လိုအပ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြောကြားလိုက်သည်။

စစ်ကောင်စီက တီမောအပေါ် ရန်လိုစကားဆိုနေ

စစ်ကောင်စီက တီမောအပေါ် ရန်လိုစကားဆိုနေ

by ဧရာဝတီ
5 August 2025
1.7k

တီမောနိုင်ငံ ASEAN သို့ ဝင်ရောက်ရန် နီးကပ်လာချိန်တွင် မြန်မာစစ်ကောင်စီက ထိုကျွန်းနိုင်ငံကို ဆန့်ကျင်သည့် စကားများ အလွန်ပြင်းထန်လာသည်။

Next Post
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ဖနွမ်ပင်မြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက တွေ့ဆုံကြစဉ်  / Samdech Hun Sen, Cambodian Prime Minister  / Facebook

ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ

Covid လှိုင်း ရိုက်ခတ်မှုကြောင့် မပြေမလည် ဖြစ်နေသည့် လူထုမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပို၍ ကြပ်တည်းလာရသည်  / ဧရာဝတီ

ဝင်ငွေနည်း ပြည်သူများ အလူးအလဲခံနေရသည့် အသေးစား ချေးငွေ ဂယက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved