• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပထဝီနိုင်ငံရေး အကွဲအပြဲများ ဘန်ကောက် APEC အစည်းအဝေးကို လွှမ်းမိုး

by ဧရာဝတီ
20 November 2022
in သတင်း
A A
သောကြာနေ့တွင် ဘန်ကောက်မြို့လယ်မှ ၁၀ ကီလိုမီတာ (၆ မိုင်) အကွာ၌ ထိုင်း ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တိုးခဲ့ကြသည် / Surakit Kaewmorakot

သောကြာနေ့တွင် ဘန်ကောက်မြို့လယ်မှ ၁၀ ကီလိုမီတာ (၆ မိုင်) အကွာ၌ ထိုင်း ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တိုးခဲ့ကြသည် / Surakit Kaewmorakot

7.8k
VIEWS
Share on FacebookShare on Twitter

အဖွဲ့ဝင် ၂၁ ဦးပါ APEC အဖွဲ့ခေါင်းဆောင်များသည် ကုန်သွယ်ရေးကို မြှင့်တင်ရန်နှင့် အခြားစီးပွားရေးစိန်ခေါ်မှုများကို ပိုမို ကိုင်တွယ်ဖြေရှင်းရန် ရေး ဘန်ကောက်မြို့တွင် စနေနေ့က ကတိပြုခဲ့ပြီး တပတ်အတွင်း ဒေသတွင်း ထိပ်သီးအစည်းအဝေး သုံးခု၏ နောက်ဆုံးအစည်းအဝေးက ပထဝီနိုင်ငံရေး အကွဲအပြဲများဖြင့် အဆုံးသတ်ခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးများကို ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲများသည် ယူကရိန်းစစ်ပွဲအပြင် ထိုင်ဝမ်ရေလက်ကြားနှင့် ကိုရီးယားကျွန်းဆွယ်များကြောင့် မကြာခဏ အနှောင့်အယှက်ဖြစ်ခဲ့သည်။

တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သော အရှေ့တောင်အာရှ ASEAN ထိပ်သီး ဆွေးနွေးပွဲကို ကမ္ဘောဒီးယားတွင် ကျင်းပခဲ့ပြီး G20 အဓိက စီးပွားရေးအုပ်စု ၂၀ သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တွေ့ဆုံခဲ့သည်။

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) အစည်းအဝေးဖွင့်ပွဲသည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသော ဒုတိယသမ္မတ Kamala Harris က မြောက်ကိုရီယား၏ အမေရိကသို့ပင် ရောက်ရှိနိုင်စွမ်းသော တိုက်ချင်းပစ်ဒုံး စမ်းသပ်ပစ်ခတ်ခဲ့မှုအပေါ် ရှုတ်ချရန် မဟာမိတ်များနှင့် အရေးပေါ် စုဝေး တောင်းဆိုချိန်၌ ပြတ်တောက်သွားခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
80
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
30
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
94

စနေနေ့တွင် ထိုင်းဝန်ကြီးချုပ်နှင့် APEC ဥက္ကဋ္ဌ ပရာယွတ်ချန်အိုချာသည် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်အာရုံစိုက်ရန် ကြိုးပမ်းခဲ့ပြီး အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (FTAAP) အတွက် နှစ်ရှည်လုပ်ငန်းအစီအစဉ်ကို သဘောတူခြင်းဖြင့် APEC သည် “သိသိသာသာ တိုးတက်” ခဲ့ကြောင်း ပြောသည်။

APEC ခေါင်းဆောင်များ၏ ကြေငြာချက်တွင် အဖွဲ့သည် စည်းမျဉ်းအခြေခံသော နိုင်ငံစုံကုန်သွယ်မှုစနစ်အား ခိုင်မာစေရန်နှင့် ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့သော စိန်ခေါ်မှုများကို ဖြေရှင်းရန် ပိုမိုပြင်းထန်သော ကြိုးပမ်းအားထုတ်မှုများကိုလည်း လိုအပ်ကြောင်း အသိအမှတ်ပြုထားသည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်က အိမ်ရှင်အဖြစ် ကြိုဆိုလက်ခံခဲ့သည်/AFP

“ဒီနှစ်မှာတော့ ယူကရိန်းစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ သက်ရောက်မှုရှိနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်” ဟု အဖွဲ့ဝင်အများစုက စစ်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားတွင် ကျင်းပသော G20 အစည်းအဝေးတွင် အဖွဲ့ဝင်အများစုက ယူကရိန်းစစ်ပွဲကို ရှုတ်ချခဲ့ပြီး ပဋိပက္ခကို မတူကွဲပြားစွာ မြင်ကြောင်း အသိအမှတ်ပြုထားသည့် ကြေညာချက်အပေါ် အဖွဲ့ဝင်များက တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်။

APEC ခေါင်းဆောင်များသည် ရုရှား၏ ရန်လိုမှုကို ရှုတ်ချပြီး ယူကရိန်းမှ ခြွင်းချက်မရှိ အပြီးအပြတ် ဆုတ်ခွာရန် တောင်းဆိုသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ကိုးကားကာ G20 ကြေငြာချက်ကို ပဲ့တင်ထပ်ထားသော်လည်း သဘောထား အမျိုးမျိုးကွဲပြားကြောင်းလည်း မှတ်တမ်းတင်ခဲ့ကြသည်။

ရုရှားသည် G20 နှင့် APEC အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း သမ္မတ ဗလာဒီမာပူတင်သည် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်းမရှိပေ။ ပထမ လက်ထောက်ဝန်ကြီးချုပ် Andrei Belousov သည် APEC တွင် သူ့ကို ကိုယ်စားပြုသည်။

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် လာမည့် APEC ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်၍ ဝန်ကြီးချုပ် ပရာယွတ်က ဥက္ကဋ္ဌနေရာကို ဒုတိယသမ္မတ Harris ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

APEC ဖိုရမ်မဖွင့်မီ တနာရီအလို မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုသည် Harris အား သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ကနေဒါနှင့် နယူးဇီလန်တို့မှ ခေါင်းဆောင်များနှင့် အရေးပေါ်အစည်းအဝေး ခေါ်ယူရန် လှုံ့ဆော်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တနင်္လာနေ့က ဘာလီတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက် ဘေဂျင်းသည် မြောက်ကိုးရီးယားအား နျူကလီယားစမ်းသပ်မှုကို ပြန်လည်စတင်ခြင်းကို ဆွေးနွေးရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သော်လည်း တရုတ်နိုင်ငံက ပြုံယမ်းကို နားချနိုင်ခြင်း ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။

အမေရိကန် ဒုသမ္မတနှင့် တရုတ်သမ္မတတို့ တွေ့ဆုံစဉ်/AFP

Harris သည် စနေနေ့က ရှီနှင့် ခဏတာတွေ့ဆုံခဲ့ပြီး အိမ်ဖြူတော်အရာရှိတဦးက “၂ နိုင်ငံအကြား ပြိုင်ဆိုင်မှုတွေကို တာဝန်ယူ စီမံခန့်ခွဲဖို့ ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိန်းသိမ်းထားရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်” ဟု ဆိုသည်။

မကြာသေးမီနှစ်များအတွင်း စူပါပါဝါနိုင်ငံများကြား ဆက်ဆံရေးသည် စည်းကြပ်ခွန်များ၊ ထိုင်ဝမ်၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု၊ ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုတ်ယုတ်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ အငြင်းပွားမှုများကဲ့သို့သော ကိစ္စရပ်များအတွက် တင်းမာလာခဲ့သည်။

ရှီသည် G20 နှင့် APEC ထိပ်သီးအစည်းအဝေးများကို တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအစည်းအဝေးများဖြင့်လည်း အလုပ်များနေခြင်းက တရုတ်၏ COVID-19 အထီးကျန်မှုအပြီး ကမ္ဘာ့သံခင်းတမန်ခင်း၏ အဓိကအဆင့်သို့ ပြန်လည်ရောက်ရှိလာသည့် အမှတ်အသားဖြစ်သည်။

ဘေဂျင်းနှင့် ဝါရှင်တန်ကြား ပြိုင်ဆိုင်မှုများအတွက် အဓိကအာရုံစိုက်သည့် ဒေသတခုတွင် “စစ်အေးတိုက်ပွဲ တင်းမာမှု”များအပေါ် သတိပေးပြီး ရှီက အာရှ-ပစိဖိတ်ဒေသသည် “မည်သူတဦးတစ်ယောက်၏ နောက်ဖေးမဟုတ်”ကြောင်းနှင့် ပါဝါ ပြိုင်ဆိုင်မှုနယ်ပယ် ဖြစ်လာရန် မသင့်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ရန် တည်ထောင်ထားပြီး APEC အဖွဲ့ဝင်များသည် ကမ္ဘာ့လူဦးရေ၏ ၃၈ ရာခိုင်နှုန်း၊ ပြည်တွင်း အသားတင်ထုတ်ကုန်၏ ၆၂ ရာခိုင်နှုန်းနှင့် ကုန်သွယ်မှု ၄၈ ရာခိုင်နှုန်းရှိသည်။

လှုံ့ဆော်သူများသည် စားနပ်ရိက္ခာမလုံခြုံမှု၊ ငွေကြေးဖောင်းပွမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လူ့အခွင့်အရေးကဲ့သို့သော ပြဿနာများကို ခေါင်းဆောင်များက ကိုင်တွယ်ဖြေရှင်းရန် စိတ်အားထက်သန်ကြသည်။

ယင်းသို့ အခြေခံလူတန်းစားများ၏ တောင်းဆိုချက်များဖြင့် သတိပေးချက် ထွက်ပေါ်လာသော သောကြာနေ့တွင် ဘန်ကောက်မြို့လယ်မှ ၁၀ ကီလိုမီတာ (၆ မိုင်) အကွာ၌ ထိုင်း ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တိုးခဲ့ကြပြီး ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်မှုများလည်း ရှိခဲ့သည်။

ကိုးကား။ ။ Reuters သတင်း APEC pledges to boost trade as geopolitical rifts hijack regional summits

You may also like these stories:

ယူကရိန်းတွင် အထိနာပြီးနောက် ထိပ်သီးဆွေးနွေးပွဲများကို ပူတင် မတက်တော့

အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော

နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ

အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်

Your Thoughts …
Tags: APECကမ္ဘာ့ခေါင်းဆောင်များထိုင်ဝမ်ရေလက်ကြားဒေသတွင်း အစည်းအဝေးပထဝီဝင်နိုင်ငံရေး အကွဲအပြဲမြောက်ကိုရီးယားယူကရိန်းစစ်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
10k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

by Kevin Chen
18 January 2025
9.5k

မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

by Jong Min Lee
11 March 2024
7.3k

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22.1k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

by Bertil Lintner
5 September 2023
5.6k

အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

စစ်အာဏာသိမ်းမှု ၃ နှစ်ကြာ ကပ်ဆိုး

by Maung Kavi
2 February 2024
3.4k

တနိုင်ငံလုံးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။

Next Post
ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားသည့် ကားလမ်းပိုင်းပြမြေပုံ

စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား

နှစ် ၂၀ ကြာ ကမ္ဘာ့ဖလား ဘရာဇီးလ် ရသွားနိုင်လား

ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved