• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“စစ်တပ်က ပထမ ခြေလှမ်း စ ရန်” ဘန်ကီမွန်း တိုက်တွန်း

by ဧရာဝတီ
25 April 2023
in သတင်း
A A
ဧပြီလ ၂၄ ရက် မနက်ပိုင်း ဘန်ကီမွန်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

ဧပြီလ ၂၄ ရက် မနက်ပိုင်း ဘန်ကီမွန်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

10.5k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည်က ပြန်ထွက်ခွာလာအပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းက အကြမ်းဖက်မှုများ ချက်ခြင်းရပ်တံ့ရန်နှင့် “စစ်တပ်က ပထမ ခြေလှမ်း စ ရန်” တောင်းဆိုလိုက်သည်။

မစ္စတာ ဘန်ကီမွန်း ဦးဆောင်သည့်အဖွဲ့သည် ဧပြီလ၂၃ ရက် ညနေပိုင်း၌ နေပြည်တော်သို့ ရုတ်တရက် ရောက်ရှိလာပြီး ပြန်လည် မထွက်ခွာမီ ဧပြီလ ၂၄ ရက် မနက်ပိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ မစ္စတာ ဘန်ကီမွန်းသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း သီးခြား တွေ့ဆုံခဲ့သည်။

မစ္စတာ ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် “မြန်မာနိုင်ငံ၏ နောက်ဆုံးတိုးတက်မှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အပြုသဘောဆောင်သော သဘောထားများဖြင့် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်” ဟု အာဏာသိမ်းစစ်ကောင်စီ သတင်းစာက ဖော်ပြခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတကာတွင် လူလေးစားသော ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ၊ လူသိထင်ရှားသူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့ထားသည့် The Elders အဖွဲ့၏ ဒုဥက္ကဋ္ဌအနေဖြင့် နေပြည်တော်သို့ လာရောက်ပြီးနောက် ကြေညာချက်ထွက်လာခြင်း ဖြစ်သည်။

ဘန်ကီမွန်းသည် “အကြမ်းဖက်မှုများ အဆုံးသတ်၍ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော တရားဝင် ဒီမိုကရက်တစ်အစိုးရတရပ် ထူထောင်နိုင်မည့် လမ်းကြောင်းတခု ရှာဖွေရန်” မြန်မာနိုင်ငံသို့ လာခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင် ဘန်ကီမွန်းက ရေရှည်တည်တံ့သည့် အဖြေတခုရရှိရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အားလုံးပါဝင်နိုင်ရေးကို အလေးပေးပြောကြားခဲ့ကြောင်း The Elders ၏ ကြေညာချက်အရ သိရသည်။

ယင်းအပြင် ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ်သည် စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ “စူးစမ်းလေ့လာမှု”သာဖြစ်ပြီး ၎င်းအနေနှင့် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေး ၊ သာယာဝပြောရေးနှင့် လွတ်လပ်မှုရရှိရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

၎င်းက “အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး မြန်မာစစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်ပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ကျနော်လာခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ဘန်ကီမွန်းက မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဘုံသဘောတူညီချက်ငါးရပ်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တို့အား အရေးတကြီးအကောင်ထည်ဖော်ရေး အလေးပေး ပြောကြားခဲ့ကြောင်း The Elders ၏ ကြေညာချက်တွင် ရေးထားသည်။

၎င်းက မတရားဖမ်းဆီးခံထားရသော အကျဉ်းသားအားလုံးကို မြန်မာစစ်တပ်က ချက်ခြင်းပြန်လွှတ်ပေးရန်အပါအဝင် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် အစုအဖွဲ့အားလုံးမှ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုချက်ကို ထောက်ခံခဲ့ကြောင်း ရေးသည်။

ဘန်ကီမွန်းက လွတ်လပ်ပြီး တရားမျှတမှုရှိသည့် အခြေအနေများ ရှိမှသာ ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ကြောင်းပြောသည်။ ရွေးကောက်ပွဲကျင်းပခြင်းသည် လက်ရှိအခြေအနေရ အကြမ်းဖက်မှုများနှင့် ကွဲပြားမှုများ ပိုဖြစ်စေမည့် စိန်ခေါ်ချက်ရှိနေပြီး ရလဒ်ကိုလည်း မြန်မာပြည်သူများအပါအဝင် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောသည်။

၎င်းက “အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် ကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းက စိုးရိမ်ပူပန်နေရတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ၎င်းတို့ရဲ့ ကတိကဝတ်များအပေါ် စည်းလုံးညီညွတ်မှုနဲ့ သန္နိဋ္ဌာန်ကို ပြသဖို့ လိုအပ်ပါတယ်။ စိတ်ရှည်သည်းခံစိတ်နဲ့ လက်ရှိအကျပ်အတည်းမှ ရှေ့သို့ လမ်းစရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာစစ်တပ်က အရင် ခြေလှမ်း စ လှမ်းရပါမယ်” ဟု ကြေညာချက်တွင် ဆိုထားသည်။

မစ္စတာ ဘန်ကီမွန်းသည် ယခင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူနေစဉ်က မြန်မာနိုင်ငံကို ၂ ကြိမ် လာရောက်ခဲ့သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ်အပြီး၂၀၀၈ ခုနှစ် မေလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အစိုးရကနေ နိုင်ငံတကာ အကူအညီများကို ခွင့်ပြုပေးရန် လာရောက် တောင်းဆိုခဲ့ပြီး၊၂၀၀၉ ခုနှစ် ဇူလိုင်လ၌ ထပ်မံ လာရောက်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း ပြည်ထောင်စု လွှတ်တော်၌ မြန်မာ့နိုင်ငံရေးအပြောင်း အလဲနှင့် ပတ်သက်၍ မိန့်ခွန်းပြောခဲ့ဖူးသလို၊၂၀၁၅ ခုနှစ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးစဉ်ကလည်း ကုလသမဂ္ဂ၏ အသိသက်သေအဖြစ် ပါဝင် လက်မှတ်ထိုးခဲ့သူ ဖြစ်သည်။

ယခုလို ဘန်ကီမွန်း ရုတ်တရက် မြန်မာ့နိုင်ငံရေးမြင်ကွင်းထဲ ရုတ်တရက် ပြန်ပေါ်လာခြင်းသည် အာဆီယံအသင်း၏ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားက နောက်ကွယ်က သံတမန်ရေးအရ တွန်းအားပေးနေပုံ ရသည်။

You may also like these stories:

ရုတ်တရက် ရောက်လာတဲ့ ဘန်ကီမွန်းကို စစ်ခေါင်းဆောင် တွေ့ဆုံ

အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
123
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့

မြန်မာအကျပ်အတည်း လူသားချင်း စာနာကူညီရေးတွင် အာဆီယံ အလုပ်ဖြစ်ဟု အင်ဒိုနီးရှား ပြော

Your Thoughts …
Tags: The Eldersကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမျိုးသားညီညွတ်ရေးအစိုးရအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
ဧပြီ ၁၁ရက် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် မိမိရင်သွေးဆုံးရှုံးခဲ့ရသည့် မိဘများကို တွေ့ရစဉ်

ပဇီကြီးရွာတဝိုက် တပတ်ကြာ စစ်ကြောင်းထိုးမီးရှို့ကာ ဒေသခံများကို ဖမ်းဆီး

ရန်ကုန်မြို့မှ ပြည်သူအချို့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်က တွေ့ရစဉ် / AFP

အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved