• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံ ၅ ခုကို စစ်ကောင်စီ ယာယီ ပိတ်သိမ်း

by ဧရာဝတီ
28 December 2022
in သတင်း
A A
စစ်ကောင်စီက ပိတ်သိမ်းရန် ညွှန်ကြားထားသည့် မန္တလေးမြို့ရှိ နန်းတော် ဆေးရုံ

စစ်ကောင်စီက ပိတ်သိမ်းရန် ညွှန်ကြားထားသည့် မန္တလေးမြို့ရှိ နန်းတော် ဆေးရုံ

8.9k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ရှိ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံများဖြစ်သည့် မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း ဆေးရုံများကို စစ်ကောင်စီက ဒီဇင်ဘာလ ၃၁ ရက်က စတင်ပြီး ယာယီပိတ်ရန် ညွှန်ကြားထားကြောင်း ယင်းဆေးရုံဝန်ထမ်းတချို့နှင့် ကျန်းမာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုသို့ ပိတ်သိမ်းခိုင်းမှုကြောင့် အဆိုပါ ဆေးရုံများမှ လူနာသစ်လက်ခံမှု မရှိတော့ကြောင်း အထက်ပါဆေးရုံများထဲမှ ဆေးရုံတခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတဦးက ဧရာဝတီကို ပြောသည်။

မြို့တော်ဆေးရုံမှ ဝန်ထမ်းတဦးက “ကျမတို့တော့ အခုထိ အလုပ်ကို သွားနေရသေးတယ်ဆိုပေမယ့် ဘာမှ လုပ်စရာ မယ်မယ်ရရ မရှိတော့ဘူး။ အခုက လူနာအသစ်တွေလည်း လက်မခံတော့ဘူး။ လူနာဟောင်းတွေကိုလည်း သူတို့နဲ့ ဆိုင်တဲ့ ဆရာဝန်ကြီးတွေ ထိုင်မယ့်နေရာတွေကို လွှဲပေးနေရတယ်။ အခုထိတော့ HR ကနေ တရားဝင်အသိပေးတာမျိုးတော့ မလုပ်သေးပေမယ့် လူနာအသစ်တွေ ထပ်ပြီး လက်မခံတော့ လိုင်းပေါ်မှာ ပျံ့နေသလိုပဲ အပိတ်ခံရတာ သေချာပါတယ်။ လက်ရှိ တက်နေတဲ့သူတွေကိုလည်း ဆေးရုံချိန်းပေးသင့်တာ ချိန်းပေး၊ ဆင်းပေးသင့်တဲ့လူနာတွေကို ဆင်းပေးတာတွေ လုပ်နေတယ်” ဟု ပြောသည်။

အဆိုပါ ဆေးရုံများ ယာယီပိတ်သိမ်းရခြင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းက နန်းတော်ဆေးရုံတွင် ထိုင်သော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အထူးကု ဆရာဝန်ကြီးတဦးနှင့် မြို့တော်ဆေးရုံမှ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကျန်းမာရေးဝန်ထမ်း၂ ဦးတို့ အဖမ်းခံရခြင်းများနှင့် ဆက်စပ်နိုင်သည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီက ပိတ်သိမ်းရန် ညွှန်ကြားထားသည့် မန္တလေးမြို့ရှိ မြို့တော် ဆေးရုံ

ယင်းသို့ ပိတ်ခံရသည့် ဆေးရုံနှင့် နီးစပ်သည့် CDM ဆရာဝန်တဦးက “ဘာကြောင့်ဆိုတာ သေချာ မသိရပေမယ့် လက်ရှိမှာတော့ ဆေးရုံတွေက ပိတ်သိမ်းဖို့ ပြင်ဆင်နေကြတယ်။ ယာယီ ပိတ်တယ်ဆိုပေမယ့် ဘယ်လောက်အထိ ပိတ်ရမယ်ဆိုတာကိုတော့ မသိရဘူး။ ဒီဇင်ဘာလ ၃၁ ရက်က စပြီး ပိတ်ရမယ်၊ ဆေးရုံ ၅ ခုထဲက နန်းတော်၊ မြို့တော်၊ ကံ့ကော် တို့က နာမည်ကြီးဆေးရုံတွေဆိုတော့ လူနာလည်း များတယ်၊ ဆရာဝန်၊ သူနာပြု၊ အလုပ်သမားအားလုံး ထောင်ဂဏန်းလောက် ထိ ရှိနိုင်တယ်။ သူတို့အားလုံး အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။

နန်းတော်ဆေးရုံတွင် ထိုင်သော CDM ဆီးနှင့်ကျောက်ကပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဝင်းခိုင်နှင့် မြို့တော်ဆေးရုံမှ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်း အမျိုးသမီး ၂ ဦးတို့ကို ဒီဇင်ဘာ၂၄၊ ၂၅ ရက်များတွင် စစ်ကောင် စီတပ်ဖွဲ့ဝင်များက လူနာဟန်ဆောင်ကာ ဆေးရုံသို့ လာရောက်ပြသပြီးမှ သေနတ်ဖြင့် ထောက်၍ ဖမ်းဆီးသွားကြောင်း သိရသည်။

“ဆရာဝန်ကြီးနဲ့ ဓာတ်မှန်ကျွမ်းကျင် အမျိုးသမီး၂ ယောက်ကို PDF ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာလို့ သိရတယ်။ ပိတ်ရမယ့် ဆေးရုံတွေက အခုထိတော့ လူနာသစ် လက်မခံတော့ဘဲ လူနာဟောင်းတွေကိုတော့ ပြနေကျ ဆရာဝန်တွေရှိရင် ဘယ်ဆေးရုံတွေမှာ ပြောင်းထိုင်နေတယ်ဆိုတာမျိုး လမ်းညွှန်ပေးတာတွေ လုပ်ပေးနေသေးတယ်” ဟု CDM ဆရာဝန်တဦးက ဆိုသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28
စစ်ကောင်စီက ပိတ်သိမ်းရန် ညွှန်ကြားထားသည့် မန္တလေးမြို့ရှိ ထက်နေလင်း ဆေးရုံ

မန္တလေးမြို့တွင် အောက်တိုဘာ၊ နိုဝင်ဘာလများကလည်း သားဖွားမီးယပ်အထူးကု အမျိုးသမီး ဆရာဝန်ကြီး ၂ ဦးနှင့် အထူးကု ဆရာဝန်ကြီးများ အပါအဝင် CDM ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ ၃၀ ကျော်ထိ ဖမ်းဆီးခံ ထားရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံထားရသူများအနက် PDF အဖွဲ့များအား ဆေးဝါး ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသော CDM သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဒေါ်ပိုးသန္တာအောင်သည် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် အခြားဆရာဝန်နှင့် သူနာပြုဆရာမ ၄ ဦးနှင့် အတူ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ အောက်တိုဘာလ ၂၉ ရက် ညနေက အဖမ်းခံရခြင်းဖြစ်ပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် မန္တလေးနန်းတွင်း စစ်ကြောရေးစခန်းတွင် သေဆုံးသွားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီက CDM ဆရာဝန်များ၊ သူနာပြုများကို ဆေးရုံ၊ ဆေးခန်းများ၌ အလုပ်ပေးသည်ဆိုသော စွပ်စွဲချက်ဖြင့် ပိုင်ရှင်များကို ဖမ်းဆီးခြင်း၊ ချိပ်ပိတ်ခြင်းများလည်း လုပ်ဆောင်လျက်ရှိသလို CDM ကျန်းမာရေး ဝန်ထမ်းများကိုလည်း ပစ်မှတ်ထား၍ အကြမ်းဖက် ဖမ်းဆီးခြင်းများလည်း ဆက်တိုက် လုပ်ဆောင်နေလျက်ရှိကြောင်း ကျန်းမာရေး အသိုင်း အဝိုင်းက သိရသည်။

You may also like these stories:

မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ

သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးတွင် သေဆုံး

မြန်မာ့နွေဦး တော်လှန်ရေးထဲက အသက်ကယ် လက်များ

မန္တလေးက ပရဟိတ ဆရာဝန် ထောင် ၇နှစ် ထပ်မံချခံရ

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

Your Thoughts …
Tags: CDMကျန်းမာရေးဝန်ထမ်းပုဂ္ဂလိကဆေးရုံမန္တလေးမြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
16.1k

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။

Next Post
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစနှစ်ပြည့် အခမ်းအနားကို မေလ ၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ် (တောင်ငူခရိုင်) တပ်ရင်း အမှတ်(၃၅၀၂)တွင် ပြုလုပ်နေစဉ် / Bago Region PDF

အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ

အီနာဂါ ဗုံးစ ထိမှန်မှုကြောင့် ဒဏ်ရာရသူ အချို့နှင့် မီးရှို့ခံနေရသော ကျေးရွာများအား တွေ့ရစဉ် / CJ

စစ်ကိုင်းရှိ ရွာ ၂ ရွာကို စစ်ကောင်စီ ဒရုန်းဖြင့်တိုက်၊ ၄ဦးဒဏ်ရာရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved