• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းဈေးကွက်ဖွင့်သော်လည်း မြန်မာပြောင်း တွက်ခြေမကိုက်

by ပပ
5 February 2025
in သတင်း
A A
ထိုင်းဈေးကွက်ဖွင့်သော်လည်း မြန်မာပြောင်း တွက်ခြေမကိုက်

ပြောင်း စိုက်ပျိုး ရိတ်သိမ်းပြီးနောက် ဈေးကွက်ပို့ရန် လုပ်ဆောင်နေပုံ/ The Global New Light of Myanmar

463
VIEWS
Share on FacebookShare on Twitter

ထိုင်းသို့ အခွန်လွတ်တင်သည့် ပြောင်းရာသီ ဖေဖေါ်ဝါရီ ၁ ရက်က စပြီဖြစ်သော်လည်း ဈေးအဖွင့် တကီလို ၉ ဘတ် ကျော် (မြန်မာငွေ ၁၃၀၀ကျပ် ဝန်းကျင်)သာ ရှိသဖြင့် ပြည်တွင်းပြောင်းကုန်သည်တို့ တွက်ခြေမကိုက်ဖြစ်နေသည်။

ပြီးခဲ့သည့်နှစ် ပြောင်းရာသီကမူ တကီလို ၁၂ ဘတ်ဖြင့် ဈေးဖွင့်သဖြင့် ရာသီအစကတည်းက ဝယ်အားရောင်းအားကောင်း ခဲ့သော်လည်း ယခုနှစ်ပြောင်းရာသီတွင် အောက်ဈေးဖြင့်သာ ဖွင့်ခဲ့သည့်အတွက် အရောင်းအဝယ်ငြိမ်သက်နေသလို လက်ရှိထိုင်းနိုင်ငံတွင်း ပြောင်းလက်ကျန်ရှိသေးပြီး မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီနှင့် ရှမ်းတောင်မှထွက်သည့် ပြောင်းများကလည်း ဝင်နေ၍ ကုန်သည်အများစုကမူ စောင့်ကြည်နေဆဲဖြစ်သည်။

ယနေ့ ပြည်တွင်း ဘုရင့်နောင်ဈေးကွက်တွင် ပြောင်း တပိသာ ၁၇၀၀ ကျပ်ရှိနေပြီး တောင်ပေါ်ဒေသများ၌ တပိဿာလျှင် ၁၃၀၀ ကျပ်ခန့် ပေါက်ဈေးရှိရာ ရန်ကုန်အရောက် သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစရိတ် ၂၅၀ကျပ်ခန့် ထပ်ဆောင်း ကုန်ကျမည်ဖြစ်သည်။

ယခုလို ထိုင်းသို့ တင်ပို့မည့် ပြောင်းဈေးကျဆင်းနေသော်လည်း ပြည်တွင်းတွင်မူ ပြောင်းစိုက်ချိန်၌ ရေကြီးနစ်မြှုပ်၍ ပျက်စီးခြင်း၊ စိုက်ပျိုးစရိတ် မြင့်တက်ခြင်း၊ ပြည်တွင်းစစ်ကြောင့် စိုက်ပျိုးမှု လျော့ကျခြင်းစသော အခြေအနေ အရပ်ရပ် ကြောင့် ပြောင်းဈေးနှုန်းများ မြင့်တက်နေပြီး တပိဿာလျှင် ၁၇၀၀ကျပ် ( တကီလိုလျှင် ၁၀၆၀ ကျပ် ဝန်းကျင်) ရှိနေသည်။

ရန်ကုန်မြို့ရှိ ပြောင်းကုန်သည်ကြီးတဦးက “လောလောဆယ်တော့ တရုတ်ကလည်း ပြောင်းနဲ့ တခြားကောက်ပဲသီးနှံတွေ လိုချင်တာရှိတယ်။ အိန္ဒိယလည်းရှိပါတယ်။ အရင်လို ထိုင်းတခုထဲ ပြောင်းက အားကိုးရတာတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် ထိုင်းကိုတော့ ပိုရောင်းချင်တာပေါ့။ အိမ်နီးနားချင်းလည်း ဖြစ်တယ်။ သွားရလာရတာလည်းလွယ်တယ်။ ဒါပေမယ့်လည်း ဈေးကိုက်မကိုက်ကတော့ ရှိသေးတယ် ”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ပြောင်းစိုက်ပျိုးစရိတ်မှာ မြေပြန့်တွင် တဧက အတွက် အနည်းဆုံး ကျပ် ၁၅ သိန်းမှ ၁၈ သိန်း ဝန်းကျင်ကုန်ကျ ကာ တောင်ပေါ်ဒေသ၌ တဧက ကျပ် ၉ သိန်း မှ ၁၂ သိန်းခွဲကြားရှိသဖြင့် လက်ရှိ ပြောင်းဈေးတက်သော်လည်း အကျိုးအမြတ် နည်းပါးကြောင်း ပြောင်းစိုက်တောင်သူတဦးကပြောသည်။

ထိုင်းပြည်တွင်း ပြောင်းအထွက်မှာ တနှစ်လျှင် တန်ချိန် ၄ ဒသမ ၉ သန်းခန့်သာရှိပြီး ဈေးကွက်ဝယ်လိုအားမှာ နှစ်စဉ် တန်ချိန် ၈ ဒသမ ၉ သန်းရှိရာ လိုအပ်သည်ကို မြန်မာအပါအဝင် အိမ်နီးနိုင်ငံများမှ ပြောင်းတန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်သွင်းနေရပြီး မြန်မာနိုင်ငံမှ တန်ချိန် ၇ သိန်း၊ လာအိုနိုင်ငံမှ တန်ချိန် ၄ သိန်းနှင့် ကမော္ဘဒီးယားနိုင်ငံမှ တန်ချိန် ၁ သိန်းခန့် တင်သွင်းလျက်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ပြီးခဲ့သည့်နှစ် မတ်လက ဖော်ပြထားသည်။

ထိုင်းမှ ပြောင်းဈေးကွက်ဖွင့်ချိန်တွင် အဓိကအားဖြင့် တောင်ကြီး၊ ရပ်စောက် အစရှိသည့် တောင်ပေါ်ဒေသများမှ ပြောင်း များသာ ရန်ကုန်သို့ ဝင်ရောက်နေပြီး ပုံမှန်အခြေအနေတွင် ကားခ၊ လမ်းကြေး၊ တံတားကြေး၊ ဂိတ်ကြေးများဖြင့် တပိဿာလျှင် ၂၅၀ ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ လမ်းပိတ်လျှင် ယင်းဈေးထက်ပိုပေးရကြောင်း ကုန်သည်များက ပြောသည်။

ပြောင်းတင်ပို့ရန် ပြင်ဆင်နေကြစဉ်/ The Global New Light of Myanmar

အမည်မဖော်လိုသည့် ပြောင်းကုန်သည်တဦးက “ပထမအချက်ကတော့ ထိုင်းက ပေးတဲ့ဈေးမကြိုက်ဘူး ဒီဈေးနဲ့ ထိုင်းကို ပို့လို့ မကိုက်ဘူး၊ မရောင်းဘူးလားဆိုတော့ မဟုတ်ဘူး ထိုင်းကိုသွားတော့သွားနေတယ်။ သင်္ဘောတင် စာချုပ်ရှိတာတွေ သွားနေတယ်။ ဒါပေမယ့် အရင်လို ၁ ရက်နေ့ ဝုန်းဒိုင်းကြဲ နယ်စပ်တွေကလည်း ရောင်း၊ ပင်လယ်ရေကြောင်းကလည်း ရောင်းတာမျိုး သိပ်တော့မရှိဘူး။ ခပ်အေးအေးပဲသွားတယ်။ နှစ်အချက်က ထိုင်းက မီးခိုးဖြူကိစ္စ အဲဒါလေးတွေကိုလည်း ဆောင်ရွက်နေတယ်။ စစ်သံမှူးတွေ တွေ့ဖို့လည်း ရှိတယ်။ အရင်ကဆိုရင် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဟိုဖက်ကမ်း ဒီဖက်ကမ်း ရောင်းကြဝယ်ကြအများကြီးစည်စည်ကားကား လှုပ်လှုပ်ခတ်ခတ်ရှိတယ်။ ဒီနှစ်မှာတော့ ခပ်အေးအေးပဲ ဈေးလည်းမကြိုက်ဘူး။ အဲဒီအတွက်ကြောင့် သိပ်မရောင်းသေးဘူး” လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

လက်ရှိ ထိုင်းဈေးကွက်၏ အခြေအနေကြောင့် ကုန်သည်များအနေဖြင့် ကျန်ကမ္ဘာ့ဈေးကွက်က်ို ထိုးဖောက်ရန် ရှာဖွေ နေပြီးဖိလစ်ပိုင် နိုင်ငံဘက်ကလည်း ပြောင်းဝယ်ယူရန်ကမ်းလှမ်းမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။

မြန်မာပြောင်းကို ထိုင်းနှင့် တရုတ်က အများဆုံးဝယ်ယူပြီး အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်စသည့် နိုင်ငံများသို့လည်း တင်ပို့ကာ တလလျှင် ခန့်မှန်းခြေ မက်ထရစ်တန် ၁ သိန်းနှင့် ၂ သိန်း ကြားတင်ပို့လျက်ရှိသည်။ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပသို့ တန်ချိန် ၁ ဒသမ ၈၈ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၄၇ သန်းတင် ပို့ထားကြောင်း ပြောင်းကုန်သည်များအသင်းမှ သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ယခင်က ကရင်ပြည်နယ် မြဝတီမြို့ တဆင့် တင်ပို့သော်လည်း ယခုအခါ အာရှလမ်းမကြီး ပိတ်ထားသည်မှာ တနှစ်ကျော်လာပြီဖြစ်၍ တနင်္သာရီတိုင်း ကော့သောင်းမှ ရနောင်းသို့ သင်္ဘောများ တင်ပို့နေသလို ရှမ်းတောင်ပိုင်းမှ ပြောင်းများကို တာချီလိတ်- မယ်ဆိုင်လမ်းမှ တဆင်တင်ပို့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
80
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
30
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
94

မြန်မာပြောင်းကို အများဆုံးဝယ်ယူသည့် ထိုင်းနိုင်ငံ CP ကုမ္ပဏီက ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုကြောင့် သစ်တောများကို မီးရှို့ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ မဖြစ်အောင် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ တဆင့်ချင်း စနစ် တကျ မှတ်တမ်းတင်သော Block Chain နည်းစနစ်၊ ဂြိုလ်တုပုံရိပ်ဖော်ခြင်းတို့ကို သုံး၍ လေထုညစ်ညမ်းမှု လျော့ချကာ နိုင်ငံတကာ ကုန်သွယ်ခြင်းများ၌ ယုံကြည်မှုရှိရန် မြန်မာနိုင်ငံ ပြောင်းစက်မှုအသင်း (MCIA)နှင့် လုပ်ဆောင်နေကြောင်း ယမန်နှစ် နိုဝင်ဘာလအတွင်းက ဆိုသည်။

ထိုင်းမြောက်ပိုင်းတခွင် ဆိုးရွားစွာ ခံစားနေရသော မီးခိုးမြူ ပြဿနာကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင်သွင်းခွင့် တားမြစ်ချက်ကို ထိုင်းအစိုးရဖွဲ့က ပြီးခဲ့သည့်နှစ် မတ်လ ၁၉ ရက်က အတည်ပြုထားသည်။

ထိုအအေခြေအနေအရ ယခုနှစ် ပြောင်းအခွန်လွတ် တင်သွင်းမည့် ရာသီတွင် ထိုင်းနိုင်ငံက မြန်မာအပါအဝင် လာအို၊ ကမော္ဘဒီးယား သုံးနိုင်ငံရှိ တာဝန်ရှိသူများကို ယခုလ ၅ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲ ရလာဒ်ထွက်ပေါ်မှသာ ယခုနှစ်ပြောင်းတင်သွင်းမည့် အခြေအနေကို အသေးစိတ်သိရမည်ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

You may also like these stories:

ပို့ကုန်ရငွေအတွက် ပြောင်းဈေးကွက် ပေါ်ပင်ဖြစ်လာ

မှောင်ခိုတင်ပို့သည်ဆိုကာ ပြောင်းကုန်သည်အချို့ ဖမ်းဆီး စစ်ဆေးခံနေရ

တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ

မီးခိုးကြောင့် ပြောင်းတင်သွင်းမှု ပိတ်ရန် ထိုင်းအစိုးရ စီစဉ်

Your Thoughts …
Tags: ထိုင်းပြောင်းဈေးကွက်
ပပ

ပပ

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
13k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved