တနေ့သောအခါ မြန်မာတွင် အရပ်သားအစိုးရ အာဏာရပြီး အမေရိကန် ပြည်ထောင်စုသည် လုံခြုံရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်သော ကုန်သွယ်ရေးကတိများဖြင့် ပြန်လာမည်ဖြစ်သည်။
ထိုသို့ အမေရိကန် ပြည်ထောင်စု မြန်မာသို့ ပြန်လာခြင်းသည် အများအားဖြင့် ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့သည့်အတိုင်း ဖြစ်နိုင်သည်။ ထိုစဉ်က အီရင် မာဖီ၏ စာအုပ်သစ်ဖြစ်သော “မြန်မာပြည်မှ နှင်းမြူများ (Burmese Haze)” တွင် အောင်ပွဲခံနေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူများသည် လေယာဉ်များတွင် လက်ဆောင်များ သယ်ဆောင်လာကာ လူအပြည့်ဖြင့် နေပြည်တော်သို့ ရောက်လာကြပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မီးဖွားသန့်စင်ပေးသည်ဟုဆိုကာ ဂုဏ်ယူကြဖွယ်ရှိသည်။
ထို့နောက်တွင် အနောက်တိုင်းပုံစံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီသင်္ကေတအဖြစ် အမေရိကန် သမ္မတ လာရောက်လည်ပတ်မည်။ အမေရိကန်ပုံစံ ဒီမိုကရေစီနှင့် အရင်းရှင်စနစ်၏ ကြီးမြတ်မှုများကို ပို့ချကာ ၎င်း၏သမိုင်းကြောင်းနှင့် ပတ်သက်သော မြန်မာဘက်မှ ရှင်းလင်းတင်ပြချက်များသည် ငြီးငွေ့စရာကောင်းသည် ဟုဆိုကာ ပယ်ချထားမည် ဖြစ်သည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) တွင် မြန်မာရေးရာတာဝန်ခံ လုပ်ခဲ့သော မစ္စ မာဖီသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမြင်ကို ကောင်းစွာ သရုပ်ဖော်နိုင်သည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) တွင် မြန်မာရေးရာတာဝန်ခံ လုပ်ခဲ့သော မစ္စ မာဖီသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမြင်ကို ကောင်းစွာ သရုပ်ဖော်နိုင်သည်။ သူရေးသားသည့်အတိုင်းဆိုပါက အမေရိကန် မူဝါဒသည် ၂ နိုင်ငံလုံး မျှဝေနိုင်သော ဒီမိုကရေစီ၊ လူသားချင်းစာနာမှုနှင့် နှစ်နိုင်ငံ၏ တူညီသည့် လွတ်လပ်သော ဈေးကွက်တန်ဖိုးများ ဖြစ်သည်။ ထို့နောက် နိုင်ငံသားများသည် အမေရိကန် ဗီဇာရရှိရေး မရေရာသော ကတိများနှင့် ငွေကြေးအတွက် သတင်းအချက်အလက် ဖလှယ်ကြသောအခါ အခြေအနေက ရှုပ်ထွေးလာသည်။
သို့သော် မစ္စ မာဖီ၏ စာအုပ်တွင် ချန်လှပ်ထားသော အရေးပါသည့် အချက် ၂ ချက်ရှိသည်။ ထိုအချက်များမှာ အမေရိကန် ပြည်ထောင်စုသည် တရုတ်နှင့် စစ်တုရင်ကစားပွဲတွင် မြန်မာကို နယ်ရုပ်တရုပ်အဖြစ်သာ မြင်သည်ဆိုသောအချက်နှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သည့် မြန်မာဘက်မှအမြင်များကို အသိအမှတ်မပြုခြင်း ဖြစ်သည်။
မစ္စ မာဖီသည် ဆိုင်ကလုန်းနာဂစ် မတိုင်မီ ၂၀၀၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ရှေ့ဆုံးတန်းမှ ကောင်းစွာကြည့်ရှုခဲ့သူ ဖြစ်သည်။ မာဖီသည် ထိပ်တန်းလျှို့ဝှက် လုပ်ပိုင်ခွင့်နှင့် အဆင့်မြင့်အရာရှိများသို့ ပေါက်ရောက်သူ ဖြစ်သောကြောင့် သူ၏ အမြင်များသည် အနည်းဆုံး အမေရိကန် အမြင်ဖြင့် ကြည့်လျှင် အချက်အလက်ပြည့်စုံသည်။
သူသည် CIA မှ နုတ်ထွက်ပြီးနောက်တွင်ပင် ထိုစာအုပ်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းများဖြစ်သော မစ္စ ဟီလာရီ ကလင်တန်နှင့် မစ္စတာ ဂျွန်ကယ်ရီ ကိုသာမက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပင် တွေ့ဆုံမေးမြန်းနိုင်သည်အထိ ပေါက်ရောက်သည်။ ပညာရှင်များနှင့် သတင်းသမားများသည် ထိုသို့သော အခွင့်အရေးမျိုးကို အိပ်မက်ပင် မမက်နိုင်ကြပေ။
လျှို့ဝှက်လှုပ်ရှားမှု
“မြန်မာပြည်မှ နှင်းမြူများ” စာအုပ်တွင် မြန်မာ၌ CIA နှင့် အခြားထောက်လှမ်းရေး လုပ်ငန်းများအပေါ် အမေရိကန် မှီခိုမှုနှင့်ပတ်သက်သည့် အလေးအနက် ဆွေးနွေးမှု ကင်းမဲ့နေသည်။
ဦးသန်းရွှေ စစ်အုပ်စုခေတ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အင်းလျားကန်စောင်းမှ အမေရိကန်သံရုံးသည် “သတင်းစုရာစခန်း” ဖြစ်ပြီး အခြေခံအားဖြင့် အမေရိကန် မဂ္ဂဇင်းများ ဖတ်ရန် အခန်း၊ ကွန်ပြူတာများ သုံးရာဌာနနှင့် အင်္ဂလိပ်စာလေ့လာစရာ နေရာအဖြစ် ဖွင့်လှစ်ထားသည်။
ဦးသန်းရွှေ စစ်အုပ်စုခေတ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အင်းလျားကန်စောင်းမှ အမေရိကန်သံရုံးသည် “သတင်းစုရာစခန်း” ဖြစ်ပြီး အခြေခံအားဖြင့် အမေရိကန် မဂ္ဂဇင်းများ ဖတ်ရန် အခန်း၊ ကွန်ပြူတာများ သုံးရာဌာနနှင့် အင်္ဂလိပ်စာလေ့လာစရာ နေရာအဖြစ် ဖွင့်လှစ်ထားသည်။
Google Earth က ဖော်ပြသည့်အတိုင်းဆိုပါက ထိုသံရုံးတွင် အထပ်လေးထပ်ပါသည့် သံအမတ်ရုံး အပါအဝင် ၂၀၀၇ ခုနှစ်က စတင်တည်ဆောက်ထားသည့် အဆောက်အအုံ ၁၀ ခု ပါဝင်သည်။
တနည်းအားဖြင့်ဆိုရပါက မြန်မာစစ်အုပ်စုသည် ထိုသံရုံးအဆောက်အအုံများ တည်ဆောက်ရန် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ထိုအဆောက်အအုံများသည် အရှေ့တောင်အာရှနှင့် တရုတ်မှ အီလက်ထရွန်းနစ် အချက်အလက်များနှင့် မြန်မာမှ လူသား ထောက်လှမ်းရေး သတင်းအချက်အလက်များကို စုဆောင်းသောနေရာအဖြစ် ယူဆရသည်။

အမျိုးသားလုံခြုံရေး အေဂျင်စီ၏ ကြားဖြတ်နားထောင်သော ကိရိယာများ ထိုသံရုံးတွင်ရှိသည်ဟု ဂျာမနီမှ Der Spiegel မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
အနာဂတ်တွင် မည်သည့် အရပ်သားအစိုးရမဆို ကြုံရမည့် ပြဿနာမှာ ထိုအမေရိကန် လက်တံခွဲများက ဖြစ်ပေါ်စေမည့် ဆန့်ကျင်ဘက်ဖြစ်နေသော အခွင့်အလမ်းများနှင့် အန္တရာယ်များဖြစ်သည်။
“မြန်မာပြည်မှ နှင်းမြူများ” စာအုပ်တွင် ဖော်ပြထားသည့် တခုတည်းသောလက်တံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို အားပေးပြီး စစ်အုပ်စုကို ဆန့်ကျင်သည့် အမေရိကန် ပြည်ထောင်စု၏ ရက်ရောသော လူသိရှင်ကြား ဖော်ပြထားသည့် လက်တံသာဖြစ်သည်။
ထိုလက်တံသည် အနည်းငယ် ဗြောင်ကျပြီး ၎င်းကိုယ်၎င်း ယုံကြည်မှု မြင့်မားနေနိုင်သော်လည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ရက်ရက်ရောရော ထောက်ခံသည်။
“မြန်မာပြည်မှ နှင်းမြူများ” စာအုပ်တွင် ဖော်ပြထားသည့် တခုတည်းသောလက်တံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို အားပေးပြီး စစ်အုပ်စုကို ဆန့်ကျင်သည့် အမေရိကန် ပြည်ထောင်စု၏ ရက်ရောသော လူသိရှင်ကြား ဖော်ပြထားသည့် လက်တံသာဖြစ်သည်။
အခြားလက်တံတခုကိုမူ စာအုပ်တွင် ဖော်ပြထားခြင်း မပြုပေ။ လျှို့ဝှက်လုံခြုံရေးကို အလေးထားသော အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ တရုတ်၏ ရည်မှန်းချက်များကို ပိတ်ဆို့တားဆီးပြီး ၎င်း၏ရည်မှန်းချက်များ အောင်မြင်ရေး စစ်အုပ်စုကို ပုံမှန် အသုံးချနေသည်။ အရပ်သားအစိုးရ တရပ်သည် နှစ်ဘက်လုံးမှ ဖိအားများကို ကိုင်တွယ် ဖြေရှင်းရန်လိုသည်။
ဆိုင်ကလုန်းနာဂစ် သို့မဟုတ် အမေရိကန်မူဝါဒ နှစ်ခု ဆုံစည်းခြင်း
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး မြန်မာသို့ အမေရိကန် အကူအညီများသည် မြန်မာပြည်မှ နှင်းမြူများကို ရှင်းလင်းသွားစေသည်။ နာဂစ်မုန်တိုင်းမတိုင်မီ အချိန်အနည်းငယ်အလို ထိုင်းရေပိုင်နက်တွင် အမေရိကန် ရေတပ်က Cobra Gold စစ်ရေးလေ့ကျင့်မှုမှ အမြော်အမြင်ရှိသော လုပ်ရပ်တခုကို မစ္စ မာဖီက ဖော်ပြသည်။ ဂြိုလ်တုမှ ဓာတ်ပုံများကို ကြည့်ပြီးနောက် ဦးသန်းရွှေ စစ်အုပ်စုထံမှ ခွင့်ပြုချက် မတောင်းဘဲ အမေရိကန်ရေတပ်သည် အဓိကကျသည့် ကယ်ဆယ်ရေး လုပ်ငန်းအတွက် မြန်မာကမ်းလွန်သို့ ရုတ်တရက် ဦးတည်လိုက်သည်။
အမေရိကန် သံရုံးဝန်ထမ်းများသည် ရန်ကုန်လေဆိပ် စီမံခန့်ခွဲမှုကို လွှဲယူလိုက်ပြီး လေကြောင်းပြများ ဖြစ်လာကာ စစ်အုပ်စုက စွမ်းရည်မရှိသည့် လေယာဉ်ပျံသန်းမှုများကို စီမံခဲ့ကြောင်း မာဖီက ရေးသားသည်။
ထို့ကြောင့် စစ်အုပ်စုသည် မုန်တိုင်းကို လျစ်လျူရှုလိုက်ပြီး အလားအလာရှိသော အမေရိကန် ကျူးကျော်မှုကိုသာ အာရုံစိုက်တော့သည်။
ထိုကျူးကျော်မှုအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်များကို ပြင်ဆင်သည်။ စစ်ကောင်စီသည် ကယ်ဆယ်ရေး လုပ်သားများကို ပြည်ဝင်ခွင့် မပေးတော့ဘဲ မုန်တိုင်းဒဏ်ခံနေရာများသို့ အမေရိကန်သံရုံး ဝန်ထမ်းများ သွားရောက်ခြင်းကို ကန့်သတ်လိုက်သည်။ မာဖီ၏ အဆိုအရ ထိုသို့ငြင်းပယ်မှုများနှင့် မြန်မာစစ်အရာရှိများထံမှ ငြီးငွေ့ဖွယ်ကောင်းသော ရှင်းလင်းချက်များ ပြုလုပ်သည်ဟု သိရသည်။
CIA က သူပုန်များကို ကူညီထောက်ပံ့သည့် သမိုင်းကြောင်း၊ ၁၉၅၀ ပြည့်နှစ်များမှ ၁၉၈၀ ပြည့်နှစ်များအထိ တရုတ်အမျိုးသားရေးဝါဒီ တပ်များကို ငွေကြေးထောက်ပံ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထောက်ပံ့ခြင်းနှင့် ရန်ကုန်မှ သူလျှိုဌာန စသည့် အကြောင်းအရာများဖြစ်မည်ဟု ယူဆရသည်။
မစ္စ မာဖီ ရေးသားသည့်အတိုင်း ဆိုပါက စစ်အုပ်စုသည် နောက်ဆုံးတွင် အလျှော့ပေးပြီး အမေရိကန် ရေတပ်ကို ကယ်ဆယ်ရေးပစ္စည်းများ ပေးခွင့်ပြုသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အမေရိကန်သံရုံးနှင့် ရေတပ်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် မည်သို့ စီမံသည်နှင့် ကယ်ဆယ်ရေး ပစ္စည်းများကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှ လူသန်းပေါင်းများစွာကို မည်သို့ အထောက်အကူ ဖြစ်စေသည်ကို မာဖီက ဂုဏ်ယူရေးသားသည်။ သံရုံးဝန်ထမ်းများသည် ရန်ကုန်လေဆိပ် စီမံခန့်ခွဲမှုကို လွှဲယူလိုက်ပြီး လေကြောင်းပြများ ဖြစ်လာကာ စစ်အုပ်စုက စွမ်းရည်မရှိသည့် လေယာဉ်ပျံသန်းမှုများကို စီမံခဲ့ကြောင်း မာဖီက ရေးသားသည်။
လေဆိပ်ကို လွှဲပြောင်းရယူမှုကို ဖော်ပြရာတွင် မစ္စ မာဖီက လျှို့ဝှက်လုပ်ငန်းများနှင့် ၂၀၀၇ ခုနှစ်က ကြီးမားလှသော သံရုံးကို တည်ဆောက်ရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာဗိုလ်ချုပ်များကို သိမ်းသွင်းနေစဉ် အမေရိကန် ဒီမိုကရေစီ တန်ဖိုးများနှင့် မည်သို့ အပေးအယူ လုပ်ခဲ့သည်ကို ဖော်ပြသည်။
စိုးရိမ်ပူပန်မှု ဖြစ်လာပြီးနောက် နေပြည်တော်လေဆိပ်သည် သူ၏ လေယာဉ်ဆင်းရန်အတွက် သေးငယ်လွန်းကြောင်း လေကြောင်းလမ်းပြများက ပြောသည်။ ထိုလေယာဉ်ကွင်းအစား နေပြည်တော်မှ ကျယ်ပြန့်သည့် လမ်းမကြီးများတွင် ဆင်းသက်နိုင်မည်လားဟု မေးမြန်းခဲ့သည်။
ထိုလေကြောင်းလမ်းပြ ထိန်းချုပ်သူများသည် ကြီးမားလှသော သံရုံးမှ မည်သို့ ထွက်ပေါ်လာသနည်း။ လေကြောင်းလမ်းပြ ထိန်းချုပ်သူများကို ထုံးစံအားဖြင့် သံရုံးဝန်ထမ်းများအကြား တွေ့ရလေ့မရှိပေ။ ထိုသံရုံးသည် တရုတ်၏ စွမ်းရည်များကို စောင့်ကြည့်ရန် အာရုံစိုက်သည်ဟု ယူဆရသည့် ဝန်ထမ်းများရှိသော အမေရိကန် ထောက်လှမ်းရေး အချက်အခြာနေရာ ဖြစ်သည်။
ထိုသို့ လုပ်ရန် လေကြောင်းလမ်းပြ ထိန်းချုပ်သူများသည် လေဆိပ်ကို အချိန်တိုအတွင်း လွှဲပြောင်းယူနိုင်ရန် လိုသည်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နေပြည်တော်မှ အမေရိကန် ဂျက်လေယာဉ်များ
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်းတွင် အမေရိကန် ဧည့်သည်များသည် ပုံမှန်ရောက်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ခြင်းကြောင့် မြန်မာသည် ဒီမိုကရေစီနှင့် လူ့အခွင့်ရေး လမ်းကြောင်းပေါ်သို့ ရောက်လာသည်ဟု ယုံကြည်သူများ မြန်မာသို့ လာရောက်လည်ပတ်စေသည်။ မစ္စ ဟီလာရီ ကလင်တန်နှင့် သမ္မတ ဘားရက် အိုဘားမားတို့သည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အကူအညီသစ်များ ပေးရေး လုပ်ဆောင်ရသည်။
မာဖီ၏ အဆိုအရ ကလင်တန်သည် မြန်မာသို့ ကိုယ်ရေးကိုယ်တာ ခရီးသွားရန် စီစဉ်သည်ဟု သိရသည်။ သူ၏ ဝန်ထမ်းများက လေတပ်လေယာဉ်ကို စီစဉ်ထားသည်။ သို့သော် စိုးရိမ်ပူပန်မှု ဖြစ်လာပြီးနောက် နေပြည်တော်လေဆိပ်သည် သူ၏ လေယာဉ်ဆင်းရန်အတွက် သေးငယ်လွန်းကြောင်း လေကြောင်းလမ်းပြများက ပြောသည်။ ထိုလေယာဉ်ကွင်းအစား နေပြည်တော်မှ ကျယ်ပြန့်သည့် လမ်းမကြီးများတွင် ဆင်းသက်နိုင်မည်လားဟု မေးမြန်းခဲ့သည်။
ထိုလေယာဉ်တွင် မြန်မာသို့ သွားရောက်မည့် သံတမန်များအတွက် စာအုပ် ၅ အုပ်ပါလာသည်ဟု မာဖီက ရေးသားသည်။ ဒေးဗစ် စတိန်းဘတ်၏ မြန်မာ (Burma/Myanmar)၊ သန့်မြင့်ဦး၏ ခြေရာပျောက်မြစ် (The River of Lost Footsteps)၊ ပါစကယ် ခူးသွေး၏ အိုဘယ့် အစိမ်းတို့မြေ (From the Land of Green Ghosts)၊ အမ်မာ လာကင်၏ ဘုရင်အတွက် သတင်းဆိုး မရှိ (No Bad News for the King) နှင့် ဂျော့ဂျ် အော်ဝဲလ်၏ မြန်မာပြည်မှ နေ့ရက်များ (Burmese Days) တို့ ဖြစ်သည်။
ထိုလေယာဉ်တွင် ၁၉၈၈ ခုနှစ်က ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံသားတဦး အကြောင်း ရုပ်ရှင်ဖြစ်သည့် “Beyond Rangoon” အပါအဝင် ရုပ်ရှင်ဇာတ်ကားများလည်း ပါဝင်သည်။ အမေရိကန် သာသနာပြု မိသားစုတစုကို စစ်တပ်လက်မှ ကယ်ဆယ်သည့် အမေရိကန် တပ်ပြေးတဦးအကြောင်း Rambo IV ကိုမူ သူတို့ မေ့လျှော့နေကြသည်။
စစ်တပ်ကို အကူအညီပေးခြင်းသည် မြစ်ဆုံတွင် တရုတ်ဆည် တည်ဆောက်မှု ရပ်တန့်ခြင်းနှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ် နှေးကွေးရေး၊ စက်ရုံများနှင့် လက်လီအရောင်း လုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ရေးတို့နှင့် သက်ဆိုင်ကြောင်း တိုးတိုးတိတ်တိတ် ပြောခဲ့နိုင်သည်။
ထူးဆန်းသည်မှာ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး (Freedom from Fear) ကို မေ့နေခြင်းဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအပေါ် လမ်းတဝက်ရောက်သောအခါ မစ္စ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးလုံးသည် ခွေးချစ်သူများဖြစ်ကြောင်း သတိရကြသည်။ ကံမကောင်း အကြောင်းမလှသော နိုင်ငံခြားရေးအရာရှိတဦးကို ကိုရီးယားတွင် မစ္စ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးရန် ခွေးရုပ် အဝယ်လွှတ်ခဲ့ရသည်။
မစ္စ ကလင်တန် မြန်မာနိုင်ငံသို့ ခဏတာရောက်ရှိချိန်သည် ခမ်းနားသည်။ ရုပ်မြင်သံကြား ရိုက်ကူးသည့် အချိန်အများစုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိနေပြီး နိုဘယ်ဆုကို အသိအမှတ်ပြုသည်။ ထို့နောက် မြန်မာနိုင်ငံကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေးနှင့် တရုတ်အကြောင်း သင်ခန်းစာများကို လူသိရှင်ကြား ပို့ချသည်။ ထို့နောက် မူးယစ်ဆေးဝါး တားဆီးရေး အစီအစဉ်အတွက် ရဲနှင့် လက်နက်ကိုင်တပ်များကို ငွေကြေးထောက်ပံ့သည့် လုပ်ငန်းစတင်ပြီး စစ်တပ်၏ စွမ်းရည်ကို မြှင့်တင်ပေးသည်။
စစ်တပ်ကို အကူအညီပေးခြင်းသည် မြစ်ဆုံတွင် တရုတ်ဆည် တည်ဆောက်မှု ရပ်တန့်ခြင်းနှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ် နှေးကွေးရေး၊ စက်ရုံများနှင့် လက်လီအရောင်း လုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ရေးတို့နှင့် သက်ဆိုင်ကြောင်း တိုးတိုးတိတ်တိတ် ပြောခဲ့နိုင်သည်။ သို့သော် ခွေးရုပ်များအကြောင်း အသေးစိတ် အများအပြားဖော်ပြထားသလို မဟုတ်ဘဲ ထိုသို့သော တောင်းဆိုမှုများကို “မြန်မာပြည်မှ နှင်းမြူများ” စာအုပ်တွင် ဖော်ပြခြင်းမပြုပေ။
အမေရိကန် မူဝါဒ နှစ်ခွကို အရပ်သားအစိုးရတခုက မည်သို့ ကိုင်တွယ်မည်နည်း
ယခုစစ်ကောင်စီသည် နောက်ဆုံးတွင် ကျဆုံးပြီး အရပ်သားအစိုးရတရပ် ထွက်ပေါ်လာပါက အမေရိကန် ပြန်လာမည်ဖြစ်သည်။ ပြဿနာမှာ “မြန်မာပြည်မှ နှင်းမြူများ” စာအုပ်တွင် အမေရိကန်မူဝါဒများ ကျဆုံးခြင်းကို ဖော်ပြထားသော်လည်း ချဉ်းကပ်ပုံနည်းလမ်းများသည် အလားတူပင် ဖြစ်နေနိုင်ခြင်း ဖြစ်သည်။
လက်နက်ကိုင်တပ်နှင့် ရဲအတွက် လုံခြုံရေး အထောက်အကူများဖြင့် လျှို့ဝှက်ပူးပေါင်း ဆောင်ရွက်နေစေကာမူ ဒီမိုကရေစီ၊ အရင်းရှင်စနစ်နှင့် လူ့အခွင့်အရေးကို အလေးထားမည်ဖြစ်သည်။
ဝါရှင်တန်သည် တရုတ်အပေါ် ပထဝီနိုင်ငံရေးအရ စိုးရိမ်ပူပန်နေသောကြောင့် ကြီးမားလှသော အမေရိကန် သံရုံးနှင့် အပေးအယူများကို တိုးတိုတိတ်တိတ် လုပ်မည်ဖြစ်သည်။
မြန်မာကို ငွေကြေးထောက်ပံ့ရေးမူဝါဒ လျှို့ဝှက်အစီအစဉ်များသည် တရုတ်နှင့်ပတ်သက်သည့် ပူပန်မှုနှင့် ယှဉ်လျှင် အမြဲ ဒုတိယသာ ဖြစ်သည်။ အတိတ်နှင် ပစ္စုပ္ပန်တွင် CIA လှုပ်ရှားမှုနှင့် ပတ်သက်သမျှကို ဆွေးနွေးမည် မဟုတ်ဘဲ ပျင်းစရာ သမိုင်းချီသည့် မိန့်ခွန်းများအဖြစ် ပယ်ချထားမည်ဖြစ်သည်။ ဆက်လက် ဖြစ်ပေါ်နေသည့် လျှို့ဝှက် ငွေကြေးထောက်ပံ့ရေးနှင့် ပတ်သက်သည့် မကျေနပ်ချက်များကို လျစ်လျူရှုထားပြီး ဒေသတွင်းတွင် အမေရိကန် စစ်ရေးတည်ရှိမှုနှင့် ပတ်သက်သည့် ပူပန်မှုများကိုလည်း ဘေးဖယ်ထားမည် ဖြစ်သည်။
သို့သော် အရပ်သားအစိုးရတရပ်သည် ဒုတိယကမ္ဘာစစ်မှ စတင်ခဲ့သည့် မူးယစ်ဆေးနှင့် တရုတ်ကွန်မြူနစ် တိုက်ဖျက်ရေးတွင် CIA ပါဝင်ပတ်သက်ခြင်းကို ဘေးဖယ်မထားသင့်ပေ။
“အရေးယူပိတ်ဆို့မှုများ ရှိနေပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားသည်ဆိုသည့် အမေရိကန်၏ ပြောဆိုမှုများ ရှိနေသော်လည်း ဦးသန်းရွှေ စစ်အုပ်စုခေတ်က ကြားဖြတ်နားထောင်စက်များ တပ်ဆင်ထားသော ကြီးမားလှသော သံရုံးအဆောက်အအုံကို တည်ဆောက်ခြင်းသည် မည်သည့် သဘောနည်း” ဟုလည်း မေးရန်လိုသည်။
အစိုးရသစ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် လမ်းနှစ်သွယ်ရှိစေသည်အား လက်မခံကြောင်း တောင်းဆိုရမည် ဖြစ်သည်။ “ကမ်းလွန်တွင် ရောက်နေသည့် ရေတပ်သင်္ဘောတွေ ဘာတွေလုပ်နေလဲ”၊ “၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အကျပ်အတည်းအတွင်း လက်နက်ဖြင့် စွက်ဖက်ရန် ခြိမ်းခြောက်မှုက ဘာလဲ”၊ “ဗီဇာအများအပြား မည်သည့်အတွက် ပယ်ချခံရသလဲ”၊ မူ”းယစ်ဆေးဝါး တိုက်ဖျက်ရေးက ဘာလဲ”၊ “အရင်က စစ်တပ်နဲ့ ရဲကို အကူအညီပေးတာက ဘာလဲ” စသည်ဖြင့် မေးခွန်းထုတ်တတ်သည့် မျိုးဆက်က အမေရိကန် ပြည်ထောင်စုကို လွန်စွာ အယုံအကြည်ကင်းမဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားရန် လိုသည်။
“အရေးယူပိတ်ဆို့မှုများ ရှိနေပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားသည်ဆိုသည့် အမေရိကန်၏ ပြောဆိုမှုများ ရှိနေသော်လည်း ဦးသန်းရွှေ စစ်အုပ်စုခေတ်က ကြားဖြတ်နားထောင်စက်များ တပ်ဆင်ထားသော ကြီးမားလှသော သံရုံးအဆောက်အအုံကို တည်ဆောက်ခြင်းသည် မည်သည့် သဘောနည်း” ဟုလည်း မေးရန်လိုသည်။
၂၀၁၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အကြား အမေရိကန်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သော စာအုပ်တအုပ်သည် ထိုသို့သော မေးခွန်းများကို ဖြေရှင်းသင့်သည်။ “မြန်မာပြည်မှ နှင်းမြူများ” စာအုပ်သည် ထိုကိစ္စများကို ဖြေရှင်းခြင်း မပြုပေ။ ထိုသို့သော စာအုပ်မျိုးသည် အနာဂတ်တွင် ဖြည့်စွက်ရေးသားပေးမည့်သူကို စောင့်နေရသော စာအုပ်မျိုးသာ ဖြစ်သည်ဟု စာရေးသူ ထင်သည်။ ထိုသူသည် CIA မှ မဟုတ်သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Tony Waters ၏ The Two Hands of Washington’s Myanmar Policy ကို ဘာသာပြန် ဖော်ပြသည်။ တိုနီ ဝေါတားစ်သည် ဂျာမနီနိုင်ငံ Leuphana တက္ကသိုလ်တွင် ဧည့်ပါမောက္ခဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ရှိ Payap တက္ကသိုလ်တွင် လူမှုဗေဒ ပါမောက္ခဖြစ်ခဲ့သည်။ သူသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ မြန်မာအကြောင်း ရေးသားနေသည်။)
You may also like these stories:
မြန်မာအတိုက်အခံများကို ပိုမိုထောက်ခံရန် အမေရိကန် နည်းလမ်းရှာနေ
ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော
မြန်မာကို ရှုတ်ချရန် တရုတ်ကို အမေရိကန်တိုက်တွန်း
စစ်ကောင်စီက မြို့ကြီးများတွင် တရုတ်ထောက်လှမ်းရေး ကင်မရာများ ပိုမိုတပ်ဆင်လာ











