• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တော်လှန်ရေး မအောင်လျှင် ကျွန်မျိုးဆက်ရှည်မည်ဟု KA စစ်ဦးစီးချုပ် သတိပေး

by ဧရာဝတီ
17 August 2023
in သတင်း
A A
တော်လှန်ရေး မအောင်လျှင် ကျွန်မျိုးဆက်ရှည်မည်ဟု KA စစ်ဦးစီးချုပ် သတိပေး

ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် /KnIC

2.7k
VIEWS
Share on FacebookShare on Twitter

တော်လှန်ရေးမအောင်မြင်လျှင် သားစဉ်မျိုးဆက် ခုနစ်ဆက်အထိ ကျွန်လိုရုန်းကန်ရနိုင်ကြောင်း ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောကြားသည်။

KA သည် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၏ လက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့်တပ်ဖွဲ့ဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

ဗိုလ်မှူးချုပ် အောင်မြတ်က “တော်လှန်ရေးမအောင်မြင်လျှင် သားစဉ်မျိုးဆက် ခုနစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ဟု အတတ်ပြောရဲပါသည်။ ထို့ကြောင့် ကိုယ်ကျိုးအတ္တစိတ်တွေ ခေတ္တဥပက္ခာပြုပြီး တပ်မှူးများမှ ဦးဆောင် လမ်းပြပေးပါ ရန်နှင့် စည်းလုံးညီညွတ်ကြပါရန် အထူးမှာကြားလိုပါသည်” ဟု ဩဂုတ်လ ၁၇ ရက်တွင် ကျရောက်သည့် KA တည်ထောင်မှု ၇၅ နှစ်ပြည့်အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။

၎င်းက တော်လှန်ရေးတွင် ဗမာလူမျိုးအများစု ပါဝင်လာသဖြင့် တော်လှန်ရေးအင်အားကောင်းပြီး အောင်မြင်ခြင်းသို့ ရောက်မည်ဟု လုံးဝယုံကြည်ကြောင်း၊ KA အပါအဝင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် မြို့နယ်၊ ဒေသ၊ ကာကွယ်ရေးတပ်များအနေဖြင့် လူထုမျက်နှာငဲ့ရန်၊ နိုင်ငံရေး နှင့် ဘာသာရေးအချောင်သမားများကို မယုံကြည်ကြရန်လည်း တိုက်တွန်းသည်။

၎င်းက ဆက်၍ ကရင်နီလူမျိုးများ အောက်ခြေမလွတ်ကြရန် မှာကြားပြီး အခြားနေရာတွင် ဆရာ များနေချိန်၌ ကရင်နီပြည်၌ တပည့်သာ များနေသောကြောင့် ခြားနားမှုရှိကြောင်း၊ ကရင်နီတော်လှန်‌ရေးတပ်များသည် မျိုးချစ်တပ်ဖြစ်ပြီး ကြေးစားတပ်မဟုတ်သဖြင့် ပိုမိုစည်းကမ်းရှိကြရန်လည်း ပြောသည်။

၎င်းက “ဥပဒေကို လေးစားပါ။ အမိန့်နာခံကြပါ။ စည်းကမ်းရှိကြပါ။ လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးကြပါ။ တော်လှန်ရေးဆိုတာ သတ်သင့်သောလူကို သတ်ရမှာပဲ၊ သေသင့်သောလူလည်း သေရမှာပဲ။ တော်လှန်ရေးရဲ့ နိယာမ သဘောတရားဖြစ်သည်။ ထို့ကြောင့် ရန်ငါသိရမည်၊ သို့မှသာ ရန်ငါပြတ်နိုင်မှာ ။ တပ်မှူးများ မတွေဝေပါနှင့်” ဟု ဆိုသည်။

KA ကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် တပ်မှူး ၇ ဦး ၊ ရဲဘော် ၇ ဦးဖြင့် တည်ထောင်ခဲ့ကာ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့သည်။

KA သည် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်တွင် အာဏာသိမ်းမှုဆန့်ကျင်သည့် လူငယ်များကို စစ်ပညာသင်ကြားပေးပြီး KNDF ပေါ်ပေါက်လာရန် အဓိက ပံ့ပိုးကူညီခဲ့သလို KNDF နှင့်အတူ စခန်းသိမ်းတိုက်ပွဲများလည်း ဆင်နွှဲခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ကယားပြည်နယ်( ကရင်နီ)၌ အနည်းဆုံး စစ်စခန်းပေါင်း ၁၄ ခုနှင့် ရဲစခန်း ၅ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီလက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF) ၁၀၀၄ တပ်ရင်းနှင့် ၁၀၀၅ တပ်ရင်းတို့ မယ်စဲ့မြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်စဉ်ကလည်း KA သည် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်များထံမှသိရသည်။

You may also like these stories:

မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

ကရင်နီတပ်မတော် စစ်ဦးစီးချုပ်အပြောင်းအလဲ KNPP အတည်ပြု

Your Thoughts …
Tags: KAKNDFကရင်နီတော်လှန်ရေးနယ်ခြားစောင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

Next Post
ကလေး- ဂန့်ဂေါလမ်းတလျှောက် စိုးမိုးနိုင်ရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ

ကလေး- ဂန့်ဂေါလမ်းတလျှောက် စိုးမိုးနိုင်ရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ

ငြိမ်ခံနေရင် တိုင်းပြည် တိုးတက်မယ်တဲ့လား

ငြိမ်ခံနေရင် တိုင်းပြည် တိုးတက်မယ်တဲ့လား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved