• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဖွဲ့ဝင်များ သဘောထားကွဲသောကြောင့် ယခုနှစ် ပထမဆုံး ASEAN အစည်းအဝေးရွှေ့ဆိုင်းရ

by ဧရာဝတီ
13 January 2022
in သတင်း
A A
ဟွန်ဆန်၏ နေပြည်တော်ခရီးအပေါ် ASEAN အတွင်းသဘောထားကွဲလွဲမှုက လာမည့်အပတ်တွင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းရခြင်းအပေါ် ရောင်ပြန်ဟပ်နေသည် / AFP

ဟွန်ဆန်၏ နေပြည်တော်ခရီးအပေါ် ASEAN အတွင်းသဘောထားကွဲလွဲမှုက လာမည့်အပတ်တွင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းရခြင်းအပေါ် ရောင်ပြန်ဟပ်နေသည် / AFP

14.4k
VIEWS
Share on FacebookShare on Twitter

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်တွင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ပထမဆုံးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ လွန်ခဲ့သောအပတ်က သွားရောက်သော်လည်း ဒီမိုကရေစီခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းမရှိသည့် ခရီးစဉ်အပေါ် အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

အဖွဲ့ဝင် နိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများက ခရီးသွားလာရန် အခက်အခဲရှိသည်ဟု ပြောသောကြောင့် လာမည့်အပတ်အတွင်း ဆီယမ်ရိတွင် ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးများ လူကိုယ်တိုင်တွေ့ဆုံမည့် အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခယူကန်ဟာရစ်ပြောသည်။

“မူလက ဆီယမ်ရိ ခရိုင်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM Retreat) ကို ရွှေ့ဆိုင်းလိုက်သည်” ဟု သူက Facebook ကြေညာချက်တစောင်တွင် ဖေါ်ပြပြီး ထိုအစည်းအဝေးကျင်းပမည့် ရက်စွဲသစ်ကိုလည်း ဖေါ်ပြခြင်းမရှိပေ။

“ASEAN နိုင်ငံခြားရေးဝန်ကြီးအများအပြားသည် အစည်းအဝေးတက်ရောက်ရေး ခရီးသွားလာရန် အခက်အခဲရှိနေကြသည်” ဟုလည်း ရွှေ့ဆိုင်းရခြင်းအကြောင်းရင်းကို သူရှင်းပြသည်။

ထိုသို့ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းကို မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်အဖြစ် တရားဝင်အတည်ပြုခြင်းလည်း နှောင့်နှေးသွားသည်။

ဟွန်ဆန်၏ နေပြည်တော်ခရီးအပေါ် ASEAN အတွင်းသဘောထားကွဲလွဲမှုနှင့် မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဖ်ိတ်ကြားမည့် အလားအလာကြောင့် အချို့ နိုင်ငံခြားရေးဝန်ကြီးများက လာမည့်အပတ်တွင် ကျင်းပမည့် အစည်းအဝေးမတက်ရန် ရွေးချယ်ကြောင်း သုတေသီများပြောသည်။

ခရီးသွားရန် အခက်အခဲရှိကြောင်း ပြောသည့် ASEAN နိုင်ငံများသည် ဆီယမ်ရိ သို့ ၎င်းတို့ မသွားလိုကြောင်းပွင့်ပွင့်လင်းလင်းပြောမည့်အစား ယဉ်ကျေးမှုအရ ယခုကဲ့သို့ ပြောခြင်းဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်မှ ကမ္ဘောဒီးယားအရေး ကျွမ်းကျင်သူ ဆိုဖယ်အီးယား ပြောသည်။

“ဒါက တရားဝင် သပိတ်မှောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဖွဲ့ဝင် နိုင်ငံအချို့က နိုင်ငံခြားရေးဝန်ကြီးတွေက အစည်းအဝေး ဘာကြောင့်မတက်နိုင်ဘူးဆိုတာ အကြောင်း ပြလာတယ်။ ကိုယ့်အတတ် ကိုယ်စူးပြီ။ ကမ္ဘောဒီးယားရဲ့ ကောင်းဘွိုင်သံတမန်ရေး အကျိုးဆက်တွေပေါ့” ဟု ဖီးနစ်မှ Thunderbird School of Management မှ ပါမောက္ခနှင့် တွဲဘက်ကျောင်းအုပ် အီးယား က လွတ်လပ်သော အာရှအသံသို့ ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

“သူများက မလုပ်စေချင်တာကို လုပ်တဲ့အခါ သူတို့က ခင်ဗျားရဲ့ပါတီပွဲကို မလာဘဲ အကြောင်းပြချက်တွေပေးတာပေါ့။ ဘာကြောင့် မလာနိုင်ဘူးဆိုတာ အကြောင်းပြချက် အများကြီးပေးလို့ ရတာပေါ့” ဟုလည်း သူဆက်ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ASEAN ဥက္ကဋ္ဌ တာဝန်ယူခြင်းက ဖရိုဖရဲဖြင့် စတင်ခဲ့ကြောင်း အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ နောက်တဦးဖြစ်သည့် ဟန်းတား မာစတွန်က ပြောသည်။

“မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဥက္ကဋ္ဌက ဖိတ်ကြားတဲ့ ကိစ္စအပေါ်မှာ အဖွဲ့တွင်းသဘောထားကွဲလို့ အကျပ်အတည်းဖြစ်ပုံရတယ်” ဟု သြစတြေးလျ အမျိုးသား တက္ကသိုလ် အာရှပိစိဖိတ် ANU ကောလိပ်မှ ပါရဂူဘွဲ့အတွက် လေ့လာနေသူ မာစတွန်က တွစ်တာတွင်ရေးသားသည်။

ယခုနှစ်အတွက် ASEAN အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသော ကမ္ဘောဒီးယားနိုင်ငံ၏ ခေါင်းဆောင်ဟွန်ဆန်သည် လွန်ခဲ့သောအပတ် မြန်မာနိုင်ငံသို့ မသွားရောက်မီက မြန်မာစစ်ကောင်စီအနေဖြင့် အဖွဲ့၏အစည်းအဝေးများကို ကိုယ်စားပြုစေလိုကြောင်း ပြောခဲ့သည်။

သို့သော် မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အစောပိုင်းက သဘောတူထားသည့် ဒီမိုကရေစီသို့ ပြန်သွားရေး အချက် ၅ ချက်ပါ လမ်းပြမြေပုံကို အကောင်အထည်မဖေါ်ပါက ASEAN အစည်းအဝေးများတွင် မြန်မာနိုင်ငံကို နိုင်ငံရေးမသက်ဆိုင်သူကသာ ကိုယ်စားပြုသင့်ကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒိုက ပြတ်ပြတ်သားသား ပြောသည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖတ်ဒင် အဗ္ဗဒူလာကလည်း ဆီယမ်ယိအစည်းအဝေးကို ဗီဒီယိုမှသာ တက်ရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက BenarNews သို့ တနင်္လာနေ့တွင် ပြောသည်။

အဖွဲ့အစည်း၏ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖေါ်ရန် သူ၏ကတိမတည်သောကြောင့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် ASEAN အစည်းအဝေးသို့ ဖိတ်ကြားခြင်းမခံရသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဟွန်ဆန်က တွေ့ဆုံခဲ့သောကြောင့် ကမ္ဘောဒီးယားသည် အဖွဲ့အစည်းကို ထိခိုက်စေခဲ့ကြောင်း ဝေဖန်သူများပြောသည်။ ထိုအချိန်က ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့က အာဏာသိမ်းခေါင်းဆောင်ကို အဖွဲ့၏ ထ်ိပ်သီး အစည်းအဝေးများသို့ မဖိတ်ရေးကို ထောက်ခံကြသည်။

မြန်မာသို့သွားရောက်ပြီး မင်းအောင်လှိုင်ကို တွေ့ဆုံခြင်းဖြင့် ဟွန်ဆန်သည် မင်းအောင်လှိုင်ကို တရားဝင်စေကြောင်း မြန်မာမှ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကလည်း ဝေဖန်ကြသည်။

ရွေးကောက်ခံ အစိုးရကို လွန်ခဲ့သောနှစ်ဖေဖေါ်ဝါရီလက ဖြုတ်ချသော စစ်ခေါင်းဆောင်က အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် ပါဝင်ပတ်သက်သူအားလုံးနှင့် ASEAN အထူးသံတမန်ကို တွေ့ဆုံခွင့်ပေးရေးအပါအဝင် အခြားအချက်များကိုလည်း သဘောတူထားသည်။ ထိုသဘောတူညီချက်များအနက် မည်သည့်အချက်ကိုမျှ စစ်ကောင်စီက အကောင်အထည်ဖေါ်ခြင်း မရှိပေ။

လွန်ခဲ့သောနှစ်အတွင်း မင်းအောင်လှိုင်သည် ASEAN အထူးသံတမန်ကို ဖမ်းဆီးခံ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် တွေ့ခွင့်ပေးရန် ငြင်းဆန်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီတပ်များက ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ၁၄၀၀ ကျော်ကို သတ်ဖြတ်ထားသည်။ ဟွန်ဆန် မြန်မာနိုင်ငံမှ ပြန်ပြီးနောက်တနေ့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံစွပ်စွဲချက်များဖြင့် နောက်ထပ် ထောင် ၄ နှစ်ချသည်။

ဟွန်ဆန်သည် သူ၏ ကောင်ဘွိုင်သံတမန်ရေးဖြင့် ဒေသတွင်းအဖွဲ့အစည်းကို သွေးကွဲစေခဲ့ပြီး အာဏာရှင်အဖွဲကဝင်များနှင့် လစ်ဘရယ်ဒီမိုကရေစီအဖွဲ့ဝင်များအကြား အဆင်မပြေဖြစ်စေခဲ့သည်ဟု သုတေသီများပြောသည်။

သို့သော် ကမ္ဘောဒီးယားက တက်ကြွစွာ မြန်မာနှင့် ထိတွေ့ဆက်ဆံခြင်းကို ဂျပန်က ကြိုဆိုကြောင်းနှင့် ၂ နိုင်ငံဝန်ကြီးများသည် နီးကပ်စွာ ညှိနှိုင်းရေးအတွက် အမြင်ချင်းဖလှယ်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာက အင်္ဂါနေ့က ကြေညာချက်တစောင်တွင်ပြောသည်။

ASEAN အဖွဲ့ဝင် ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးကလည်း ကမ္ဘောဒီးယား-မြန်မာ ပူးတွဲ သတင်းထုတ်ပြန်ချက်ရလဒ်ကို အခိုင်အမာထောက်ခံကြောင်းပြောကြားပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန် ပရက်ဆိုခွန်း ပြောသည်။

မြန်မာ၏ မဟာမိတ် တရုတ်ကလည်း ဟွန်ဆန်၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့ အကြိုက် တနင်္လာနေ့တွင်ပြောသည်။

“ASEAN အထူးသံတမန် သူ့တာဝန်တွေ သူထမ်းဆောင်နိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးဖို့နဲ့ မြန်မာရဲ့လမ်းပြမြေပုံ ၅ ချက်နဲ့ ASEAN ရဲ့ဘုံသဘောတူညီချက် ၅ ချက်ကို ထိထိရောက်ရောက်ချိန်ညှိရေးလုပ်ဆောင်ဖို့ မြန်မာရဲ့အသင့်ရှိမှုကို တရုတ်နိုင်ငံက အသိအမှတ်ပြုတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝန်ဘင်း က သတင်းထောက်များကိုပြောသည်။

သို့သော် ထိုလမ်းပြမြေပုံနှစ်ခုတွင် တူညီသည့်အချက် တခုမျှမရှိပေ။

ကိုးကား။ ။ RFA, BenarNews

You may also like these stories:

ဟွန်ဆန်၏ မြန်မာ့ခရီးစဉ်အပေါ် ကမ္ဘောဒီးယားအမြင်

ဟွန်ဆန်၏ “ကောင်းဘွိုင်ဒီပလိုမေစီ” အာဆီယံအဖွဲ့ကို ဖျက်ဆီးနေသလား

“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော

Your Thoughts …
Tags: Aseanကမ္ဘောဒီးယားသဘောထားကွဲဟွန်ဆန်အစည်းအဝေးရွှေ့ဆိုင်းရအာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

by ဧရာဝတီ
31 March 2024
16.4k

ဘယ်မြင်းကိုလောင်း ဘယ်သူနှင့် ပေါင်းရမည်ကို သက်ဆင်က ကောင်းကောင်း သိသည်ဟု ဆိုရမည်။

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

Next Post
ကယားပြည်နယ်တွင် လှုပ်ရှားနေသည့် အာဏာသိမ်း စစ်တပ်  /  FBR Karenni

ကယားစစ်ရှောင်များ၏ နေအိမ်များကို အာဏာသိမ်းတပ် ဖောက်ထွင်းခိုးယူ

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်  / ဧရာဝတီ

ဒေါက်တာ ဇော်မြင့်မောင် ထောင်ဆေးရုံ၌ ကင်ဆာဆေး သွင်းနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved