• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လူငယ် ခြေသွက် နွေဦးတပ်ဖွဲ့များ

by ဇေယျ (အညာ)
16 November 2024
in သူ့အတွေး သူ့အမြင်
A A
လူငယ် ခြေသွက် နွေဦးတပ်ဖွဲ့များ

ယခုဆိုလျှင် PDF လက်နက်ကိုင်တပ် စဖွဲ့ပြီး တိုက်ပွဲဝင်သည့်ကာလသည် သုံးနှစ်ခွဲခန့် ရှိပြီ

3.7k
VIEWS
Share on FacebookShare on Twitter

၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ ပူးတွဲပါလာသည့် မြန်မာ့ပြည်တွင်းစစ်တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးနှင့် နွေဦးတပ်ဖွဲ့များသည် မြန်မာပြည် ပြည်တွင်းစစ်ကို အလှည့်အပြောင်း ဖြစ်စေခဲ့သည့်အပြင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ကို တွေ့မြင်နိုင်၏။

ဤနေရာတွင် နွေဦးလက်နက်ကိုင်တပ်ဖွဲ့များဟု ဆိုရာတွင် ပြည်မဒေသမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) / ပြည်သူ့ကာကွယ်‌‌ရေးတပ် (PDF) များ၊ ဒေသခံ PDF များ၊ ကရင်နီမှ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကယန်းအမျိုးသားတပ်မတော် (KNA)၊ ချင်းပြည်နယ်မှ ချင်းအမျိုးသားတပ်ဦး (CDF)၊ ကချင်ပြည်နယ်မှ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BLPA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA) မကွေး အစရှိသည့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးတွင် စတင် လက်နက်ကိုင်လာကြသော တပ်ဖွဲ့များကို ဆိုလိုပါသည်။

ပြည်တွင်းစစ် အလှည့်အပြောင်း

၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ကောင်စီကို စစ်ရေးအရ ခုခံတိုက်ခိုက်နေသည့် စစ်ပွဲတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးအရ အလှည့်အပြောင်းတခုဖြစ်စေခဲ့သည်မှာ အမှန်ဖြစ်၏။

ဤသို့ စစ်ရေးအရ အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခြင်း၏ အဓိကအကြောင်းအချက်မှာ နွေဦးတပ်ဖွဲ့များ ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်၏။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ရှည်ကြာသော ပြည်တွင်းစစ်တွင် နွေဦးတပ်ဖွဲ့များ ပေါ်ပေါက်လာခြင်းသည် မြန်မာ့ပြည်တွင်းစစ်၏ အရေးပါသည့် အလှည့်အပြောင်းတရပ် ဖြစ်၏။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို လက်လုပ်သေနတ်များဖြင့် စတင် အာခံ တော်လှန်ခဲ့ကြသည်/ The Irrawaddy

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် ပြန်လည် အာဏာမသိမ်းမီအထိ ပြည်တွင်းစစ် အခြေအနေကို ပြန်ပြောင်း ကြည့်ပါက စစ်တပ်ကို ဆန့်ကျင်ခဲ့ကြသည့် ပြည်မမှ ဗမာလူမျိုး အများစုပါဝင်ခဲ့ကြသော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ ပါလီမန်ဒီမိုကရေစီပါတီ (ဦးနု၏ ပဒပ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့အနက် ABSDF မှအပ အားလုံး အရေးနိမ့်ခဲ့ကြပြီး ABSDF မှာလည်း အင်အားအနည်းငယ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသများတွင် မှီခိုနေရသည့် အခြေအနေဖြစ်၏။ သို့ဖြစ်ရာ စစ်ကောင်စီအား လက်နက်ကိုင်တိုက်ခိုက်ရာတွင် ဗမာလူမျိုးများ၊ ဗမာလက်နက်ကိုင်အဖွဲ့အစည်းများ မပါဝင်တော့သည်မှာ နှစ် ၃၀ ဝန်းကျင်ရှိပြီဖြစ်သည်ဟု ဆိုနိုင်၏။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသာ နယ်စပ်ဒေသတလျှောက် ရပ်တည် တိုက်ပွဲဝင်နေကြသော်လည်း အဓိက လှုပ်ရှားမှုမှာ ကချင်နှင့် ရှမ်းမြောက်တွင်သာရှိပြီး ရခိုင်တွင် ၂၀၁၉၊ ၂၀၂၀ ကျမှ ပြန်လည် ခြေကုပ်ယူလာနိုင်သည်။ ချင်း၊ ကရင်၊ ကရင်နီနှင့် မွန်တွင်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်အထိ လက်နက်ကိုင်လှုပ်ရှားမှု အားပျော့နေသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသာ နယ်စပ်ဒေသတလျှောက် ရပ်တည် တိုက်ပွဲဝင်နေကြသော်လည်း အဓိက လှုပ်ရှားမှုမှာ ကချင်နှင့် ရှမ်းမြောက်တွင်သာရှိပြီး ရခိုင်တွင် ၂၀၁၉၊ ၂၀၂၀ ကျမှ ပြန်လည် ခြေကုပ်ယူလာနိုင်သည်။ ချင်း၊ ကရင်၊ ကရင်နီနှင့် မွန်တွင်လည်း ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်အထိ လက်နက်ကိုင်လှုပ်ရှားမှု အားပျော့နေသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးနှင့် PDF အပါအဝင် နွေဦးတပ်ဖွဲ့များသည် မြန်မာ့ပြည်တွင်းစစ်ကို အလှည့်အပြောင်းတရပ် ဖြစ်စေခဲ့၏။ အဓိကအားဖြင့် PDF အပါအဝင် ဗမာလက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ကို ဗမာဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်တိုင်းများတွင် တိုက်ခိုက်လာခြင်းဖြစ်သည်။ ထိုသို့ ပေါ်ပေါက်လာသည့် ဒေသနှင့် အင်အားမှာလည်း ယခင် သမိုင်းကာလများထက် များပြားသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်၏။

ထို့ပြင် နွေဦးအင်အားစုများသည် ဗမာဒေသများတွင်သာမက ချင်း၊ ကရင်နီ၊ ကရင်၊ မွန်ဒေသများတွင်ပါ အားကောင်းမောင်းသန်ဖြင့် ပေါ်ပေါက်လာသည်ကို တွေ့မြင်ရ၏။ သို့ဖြစ်ရာ ဗမာလူမျိုးများအပါအဝင် နွေဦးအင်အားစုများ အလုံးအရင်းနှင့် ပါလာခြင်းသည် မြန်မာ့ပြည်တွင်းစစ်၏ အလှည့်အပြောင်းဖြစ်ခဲ့၏။ ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်တွင်သာ စစ်ဆင်ရေးပြုလုပ်ရန် လိုအပ်သော စစ်တပ်သည် တပြည်လုံးအနှံ့ စစ်ဆင်ရန် လိုအပ်လာပြီး စစ်အင်အား မလုံလောက်တော့ပေ။

နွေဦးတပ်ဖွဲ့များ၏ တိုက်စွမ်းရည်

မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးအောင်ပွဲများအပြင် ကျန်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ရေးအောင်ပွဲများကို ကြည့်ပြီး PDF အပါအဝင် နွေဦးတပ်ဖွဲ့များကို အားမလိုအားမရ ဖြစ်နေကြခြင်း၊ PDF တို့၏ လုပ်နိုင်စွမ်းကို လျှော့တွက်နေကြခြင်းတို့ကို တွေ့မြင်နေရ၏။

ဤသို့ သုံးသပ်နေကြသူများသည် PDF နှင့် နွေဦးတပ်ဖွဲ့များသည် မြန်မာပြည် လက်နက်ကိုင်တပ်ဖွဲ့ သမိုင်းတွင် အလျင်မြန်ဆုံး ကြီးထွားလာသည့်၊ အလျင်မြန်ဆုံး လေ့ကျင့်ဖွဲ့စည်းနိုင်သည့်၊ အလျင်မြန်ဆုံး တိုက်ရည်ခိုက်ရည် ရှိလာသည့်၊ အမြင့်မားဆုံး တိုက်စိတ်ခိုက်စိတ်ရှိသည့် တပ်ဖွဲ့များဖြစ်သည်ကို အခြားတပ်ဖွဲ့များနှင့် နှိုင်းယှဉ်ပြီး သေချာစွာသုံးသပ်နိုင်ခြင်း မရှိ၍ဖြစ်၏။

ကရင်နီပြည်နယ်တွင် လက်လုပ်သေနတ်များဖြင့် စတင်တော်လှန်ခဲ့စဉ်/AFP

ယခုဆိုလျှင် PDF နှင့် နွေဦးတပ်ဖွဲ့များ၏ လက်နက်ကိုင်တပ် ဖွဲ့စည်းပြီး တိုက်ပွဲဝင်သည့်ကာလသည် သုံးနှစ်ခွဲခန့်သာ ရှိသေးသည်။ သို့သော်လည်း ထိုသုံးနှစ်ခွဲကာလတွင် မျှော်လင့်သည်ထက် ပိုမိုလုပ်ဆောင်နိုင်သည်ကို လက်တွေ့ရလဒ်များ ကြည့်ပါက တွေ့မြင်နိုင်သည်။

ယခုအခါ တိုက်ခိုက်စွမ်းရည်မြင့်သည်၊ စစ်ရေးအရ အောင်ပွဲများရသည်ဟု အများက သတ်မှတ်ထားသည့် မြောက်ပိုင်းသုံးဖွဲ့နှင့် နှိုင်းယှဉ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရ၏။

၂၀၀၉ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည် အာရက္ခတပ်တော် (AA) သည် သုံးနှစ်ခွဲခန့်အကြာ ၂၀၁၂ တွင် စည်းရုံး လေ့ကျင့် ဖွဲ့စည်းနေဆဲဖြစ်ပြီး တိုက်ပွဲတပွဲမှ မတိုက်ရသေးသည့်အပြင် ရခိုင်သို့ ပြန်လည် အခြေချရန်ပင် ခက်ခက်ခဲခဲ ကြိုးစားနေရဆဲ ဖြစ်၏။

အလားတူပင် ၂၀၀၉ ခုနှစ်၌ ကိုးကန့်ဒေသမှ မြန်မာစစ်တပ်၏ တိုက်ထုတ်ခံရသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် သုံးနှစ်ခွဲခန့်အကြာ ၂၀၁၂ ခုနှစ်အတွင်း စည်းရုံး လေ့ကျင့်ဖွဲ့စည်းဆဲဖြစ်ပြီး တိုက်ပွဲတပွဲမှ မဖော်ရသေးသည့်အပြင် ကိုးကန့်ဒေသသို့ ပြန် အခြေချရန် ခက်ခဲနေဆဲ ဖြစ်၏။

၁၉၉၂ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉ နှစ်ကြာ ၂၀၁၁ ခုနှစ်တွင်မှ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ဖွဲ့စည်းနိုင်၏။ TNLA စတင်ဖွဲ့စည်းပြီး သုံးနှစ်ခွဲအတွင်း ကြည့်ပါက ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲမရှိသေးဘဲ ၂၀၁၂ ခုနှစ်တွင် တိုက်ပွဲ ၁၈ ပွဲ၊ ၂၀၁၃ ခုနှစ်တွင် တိုက်ပွဲ ၅၈ ပွဲ၊ ၂၀၁၄ ခုနှစ်တွင် ၁၅၂ ပွဲ ဖြစ်ပွားသည်ကို တွေ့ရ၏။

မြောက်ပိုင်းသုံးဖွဲ့အနက် TNLA တခုသာ ပလောင်ခွင်ဖြစ်သည့် ရွှေလီချိုင့်ဝှမ်းတွင် ရပ်တည်လှုပ်ရှားရသည်ဖြစ်ရာ စဖွဲ့သည့် သုံးနှစ်ခွဲအတွင်း တိုက်ပွဲဖြစ်ပွားသည်ကို တွေ့ရသော်လည်း တိုက်ပွဲငယ်များသာ ဖြစ်၏။ စတင်ဖွဲ့စည်းစဉ်က အင်အား ၄၀ ကျော်သာရှိပြီး ၂၀၁၅ ခုနှစ်ခန့်အထိ TNLA အင်အားမှာ ၅၀၀ ခန့်သာရှိသေးရာ စစ်တပ်က အထင်သေးပြီး စစ်ဆင်ရေးကြီးများ မပြုလုပ်ခဲ့သဖြင့်လည်း အကျပ်အတည်းများစွာ မတွေ့ခဲ့ရပေ။

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့နှင့် နှိုင်းယှဉ်ပါက စတင်ဖွဲ့စည်းပြီး သုံးနှစ်ခွဲတာ ကာလအတွင်း တိုက်ပွဲအများအပြား တိုက်ရသည်မှာ နွေဦးတပ်ဖွဲ့များ ဖြစ်၏။ ပြောက်ကျားတိုက်ပွဲများအပြင် ချေမှုန်းရေးတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနိုင်သည်ကို တွေ့ရ၏။

သို့ဖြစ်ရာ လက်ရှိ မြောက်ပိုင်းသုံးဖွဲ့နှင့် နှိုင်းယှဉ်ပါက စတင်ဖွဲ့စည်းပြီး သုံးနှစ်ခွဲတာ ကာလအတွင်း တိုက်ပွဲအများအပြား တိုက်ရသည်မှာ နွေဦးတပ်ဖွဲ့များ ဖြစ်၏။ ပြောက်ကျားတိုက်ပွဲများအပြင် ချေမှုန်းရေးတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲနိုင်သည်ကို တွေ့ရ၏။

တိုင်းရင်းသားတပ်ဖွဲ့များနှင့်တွဲ၍ တိုက်ခိုက်သကဲ့သို့ နွေဦးတပ်ဖွဲ့များ သီးခြား တိုက်ခိုက်နိုင်သည်ကိုလည်း တွေ့မြင်ရ၏။ ထို့ပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး အညာဒေသနှင့် ကရင်နီ၊ ချင်းတို့တွင်ရှိသည့် နွေဦးတပ်ဖွဲ့များအား စစ်ကောင်စီက စစ်ဆင်ရေး ပြင်းပြင်းထန်ထန် ပြုလုပ်သည်ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ကြုံတွေ့ရ၏။

လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းအပြင် စစ်ကြောင်းထိုး၍ နွေဦးတပ်ဖွဲ့များကို ထောက်ခံသည့်ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ၏။ တပြည်လုံးတွင် အိမ်ခြေ ၁ သိန်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရရာ အများစုကြီးမှာ နွေဦးတပ်ဖွဲ့များ ခုခံတိုက်ခိုက်သည့် ဒေသများတွင် ဖြစ်၏။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
664
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.9k
အညာဒေသတွင် စတင်ပြီး လက်နက်ကိုင်ဆန္ဒပြကြစဉ်/AFP

PDF နှင့် နွေဦးတပ်ဖွဲ့များ၏ အဓိက လိုအပ်ချက်မှာ လက်နက်ခဲယမ်း တပ်ဆင်နိုင်မှုသာဖြစ်ပြီး ဤအချက်သည်ပင် လိုအပ်ချက် ရှိနေသေးသော်လည်း လက်ရှိ တပ်ဆင်ထားနိုင်မှုသည် ယခင် တိုင်းရင်းသားတပ်ဖွဲ့များ၏ ကာလတူ တပ်ဆင်နိုင်မှုနှင့် နှိုင်းယှဉ်လျင် မြန်ဆန်သည်ဟု ဆိုနိုင်သည်။

ထို့ပြင် နွေဦးတပ်ဖွဲ့များသည် တီထွင်ဖန်တီးမှုရှိကြပြီး မြန်မာ့ပြည်တွင်းစစ်တွင် ဒရုန်းကို စတင် အသုံးပြုတိုက်ခိုက်ကြသည့် တပ်ဖွဲ့ဖြစ်၏။ စစ်တပ်သည်ပင်လျှင် ဒရုန်းသုံးစွဲရာ၌ နွေဦးတပ်ဖွဲ့များထက် နောက်ကျ၏။

မြောက်ပိုင်းသုံးဖွဲ့၏ တိုက်ရည်ခိုက်ရည်နှင့် အခြေအနေကို PDF အပါအဝင် နွေဦးတပ်ဖွဲ့များနှင့် နှိုင်းယှဉ်ကြသူများသည် ရွယ်တူတန်းတူကာလကို နှိုင်းယှဉ်ရန် မေ့လျော့နေကြ၏။

ပြိုင်ဘက် မဟုတ်ဘူးတဲ့လား

NUG / PDF ကို မြန်မာစစ်တပ်၏ ပြိုင်ဘက် မဟုတ်ဟု ဆိုပြီး NUG / PDF သည် စစ်တပ်ကို မယှဉ်နိုင်၊ စစ်တပ်ကို အနိုင်တိုက်နိုင်မည် မဟုတ်ဟု စစ်တပ်က ယူဆထားသကဲ့သို့ စစ်အုပ်စုအား အသက်ဆက်ပေးရန် ကြိုးစားသူများ၊ ထောက်ခံသူများကလည်း ယူဆကြ၏။

ဤသို့ ယူဆသည်မှာ မထူးဆန်းပေ။ ယခုမှ မဟုတ်ပေ။ ၂၀၁၉ ခုနှစ် အာရက္ခတပ်တော် (ထိုစဉ်က ရက္ခိုင့်တပ်တော် AA) ရခိုင်သို့ အတိအလင်း ထိုးဖောက် ဝင်ရောက်လာသည့်အချိန်က စစ်တပ်နှင့် ထောက်ခံသူများက “AA ဆိုတာ ဓာတ်ခဲပါ”၊ (ရဲတပ်ဖွဲ့ကိုသာ တိုက်ရဲသည့်) “ရဲတိုက်ပါကွာ” ဟု ဆိုခဲ့ကြသည်။ ၎င်းတို့ဆိုလိုသည်မှာ AA သည် မှုလောက်စရာ မရှိ၊ ရဲကိုသာ တိုက်ရဲပြီး စစ်တပ်ကို မတိုက်ရဲဟု ဆိုခဲ့ကြဖူးသည်။ အထင်အမြင်သေးခဲ့ကြ၏။

ယခုလက်တွေ့ ရခိုင်စစ်ပွဲ မြေပြင်အခြေအနေကို ကြည့်ပါက AA နှင့် တိုက်တိုင်းရှုံးနေသည်မှာ စစ်တပ်ဖြစ်၏။ ဤအချက်မှာ အပေါ်ယံကြည့်ပြီး စစ်တပ်ကို အထင်ကြီးခြင်း၊ AA ကို အထင်အမြင်သေးခြင်းတို့ကြောင့် အခြေအနေမှန်ကို သေချာစွာ မြင်နိုင်၊ မသုံးသပ်နိုင်ကြ၍ ဖြစ်၏။ ယခု PDF, နွေဦးတပ်ဖွဲ့များနှင့် ပတ်သက်၍လည်း ဤသို့ အထင်မြင်သေးသည့်အမြင်ဖြင့် ကြည့်ကြပါက အမှန်ကို သုံးသပ်နိုင်မည် မဟုတ်ပေ။

မော်လူး၊ ရွှေပြည်အေး၊ မြို့သစ်၊ ခါမ်းပါတ်၊ ပင်လည်ဘူး၊ တကောင်း၊ စဉ့်ကူး၊ သပိတ်ကျင်း စသည်မြို့များသည် ဗမာ PDF တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့များဖြစ်သကဲ့သို့ ချင်းနှင့် ကရင်နီတွင်လည်း CDF နှင့် KNDF တို့ သိမ်းပိုက်ထားသည့် မြို့များစွာရှိ၏။

ရှမ်း-မန်းစစ်ဆင်ရေးတွင် အောင်ပွဲရ မန္တလေး ပီဒီအက်ဖ် တပ်ဖွဲ့ဝင်များ

ထို့ပြင် စစ်ကြောင်းလိုက် ချေမှုန်းခဲ့သည့် တိုက်ပွဲများစွာလည်း တွေ့မြင်နိုင်၏။ သို့ဖြစ်ရာ သုံးနှစ်ခွဲသား PDF နှင့် နွေဦးတပ်ဖွဲ့များ၏ တိုက်ခိုက်နိုင်စွမ်းသည် တိုက်စွမ်းရည် ‘ထက်’ သည်ဟု သတ်မှတ်ထားကြသည့် မြောက်ပိုင်းသုံးဖွဲ့ စတင်ဖွဲ့စည်းသည့် သုံးနှစ်ခွဲတာ ကာလထက် များစွာသာလွန်သည်ကို တွေ့နိုင်၏။

သို့ဖြစ်ရာ PDF နှင့် နွေဦးတပ်ဖွဲ့များကို စစ်တပ်၏ ပြိုင်ဘက် မဟုတ်ဟု ယူဆခြင်းသည် လက်တွေ့ အခြေအနေနှင့် ကိုက်ညီမှု မရှိသည့် ပြိုင်ဘက်ကို အထင်သေးသည့်အမြင်သာ ဖြစ်၏။

တဖက်တွင် စစ်တပ်၏ ပြဿနာမှာ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် ကျဆင်းခြင်းဖြစ်၏။ ထို့ပြင် စစ်တပ်သည် စည်းကမ်း လိုက်နာစရာမလိုဘဲ အရပ်သား အိုးအိမ်များကို လုယက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့ ခွင့်ပြုထားသည်ဖြစ်ရာ စစ်စည်းကမ်းမရှိသည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်၏။

စစ်တပ်၏ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်ပေါင်း ၁၅၀ ခန့်သည် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီး ကျန်တပ်ရင်းတပ်ဖွဲ့ အားလုံးလိုလိုမှာလည်း အထိနာနေကာ တပ်သားသစ်များနှင့် ဖြည့်တင်းနေသည်မှာလည်း ထင်တိုင်း မပေါက်ပေ။

၁၀၂၇ စစ်ဆင်ရေး မတိုင်မီအချိန်ထက် စစ်အင်အားလျော့နည်းနေပြီး ဖြည့်တင်းနေသော တပ်သားသစ်များမှာလည်း တိုက်စိတ်ခိုက်စိတ်ရော အတွေ့အကြုံပါ မရှိပေ။ ထိုသို့သော စစ်တပ်က ယခင်ကထက် တိုးတက်မှုရနေသော နွေဦးတပ်ဖွဲ့များကို ပြိုင်ဘက်မဟုတ်ဟု အထင်သေးခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့် မည်။

၁၀၂၇ စစ်ဆင်ရေး မတိုင်မီအချိန်ထက် စစ်အင်အားလျော့နည်းနေပြီး ဖြည့်တင်းနေသော တပ်သားသစ်များမှာလည်း တိုက်စိတ်ခိုက်စိတ်ရော အတွေ့အကြုံပါ မရှိပေ။ ထိုသို့သော စစ်တပ်က ယခင်ကထက် တိုးတက်မှုရနေသော နွေဦးတပ်ဖွဲ့များကို ပြိုင်ဘက်မဟုတ်ဟု အထင်သေးခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

တရုတ်ကြောင့် PDF များ အရေးနိမ့်နိုင်သလား

PDF များနှင့်ပတ်သက်၍ မေးခွန်းထုတ်နေသည့် ပထမပြဿနာမှာ လက်နက်ခဲယမ်း တပ်ဆင်မှုပြဿနာ ဖြစ်၏။ ယခုအခါ တရုတ်နယ်စပ်ရှိ UWSA, MNDAA, TNLA တို့အား တရုတ်က ပိတ်ဆို့ဖြတ်တောက်လျက်ရှိရာ လက်နက်ခဲယမ်းလမ်းကြောင်း ပြတ်တောက်ပြီး စစ်ပွဲအရှိန် လျော့သွားမည်ဟု သုံးသပ်ယူဆချက်များ တွေ့ရ၏။

သို့သော် ယခုအထိ ရှမ်းမြောက်မှအပ ကျန်နေရာများတွင် တိုက်ပွဲအရှိန် လျော့ကျခြင်း မရှိသည့်အပြင် ယခင်ကလည်း PDF များကို တရုတ်က ထောက်ပံ့နေသည် မဟုတ်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်ရန် ခဲယဉ်းသည်။

ဒုတိယပြဿနာမှာ တရုတ်၏ ဖိအားကြောင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်သွားပါက၊ ရပ်ဆိုင်းသွားပါက PDF များကို စစ်တပ်က အသာစီးရယူနိုင်လိမ့်မည်၊ စစ်တပ်က အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယူဆနေကြခြင်းဖြစ်၏။

BPLA က အညာသို့ ဝင်ရောက်အခြေချတော့မည်ဟု ကြေညာထားသည်

တရုတ်ဖိအားကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲလျော့ကျနိုင်သော်လည်း စစ်တပ်အဖို့ MNDAA နှင့် TNLA တို့ကို ဆက်လက် ရင်ဆိုင်ရဦးမည်။ ဖြည်းဖြည်းနှင့် မှန်မှန် စစ်ရေးခြေလှမ်းလှမ်းနေသည့် KIA နှင့် ဆက်လက် ရင်ဆိုင်ရဦးမည့်အပြင် တရုတ်တို့ လက်လှမ်းမမီသည့် ရခိုင်စစ်မျက်နှာတွင် စစ်ရှိန်လျော့ဖွယ်မရှိပေ။

လက်တွေ့အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ပါက ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှ စ၍ အညာဒေသကို စစ်တပ်က ထိုးစစ်ဝင်ခဲ့ပြီး ခြောက်လအတွင်း ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့၏။ သို့သော် ၁၀၂၇ စစ်ဆင်ရေး မစတင်မီ ၂၀၂၃ ခုနှစ် ကုန်ခါနီးအထိ နှစ်နှစ်တာ ကာလအတွင်း ချေမှုန်းနိုင်ခြင်း မရှိသည့်အပြင် ပိုမိုအားကောင်းစွာ စုဖွဲ့နိုင်ခဲ့ကြ၏။

ထိုနှစ်နှစ်တာ ကာလအတွင်း အညာဒေသ PDF များ၏ လက်နက်တပ်ဆင်မှုမှာ ယခုလောက် မကောင်းပေ။ မီးကျိုးမောင်းပျက်နှင့် တူမီးသာ အများစုဖြစ်၏။ လက်လုပ်မိုင်းများနှင့် အဓိက တိုက်ခိုက်ကြရ၏။ ထိုနှစ်နှစ်တာ ကာလအတွင်း ရှမ်းမြောက်ရော၊ ‌ရခိုင်တွင်ပါ မည်သည့်တိုက်ပွဲမှ မရှိသေးပေ။ သို့သော် စစ်တပ်သည် အညာဒေသ PDF, ချင်း CDF, ကရင်နီ KNDF နှင့် နွေဦးအင်အားစုများကို ထိန်းချုပ် အသာစီးယူနိုင်ခြင်း လုံးဝ မရှိခဲ့ပေ။

ယခုကာလတွင် ထိုစဉ်ကထက် လက်နက်ခဲယမ်းတပ်ဆင်မှု ပိုကောင်းသည့်အပြင် တိုက်ပွဲအတွေ့အကြုံပိုရှိပြီး တိုက်ရည်ခိုက်ရည် ပိုမြင့်လာချိန်တွင် မြောက်ပိုင်းသုံးဖွဲ့ ရပ်သွားပါက PDF များကို စစ်တပ်က အသာစီးရနိုင်မည်ဟု ပြောဆိုနေခြင်းသည် လက်တွေ့အခြေအနေများနှင့် လွန်စွာ ကင်းကွာနေပေသည်။

ယခုကာလတွင် ထိုစဉ်ကထက် လက်နက်ခဲယမ်းတပ်ဆင်မှု ပိုကောင်းသည့်အပြင် တိုက်ပွဲအတွေ့အကြုံ ပိုရှိပြီး တိုက်ရည်ခိုက်ရည် ပိုမြင့်လာချိန်တွင် မြောက်ပိုင်းသုံးဖွဲ့ ရပ်သွားပါက PDF များကို စစ်တပ်က အသာစီးရနိုင်မည်ဟု ပြောဆိုနေခြင်းသည် လက်တွေ့အခြေအနေများနှင့် လွန်စွာ ကင်းကွာနေပေသည်။

ရှမ်းမြောက်စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသည့် မန္တလေး PDF နှင့် နွေဦးအင်အားစုများသည် ယခုအခါ ပြည်မဒေသသို့ ပြန်လည် ဝင်ရောက်လာသည့်အတွက် လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားသည့် နွေဦးတပ်ဖွဲ့အင်အားပင် တိုးလာ၏။

ရခိုင်စစ်မျက်နှာရှိ အမ်း၊ တောင်ကုတ်၊ ဂွ စစ်မျက်နှာတွင် AA အောင်နိုင်ပြီးပါက ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ကြား စစ်မျက်နှာသစ်များ တိုးချဲ့လာဦးမည်ကို မြင်တွေ့ရမည်ဖြစ်၏။ ထို့ပြင် ‌နွေဦးတပ်ဖွဲ့များသည် ရှမ်းမြောက်၊ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်၊ ကရင်နီစသည့် တိုင်းရင်းသားဒေသများကို ကျောပေး၍ နောက်ကျောလုံစွာ စစ်ဆင်နိုင်မည် ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး မစခင် အချိန်က PDF များကို အသာစီးမယူနိုင်သည့် စစ်တပ်သည် ယခုအခါ အင်အားပိုမိုချိနဲ့နေပြီး အတင်းအဓမ္မ ဖြည့်တင်းနေသည့် စစ်သားသစ်များကလည်း အလုပ်မဖြစ်သေးပေ။ ထိုသို့သော စစ်တပ်သည် ယခင်ကထက် ပို၍ အားကောင်းမောင်းသန်ဖြစ်လာသည့် PDF များအား အသာစီးရယူနိုင်မည်ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိပေ။

ဤအခြေအနေအောက်တွင် မြန်မာ့ပြည်တွင်းစစ်၏ အလှည့်အပြောင်းတရပ်ဖြစ်သော PDF အပါအဝင် နွေဦးတပ်ဖွဲ့များတွင် အားနည်းချက်များ ရှိသည်၊ ပြင်ဆင်ရန် လိုအပ်ချက်များရှိသည်မှာ မှန်ကန်သော်လည်း ထိုအင်အားစုများသည် မြန်မာ့ပြည်တွင်းစစ်တွင် အရေးပါသောအခန်းက ရှိသည်ကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက မြန်မာ့နိုင်ငံရေးနှင့် မြန်မာပြည်ပြဿနာကို မှန်ကန်စွာ ကြည့်မြင်သုံးသပ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)

You may also like these stories:

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် မတိုက်နိုင်

နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး

နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ

၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်နှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း

မြန်မာ့အရေး ကမ္ဘာက မေ့ထားတာ ပိုကောင်းနိုင်သည်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးABSDFNUGPDFစစ်ကောင်စီစစ်အင်္ဂါစဉ်စစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနွေဦးတော်လှန်ရေးပြည်တွင်းစစ်ဗကပလက်နက်ခဲယမ်းလေကြောင်းတိုက်ခိုက်မှုအကြမ်းဖက်မှုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတင်းအကျပ် စစ်သားစုဆောင်းမှုအမျိုးသားညီညွတ်ရေးအစိုးရ
ဇေယျ (အညာ)

ဇေယျ (အညာ)

ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား

နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား

တရုတ်အားကိုး ပုဆိန်ရိုး (ရုပ်/သံ)

တရုတ်အားကိုး ပုဆိန်ရိုး (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved