• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရောဂါသည်းချိန် လွတ်ငြိမ်းခွင့်ပေးခြင်းဖြင့် ထောင်တွင်းဖိနှိပ်မှု စစ်တပ်ဖုံးကွယ်

by ဧရာဝတီ
30 October 2024
in သတင်း
A A
ရောဂါသည်းချိန် လွတ်ငြိမ်းခွင့်ပေးခြင်းဖြင့် ထောင်တွင်းဖိနှိပ်မှု စစ်တပ်ဖုံးကွယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆောက်လုပ်ရေးဝန်ကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် (ဧရာဝတီ)

1.5k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေါင်းဆောင်များအား ကျန်းမာရေး အရေးပေါ် အခြေအနေရောက်မှသာ လွတ်ငြိမ်းခွင့်ပေးခြင်းက ထုံးစံဖြစ်လာနေရာ ဒေါက်တာဇော်မြင့်မောင် ပြီးနောက် မန္တလေးဆေးရုံကြီး၌ နှလုံးရောဂါဖြင့် အရေးပေါ် ကုသနေရသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်အား အောက်တိုဘာ ၂၈ ရက်က လွတ်ငြိမ်းခွင့်အမိန့် လာရောက် ဖတ်ပြခဲ့သည်ဟု သိရသည်။

ဦးဝင်းခိုင်သည် NLD အစိုးရလက်ထက် ဆောက်လုပ်ရေးဝန်ကြီးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးတာဝန်ယူခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် အဖမ်းခံရကာ အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် မန္တလေးထောင်တွင် ၂၈နှစ် အကျဉ်းချခံထားရ သူဖြစ်သည်။

၎င်းနှင့်နီးစပ်သူတဦးက “ စစ်တပ်က လွတ်ငြိမ်းလာပေးတယ်လို့ သိရတယ်၊ အခုကတော့ ICU ထဲမှာ ဆေးကုသမှု ခံယူ နေရတယ်။ သူက အိုးဘိုထောင်ထဲမှာ ဒီနှစ်ဆန်းပိုင်းကတည်းက နေမကောင်းလို့ ဆေးကုနေရတာတော့ သိတယ်” ဟု ပြောသည်။

အသက် ၇၃ နှစ်ခန့်ရှိပြီဖြစ်သည့် ဦးဝင်းခိုင်သည် နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လကလည်း ရောဂါ အခြေအနေကြောင့် အကျဉ်းထောင်မှ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့ရသည်။

“ICU ထဲရောက်ပြီး အကြိတ်အနယ် ရုန်းကန်နေရချိန်မျိုးမှာ၊ သေဆုံးနိုင်ဖွယ် အခြေအနေများတဲ့ အချိန်မျိုးမှာ မသေခင် ခုလိုပေးတာ နိုင်ငံရေးအရ အကျိုးအမြတ် တစုံတရာရအောင် ဆောင်ရွက်တာလို့ပဲမြင်ပါတယ်။ သေဆုံးဖို့အခြေအနေက များနေပြီဆိုတော့မှ လွတ်ငြိမ်းခွင့်ပေးတယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး၊ အသိအမှတ်ပြုစရာလည်း မရှိဘူး၊ ကျေးဇူး တင်စရာလည်း မရှိဘူး” ဟု သူက ဆက်ပြောသည်။

NLD ဒု ဥက္ကဋ္ဌ- ၂ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ ဆေးရုံ၌ သတိလစ်မေ့မြောနေချိန် အောက်တိုဘာ ၆ ရက်က လွတ်ငြိမ်းခွင့်ပေးကြောင်း အစိုးရတာဝန်ရှိသူများက လာရောက် ဖတ်ပြပြီး နောက်တနေ့ ကွယ်လွန်ခဲ့သဖြင့် စစ်တပ်လက်အောက် ထောင်များ၌ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့် ဆေးဝါးကုသခွင့် မရှိမှုအပေါ် နိုင်ငံရေးအကျဉ်းသားများအရေး ကူညီလုပ်ဆောင် နေသူများက ဝေဖန်ခဲ့ကြသည်။

ဒေါက်တာဇော်မြင့်မောင်သည် ထောင်တွင်း ကိုဗစ်-၁၉ ရောဂါနှင့် သွေးကင်ဆာရောဂါများခံစားခဲ့ရသော်လည်း လုံလောက် သည့် ဆေးဝါးကုသမှု မရှိသည့်အတွက် ကျန်းမာရေး ပိုမိုဆိုးဝါးလာကာ အရေးပေါ်အခြေအနေဖြစ်သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှသာ စစ်တပ်က ထောင်မှ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသစေခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၆ ရက် လွတ်ငြိမ်းခွင့် ရပြီး နောက်တနေ့ ကွယ်လွန်ခဲ့သည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော် မြင့်မောင် (ဧရာဝတီ)

အလားတူ အသက်အရွယ် ကြီးမြင့်နေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များအား ပုဒ်မအမျိုးမျိုး စွပ်စွဲကာ လုံလောက်သည့် ဆေးဝါးကုသခွင့်မပေးဘဲ နှစ်ရှည်ထောင်သွင်းအကျဉ်းချထားခြင်းသည် နိုင်ငံရေး အငြိုး အတေးဖြင့် ဖိနှိပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

၎င်းက “စစ်တပ် မတရားသဖြင့် ဖမ်းထားချိန်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ၊ ဆေးဝါးတွေ ကုမ ပေးခဲ့ တဲ့ အတွက် ဒီလူတွေ တကယ်သေကောင်ပေါင်းလဲ ဖြစ်ရတာပေါ့။ ဒီလိုမျိုးလွှတ်ပေးလိုက်လို့ သူတို့ရဲ့ အပြစ်ကတော့ လျော့သွားမှာ မဟုတ်ဘူး။ သူတို့သတ်တယ်လို့ပဲ လူတွေက ယုံကြည်မှာဖြစ်ပါတယ်။ ဒီလူတွေကို ထောင်ထဲ ထည့်ထားပြီး တဖြေးဖြေး မျှင်းသတ်တဲ့ပုံစံမျိုးလုပ်နေတာက စစ်တပ်ဘက်က အငြိုးတရားသိပ်ကြီးတယ်လို့ ပြောလို့ရပါ တယ်၊ ဒါက ဥပဒေမဲ့ လူသတ်မှုဖြစ်တယ်” ဟု ပြောသည်။

အလားတူ အာဏာသိမ်းကတည်းက ဖမ်းဆီးခံရသည့် ၇၉ နှစ်အရွယ် NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံထားရစဉ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကာ ထောင်မှ ရန်ကုန်ဆေးရုံကြီး ICU သို့ လွှဲပြောင်းကုသခဲ့သော်လည်း ဇူလိုင် ၂၀ ရက်တွင် ကွယ်လွန်ခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်တွင်း ကိုဗစ်- ၁၉ ကူးစက်ခံရသည့် NLD ပါတီ ဗဟိုကော်မတီ ဦးဉာဏ်ဝင်း

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်ကလည်း ထားဝယ်ထောင်၌ အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၆၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်ဆိုသူမှာ လေဖြတ်ရောဂါဝေဒနာကြောင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုခဲ့သော်လည်း သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ခဲ့သည်။

PPNM ၏ စာရင်းများအရ ယခုနှစ်အတွင်းမှာပင် အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်သဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးရှိပြီဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများထဲမှ အရေးပေါ်လူနာများ ထောင်ပြင်ပဆေးရုံများတွင် ကုသနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးရန်၊ အကျဉ်းသား မိသားစုဝင်များ ပေးပို့သော နိုင်ငံခြားဆေးဝါးများကို အပြည့်အဝ လက်ခံရန်၊ ထောင်တွင်း လုံလောက်သည့် ဆေးဝါးများထားရှိရန်၊ ထောင်အတွင်း ဖျားနာလူနာနှင့် ဒဏ်ရာရလူနာများကို လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်စသော အချက်လေးချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးရန် PPNM က စစ်ကောင်စီအား အောက်တိုဘာလ ၉ ရက်တွင် တောင်းဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံရှိ ထောင်များသို့ သွားရောက်၍ လေ့လာ သုံးသပ် သည့် လုပ်ငန်းစဉ်များ ပြန်လည်လုပ်ခွင့်ပေးရန်နှင့် အကျဉ်းသားများ၏ မိသားစုဝင်များ ထောင်ဝင်စာ သွားရောက် တွေ့ဆုံခွင့် ဆောင်ရွက်ပေးရန် တောင်းဆိုချက်အား စစ်ကောင်စီက လက်ရှိအချိန်ထိ ခွင့်မပြုခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယခုနှစ် အောက်တိုဘာ ၇ ရက်အထိ AAPP က ကောက်ယူထားသော အချက်အလက် များအရ အကျဉ်းထောင်များအတွင်း စစ်တပ်နှင့် ၎င်း၏လက်အောက်ခံများလက်ချက်ကြောင့် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ ၁၀၃ ဦးရှိပြီး ၎င်းတို့အနက် ၆၃ ဦးသည် ဆေးဝါးကုသမှုမလုံလောက်ခြင်းကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

You may also like these stories:

မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
19
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
11
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်နေသည့် အိုးဘိုထောင်

Your Thoughts …
Tags: NLDဒေါက်တာဇော်မြင့်မောင်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးလွတ်ငြိမ်းမိန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
လေယာဥ်တွေနဲ့ပတ်သက်ပြီး ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၅ ခုကို ဗြိတိန် ဒဏ်ခတ် (ရုပ်/သံ)

လေယာဥ်တွေနဲ့ပတ်သက်ပြီး ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၅ ခုကို ဗြိတိန် ဒဏ်ခတ် (ရုပ်/သံ)

မေမေ ထောင်ထဲကွယ်လွန်သွားမှာ ကျနော်အရမ်းစိုးရိမ်တယ် (ရုပ်/သံ)

မေမေ ထောင်ထဲကွယ်လွန်သွားမှာ ကျနော်အရမ်းစိုးရိမ်တယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved