• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲကြောင့် ရွှေပြည်အေး မြို့လုံးကျွတ် ထွက်ပြေး

by ဧရာဝတီ
7 February 2023
in သတင်း
A A
ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ  / HPDF

ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ / HPDF

22.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့တွင် အာဏာသိမ်းစစ်တပ်၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံ သတင်းရင်းများထံမှ စုံစမ်းသိရှိရသည်။

ချင်းတွင်းမြစ်ဘေးရှိ ရွှေပြည်အေးမြို့သည် ရေကြောင်း၊ ကုန်းကြောင်း အရ စီးပွားရေး အချက်အချာကောင်းသော နေရာဖြစ်သလို စစ်တပ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ရှမ်းနီ အမျိုးသားတပ်မတော် (SNA) တို့အတွက်လည်း စစ်ရေးဗျူဟာအရပါ အရေးပါသည့် နေရာဖြစ်နေတာဖြစ်ကြောင်းသိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းမှ ဒေသခံတဦးက “ မြို့ပေါ်မှာ လူတွေကတော့ တယောက်မှကို မရှိတော့တာ။ အများစုကတော့ ဟုမ္မလင်းမြို့ဘက်ကို တိမ်းရှောင်ကြတာ ရှိတယ်။ တချို့ကတော့ တခြားနယ်ဘက်ကို ထွက်ပြေးတာလည်း ရှိတယ်။ စစ်ကောင်စီကတော့ မနက်ဖြန်လောက်ကို မြို့ကို ပြန်လာလို့ ရပြီ။ မိုင်းတွေလည်း ရှင်းထားပြီ ဆိုပြီးတော့ ဌာဆိုင်ဝန်ထမ်းတွေကို ပြန်ခေါ်နေတယ်လို့ ကြားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီက ဌာဆိုင်ရာဝန်ထမ်းများနှင့်မြို့ခံများကို ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ရွှေပြည်အေးမြို့ခံအများစုမှာ လက်ရှိအချိန်အထိ မြို့ပေါ်သို့ မပြန်ရဲကြသလို ဖုန်းလိုင်းများ ဖြတ်တောက်ခံ ထားရသည့်အတွက် မြို့၏ အနေအထားမှာလည်း မည်သို့ ဖြစ်နေသည်ကို မသိရှိရကြောင်း ဟုမ္မမြို့နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98
ရွှေပြည်အေးမြို့ (ဓာတ်ပုံ – Google Earth)

ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( HPDF ) မှ တာဝန်ရှိသူတဦးက “ရွေပြည်အေးမြို့ရဲ့ လက်ရှိအနေအထားကတော့ တိုက်ပွဲ ငြိမ်နေတယ်ပေါ့။ မြို့ကို သိမ်းတဲ့နေ့ကတော့ သူတို့ဘက်က လေယာဉ်တွေ လာပစ်တာရှိတယ်။ မြေပြင်ထိုးစစ်တွေကိုတော့ ကျနော်တို့ဘက်က ဖြတ်တောက် ထားနိုင်ခဲ့တယ်။ လက်ရှိကလည်း စစ်ရေးကတော့ တင်းမာနေတဲ့ အခြေအနေပဲ ရှိသေးတယ်လို့ ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်သလို ကုန်ကြောင်းနှင့်ရေကြောင်းမှလည်း ပျူစောထီးအဖွဲ့ဝင်များ၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့နှင့် ပူးပေါင်းတိုက်ခိုက်သည့်အတွက် မြို့ပေါ်ရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များ နောက်ဆုတ်ပေးလိုက်ရသည့် အခြေအနေရှိကြောင်းလည်း သိရသည်။

ရွှေပြည်အေးမြို့သည် အိမ်ခြေ ၃၀၀ကျော် ၊ လူဦးရေ ၁၀၀၀ နီးပါးရှိကာ ပြီးခဲ့သော ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက မြို့ပေါ် ရဲစခန်းမှာ လုံခြုံရေး အခြေအနေကြောင့် တပ်ရုပ်သိမ်းသွားခဲ့ရသည့်အတွက် မြို့ဝင်လမ်းဆုံများတွင် ပြည်သူ့စစ်က စစ်ဆေးရေးဂိတ် ၃ ခု ဖွင့်လှစ်ပြီး ရေယာဉ်ဆိပ်ကမ်းတွင် စစ်ကောင်စီ တပ်သားများက စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ ချင်းတွင်းမြစ်ကြောင်းတလျောက် သွားလာနေသည့် စက်လှေများအား ဆက်ကြေးများ ကောက်ခံနေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းနီတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)

ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ဟုမ္မလင်းမြို့ နယ်အတွင်းမှ ဒေသခံ ပြည်သူ့ကာကွယ်ပူးပေါင်း တပ်ဖွဲ့က မြို့ဝင်စစ်ဆေးရေးဂိတ်များနှင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ရေယာဉ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်မှုကြောင့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ၎င်းတို့ လက်အောင်ခံ မြို့ပေါ်က ဌာဆိုင်ရာ ဝန်ထမ်းများအား ကယ်ထုတ်ခဲ့သလို ၃ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် လာရောက် တိုက်ခိုက်သည့်အတွက် မြို့ခံများမှာလည်း မြို့နယ်အသီးသီးသို့ ထွက်ပြေး တိမ်းရှောင်သွားကြခြင်း ဖြစ်သည်။

အဆိုပါ ရွှေပြည်အေးမြို့သည် နအဖ လက်ထက်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့သောမြို့ဖြစ်ပြီး ချင်းတွင်းမြစ် အထက်ပိုင်းတွင် ရှိကာ ဟုမ္မလင်းမြို့နယ်နှင့် ရေမိုင် ၂၀ ကျော်ဝေးကွာကြောင်း သိရသည်။

You may also like these stories:

ဟုမ္မလင်းတွင် SNA နှင့် PDF တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား

စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ စစ်ရေး ပူးပေါင်းလှုပ်ရှားနေဟုဆို

စစ်ကောင်စီက ဥရုချောင်းအတွင်း ရွှေမျောလုပ်ကွက်များကို ချပေးနေ

Your Thoughts …
Tags: စစ်ဆေးရေးဂိတ်တိုက်ပွဲမြို့သိမ်းရဟတ်ယာဉ်ရွှေပြည်အေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

Next Post
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် နေပြည်တော်

စစ်ကောင်စီ၏ နောက်ဆုံးခံတပ် နေပြည်တော်

ဝက်လက်မြို့နယ်အတွင်းရှိ မီးရှို့ခံရသည့် ကျေးရွာတချို့  / Wetlet Informational Network

ဝက်လက်နယ်တွင်၂ ပတ်အတွင်း အိမ် ၂ ထောင်ခန့် မီးရှို့ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved