• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့်၌ ရွာမြေများအထိ ကျောက်စိမ်းတူးကြ၍ ပြောင်းရွှေ့ရမည့် အခြေအနေကြုံ

by ဧရာဝတီ
2 August 2022
in သတင်း
A A
၂၀၂၀ ခုနှစ်က တွေ့ရသည့် ဖားကန့်မြို့  / ဧရာဝတီ

၂၀၂၀ ခုနှစ်က တွေ့ရသည့် ဖားကန့်မြို့ / ဧရာဝတီ

13.6k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့် ဒေသတွင် ကုမ္ပဏီများ လုပ်ကွက်ယူ၍ တရားမဝင်ကျောက်စိမ်း တူးဖော်ခြင်းမှာ တနေ့တခြား များပြားလာကာ ရွာမြေများအထိပါ တူးဖော်လာသဖြင့် တချို့မှာ ရွာလုံးကျွတ် ပြောင်းရွှေ့ ရမည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် တနိုင်တပိုင် (လက်ကျင်း) သမားများထက် ကုမ္ပဏီလုပ်ငန်းရှင်များက ပေ ၁၀၀၊ ပေ ၂၀၀ ပတ်လည် လုပ် ကွက်များယူ၍ စက်ယန္တရားကြီးများနှင့် နေ့၊ ည မပြတ် တူးဖော်မှုများကြောင့် ဖားကန့်ဒေသရှိ ကုဋေ၊ မှော်မုံ၊ ဆန်ခါ၊ သာ ယာကုန်း အစရှိသည့် ကျေးရွာများမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်ဒေသခံ တဦးက “အခု လက်ကျင်း ဆိုတာတော့ မရှိတော့ပါဘူး။ ကုမ္ပဏီတွေ ဝင်တူးတာ များတယ်။ အများဆုံး ကတော့ ၁ သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဖြစ်တယ်။ ပြီးရင် ဧရာရတနာတို့ ဘာတို့ပေါ့နော်။ တချို့ကလည်း ကုမ္ပဏီပိုင်ရှင် ၃၊ ၄ ယောက်ပေါင်းပြီး လုပ်ကြတယ်။ စစ်တပ်က စီမံပြီးတော့ လုပ်တာတွေ ရှိတယ်။ ပြီးရင် KIA ကနေပြီး တော့ ဦးဆောင် လုပ်ကိုင်တာတွေ ရှိတယ်။ နှစ်ဖက်စလုံးနဲ့ ပတ်သက်တဲ့သူတွေက တူးဖော်နေတာ ဖြစ်တယ်။ ကိုယ် နှစ်ပေါင်းများစွာ နေလာတဲ့နေရာက မပြောင်းရွှေ့ချင်ပေမယ့် ကျမတို့မှာ ပြောပိုင်ခွင့်မရှိဘူး။ သူတို့(ကုမ္ပဏီ)တွေက ဗဟို ညွှန်ကြားချက်အတိုင်း လုပ်တယ်ဆိုပြီး ပြောတော့ တားပိုင်ခွင့်လည်း မရှိဘူး။ တားတာတို့‌ ပြောတာတို့ ဆိုရင် ကျမတို့ကို ပစ်မှတ်ထားတာတွေ ရှိလာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ကျောက်မျက် တူးဖော်မှုများမှာ လက်ရှိ ရွာမြေများအထိရောက်လာသဖြင့် နှစ်ပေါင်း ၂၀၊ ၃၀၊ ၅၀ အထိ နေထိုင်လာခဲ့ကြ သည့် ကုဋေကျေးရွာမှ ဒေသခံများ ပြောင်းရွှေ့နေရသလို ဆန်ခါနှင့် သာယာ ကုန်းကျေးရွာများရှိ ဒေသခံများမှာလည်း ပြောင်းရွှေ့ရန် ပြင်ဆင်နေရသည့် အခြေအနေ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် စက်တင်ဘာလမှ စတင်ကာ ကျောက်စိမ်း တူးဖော်မှုများမှာ သိသိသာသာ များလာပြီး ယခု ၂၀၂၂ ခုနှစ်တွင် ကျေးရွာများ ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့် အခြေအနေများနှင့် ရင်ဆိုင် နေရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE)က ကချင် ပြည်နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များကို ယခု ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ စ၍ ဆက်လက် တူးဖော်ခွင့်မပြု ကြောင်း နိုင်ငံပိုင် သတင်းစာများမှ တဆင့် ကြေညာထားသည်။

သို့သော် ကုမ္ပဏီ အများစုမှာ မြေပြင်တွင် တူးဖော်မှု ရပ်ဆိုင်းထားခြင်း မရှိဘဲ သက်ဆိုင်ရာ အာဏာရှိသူများနှင့် ပူးပေါင်း ပြီး စက်ယန္တရားကြီးများနှင့် နေ့စဉ် တူးဖော်နေမှုများကို ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံများမှတဆင့် သိရသည်။

သာယာကုန်းကျေးရွာ ဒေသခံတဦးက “ကျနော်တို့က ကချင်လူမျိုး ဖြစ်တယ်။ ကိုယ်ရဲ့ ကချင်ပြည်နယ်မှာမှ မနေရင် ဘယ်မှာ သွားနေရမလဲ။ ပြောပိုင်ခွင့်လည်း မရှိ၊ ရွာက ပျက်စီးလာတော့ မရွှေ့ချင်ပေမယ့်လည်း ရွှေ့ရတော့မှာ။ အခုဆို ရွာ မှာ ဘုရားကျောင်းတောင် မရှိတော့ဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကဆိုရင် ဘုရားကျောင်းအတွက် အသုံးပြုနေတဲ့ မီးစက်ရုံ မီးစက်ကြီး ၂ လုံးနဲ့ ကျန်တာတွေ အားလုံးပြိုကျ ပျက်စီးသွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်စိမ်း တရားမဝင် တူးဖော်မှုများကြောင့် ရွာပျက်စီးလာသဖြင့် ပြောင်းရွှေ့ရမည့် ကုဋေ၊ ဆန်ခါနှင့် သာယာကုန်း ကျေးရွာများတွင် ၁သုံးလုံးကျောက်မျက်တူးဖော်ရေးကုမ္ပဏီက လုပ်ကွက်အများဆုံးဖြစ်ပြီး တခြား ကုမ္ပဏီများလည်း ရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါ သာယာကုန်းကျေးရွာမှာ လူဦးရေ သိန်းနှင့်ချီရှိပြီး အိမ်ထောင်စုပေါင်း ၈၀ နှင့် ၁၀၀ ကြား ရှိကာ အိမ်ခြေပေါင်း ၄၀၀နှင့် ၅၀၀ ကြားရှိကြောင်း၊ ထိုအထဲတွင် ကျူးတဲများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် သာယာကုန်းကျေးရွာသည်၂၀၀၅ ၊ ၂၀၀၆ ခုနှစ်ခန့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကလည်း ၎င်း၏ ဇနီး ဒေါ်ကြိုင်ကြိုင် ပိုင်ဆိုင်သည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက် ဖြစ်သည်ဟုဆိုကာ မိုးတွင်းကာလမှာပင် ရွာလုံး ကျွတ် ပြောင်းရွှေ့ခဲ့ရကြောင်း၊ ယခု အာဏာသိမ်းပြီးနောက်တွင် ထပ်မံ တူးဖော်လာသောကြောင့် ထပ်ပြောင်းရမည် အခြေ အနေ ဖြစ်နေကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

အဆိုပါ တစ်သုံးလုံးကျောက်မျက် တူးဖော်ရေးကုမ္ပဏီသည် ဖားကန့်ဒေသတွင် ၎င်း၏ လုပ်ကွက်များမှာ လက်ညိုးထိုး မလွဲ သည့် အခြေအနေထိရှိပြီး စစ်တပ်ရှိ ဗိုလ်မှူး၊ ဗိုလ်ချုပ်များနှင့် ဆက်နွယ်သည့် ကုမ္ပဏီတခု ဖြစ်သလို ပိုင်ရှင်မှာလည်း “ဝ” လူမျိုး ပိုင်ဆိုင်သည့် ကုမ္ပဏီတခု ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် ဒေသခံများထံက သိရသည်။

ပြည်တွင်း ကျောက်ကုန်သည် တဦးက “ဒီကုမ္ပဏီကတော့ ဖားကန့်မှာ ကျောက်ထွက်တဲ့ နေရာမှန်သမျှ သူ့လုပ်ကွက် ရှိ တယ်။ ပြောမယ်ဆိုရင်တော့ “ဝ” အဖွဲ့အစည်းက လုပ်တာပေါ့။ နာမည် မခံတာလည်း ရှိတယ်။ မှော်ထဲမှာရှိတဲ့ ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းလောက်က သူတို့ အဖွဲ့အစည်းက လုပ်တဲ့ ကုမ္ပဏီတွေ များတယ်။ ဟုန်ပန်း၊ မြန်မာတကောင်း၊ ဧရာရွှေဝါ၊ သစ် ရွက်စိမ်း၊ ရာဇဌာနီ စတဲ့ ကုမ္ပဏီတွေ နာမည်ခွဲ အများကြီးပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဖားကန့် ကျောက်စိမ်းများမှာ စစ်ကိုင်း၊ မန္တလေးနှင့် တခြား ကျောက်ဝိုင်းများကို ဝင်ရောက်ပြီး အကျိုးတူနှင့် ပုဂ္ဂလိက ကုမ္ပဏီများက အရည်အသွေးမြင့်မားသည့် ကျောက်စိမ်းများကို ပြည်တွင်း ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချ ကြကြောင်း ကျောက်ကုန်သည်များထံက သိရသည်။

လက်ရှိ ကျပ်ငွေတန်ဖိုး ကမောက်ကမဖြစ်ခြင်းများကြောင့် တရုတ်ကျောက် ကုန်သည်များမှာ ငွေလွှဲရန် ခက်ခဲပြီး ကျောက်စိမ်း အဓိက ဈေးကွက်ကြီးဖြစ်သည့် မန္တလေးကျောက်မျက် ဈေးကွက်တွင် လုပ်ငန်းရပ်တန့်သည် အထိ ဖြစ်နေသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း သယံဇာတများကို တရားမဝင် တူးဖော်နေသည်မှာ ကျောက်စိမ်းသာမက ရွှေနှင့် မြေရှားသတ္တုများလည်း ရှိနေကြောင်း သိရသည်။

NLD အစိုးရ လက်ထက်တွင် ကုမ္ပဏီအကြီးများကို လိုင်စင် ပိတ်ထားခြင်းကြောင့် ယခင်ကဲ့သို့ ကျောက်မျက်တူးဖော်ရာ တွင် လူရာချီ သေဆုံးခြင်း၊ အလောင်း ရှာမတွေ့ခြင်းများ မဖြစ်တော့သော်လည်း စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်းတွင် တရားမဝင် တူးဖော်မှုများကြောင့် ရက်ခြားလိုက် ကျောက်တူးဖော်ရေး လုပ်သားများ ဆယ်ဂဏန်း ဝန်းကျင်အထိ သေဆုံး မှုများက ရှိနေသေးသည်။

You may also like these stories:

စစ်ခေါင်းဆောင်သားနှင့် ခရိုနီတချို့ပေါင်းပြီး ရုရှားဆီ တင်သွင်းရန် ကြံစည်နေ

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့် စစ်ကောင်စီ ဘာကြောင့် ပိတ်သလဲ

တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ

ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ

Your Thoughts …
Tags: ကျောက်စိမ်းတူးဖော်မှုဖားကန့်ရွာရွှေ့ပြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

by ဧရာဝတီ
11 April 2024
3.4k

ကမ္ဘာ​ကျော် ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်မှ တပ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် ဖားကန့်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

by ဧရာဝတီ
4 June 2024
2.8k

ကျောက်စိမ်းရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်းအဝယ်ဖြစ်မှု အလွန်နည်းကြောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ်များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

by ဧရာဝတီ
24 April 2025
2.7k

ကာမိုင်း-ဖားကန့်လမ်းရှိ အရေးပါသော နန့်ယားစစ်တပ်စခန်းအား KIA ပူးပေါင်းတပ်များမှ ယမန်နှစ် ဧပြီ ၁၁ ရက်က တိုက်ခိုက် သိမ်းပိုက်ကာ ဖားကန့်အဝင်လမ်းအား ဖြတ်တောက်ပိတ်ဆို့ထားပြီး လတ်တလော စစ်ရေးတင်းမာမှုများကြောင့် ယင်းလမ်းကြောင်းအား စစ်တပ်ရော KIA တို့ နှစ်ဖက်...

Next Post
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ ပျူစာထီးများကို ဇူလိုင်လ ၃၀ ရက်နေ့က လက်နက်တပ်ဆင်စဉ်

စစ်ကောင်စီ ရန်လှည့်တိုက်နေသည်

မြင်းမူမြို့

မြင်းမူနယ် လက်ပံကျင်းရွာကို စစ်ကောင်စီဝင်စီး လူ ၁၀၀ ကျော် ဖမ်းထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved