• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

နှလုံးရည် လက်ရုံးရည် နိမ့်ပါးလွန်းသော မြန်မာစစ်ခေါင်းဆောင်များ

by ဗညားအောင်
19 April 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၁ ခုနှစ် မတ်လ ရန်ကုန်မြို့တနေရာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦး / AFP

၂၀၂၁ ခုနှစ် မတ်လ ရန်ကုန်မြို့တနေရာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦး / AFP

21.6k
VIEWS
Share on FacebookShare on Twitter

မြန်မာတို့၏ အစဉ်အလာအရ တိုင်းပြည်အုပ်ချုပ်သူ အစိုးရမင်းများနှင့် ပတ်သက်၍ နှလုံးရည်၊ လက်ရုံးရည် ပြည့်စုံရန်လိုအပ်သည်ဟု ဆိုလေ့ရှိကြ၏။ မြန်မာ့သမိုင်းတလျှောက် နှလုံးရည်၊ လက်ရုံးရည် ပြည့်စုံသော ဘုရင်များအား မင်းကောင်းမင်းမြတ်ဟု ဆိုလေ့ရှိကြသည်။ နှလုံးရည်၊ လက်ရုံးရည်ဆိုသည်မှာ အုပ်ချုပ်သူ အစိုးရမင်းများနှင့် ပတ်သက်၍ မြန်မာတို့၏ အစဉ်အလာ စံပေတံဟု ဆိုရပါမည်။

ယခုခေတ်ကာလတွင် နိုင်ငံရေး၊ စစ်ရေးဟု သုံးကြမည်ဖြစ်၏။ မြန်မာတို့၏ အစဉ်အလာ စံပေတံဖြစ်သော နှလုံးရည်၊ လက်ရုံးရည် အရည်အသွေးဖြင့် လက်ရှိ မြန်မာနိုင်ငံ အစိုးရအာဏာကို ထိမ်းချုပ်မင်းလုပ်နေသော ဒီဖက်တို အစိုးရဟု ခေါ်ဆိုရမည့် နစက (ခေါ်) စကစ (ခေါ်) မြန်မာစစ်ခေါင်းဆောင်များကို တိုင်းထွာကြည့်ပါက အောက်ပါအတိုင်း တွေ့ရပေ၏။

၂၀၂၁ ဖေဖဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်လာသောအခါ ၎င်းတို့တွင် ထိုင်း၊ ဟောင်ကောင်တို့မှ ဆန္ဒပြပွဲများကို ဖြိုခွဲသည့် အတွေ့အကြုံရှိသည်ဟု စစ်ကောင်စီ ခေါင်းဆောင်ပိုင်းက ကြွားလုံးထုတ်ခဲ့သေးသည်။ သို့သော် အစောပိုင်း ဖေဖော်ဝါရီလအတွင်း အချိန်ဆွဲပြီး ဆန္ဒပြသူများကို ရင်ဆိုင်နေခြင်းသည် တကယ်တမ်း သူ၏ လုံခြုံရေးတပ်ဖွဲ့များအား စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းဖြစ်သည်။ တချက်က ဆန္ဒပြသူများသည် တိုင်းပြည်တည်ငြိမ်ရေးကို ဖျက်ဆီးနေသူများအဖြစ် လက်ညှိုးထိုး ပုံဖေါ်ရန်ဖြစ်သည်။ နောက်တချက်မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြသူများနှင့် ရင်ဆိုင်ရ၍ ပင်ပမ်းနေသော လုံခြုံရေးတပ်ဖွဲ့များအား ဒေါသပေါက်ကွဲထွက်ရန် နှိုးဆွပေးသည့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုစတင်ကတည်းက နှလုံးရည်နိမ့်ကျသည်ကို ဖော်ပြနေသည်။

ထိုကာလတွင်လည်း စစ်ကောင်စီသည် ဆန္ဒပြပွဲကို ခေါင်းဆောင်သူများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု တကြိမ်တခါမှ မပြုလုပ်ခဲ့ပေ။ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန်လည်း ဆန္ဒရှိကြပုံမရပေ။ သို့ဖြစ်ရာ စစ်ကောင်စီသည် အာဏာသိမ်းမှုစတင်ကတည်းက နှလုံးရည်နိမ့်ကျသည်ကို ဖော်ပြနေသည်။

ဆန္ဒပြပွဲ အစောပိုင်းကာလက ရေကားများ၊ မျက်ရေယိုဗုံးများဖြင့် ဟန်ရေးပြခဲ့သော စစ်ကောင်စီသည် တကယ်တမ်း ဆန္ဒပြပွဲများကို ဖြိုခွဲသည့် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အင်အားသုံး ပစ်ခတ်မှုများဖြင့် ဆန္ဒပြပွဲကို ဖြိုခွဲခဲ့၏။ ဆန္ဒပြပွဲများကို ရဲအင်အားနှင့်သာမက၊ စစ်တပ်အင်အားပါ အသုံးပြုဖြိုခွဲခဲ့သည်ကို တွေ့ရသည်။ ဆန္ဒပြသူများကို ကျည်အစစ်ဖြင့် ဖြိုခွဲခဲ့ရာ သေဆုံးဒဏ်ရာရသူ ရာချီခဲ့သည်။

ထို့အပြင် ၂၀၂၁ ခုနှစ် မတ်လ၊ ဧပြီလများအထိ ရန်ကုန်မြို့၏ မြို့နယ်တိုင်းလိုလိုတွင် စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲအင်အားများသည် လမ်းကြိုလမ်းကြားမကျန် ဝင်ရောက်ပစ်ခတ်သည့်အပြင် “သေရဲတဲ့ကောင်ထွက်ခဲ့” ဟုအော်ဟစ်ခြင်း၊ မအေ၊ နှမနှင့်ကိုင်၍ ဆဲရေးတိုင်းထွာမှုများ ပြုလုပ်ခြင်း၊ လမ်းမ‌ဘေးတွင်ရပ်ထားသော ကားများကို အကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးခြင်း စသည့် ရိုင်းစိုင်းကြမ်းကြုတ်သည့် လုပ်ရပ်များကို ပြုလုပ်ခဲ့ကြ၏။

ဤသို့ ပြုလုပ်ခဲ့မှုများသည် တနေရာ၊ နှစ်နေရာခန့်တွင်သာ ဖြစ်ပွားပါက အောက်ခြေတပ်ဖွဲ့တခုတလေ၏ ပြဿနာဟု ရှုမြင်နိုင်သော်လည်း ရန်ကုန်ရှိ မြို့နယ်တိုင်းလိုလိုတွင် ဤသို့ပြုမူသည်ကို တွေ့ရရာ ဤသို့ပြုမူခြင်းသည် စစ်ကောင်စီ၏ ပေါ်လစီ ဖြစ်သည်ဟု ဆိုရမည်။

မြန်မာပြည်၌ ၂၀၂၁ နွေဦးတော်လှန်ရေးလှုပ်ရှားမှု ကာလမတိုင်မီ ဟောင်ကောင်နှင့် ထိုင်းတို့တွင် လူထု ဆန္ဒပြပွဲများ အရှိန်အဟုန်မြင့်စွာ ဖြစ်ပေါ်ခဲ့သည်။ ထိုနိုင်ငံများတွင်လည်း လူထုလှုပ်ရှားမှုများကို အဓိကရုဏ်းနှိမ်နင်းရေး လုံခြုံ‌ရေးတပ်ဖွဲ့များအသုံးပြုပြီး နှိမ်နင်းမှုများ ပြုလုပ်သည်သာ ဖြစ်သည်။ သို့သော် မြန်မာပြည်ကဲ့သို့ လူအသေအပျောက်မရှိသကဲ့သို့ ကြမ်းကြုတ်ရက်စက်ခြင်းလည်း မတွေ့ရပေ။ ထို့အပြင် ဆန္ဒပြသူများနှင့်လည်း လိုအပ်သလို ညှိနှိုင်းမှုများ ပြုသည်ကို တွေ့ရ၏။

မြန်မာပြည် ဆန္ဒပြပွဲ နောက်ပိုင်း ကာလများတွင် ဆန္ဒပြသူများအား ကားဖြင့်ဝင်ရောက်တိုက်ပြီး ဖြိုခွဲသည်ကို အကြိမ်ကြိမ်တွေ့ရသကဲ့သို့ ဆန္ဒပြ ပိုစတာတက်ချိတ်သူကိုပင် အဝေးမှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသည်များ တွေ့ရ ၏။ ဤအချက်သည် စစ်ကောင်စီ၏ နှလုံးရည်နိမ့်ကျသည့်အချက်ကို ဖော်ညွှန်းပါသည်။

တခြားသောနိုင်ငံများတွင်မဆိုထားနှင့် ယခင်စစ်တပ်အာဏာသိမ်းမှု နှစ်ကြိမ်တွင် မတွေ့ရသည့် ရက်စက်ကြမ်းကြုတ်မှုကို ယခု အာဏာသိမ်းမှုတွင် တွေ့ရသည်

တခြားသောနိုင်ငံများတွင် မဆိုထားနှင့် ယခင်စစ်တပ်အာဏာသိမ်းမှု နှစ်ကြိမ်တွင် မတွေ့ရသည့် ရက်စက်ကြမ်းကြုတ်မှုကို ယခု အာဏာသိမ်းမှုတွင် တွေ့ရသည်များလည်းရှိ၏။ ပထမအချက်မှာ ဖမ်းဆီးလိုသူကို မမိပါက ထိုသူ၏ မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ ထိုသူ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ် သိမ်းဆည်းခြင်းဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်ရပ်များကို ရာနှင့်ချီ၍ တနိုင်ငံလုံးတွင် တွေ့ရ၏။

မိသားစုဝင်များကို ဖမ်းဆီးရာတွင် မူကြိုတက်နေသည့် ကလေးအရွယ်ကိုပင် မူကြိုကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးသည့် အော့နှလုံးနာစရာ ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်။ နောက်တချက်မှာ ဖမ်းဆီးရမိသူများအား အလွန်အကျွံနှိပ် စက်ညှဉ်းပမ်းစစ်ဆေးခြင်း ဖြစ်သည်။

ယခင် စစ်တပ်အာဏာသိမ်းမှု နှစ်ကြိမ်အတွင်း ဖမ်းဆီရမိသူများအား ရိုက်နှက်စစ်ဆေး၍ သေဆုံးမှုများ၊ အလောင်းဖျောက်မှုများ ရှိခဲ့သော်လည်း အရေအတွက်လွန်စွာ နည်းပါးသည်ဟု ဆိုနိုင်သည်။ ယခုတကြိမ် အာဏာသိမ်းမှုတွင် ယနေ့ဖမ်း၊ နောက်နေ့ အလောင်းလာ‌ယူခိုင်းခြင်း၊ သို့မဟုတ် အလောင်းပင် ပြန်မရခြင်းတို့သည် တနိုင်ငံလုံးအနှံ့ လူဦးရေ ရာနှင့်ချီ၍ရှိသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ဤဖြစ်ရပ်များသည် အောက်ခြေတပ်ဖွဲ့တခု၏ လက်လွန်ခြေလွန်လုပ်ရပ်ဟု ဖော်ညွှန်း၍မရဘဲ၊ စစ်ကောင်စီ၏ ပေါ်လစီဖြစ်သည်ဟု ရှင်းလင်းစွာမြင်တွေ့ရ၏။

ထို့အပြင် ထိုသို့ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ချီးမြှောက်၍ စွမ်းရည်ဘွဲ့များပင် ပေးသည်ကို တွေ့မြင်နေရရာ ဤအချက်များသည် မြန်မာစစ်ကောင်စီ၏ နှလုံးရည်နိမ့်ပါးသည် သို့မဟုတ် ညံ့ဖျင်းသည်ကို ဖော်ပြနေသည်။

ဤအကြိမ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် “ပါဝါအပျော့” ဟု ဆိုကြသည့် အနုနည်းဖြင့် ဆန္ဒပြသည်များကိုလည်း တွေ့ရသည်။ ၎င်းတို့မှာ CDM လှုပ်ရှားမှု၊ သံပုံးတီးခြင်း၊ စစ်အစိုးရအခွန်အခ မရရှိစေရန် မီတာမဆောင်ခြင်း၊ ထီမထိုးခြင်း၊ စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ခြင်းနှင့် အသံတိတ်သပိတ်တို့ ဖြစ်၏။ ၂၀၂၁ နွေဦးတော်လှန်ရေး၏ ထူးခြားချက်လည်းဖြစ်သည်။

ပါဝါအပျော့ (ဝါ) အနုနည်းဖြင့် ဆန္ဒပြခြင်းသည် လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်း၊ လက်နက်ကိုင် ခုခံတိုက်ခိုက်ခြင်းတို့နှင့် များစွာခြား၏။ သို့သော်လည်း ပါဝါအပျော့ကို တုန့်ပြန်သည့် စစ်ကောင်စီ၏ နှလုံးရည်သည် များစွာ နိမ့်ပါးသည်ကို တွေ့ရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
192
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
666

CDM ဝန်ထမ်းများကို သင့်တော်သည့် နိုင်ငံရေးနည်းလမ်းများဖြင့် ဆွေးနွေး စည်းရုံး သိမ်းသွင်းခြင်းမပြု။ အကြမ်းနည်းဖြင့်သာ ခြိမ်းခြောက်နေသည်ကို တွေ့ရ၏။ ထို့အပြင် CDM ဝန်ထမ်းများ၊ ပညာရှင်များအား ပြည်တွင်း၌လည်း ပြင်ပအလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်သည့်အပြင် ပြည်ပသို့ ထွက်ခွာခွင့်ပါ ပိတ်ပင်ထားသည်ကို တွေ့ရ၏။ စစ်ကောင်စီသည် CDM ဝန်ထမ်းများအား စီးပွားပျက်၊ ဘဝပျက်အောင် တွန်းပို့လုပ်ဆောင်နေသည်ကို တွေ့ရသည်။

အလားတူပင် အသံတိတ်သပိတ်ဖြင့် ဆန့်ကျင်ဆန္ဒပြသူများအားလည်း ကြမ်းတမ်းစွာပင်တုန့်ပြန်၏။ တချို့ဆိုင်များအား ပိတ်ပင်၍ ချိတ်ပိတ်သိမ်းဆည်းသည်ကို တွေ့ရသည်။ အလားတူပင် သံပုံးတီးသပိတ်၊ မီတာ မဆောင်သည့် လှုပ်ရှားမှုများကိုလည်း အကြမ်းနည်းများဖြင့် တုန့်ပြန်နှိပ်ကွပ်သည်ကို တွေ့ရသည်။

ချုပ်၍ဆိုရသော် ပါဝါအပျော့ (ဝါ) အနုနည်းဖြင့် ဆန္ဒပြသည်ကို ပါဝါအပျော့ဖြင့် တုန့်ပြန်နိုင်စွမ်းမရှိပေ။ ပါဝါအမာ (ဝါ) အကြမ်းနည်းဖြင့်သာ တုန့်ပြန်သည်။ ရက်စက်ကြမ်းတမ်းစွာ တုန့်ပြန်သည်ကိုသာ တွေ့ရ၏။ သို့ဖြစ်ရာ မြန်မာစစ်ကောင်စီ၏ နှလုံးရည် နိမ့်ပါးသည်ဟု သတ်မှတ်ရပေမည်။

လက်ရုံးရည်ဘက်က ကြည့်လျှင် လက်ရှိ လက်နက်ကိုင်၍ ခုခံတော်လှန် တိုက်ပွဲဝင်နေသူများအား မြန်မာစစ်ကောင်စီ၏ တုန့်ပြန်ပုံမှာ စိတ်ပျက်ဖွယ် အခြေအနေဟု ဆိုရမည်။ စစ်ရေး သေနင်္ဂဗျူဟာ ကျွမ်းကျင်ပိုင်နိုင်သူတဦး (ဝါ) လက်ရုံးရည်ပြည့်ဝသူတဦး၏ တိုက်ပွဲဝင်ပုံမျိုးမဟုတ်ပေ။

တပြည်လုံးအနှံ့ ဖြစ်ပွားနေသော စစ်ပွဲအား မြေပြင်အခြေအနေကို စနစ်တကျ တွက်ချက်သုံးသပ်ပြီး စစ်ရေးစီမံ‌ကိန်း ရေးဆွဲကာ စနစ်တကျ တုန့်ပြန်မှု မပြုနိုင်ပေ။ ငါးပွက်ရာ ငါးစာချသည့် အနေအထားတွင်သာရှိသည်။

ပထမ မှားယွင်းသည်မှာ ခုခံတိုက်ပွဲဝင်သူများနှင့် ပတ်သက်၍ လျှော့တွက်ခြင်းဖြစ်၏

ပထမ မှားယွင်းသည်မှာ ခုခံတိုက်ပွဲဝင်သူများနှင့် ပတ်သက်၍ လျှော့တွက်ခြင်းဖြစ်၏။ ထိုအခြေခံပေါ်မှ ခုခံ တိုက်ပွဲဝင်နေသူများအား အချိန်တိုအတွင်း ချေမှုန်းနိုင်မည်ဟု မှားယွင်းစွာ ယူဆနေခြင်းဖြစ်သည်။ ဒုတိယ မှားယွင်းသည်မှာ ခုခံတိုက်ပွဲဝင်နေသည့် သူများကိုသာမက၊ လူထုကိုပါ ရန်သူသဖွယ်သဘောထားကာ စစ်ရေးပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်၏။ ယခင်အခါကလည်း ကျင့်သုံးဖူးသည့် ဖြတ်လေးဖြတ် စစ်ဆင်ရေး ပုံစံကို စနစ်တကျ မဆောင်ရွက်ဘဲ၊ ကမူးရှူးထိုး ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခင်အခါကလည်း ကျင့်သုံးဖူးသည့် ဖြတ်လေးဖြတ် စစ်ဆင်ရေး ပုံစံကို စနစ်တကျ မဆောင်ရွက်ဘဲ၊ ကမူးရှူးထိုး ဆောင်ရွက်နေခြင်းဖြစ်သည်။

တတိယအမှားမှာ ပြည်မမှ ခုခံတော်လှန်သည့် အင်အားစုများကို တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ ထံမှ ခွဲထုတ်ချေမှုန်းရန် ဆောင်ရွက်ခြင်းဖြစ်၏။ လက်ရှိ နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန် စစ်ဆင်သူ များကို လုံးဝ စေ့စပ်ဆွေးနွေးခြင်း မပြုဘဲ၊ ချေမှုန်းရန်သာ မြန်မာစစ်ကောင်စီက ရည်ရွယ်ထားသည်။ ဤသို့ စစ်ဆင်ရာတွင် စစ်လက်နက်၊ လေကြောင်းအားသာမှုကို အခြေပြုပြီး အချိန်တိုအတွင်း ချေမှုန်းနိုင်မည်ဟု ယူဆပြီး စစ်ဆင်ရေးလုပ်နေခြင်းသည် မြန်မာစစ်ကောင်စီ၏ စစ်ရေးသေနင်္ဂဗျူဟာ အမှားဖြစ်သည်။

တတိယအမှားမှာ ပြည်မမှ ခုခံတော်လှန်သည့် အင်အားစုများကို တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ ထံမှ ခွဲထုတ်ချေမှုန်းရန် ဆောင်ရွက်ခြင်းဖြစ်၏။

ယခင် မြန်မာစစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးရိုးမတို့တွင် အောင်မြင်ခဲ့သည့် ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆိုသည်မှာ စစ်ဆင်ရေးတပ်များ သက်သက်ဖြင့် လက်ရုံးရည် ပြခဲ့သည်မဟုတ်ဘဲ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စစ်ကြောင်းများဖြင့် နှလုံးရည်ပါ ပါဝင်ခဲ့သည်။ ထို့အပြင် ထိုစစ်ဆင်ရေးများကို ၁၉၆၂ ခုနှစ် အာဏာသိမ်းသည်မှစ၍ ၁၉၇၅ အထိ ၁၃ နှစ်ကြာအချိန်ယူခဲ့ရသည်။

လက်ရှိ မြန်မာစစ်ကောင်စီက ကမူးရှူးထိုးဖြင့် အချိန်တိုအတွင်း အမြစ်ဖြတ်ရန် ကြိုးစားနေသည့်အပြင်၊ ဖြတ်လေးဖြတ်အဖြစ် ခုခံ ကာကွယ်သူများကို ထောက်ခံသည့်ရွာများ၊ ခုခံကာကွယ်သူများကို ထောက်ခံနိုင်သည့်ရွာများ၊ ပတ်သက်သည့် ရွာများကို မီးလောင်တိုက်သွင်းနေသည်။ အချက်အလက်မှတ်တမ်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ် လ ၂၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံရသည့် နေရာပေါင်း ၂၁၂ နေရာတွင် အိမ်ခြေ ၇၇၂၉ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု Data for Myanmar ၏ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာစစ်တပ်က အရပ်သားကျေးရွာများကို လေကြောင်းဖြင့် တိုက်ခိုက်သည်ကို ခုခံစစ် ဖြစ်ပွားနေသော နေရာတိုင်းတွင် တွေ့ရ၏။

စစ်ကိုင်းတိုင်းတွင် အိမ်ခြေ ၄၈၆၄၊ မကွေးတိုင်းတွင် ၁၁၄၈၊ ချင်းပြည်နယ်တွင် ၁၁၂၁၊ ကယားပြည်နယ်တွင် ၃၉၉ လုံးဖြင့် အများဆုံးဖြစ်သည်ကို တွေ့ရ၏။ မြန်မာစစ်ကောင်စီ ပြန်ကြားရေးက PDF များ မီးရှို့သည်ဟု ငြင်းဆိုနေကာမူ ဒေသခံများက မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့အပြင် မြန်မာစစ်တပ်က အရပ်သားကျေးရွာများကို လေကြောင်းဖြင့် တိုက်ခိုက်သည်ကို ခုခံစစ် ဖြစ်ပွားနေသော နေရာတိုင်းတွင် တွေ့ရ၏။

မြန်မာစစ်ကောင်စီ ရည်ရွယ်သည်မှာ ခုခံကာကွယ်သူများကို အမြစ်ဖြတ်ရန် ခုခံကာကွယ်သူများ၏ ရိက္ခာ၊ ဘဏ္ဍာ၊ သတင်းအချက်အလက် ရေသောက်မြစ်ဖြစ်သည့် လူထုကို ရက်စက်စွာ ချေမှုန်း တိုက်ခိုက်ခြင်းဖြစ်သည်။ ဤသို့ လူကြီးလူကောင်းမဆန်သည့် ရက်စက် ကြမ်းကြုတ်မှုကြောင့် လူထု၏ နာကျည်းမှု ပိုမိုမြင့်တက်လာသည်ကို တွေ့နေရ၏။

ဖြတ်လေးဖြတ်ဆိုသည်မှာ လူထုပါမှ အောင်မြင်နိုင်သည်ဖြစ်ရာ လူထုကို မစည်းရုံးနိုင်သည့်အပြင်၊ လူထုအား ရန်သူသဖွယ် သဘောထားနေသည့် မြန်မာစစ်ကောင်စီ၏ လက်ရုံးရည်သည် နိမ့်ပါးသည်ဟုဆိုရမည်။

မြန်မာ စစ်ခေါင်းဆောင်များနှင့် မြန်မာစစ်တပ်သည် စစ်မြေပြင်တွင် လူကြီးလူကောင်း ပီသမှုမရှိဘဲ၊ နိမ့်ကျသည့် လူဆိုးလူသွမ်းများ ဖြစ်သည်ကို ဖော်ပြနေ၏။ ၎င်းတို့ပြောနေသည့် Standard Army ဆိုသည်နှင့် အရင်းအမြစ်က ကွာခြားနေသည်ကို တွေ့ရသည်။

ထို့အပြင် မြန်မာစစ်တပ်သည် နိုင်ငံရေးအရ ပြည်မနိုင်ငံရေး အင်အားစုများကို ဘေးဖယ်ထုတ်ထားပြီး တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့်သာ အပစ်ရပ် နိုင်ငံရေးဆွေးနွေးမည်၊ ပြည်မမှ ခုခံကာကွယ်သူများအား တိုက်ခိုက်မည်ဆိုသည့် စစ်ရေးမဟာဗျူဟာသည် အားလုံးမြင်သာသည့် ခွဲခြားချေမှုန်း စစ်မဟာဗျူဟာ ဖြစ်နေရာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များကိုယ်တိုင် လက်မခံနိုင်သည့် စစ်ဗျူဟာဖြစ်နေ၏။

ပြည်မရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်း၊ ကရင်နီ (ကယား)၊ ချင်းပြည်နယ်များတွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြည့်ပြီး တိုင်းရင်းသား တပ်ဖွဲ့အားလုံး မြန်မာစစ်တပ်ကို ပို၍ အယုံအကြည်ကင်းမဲ့နေ၏။
သို့ဖြစ်ရာ မြန်မာစစ်ခေါင်းဆောင်များ၏ လက်ရုံးရည်နိမ့်ပါးသည် သို့မဟုတ် ညံ့ဖျင်းသည်ကို တွေ့နေရ၏။

မြန်မာစစ်ကောင်စီ အုပ်ချုပ်သည့် တနှစ်ကျော်ကာလအတွင်း ၎င်းတို့အား ခုခံတော်လှန်သူများကို နှိမ်နင်းရန် စစ်တပ်သာမက၊ ရဲအင်အားများအပါ လုံခြုံရေးတပ်ဖွဲ့အင်အား အားလုံးကို အသုံးပြုနေရ၏။ သို့ဖြစ်ရာ ရပ်ရွာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ခြင်းမရှိဘဲ၊ ခိုးဆိုးလုယက်မှု၊ ဓားမြတိုက်မှု၊ လူသတ်မှု စသည့် ရာဇဝတ်မှုများ တစတစ များပြားလာနေသည်ကို တွေ့ရ၏။ ထို့အပြင် မူးယစ်ဆေးဝါး ပေါများလာပြီး လောင်းကစားဝိုင်းများ ကိုလည်း အဆင့်ဆင့်အာဏာပိုင်များက တရားဝင်ခွင့်ပြုပေးနေရာ လူ့အဖွဲ့အစည်း ပို၍ မတည်မငြိမ်ဖြစ်လာနေသည်။

ပို၍ဆိုးသည်မှာ တိုင်းပြည်၏ စီးပွားရေးကို မှန်ကန်စွာ မထိမ်းကျောင်းနိုင်ခြင်း ဖြစ်၏။ စစ်ကောင်စီ အာဏာသိမ်းပြီး တနှစ်ကျော်သည်အထိ ဘဏ်စနစ် ပုံမှန် မလည်ပတ်နိုင်သည့်အပြင်၊ ပြည်သူများ အပ်နှံထားသည့် ငွေများကိုလည်း ပြန်လည်ထုတ်ပေးနိုင်ခြင်းမရှိ။ အကန့်အသတ်များစွာနှင့် ထုတ်ပေးနေသည်။ ထို့အပြင် သိန်း ၂၀၀ အထက် အရောင်းအဝယ်များကို ဘဏ်မှတဆင့် ပြုလုပ်ရန် သတ်မှတ်ထားပြီး ထိုငွေများကိုဘဏ်မှနေ၍ မည်သို့ ပြန်လည်ထုတ်ယူနိုင်မည် ဆိုသည်မှာမူ မရေရာပေ။ ဘဏ်များမှ ပြည်သူများ ငွေထုတ်ရာတွင် ရာခိုင်နှုန်းပေးရသည့် မှောင်ခိုဈေးကွက် ပေါ်လာသည်။

ဘဏ်များမှ ပြည်သူများ ငွေထုတ်ရာတွင် ရာခိုင်နှုန်းပေးရသည့် မှောင်ခိုဈေးကွက် ပေါ်လာသည်။

ဒေါ်လာလဲလှယ်နှုန်းထားကို နှုန်းရှင်သတ်မှတ်ထားရာမှ ၂၀၂၁ ခုနှစ်တွင် နှုန်းသေ ပြောင်းလဲသတ်မှတ်ရာ ဒေါ်လာမှောင်ခိုဈေးကွက်ပေါ်လာ၏။ ပို၍ဆိုးသည်မှာ ၂၀၂၂ တွင် နိုင်ငံခြားဝင်ငွေ ဒေါ်လာအားလုံးကို အစိုးရ သတ်မှတ်ဈေးဖြင့် ၂၄ နာရီအတွင်း မြန်မာကျပ်ငွေ ပြောင်းလဲရန် အမိန့်ထုတ်ပြီး ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ အစိုးရ သတ်မှတ်ဈေးသည် ပြင်ပပေါက်ဈေးနှင့် ၁၀ ရာခိုင်နှုန်း ကွာဟလျှက်ရှိရာ ပြည်တွင်းပြည်ပ ပို့ကုန်ထုတ်ကုန် လုပ်နေသူများသာမက၊ ပြည်ပပို့ကုန် အဓိကဖြစ်သော လယ်ယာထွက်သီးနှံ ဈေးကွက်ကိုပါ ထိခိုက်၏။ ထို့အပြင် ပြည်ပ ရင်းနှီးမြှုုပ်နှံမှုများကို ထိခိုက်တော့သည်။

မြန်မာတို့၏ မင်းကျင့်တရား ဆယ်ပါးတွင် “ပြည့်ဝမ်း” ကိုလည်း မဖေါက်ရာဟု ဆိုထား၏။ မဆလ ခေတ်ကလည်း စစ်ခေါင်းဆောင်များသည် ပြည်သူပိုင်သိမ်းသည် ဟူသည့် ခေါင်းစဉ်ဖြင့် “ပြည့်ဝမ်း” ကို ဖောက်ခဲ့သဖြင့် မြန်မာပြည်စီးပွားရေးပြိုလဲခဲ့သည်။ ယခုအကြိမ်တွင်လည်း မြန်မာစစ်ခေါင်းဆောင်များသည် ငွေကြေးစနစ်ကို ချုပ်ကိုင်၍ “ပြည့်ဝမ်း” ကို ဖောက်ကြပြန်ပြီဖြစ်၏။

မြန်မာပြည်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် စစ်ကောင်စီ အုပ်ချုပ်သည့် တနှစ်တာ ကာလအတွင်း ပြိုဆင်းသွားခဲ့ပြီဖြစ်ရာ မြန်မာစစ်ခေါင်း ဆောင်များ၏ ညံ့ဖျင်းသောနှလုံးရည်ကို ပြသနေပေသည်။

ပြီးခဲ့သော ၁၀ နှစ်ကျော်အတွင်း ပြုလုပ်ခဲ့သော မြန်မာပြည်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် စစ်ကောင်စီ အုပ်ချုပ်သည့် တနှစ်တာ ကာလအတွင်း ပြိုဆင်းသွားခဲ့ပြီဖြစ်ရာ မြန်မာစစ်ခေါင်း ဆောင်များ၏ ညံ့ဖျင်းသောနှလုံးရည်ကို ပြသနေပေသည်။

နှလုံးရည်၊ လက်ရုံးရည် နိမ့်ပါးသော (သို့မဟုတ်) ညံ့ဖျင်းသော အုပ်ချုပ်သူဖြစ်သည့် မြန်မာ စစ်ကောင်စီသည် လူထု၏ထောက်ခံမှု မရရှိနိုင်သည့်အပြင် တိုင်းပြည်ကို တည်ငြိမ်ဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်

မြန်မာတို့၏ အစဉ်အလာ ကြည့်မြင်မှုအရ နှလုံးရည်၊ လက်ရုံးရည် ပြည့်ဝသည့် အုပ်ချုပ်သူတို့သာ တိုင်းပြည်ကို တည်ငြိမ်ကောင်းမွန်အောင်၊ ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာအောင် စွမ်းဆောင်နိုင်၏။ လူထုထောက်ခံမှုကို ရရှိ၏။ နှလုံးရည်၊ လက်ရုံးရည် နိမ့်ပါးသော (သို့မဟုတ်) ညံ့ဖျင်းသော အုပ်ချုပ်သူဖြစ်သည့် မြန်မာ စစ်ကောင်စီသည် လူထု၏ထောက်ခံမှု မရရှိနိုင်သည့်အပြင် တိုင်းပြည်ကို တည်ငြိမ်ဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်ဟု မြန်မာတို့၏ အစဉ်အလာအရ ယူဆနေကြ‌သည်‌။

You may also like these stories:

တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ

သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ

တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို

နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ

တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ

Your Thoughts …
Tags: PDFစစ်ကောင်စီတိုင်းရင်းသားနွေဦးတော်လှန်ရေးနှလုံးရည်မဆလလက်ရုံးရည်အာဏာသိမ်း
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သမ္မတ ဗလာဒီမာ ပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ကို ၂၀၁၂ ခုနှစ်၊ မေလက တရုတ်နိုင်ငံ၊ ရှန်ဟိုင်းတွင် တွေ့ရစဉ်  / The New York Times

ယူကရိန်းစစ်ပွဲကြောင့် တရုတ်က စစ်ကောင်စီကို ဘက်ပြောင်းထောက်ခံ

၂၀၂၀ ခုနှစ် ဇူလိုင်လ အတွင်းက တွေ့ရသည့် ခရီးသွားဧည်သည်များကို စောင့်မျှော်နေသည့် ပုဂံဒေသရှိ မြင်းလှည်းများ / ဧရာဝတီ

နိုင်ငံတကာလေကြောင်းလိုင်းများ ဖွင့်လိုက်ခြင်းက ခရီးသွားလုပ်ငန်း ပြန်လည်ပတ်နိုင်မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved