• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့ဒီမိုကရေစီ နောက်ကြောင်းပြန်ရန် မလွယ်ကူ

by Christopher Gunness
14 February 2021
in သူ့အတွေး သူ့အမြင်
A A
ဖေဖော်ဝါရီ ၉ ရက် ရန်ကုန်လှည်းတန်းတွင် ဆန္ဒပြနေကြစဉ် / ဧရာဝတီ

ဖေဖော်ဝါရီ ၉ ရက် ရန်ကုန်လှည်းတန်းတွင် ဆန္ဒပြနေကြစဉ် / ဧရာဝတီ

21.4k
VIEWS
Share on FacebookShare on Twitter

ယခုလ စစ်အာဏာသိမ်းမှုအပြီး နေပြည်တော်တွင် ရဲက ပစ်ခတ်သောကြောင့် ဦးခေါင်းတွင် ထိမှန်ခဲ့သည့် အသက် ၂၀ အရွယ်ကျောင်းသူ မသွဲ့သွဲ့ခိုင် လဲကျသွားသည့် ပုံကြောင့် စာရေးသူ၏ စိတ်တွင် အခြားသော သမိုင်းဝင် သတ်ဖြတ်မှုတခုကို ပြန်လည်မြင်ယောင်မိစေသည်။

၁၉၈၈ ခုနှစ်စက်တင်ဘာလက အသက် ၁၆ နှစ်အရွယ်ကျောင်းသူ မဝင်းမော်ဦးသည် ရန်ကုန်မြို့ရှိလမ်းများတွင် အခြားလက်နက်မဲ့ ဆန္ဒပြသူ ရာပေါင်းများစွာနှင့်အတူ ပစ်သတ်ခံရသည်။ သူ၏ စွန့်လွှတ်အနစ်နာခံမှုသည် ၈၈ လှုပ်ရှားမှု၏ သင်္ကေတ၊ လူက လူကို လူမဆန်မှု၏ သင်္ကေတ ဖြစ်လာခဲ့သည်။

တနည်းတဖုံပြောရမည်ဆိုပါက ၁၉၆၂ မှ စတင်ပြီး သမိုင်းသည် တပတ်လည်နေသည်။ ထိုစဉ်က ဒီမိုကရေစီနည်းကျရွေးချယ်ထားသော အစိုးရကို ဖြုတ်ချခြင်းအား ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသား ဒါဇင်ပေါင်းများစွာကို ဗိုလ်ချုပ်နေဝင်းအောက်မှ စစ်တပ်က သတ်ဖြတ်ခဲ့သည်။

ယခုအခါဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော နိုဝင်ဘာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြိုနိုင်စဉ်ကထက်ပင် လူထုထောက်ခံမှု ပိုမိုရရှိနေသည်။

၁၉၆၂ နှင့် ၁၉၈၈ ခုနှစ်များအတိုင်း ယနေ့ လက်နက်ကိုင်တပ်မတော်၏ ရက်စက်ကြမ်းကြုတ်မှုသည် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ရာတွင် တန်ိုင်ငံလုံးကို ညီညွတ်စေခဲ့သည်။

ယခုအခါဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော နိုဝင်ဘာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြိုနိုင်စဉ်ကထက်ပင် လူထုထောက်ခံမှု ပိုမိုရရှိနေသည်။

၎င်းတို့၏နိုင်ငံကို တည်ထောင်သော ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသူ သန်းနှင့်ချီရှိနေဆဲဖြစ်ပြီး သူ့သမီးဖြစ်သူ၏ စိတ်ဓါတ်ပြတ်သားမှုကို ကျေးဇူးတင်နေသော မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် ၁၉၈၈ ခုနှစ်ကအတိုင်း နိုင်ငံ၏ အစီအစဉ်များအား ဖွင့်ဆိုပြသနေသည်။

တပ်မတော်၏ ဖြိုခွဲမှုများနှင့် ပတ်သက်သည့် နိုင်ငံတကာတုံ့ပြန်မှုသည် ၁၉၈၈ ခုနှစ်ကအတိုင်း မျှော်လင့်ချက် ကင်းမဲ့လောက်အောင် ကွဲပြားနေသည်။ ထိုစဉ်ကအတိုင်း အနောက်နိုင်ငံများ၏ အရေးယူမှုများကို တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်းတို့က အင်အားချိနဲ့စေသည်။ မြန်မာ၏ အိမ်နီးချင်းများသည် တည်ငြိမ်သော ဈေးကွက်ကိုသာ လိုလားကြပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို လိုလားခြင်း မရှိကြပေ။ ထို့အပြင် တရုတ်နိုင်ငံကလည်း ၎င်းတို့၏ ပို့ကုန်များအတွက် အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုလိုနေသည်။

၁၉၈၈ ခုနှစ်ကအတိုင်းပင် တည်ငြိမ်မှုနှင့် ညီညွတ်မှုကို ထူထောင်ရန် အလှမ်းဝေးနေပြီး လက်နက်ကိုင်တပ်၏ လုပ်ရပ်များနှင့် ဘဏ္ဍာရေး မကျွမ်းကျင်မှုကို ပေါင်းစပ်လိုက်သောအခါ ကိုဗစ်-၁၉ ကြောင့် အထိနာပြီးဖြစ်သော စီးပွားရေးကို ဖျက်ဆီးနေသည်။

ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်လိုက်သည့် ၁၉၉၀ ခုနှစ်ကအတိုင်း တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပျက်စီးအောင်လုပ်နေပြီး လုပ်ကြံစွပ်စွဲချက်များဖြင့် ဒေါ်အောင်ဆန်းစုကြည် ထောင်သွင်းအကျဉ်းချခံထားကာ ရွေးကောက်ပွဲများ ကျင်းပနိုင်သည်။ ခေါင်းဆောင်မဲ့သွားသောကြောင့် အင်အားချိနဲ့သွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ ခုနှစ်ကအတိုင်း လာမည့်ရွေးကောက်ပွဲများကို သပိတ်မှောက်ပါစေဟု တပ်မတော်က ဆုတောင်းနေပေလိမ့်မည်။

သို့သော် ယခုတကြိမ်တွင်မူ အခြေအနေများမှာ လွန်စွာကွဲပြားခြားနေသည်။ မြန်မာနိုင်ငံမှ ဂျင်နရေးရှင်း Z မျိုးဆက်နှင့် ၈၈ မျိုးဆက်တို့သည် ကမ္ဘာများစွာဝေးကွာကြသည်။

၁၉၉၀ ခုနှစ်များကအတိုင်း စစ်တပ်သည် ဗဟိုချက်မတွင် အကျပ်အတည်းတွေ့ကြုံနေရသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ပွဲများတွင် ပိုမိုပြေငြိမ်းသည့် သေနင်္ဂဗျူဟာကို ကျင့်သုံးနိုင်သည်။ မကြာခဏဆိုသလို ဝေဟင်မှ မကြာခဏ ဗုံးကြဲချခံနေရသည့် ကချင်ပြည်နယ်ကဲ့သို့သော နေရာများမှ ကျေးရွာများအတွက်မူ ကြိုဆိုရမည့် ခေတ္တအနားရမည့်အချိန်ဖြစ်သည်။

သို့သော် ယခုတကြိမ်တွင်မူ အခြေအနေများမှာ လွန်စွာကွဲပြားခြားနေသည်။ မြန်မာနိုင်ငံမှ ဂျင်နရေးရှင်း Z မျိုးဆက်နှင့် ၈၈ မျိုးဆက်တို့သည် ကမ္ဘာများစွာဝေးကွာကြသည်။

ယခုတကြိမ်တွင် လူမှုကွန်ရက် ကန့်သတ်ချက်များကို ကျော်လွှားရန် သန်းပေါင်းများစွာသော အပလီကေးရှင်းများကို ဒေါင်းလုပ် လုပ်ကြသည်။

ယခုတကြိမ်တွင် မြန်မာလူငယ်များ အထူးသဖြင့် မြို့နေ လူလတ်တန်းစားလူငယ်များသည် ၈၈ မျိုးဆက်များ ၎င်းတို့ခေတ်က မခံစားဖူးသည့် လွတ်လပ်မှုများကို ခံစားမြည်းစမ်းပြီးဖြစ်သည်။ ၎င်းတို့သည် လွတ်လပ်သော ရွေးကောက်ပွဲတခုနှင့် နှိုင်းယှဉ်ချက်အားဖြင့် နိုင်ငံရေးအရ လွတ်လပ်မှုနှင့် ကြွယ်ဝချမ်းသာမှုကို ပိုသိမြင်ပြီးသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အများအပြားသည် နောက်ပြန်လှည့်မည် မဟုတ်ပေ။

အားတက်စရာကောင်းသည်မှာ ထိုလူငယ်များသည် အစိုးရတွင် စစ်တပ်ပါဝင်နေမှုကို အကြီးအကျယ်လျှော့ချသော သို့မဟုတ် အပြီးအပိုင် အဆုံးသတ်သော နိုင်ငံရေးစနစ်သစ်ကို တောင်းဆိုရာတွင်လည်း ကျန်သူများနှင့် တညီတညွတ်တည်းရှိနေခြင်း ဖြစ်သည်။

လက်ရှိအခြေအနေဆိုးမှ မည်သည့် ရလဒ်များ ထွက်ပေါ်လာသည်ဖြစ်စေ မြန်မာပြည်သူများသည် နောက်ပြန်မလှည့်တော့မည့် အမှတ်ကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်က စစ်တပ်သည် ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်သည့်အခါကကဲ့သို့ ဒီမိုကရေစီ နတ်သမီးကို ပုလင်းအတွင်းပြန်လည်သွင်းခြင်းသည် လွယ်ကူတော့မည်မဟုတ်ပေ။ ရက်စက်ကြမ်းကြုတ်မှုသည် ထိုစဉ်က အလုပ်ဖြစ်သော်လည်း ယခုအလုပ်ဖြစ်မည်မဟုတ်ပေ။

လူသိများသွားသော ဆန္ဒပြပွဲဆိုင်းဘုတ်တခုတွင် “အာစင်နယ် ချန်ပီယံလိဂ် နိုင်တဲ့အထိ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မယ်” ဟု ရေးသားထားသည်။ တိုက်ပွဲသည် အမှန်တကယ်ပင် ရှည်ကြာနိုင်ပေသည်။

ယနေ့ဆန္ဒပြသူများသည် ရေရှည်အတွက် ပြင်ဆင်ထားပြီး ဒစ်ဂျစ်တယ် ဆန္ဒပြပွဲများသည် ရှည်ကြာရုံသာမက တစိုက်မတ်မတ်လည်း ရှိသည်။ ထို့အပြင် ထိုလူငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့က မခုခံနိုင်သော လက်နက်များဖြစ်သည့် ဟာသဉာဏ်ကဲ့သို့သော လက်နက်များကို သုံးကြသည်။

လူသိများသွားသော ဆန္ဒပြပွဲဆိုင်းဘုတ်တခုတွင် “အာစင်နယ် ချန်ပီယံလိဂ် နိုင်တဲ့အထိ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မယ်” ဟု ရေးသားထားသည်။ တိုက်ပွဲသည် အမှန်တကယ်ပင် ရှည်ကြာနိုင်ပေသည်။

ဂျင်နရေးရှင်း Z သည် ဖြတ်လတ်ပြီး မိုဘိုင်းဖုန်းများဖြင့် ဆန္ဒပြပွဲများကို စီစဉ်ကြသည်။ ယခုအခါ ထိပ်တိုက်တွေ့သော စည်းမှာ အွန်လိုင်းတွင်ဖြစ်နေသည်။ အမည်မဲ့ အင်တာနက်အုပ်စုခေါင်းဆောင်များကို ဖမ်းစီးရသည်မှာ ခက်ခဲလှသည်။

တပ်အတွက် ပိုမိုဆိုးရွားစေသည်မှာ ဒစ်ဂျစ်တယ်နည်းလမ်းကြောင့် ချက်ခြင်း ပွင့်လင်းမြင်သာမှုကို ဖြစ်စေသည်။ မန္တလေးတွင် အစုအလိုက် အပြုံလိုက်သတ်ဖြတ်သည်ကို လန်ဒန်သို့ တိုက်ရိုက်လွှင့်နိုင်သည်။ စစ်အစိုးရသည် ထိုအချက်ကို ဂရုမစိုက်ဘဲနေနိုင်သော်လည်း ၁၉၈၈ နှင့်မတူသောအချက်မှာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ရိုက်ကူးခြင်းသည် ယခုအခါလောက် မည်သည့်အခါကမျှ မလွယ်ခဲ့ဘူးပေ။

လူမှုအာဏာဖီဆန်ရေးနှင့် စစ်အစိုးရကို စီးပွားရေး အာဏာမဲ့အောင်လုပ်ရာတွင် ထိုကိရိယာများသည် လွန်စွာ အင်အားကောင်းသော်လည်း ထိုထက်မက လုပ်ဆောင်ရန် များစွာလိုနေသေးသည်။ ဤနေရာတွင် ပြင်ပကမ္ဘာက အခန်းကဏ္ဍတခုမှ ပါဝင်ရမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝန်း၏ နည်းလမ်းဟောင်းများကို စွန့်ပယ်ရမည်ဖြစ်သည်။ အစိုးရများအနေဖြင့် စစ်ဖက်-အရပ်ဖက်ဆက်ဆံရေး၊ ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီကိုသာ အာရုံစိုက်မနေသင့်ပေ။ ထိုကိစ္စများနှင့် ပတ်သက်လျှင် အခြေအနေ ဆိုးရွားသွားစေသည်မှ အပ မြန်မာနိုင်ငံအပေါ် ပြင်ပကမ္ဘာက သြဇာသက်ရောက်မှု မရှိကြောင်း သမ်ိုင်းက ပြသခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်အလွန်အကျွံ အာရုံစိုက်နေခြင်းသည်လည်း သူ့အကန့်အသတ်နှင့်သူ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်က အဖိနှိပ်ခံပြည်သူများ၏ ကျောပေါ်မှ အာဏာရလာခြင်းဖြစ်သော်လည်း အာဏာရလာသောအခါ ဖိနှိပ်မှုများကို ထုတ်ဖေါ်ပြောဆိုရန် ပျက်ကွက်သည်။ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်ချိန်တွင် ပြောဆိုရန် ပျက်ကွက်သည်။

Quote – မည်သည့် အနာဂတ် နိုင်ငံရေးလုပ်ပိုင်ခွင့်တွင်မဆို ဒေါ်အောင်ဆန်းစုကြည် အရေးပါသကဲ့သို့ မြန်မာနိုင်ငံတွင် လေးစားပျိုးထောင်ရမည့် ဂုဏ်သိက္ခာနှင့် ကံကြမ္မာ တဦးစီတိုင်းတွင် ရှိနေသူ ၅၅ သန်းရှိနေသည်။

ဆင်းရဲနွမ်းပါးမှုနှင့် စီးပွားရေး အခွင့်အရေးများကို အာရုံစိုက်ရမည်။ လွန်ခဲ့သော နှစ်ကုန်က မြန်မာနိုင်ငံတွင် ဝင်ငွေ တနေ့ ၂ ဒေါ်လာအောက် (၂၈၂၀ကျပ်) အောက်သာရသူ ၆၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံတကာတွင် သိက္ခာကျစရာဖြစ်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

သံတမန်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ပတ်သက်မှုတိုင်းတွင် လူမှုတရားမျှတမှုသည် ဦးတည်ချက် ဖြစ်ရမည်။ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများ ငြိမ်းချမ်းရေးဆုံးရှုံးနေသည်မှာ ကြာပြီဖြစ်သော နယ်ပယ်များတွင် ထိုဦးတည်ချက်သည် အရေးကြီးသည်။

ထိုသို့သော အခြေခံအားဖြင့် မြန်မာနိုင်ငံသည် ရာစုနှစ်တဝက်ကျော် အပျက်သံသရာတွင် ပိတ်မိနေမည့်အစား နိုင်ငံရေးလမ်းကြောင်းသစ်တခု၏ အုတ်မြစ်ကို စတင်တည်ဆောက်နိုင်မည်ဖြစ်သည်။

(Chris Gunness သည် ဘီဘီစီသတင်းဌာနတွင် ၂၃ နှစ်လုပ်ကိုင်ခဲ့ပြီး ၈၈၈၈ အရေးတော်ပုံကို သတင်းယူခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အရှေ့အလယ်ပိုင်းသို့ပြောင်းပြိး ကုလသမဂ္ဂ၏ ဆက်သွယ်ရေး ဒါရိုက်တာအဖြစ် ၁၅ နှစ် လုပ်ကိုင်သည်။ ယခုအခါ သူသည် လန်ဒန်တွင် ပေါ့ပ်ကက်စ် ထုတ်လွှင့်သူအဖြစ် လုပ်ကိုင်သည်။)

You may also like these stories:

ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီအပါ ၇ ဦး ဖမ်းဝရမ်းထုတ်ထားကြောင်း တပ်ကကြေညာ

အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး

လူရမ်းကား တယောက်ကနေမှ နိုင်ငံသားတယောက်ကို လူသတ်မှု ကျူးလွန်လိုက်တာ

Your Thoughts …
Tags: ၈၈ လှုပ်ရှားမှုစစ်အာဏာသိမ်းမှုမသွဲ့သွဲ့ခိုင်မြန်မာ့ဒီမိုကရေစီ
Christopher Gunness

Christopher Gunness

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ယမန်နေ့ညက ဖမ်းမိသည့် ရဲတပ်ဖွဲ့ဝင်များ နှင့် အတူ တွေ့ရသည့် ဆေးခြောက်နှင့် သက်သေခံပစ္စည်း အချို့

မှော်ဘီမှာ ညဘက်ဖမ်းမိတဲ့ ရဲနှင့် အရပ်သားကို ပုဒ်မ ၂ ခုနှင့် အရေးယူ

နေပြည်တော် က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ  / ဧရာဝတီ

စစ်ကောင်စီက လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ဥပဒေမဲ့ ချိုးဖောက်လာဖွယ်ရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved