• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မြဝတီနယ်စပ်မှ ဝင်လာသော ရွှေ့ပြောင်းလုပ်သား အများစုမှာ ပဲခူးတိုင်းသို့ ပြန်ကြ

by အောင်သီဟ
30 March 2020
in သတင်းတို
A A
မတ်လ ၂၅ ရက်က မြဝတီနယ်စပ်မှ နေရပ်သို့ ပြန်ကြမည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သီဟ/ဧရာဝတီ)

မတ်လ ၂၅ ရက်က မြဝတီနယ်စပ်မှ နေရပ်သို့ ပြန်ကြမည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သီဟ/ဧရာဝတီ)

11k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မြဝတီမှ ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများ အများဆုံးမှာ ပဲခူးတိုင်း ဒေသကြီးသို့ ပြန်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ၂၁ ရက်မှ ယနေ့ (မတ် ၃၀) အထိ စာရင်းများ အရ ပဲခူးတိုင်း ဒေသကြီးသို့ ပြန်ကြသော ရွှေ့ပြောင်း လုပ်သား ဦးရေသည် ၆ ထောင် ဝန်းကျင်ရှိပြီး၊ ဒုတိယ အများဆုံးမှာ လူဦးရေ ၅ ထောင်ကျော်ဖြင့် ကရင်ပြည်နယ်သို့ ပြန် ကြကြောင်း ကရင်ပြည်နယ် မြဝတီ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ဧရာဝတီသို့ ပြောသည်။

၎င်းက “ပဲခူးတိုင်းကတော့ အများဆုံးပဲ။ ဒုတိယ အများဆုံးက ကရင်ပြည်နယ်ပါ။ အခုကတော့ ပုံမှန်အတိုင်း ဝင်တဲ့သူ ကလည်း ရှိနေသေးတော့ ပြန်ပို့တဲ့ ကိစ္စတွေလည်း လုပ်နေပါတယ်။ ကရင်ပြည်နယ်ထဲမှာ ရှိမယ့် သူတွေကိုတော့ လေး ကေ့ကော်မှာ နေရာ စီစဉ်ဆောင်ရွက်နေတယ်” ဟု ဆိုသည်။

ပဲခူးတိုင်း ဒေသကြီးတွင် မတ်လ၂၇ ရက်မှ မတ်လ၂၉ ရက်အထိ ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူပေါင်း ၅၈၇၀ အထိ ရှိပြီး နေအိမ် သီးသန့် စောင့်ကြည့်သူပေါင်း(Home Quarantine) အဖြစ် အမျိုးသား ၁၀၁၈ ဦး၊ အမျိုးသမီး ၅၀၇ ဦး၊ အစိုးရက စီစဉ်ထားသော သီးသန့် ခွဲခြား စောင့်ကြည့်သည့် နေရာများ (Facility Quarantine) တွင် အမျိုးသား ၃၁၀၃ ဦး အမျိုးသမီး ၁၂၃၂ ဦးနှင့် Isolation (ဆေးရုံ)တွင် စောင့်ကြည့်နေသူ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးရှိ ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။

မတ်လ ၂၅ ရက်က မြဝတီနယ်စပ်မှ နေရပ်သို့ ပြန်ကြမည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သီဟ/ဧရာဝတီ)

၎င်းတို့ကို မြို့နယ်၂၈ မြို့နယ်ရှိ သတ်မှတ်ထားသော ကျန်းမာရေး စောင့်ရှောက်မှု စခန်းများတွင် စနစ်တကျ ကျန်းမာရေး စောင့်ကြည့်မှုများ ဆောင်ရွက်လျက် ရှိကြောင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။

မြဝတီမှတဆင့် ရွှေ့ပြောင်းလုပ်သားများ ဒုတိယအများဆုံး ပြန်သော တိုင်းနှင့် ပြည်နယ်များမှာ ကရင်ပြည်နယ် အပြင် မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့ ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် တတိယအများဆုံး ပြန်ကြကြောင်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
124
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.4k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
884

မတ်လ ၂၁ ရက်မှ မတ်လ ၃၀ ရက်အထိ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အမှတ်၂ ချစ်ကြည်ရေး တံတားမှတဆင့် မြန်မာ နိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သား ဦးရေသည် သုံးသောင်းခွဲ အထိ ရှိလာပြီ ဖြစ်ကြောင်း သိရ သည်။

ထိုသို့ ပြန်လည် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများကို ကရင်ပြည်နယ် အစိုးရ အပါအဝင် သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များက COVID 19 သံသယရှိ လူနာများမှ အပ ကျန်လူများကို မိမိတို့ နေအိမ်တွင် ၁၄ ရက် သီးသန့် နေထိုင်ရန် ညွှန်ကြားထားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မတ်လ၂၉ ရက် ညက ကြေညာချက်အရ မြန်မာနိုင်ငံတွင် COVID 19 ရောဂါ ပိုးရှိသူ ၁၀ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း၊ ယင်းအနက် ပိုးတွေ့ လူနာတဦးသည် မတ်လ၂၃ ရက်က ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ မြဝတီမြို့မှ တဆင့် ပြန်လည် ဝင်ရောက်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြဝတီ-မဲဆောက် တံတားမှ တဆင့် မတ်လ ၁၉ ရက်မှ မတ် ၂၈ ရက်အထိ တရားဝင် ပြန်လည် ဝင်ရောက်လာသူ စုစု ပေါင်းမှာ ၂၃,၀၀၀ ကျော်ရှိပြီး အဆိုပါ ပြန်လည် ဝင်ရောက်လာသူများသည် မြန်မာနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိနေပြီ ဖြစ်ကာ ပြန်လည် ဝင်ရောက်လာသူများတွင် COVID-19 ရောဂါ ကူးစက်ခံရသူများ ပါဝင်လာနိုင်ခြေ များပြားပြီး ကပ်ရော ဂါကြီး (Big outbreak) အသွင် ဖြစ်ရန် အလားအလာ အလွန်များကြောင်းလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က သတိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်

မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်မှ မြန်မာလုပ်သားများ ပြန်ဝင်ခွင့် မပြုတော့

ပြည်ပက ပြန်လာသူများအတွက် Quarantine ထားမည့် နေရာအလုံအလောက်ရှိဟု ဆို

Your Thoughts …
Tags: COVID-19ထိုင်း- မြန်မာနယ်စပ်ပဲခူးတိုင်းမြဝတီရွှေ့ပြောင်းလုပ်သား
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.8k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
ရန်ကုန်မြို့ ဈေးတဈေးရှိ စားသောက်ကုန် အရောင်းဆိုင် တဆိုင်တွင် ဈေးဝယ်နေသူ တဦး / ထက်ဝေ / ဧရာဝတီ

ကုန်ဈေးနှုန်းက ဘာမှ တက်စရာ မရှိဘူး

ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေစေတီတော် / ထက်ဝေ / ဧရာဝတီ

ရန်ကုန် ဗိုလ်တထောင်နှင့် ဆူးလေစေတီတော်တို့ ယာယီပိတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved