သမ္မတရာထူး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သမ္မတရာထူး Covering Burma and Southeast Asia Thu, 23 Apr 2026 06:10:57 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သမ္မတရာထူး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သမ္မတရာထူး 32 32 အာဆီယံသို့ ပြန်လည်ဝင်ရောက်ရေး အာဏာသိမ်းသမ္မတ ပစ်မှတ်ထား https://burma.irrawaddy.com/news/2026/04/23/412771.html Thu, 23 Apr 2026 06:10:57 +0000 https://burma.irrawaddy.com/?p=412771 အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ အထီးကျန်ဖြစ်နေမှုကို အဆုံးသတ်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါပြီ။]]>

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ အထီးကျန်ဖြစ်နေမှုကို အဆုံးသတ်ဖို့ အပြင်းအထန် ကြိုးပမ်းနေပါပြီ။ သူဟာ အခုရယူထားတဲ့ “အရပ်သား” သမ္မတရာထူးကို အသုံးချပြီး အာဆီယံအဖွဲ့ထဲ ပြန်လည်ဝင်ရောက်နိုင်မယ် ထင်နေပါတယ်။ ဒါပေမဲ့ အာဆီယံဘက်ကတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သဘောတူခဲ့တဲ့ “ဘုံသဘောတူညီချက် ၅ ရပ်” ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် သူ့ကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ သမ္မတရာထူးတက်ပွဲ မိန့်ခွန်းမှာ အာဆီယံနဲ့ “ပုံမှန်ဆက်ဆံရေး” ပြန်ဖြစ်အောင် လုပ်မယ်လို့ ကတိပြုခဲ့သလို၊ ဒီအပတ်ထဲမှာလုပ်တဲ့ ပထမဆုံး အစိုးရအဖွဲ့အစည်းအဝေးမှာလည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ “တတ်နိုင်သမျှ” ပူးပေါင်းဆောင်ရွက်နေတယ်လို့ အဲဒီကတိကိုပဲ ထပ်ပြောခဲ့ပါတယ်။

အာဆီယံက သူ့အပေါ် ဖိအားပေးနေတာဟာ “ဆိုရှယ်မီဒီယာတွေပေါ်က သတင်းမှားတွေ” ကြောင့်ဖြစ်ပြီး၊ အချို့အဖွဲ့ဝင်နိုင်ငံတွေကတော့ အပြောင်းအလဲတချို့ လုပ်ချင်နေကြတယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေက ဘာကို ပြောင်းလဲချင်တာလဲဆိုတာကိုတော့ သူက အတိအကျ ထုတ်မပြောခဲ့ပါဘူး။

အာဆီယံဘက်ကတော့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားတာပါ။ ဒါပေမဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဒါကို လျစ်လျူရှုခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်အချို့မှာပဲ အကန့်အသတ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ ခုနှစ်ကတည်းက ဦးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ချန်လှပ်ထားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် “နိုင်ငံရေးနဲ့မသက်ဆိုင်သူ” တွေကိုပဲ တက်ရောက်ခွင့်ပေးခဲ့တာပါ။ စစ်ကောင်စီဘက်ကတော့ ဒါဟာ “ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ” လို့ပဲ အမြဲတမ်း တုံ့ပြန်ခဲ့ပါတယ်။

အခုအခါမှာတော့ အရပ်သားအစိုးရအသွင်ယူထားတဲ့ သူ့ရဲ့ အုပ်ချုပ်ရေးအသစ် ပထမရက် ၁၀၀ အတွင်းမှာ ဦးမင်းအောင်လှိုင်ဟာ အာဆီယံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထပ်မံကြိုးပမ်းလာတာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံ အာဆီယံထဲ ပြန်ဝင်လာဖို့အတွက် ထောက်ခံကြောင်း ပြောဆိုထားပါတယ်။ ဘန်ကောက်ဟာ အစဉ်အဆက် စစ်အစိုးရတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သလို၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ အာဆီယံကြား စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးကတော့ ဦးမင်းအောင်လှိုင်ဟာ အာဆီယံအဖွဲ့ကို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ တံခါးပေါက်တခုအဖြစ် ရှုမြင်နေတယ်လို့ ဆိုပါတယ်။ “ဒါပေမဲ့ အာဆီယံအဖွဲ့ကိုယ်တိုင်က ကွဲပြားနေပါတယ်။ အချို့အဖွဲ့ဝင်တွေက ထိတွေ့ဆက်ဆံချင်ကြပေမဲ့၊ အချို့ကတော့ သဘောထားမပြောင်းလဲခင် ဘုံသဘောတူညီချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အခိုင်အမာ တောင်းဆိုနေကြတယ်” လို့ သူက ပြောပါတယ်။

ဦးမင်းအောင်လှိုင်ကို ထောက်ခံချင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နေပြည်တော်ဘက်က ဘုံသဘောတူညီချက် ၅ ရပ်အပေါ် တိုးတက်မှုရှိတာကို ပြသဖို့ လိုအပ်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ဒုသမ္မတ ဦးညိုစောကတော့ နေပြည်တော်အနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ နည်းလမ်းမျိုးစုံ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးတာ၊ လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာ စတဲ့ အပေါ်ယံ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေလုပ်ပြရင်း၊ တဖက်မှာတော့ အရပ်သားတွေအပေါ် လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေပါတယ်။ ဒါဟာ ဘုံသဘောတူညီချက်ရဲ့ အဓိကအချက်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွန်ကက်ကီယိုး ဟာ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ သမ္မတဖြစ်လာပြီးနောက်ပိုင်း ပထမဆုံး လာရောက်တွေ့ဆုံတဲ့ အာဆီယံအဆင့်မြင့် ကိုယ်စားလှယ် ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အာဆီယံထဲ ပြန်ဝင်လာဖို့ကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ “အဆင့်ဆင့်လုပ်ဆောင်သွားမယ့်” နည်းလမ်းနဲ့ ထောက်ခံကြောင်း သူက ပြောပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ ဆွေးနွေးမှုတွေမှာ တိုးတက်မှုဟာ “အကန့်အသတ်ရှိနေဆဲ” ဖြစ်တာကိုလည်း သူက ဝန်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲတွေဖြစ်လာဖို့ ထိုင်းနိုင်ငံက ဦးဆောင်ကူညီပေးဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။

စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို အာဆီယံရဲ့ သြဇာရှိတဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေကတော့ နေပြည်တော်က ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ဒါမှမဟုတ် လေ့လာသူလွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း လာမယ့် မေလမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေး တက်ဖို့ မြန်မာနိုင်ငံကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်တဲ့ ဦးမင်းအောင်လှိုင် ထုတ်ပြန်ချက်တွေမှာတော့ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားတဲ့ အနောက်နိုင်ငံတွေကို တိုက်ရိုက်ရည်ညွှန်းပြောဆိုတာမျိုး ရှောင်ကြဉ်ခဲ့ပါတယ်။ အဲဒီအစား မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ “ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး” ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ပဲ အလေးပေး ပြောကြားခဲ့ပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Min Aung Hlaing Targets ASEAN Re-Entry as Key to Ending Isolation ကို ဘာသာပြန်သည်။)

]]>
ဝတ်စုံသစ်နဲ့ အာဏာရှင်ဟောင်းများ (သို့မဟုတ်) မြန်မာပြည်က မပြောင်းလဲတဲ့ စစ်အုပ်ချုပ်ရေး https://burma.irrawaddy.com/opinion/viewpoint/2026/04/09/412463.html Thu, 09 Apr 2026 04:35:36 +0000 https://burma.irrawaddy.com/?p=412463 ဦးနေဝင်းလိုပဲ၊ အဝတ်အစားသာ ပြောင်းသွားတယ်၊ အုပ်ချုပ်သူကတော့ မပြောင်းပါဘူး။ မင်းအောင်လှိုင်ဟာ အရင်လူပါပဲ၊ သူ့တိုင်းပြည်ကို သူကိုယ်တိုင် ဖျက်ဆီးနေသူပဲ ဖြစ်ပါတယ်။]]>

၁၂ နှစ်ကြာအောင် တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ စစ်အုပ်ချုပ်ရေးအပြီး ၁၉၇၄ ခုနှစ်မှာ ဦးနေဝင်းဟာ သူ့ကိုယ်သူ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ မြန်မာ့စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချခဲ့တဲ့ ဦးနေဝင်းဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးကတည်းက အရပ်သားအစိုးရဆီ အာဏာပြန်လွှဲပေးမယ်လို့ ကတိပေးခဲ့သူပါ။ တကယ်တော့ သူဟာ အဲဒီကတိကို တမျိုးတဖုံ တည်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါကတော့ သူ့ရဲ့ စစ်ယူနီဖောင်းကိုချွတ်၊ အရပ်ဝတ်လဲပြီး အာဏာကို သူကိုယ်တိုင်ပဲ ပြန်ယူလိုက်တာပါ။ အဲဒီတုန်းက လူတွေက “ဗိုလ်ချုပ်နေဝင်းက ဦးနေဝင်းဆီ အာဏာလွှဲပေးလိုက်တယ်” ဆိုပြီး ဒီပြဇာတ်ကွက်ကို လှောင်ပြောင်ခဲ့ကြပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာကတော့ မပြောင်းလဲခဲ့ပါဘူး။ အာရှမှာ အလားအလာအကောင်းဆုံးဖြစ်ခဲ့တဲ့ မြန်မာပြည်ဟာ ဦးနေဝင်းလက်ထက်မှာ ဆင်းရဲမွဲတေပြီး ကမ္ဘာ့အပယ်ခံနိုင်ငံ ဖြစ်သွားခဲ့ရပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အကြာမှာ သမိုင်းဟာ တကျော့ပြန် လည်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်လိုက်ပါတယ်။ အချို့မီဒီယာတွေက သူ့ကို လွှတ်တော်က “ရွေးကောက်” တင်မြှောက်တယ်လို့ မှားယွင်းဖော်ပြနေကြပေမဲ့ လက်တွေ့မှာတော့ ဒီလွှတ်တော်ဟာ စစ်တပ်က ထိန်းချုပ်ထားတဲ့၊ ဒီမိုကရေစီနည်းမကျတဲ့ အဖွဲ့အစည်းတခုသာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တခုလုံးဟာ အာဏာသိမ်းမှုကို တရားဝင်သယောင် ဟန်ပြဖို့အတွက် သေချာဇာတ်ညွှန်းခွဲပြီး ကပြခဲ့တဲ့ နိုင်ငံရေးပြဇာတ်တခုပါပဲ။

မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို အသည်းအသန် လိုချင်နေတာ ကြာပါပြီ။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ထုံးစံအတိုင်း ဒီရာထူးဟာ သူ့အတွက်ပဲလို့ သူက ယူဆထားတာပါ။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) နိုင်ရင် သူ သမ္မတဖြစ်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ဖူးပါတယ်။

၂၀၂၀ အစောပိုင်းမှာ ပုဂံက ထီးလိုမင်းလိုဘုရားမှာ ထီးတော်တင်ခဲ့တာက သူ့ရဲ့ ရည်မှန်းချက်ကို အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။ “ထီးလိုမင်းလို” ဆိုတဲ့ အဓိပ္ပာယ်က “ထီးကလည်း အလိုရှိ၊ မင်းကလည်း အလိုရှိ” လို့ အဓိပ္ပာယ်ရပါတယ်။ သမိုင်းကြောင်းအရ မင်းသား ၅ ပါးထဲက နန်းလျာရွေးတဲ့အခါ မင်းမြောက်တန်ဆာဖြစ်တဲ့ ထီးဖြူ ယိမ်းသွားတဲ့ ဘက် မင်းဖြစ်ခဲ့တာပါ။ မင်းအောင်လှိုင် အဲဒီဘုရားမှာ ထီးတင်တာဟာ သူ သမ္မတဖြစ်ချင်တဲ့ ဆန္ဒကို ပြလိုက်တာလို့ လူအများက ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ စီမံကိန်းက ပျက်သွားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အရှက်တကွဲ ရှုံးနိမ့်သွားတာကြောင့် မင်းအောင်လှိုင်အတွက် ဒီမိုကရေစီနည်းလမ်းအရ သမ္မတဖြစ်ဖို့ လမ်းပိတ်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ မဲမသမာမှုတွေရှိတယ်လို့ အကြောင်းပြပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာပါ။ အာဏာသိမ်းတဲ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချိန်မှာ သူမက “ရှင်တို့ရဲ့ သမ္မတကြီး (သမ္မတကြီးမင်းအောင်လှိုင်) က ဘာခိုင်းလိုက်သလဲ” လို့ သရော်ပြီး မေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အာဏာသိမ်းလိုက်ရုံနဲ့ သူ့အိပ်မက်က မပြည့်သေးပါဘူး။ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားလာတဲ့အခါမှာတော့ မင်းအောင်လှိုင်ဟာ အခွင့်အရေးကို အရယူပြီး သူ့ကိုယ်သူ (ယာယီ) သမ္မတအဖြစ် ခန့်အပ်လိုက်ပါတော့တယ်။

အာဏာသိမ်းခေါင်းဆောင်ဟာ တပ်ချုပ်၊ စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နဲ့ သမ္မတအထိ ရာထူးအားလုံးကို ယူပါတယ်။ သူ့ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ရှည်လျားလာတာဟာ အခြေမဲ့သူတဦးရဲ့ ကြီးကျယ်ခမ်းနားချင်တဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းနေသလိုပါပဲ။

“ဗိုလ်ချုပ်နေဝင်းက ဦးနေဝင်းဆီ အာဏာလွှဲပေးလိုက်တယ်” ဆိုပြီး ဒီပြဇာတ်ကွက်ကို လူတွေ လှောင်ပြောင်ခဲ့ကြပါသေးတယ်

ဒါပေမဲ့ ဒီဘွဲ့ထူးတွေက သူ့အာဏာကို ခိုင်မြဲစေဖို့ ဘာမှမတတ်နိုင်ပါဘူး။ မင်းအောင်လှိုင်ဟာ မြန်မာ့သမိုင်းမှာ အားအနည်းဆုံး အာဏာရှင်အဖြစ် အများက မြင်ကြပါတယ်။ သူဟာ အာဏာရှင်ပုံစံ ဖမ်းနေပေမဲ့ လက်တွေ့မှာတော့ ဘာမှ မရှိပါဘူး။ အရင် စစ်အာဏာရှင်တွေဟာ တိုင်းပြည်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြပေမဲ့ အနည်းဆုံးတော့ တည်ငြိမ်မှုတခုကို ဟန်ပြနိုင်ခဲ့ကြပါသေးတယ်။ မင်းအောင်လှိုင် လက်ထက်မှာတော့ အရာရာဟာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားပါပြီ။

သူ့ရဲ့ အာဏာသိမ်းမှုဟာ တိုင်းပြည်ကိုတင်မကဘဲ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကိုပါ ပျက်စီးစေခဲ့ပါတယ်။ အခုဆိုရင် မြန်မာပြည်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲနေပြီး အာဏာမသိမ်းခင် အခြေအနေကို ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး။ စစ်တပ်ဟာလည်း သမိုင်းမှာ အားအနည်းဆုံး အခြေအနေကို ရောက်နေပါတယ်။ နယ်မြေအများစုကို လက်လွှတ်ထားရသလို ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကိုလည်း တခဲနက် ရင်ဆိုင်နေရပါတယ်။ စီးပွားရေးကလည်း ကိုဗစ်အပြီး တခြားနိုင်ငံတွေ ပြန်ကောင်းလာချိန်မှာ မြန်မာပြည်ကတော့ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဆိုးသထက် ဆိုးနေပါတယ်။

ဒီလို တိုင်းပြည်ပျက်စီးနေတာတောင် သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်က မလျော့ပါဘူး။ တိုက်ပွဲတွေဖြစ်နေ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ကြားက ရွေးကောက်ပွဲဆိုတဲ့ ပြဇာတ်ကို ကပြခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မှုရော တရားမျှတမှုရော မရှိပါဘူး။ ရုရှား၊ ဘီလာရုစ်၊ တရုတ်နဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေကလွဲရင် ဘယ်နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကမှ ဒါကို အသိအမှတ် မပြုကြပါဘူး။ မျှော်လင့်ထားတဲ့အတိုင်းပဲ ဦးခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ အနိုင်ရပါတီခေါင်းဆောင်ဖြစ်တဲ့ ဦးခင်ရီဟာ သမ္မတ ဖြစ်မလာခဲ့ပါဘူး။

မင်းအောင်လှိုင်ဟာ သူ့အပေါ် သစ္စာရှိတဲ့ ထောက်လှမ်းရေးချုပ် ရဲဝင်းဦးကို ဦးခင်ရီအကြောင်း စုံစမ်းခိုင်းပြီး လိုအပ်ရင် ဖြုတ်ချပစ်ဖို့အထိ ကြံစည်ခဲ့တယ်လို့ နေပြည်တော်မှာ သတင်းတွေ ထွက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပေးလိုက်ပြီး ရွေးကောက်ပွဲတောင် မဝင်ခဲ့တဲ့ မင်းအောင်လှိုင်က သမ္မတနေရာကို ယူလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတကို ဒုသမ္မတ ၃ ဦးထဲက ရွေးရတာပါ။ မင်းအောင်လှိုင်က သူ့ကိုယ်သူ ဒုသမ္မတအဖြစ် အမည်စာရင်းတင်ခိုင်းပြီး အဲဒီကမှ သမ္မတ လုပ်တာပါ။ ဒီအစိုးရဆိုတာဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ အဆက်ပါပဲ။ “ဝိုင်ဟောင်းကို ပုလင်းသစ်နဲ့ ထည့်တယ်” လို့ ပြောရင်တောင် အားနာစရာပါ၊ တကယ်တော့ ပုလင်းကလည်း အဟောင်းအတိုင်းပါပဲ။

ဒီ “အရပ်သား” အမည်ခံအစိုးရက အပြောင်းအလဲတွေ ယူဆောင်လာလိမ့်မယ်လို့ ထင်နေတဲ့ နိုင်ငံတကာ အင်အားစုတွေ မှားပါတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး စစ်ဗိုလ်ချုပ်အသစ်တွေကို နေရာပေးခဲ့တဲ့ ၂၀၁၀ ခုနှစ်နဲ့ မတူပါဘူး။ ၂၀၂၆ ဟာ ၂၀၁၀ မဟုတ်ပါဘူး။ ဦးနေဝင်းခေတ်ကလို စစ်ဗိုလ်ချုပ်တယောက်က သူ့ကိုယ်သူ အရပ်ဝတ်လဲပြီး အာဏာလွှဲပေးလိုက်တဲ့ ဖြစ်ရပ်မျိုးပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာ တရားရုံးမှာ ဝရမ်းထုတ်ခံရဖို့ နီးစပ်နေသူ၊ အာဏာသိမ်းခဲ့သူ၊ ပြည်သူတွေကို သတ်ဖြတ်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သူ ဖြစ်ပါတယ်။ သူဟာ သူကိုယ်တိုင် ဖျက်ဆီးထားတဲ့ အပျက်အစီးပုံတွေပေါ်မှာ သမ္မတဘွဲ့ကို ဆောင်းထားတာဖြစ်ပြီး တနိုင်ငံလုံးရဲ့ ဆန့်ကျင်တော်လှန်မှုကို ဆက်ပြီး ရင်ဆိုင်ရဦးမှာပါ။

ဦးနေဝင်းလိုပဲ၊ အဝတ်အစားသာ ပြောင်းသွားတယ်၊ အုပ်ချုပ်သူကတော့ မပြောင်းပါဘူး။ မင်းအောင်လှိုင်ဟာ အရင်လူပါပဲ၊ သူ့တိုင်းပြည်ကို သူကိုယ်တိုင် ဖျက်ဆီးနေသူပဲ ဖြစ်ပါတယ်။

(ရဲမျိုးဟိန်းသည် Southeast Asia Peace Institute မှ အကြီးတန်းသုတေသီတဦး ဖြစ်ပါသည်။)

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Old Dictators, New Costumes: The Continuation of Military Rule in Myanmar ကို ဘာသာပြန်သည်။)

]]>
စစ်တပ်၏ ရွေးကောက်ပွဲသည် အလုပ်မဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးတခုမျှသာ https://burma.irrawaddy.com/opinion/viewpoint/2023/04/07/334231.html Fri, 07 Apr 2023 02:58:27 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e1%80%ba%e1%81%8f-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%9e%e1%80%8a%e1%80%ba.html ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြကြစဉ် / ဧရာဝတီရွေးကောက်ပွဲကို အယောင်ပြလှည့်စားနေသည်မှာ သူတို့၏ စစ်ဆင်ရေး တိုက်ပွဲများအပေါ် လူအများ အာရုံမကျရောက်စေရန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းသာဖြစ်သည်။]]> ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြကြစဉ် / ဧရာဝတီ

စိတ်ဓာတ်စစ်ဆင်ရေး [PSYOPS ခေါ် psychological operations] ဆိုသည်မှာ ရန်သူ သို့မဟုတ် အတိုက်အခံတို့ကို လှည့်စားရန်ရည်ရွယ်၍ သုံးသော နည်းဗျူဟာများ ဖြစ်ကြသည်။ ဥပမာ- ရန်သူကို လှည့်စားရန် ဝါဒဖြန့်ချိခြင်း၊ သတင်း အတုအယောင်များဖြန့်ခြင်း သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေးအားဖြင့် အာရုံလွှဲခြင်းတို့ ဖြစ်သည်။

စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကနဦးအကြံအစည်မှာ အာဏာသိမ်းပြီး‌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖယ်ရှားကာ စစ်တပ်၏ ထိန်းချုပ်နိုင်မှုကို ပိုမို တောင့်တင်းအောင်လုပ်၍ နှစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ်ကျင်းပလျက် သမ္မတရာထူးကို ရယူရန်ဖြစ်သည်။ ထိုအကြံအစည်မှာ အခြေမလှဘဲ ပျက်စီးခဲ့လေပြီ။

စစ်တပ်သည် ယခုအချိန်တွင် ရွေးကောက်ပွဲကို အတုအယောင်မျှပင်ဖြစ်စေ ကျင်းပပေးနိုင်ရန် ကြိုးပမ်းအားထုတ်နေပုံ မရ။ စစ်တပ်က ဆောင်ရွက်နေသမျှမှာ စစ်ကို အခြားနည်းလမ်းများအားဖြင့် ဆက်တိုက်ရန်သာ ဖြစ်သည်။

ရွေးကောက်ပွဲကို အယောင်ပြလှည့်စားနေသည်မှာ သူတို့၏ စစ်ဆင်ရေး တိုက်ပွဲများအပေါ် လူအများ အာရုံမကျရောက်စေရန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းသာဖြစ်သည်။ ပြည်သူကို သတင်းအမှားပေးပြီး စိတ်ရှုပ်ထွေးသွားအောင် ပြုခြင်းထက် မပိုပါ။ အချိန်ဆွဲသောနည်းကိုသုံးကာ အတိုက်အခံကို ဖြိုချနေခြင်းသာဖြစ်သည်။ မကြာသေးခင်က NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့်အတူ အခြားပါတီ ၃၈ ခုကို ဖျက်သိမ်းခဲ့ခြင်းသည်ပင် ၎င်းတို့၏ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများ၏ အစိတ်အပိုင်းတခုသာ ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်ငါးနှစ်လောက်ကြာလျှင် ၂၀၂၀ ရွေးကောက်ပွဲရလဒ် မှေးမှိန်သွားလောက်ပြီဟု ကြံရွယ်ကာ ထိုမေ့လောက်ချိန်မှ တဖန် ရွေးကောက်ပွဲကျင်းပရန် နောက်ထပ် အစီအစဉ်တစ်ခုကို‌ ရေးဆွဲနေပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်ငါးနှစ်လောက်ကြာလျှင် ၂၀၂၀ ရွေးကောက်ပွဲရလဒ် မှေးမှိန်သွားလောက်ပြီဟု ကြံရွယ်ကာ ထိုမေ့လောက်ချိန်မှ တဖန် ရွေးကောက်ပွဲကျင်းပရန် နောက်ထပ် အစီအစဉ်တစ်ခုကို‌ ရေးဆွဲနေပြန်သည်။

သို့ဖြစ်ရာ စစ်ကောင်စီက ပြောနေသော‌ ရွေးကောက်ပွဲကိစ္စများသည် အချိန်မကြာကြာအောင် ဆွဲနေခြင်းသာ ဖြစ်ပေသည်။ ၎င်းတို့ ကြေညာထားသော အချိန်ကာလအတွင်း ရွေးကောက်ပွဲကို ကျင်းပမည့်ပုံလည်း မမြင်ပေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) (၎င်းတို့ဖာသာ ပေးထားသောအမည်) သည် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ဟန်ရေးမျှသာ ပြနေကာ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့အပါအဝင် နိုင်ငံခြားတိုင်းပြည်များထံမှ အသိအမှတ်ပြုမှုကို ရရှိအောင် ကစားနေခြင်းမျှသာ ဖြစ်သည်။ စစ်ကောင်စီသည် မကြာခင်အချိန်ကာလအတွင်း ရွေးကောက်ပွဲ အောင်မြင်ရန် မဆိုထားနှင့် အတုအယောင်မျှကိုပင် ကျင်းပနိုင်စရာ မမြင်ပေ။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား / AFP

စစ်ကောင်စီသည် ၂၀၂၃ တွင် ရွေးကောက်ပွဲကို မကျင်းပနိုင်တော့သည်မှာ သေချာလှပေသည်။ ရွေး‌ကောက်ပွဲအစား စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သန်းခေါင်စာရင်းကောက်မည်ဟူသော အစီအစဉ်ကိုဆွဲထုတ်လာပြီး မဲစာရင်းနှင့် သန်းခေါင်စာရင်းကိစ္စကို ဆက်စပ်ပြနေသည်။ သန်းခေါင်စာရင်းကို အကြောင်းပြကာ သူ့လူများထံသို့ လည်းကောင်း၊ မြန်မာအိမ်နီးချင်းများထံသို့ လည်းကောင်း ဆင်ခြေများ ချပြရန် ကြိုးစားနေခြင်းသာဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် သန်းခေါင်စာရင်းကို ကောက်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြုလာနိုင်သည်။

အချိန်ဆွဲကစားနေခြင်းအားဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီက မျှော်လင့်နေသည်မှာ

၁) ဤကာလအတွင်း အချိန်ဆွဲခြင်း နည်းလမ်းအားဖြင့် တော်လှန်ရေးအင်အားကို ပွန်းပဲ့အောင် ဖြိုခွင်းပစ်ရန်

၂) အချိန်ဆွဲခြင်းအားဖြင့် ထိုင်း၊ တရုတ်နှင့် အခြားနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကို ထိန်းထားရန်
(တရုတ်သည် စကစကို ရွေးကောက်ပွဲအမြန် ကျင်းပရန် ဖိအားပေးနေသောနိုင်ငံဖြစ်ရာ အာဆီယံဥက္ကဋ္ဌနေရာကို လာအိုသို့ အင်ဒိုနီးရှားက လက်ပြောင်းပေးသည့် အတောအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် တိုက်တွန်းခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။)

၃) ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ပြည်သူများက စိတ်သိပ်မလှုပ်ရှားတော့သည့် အချိန်ကို စောင့်ဆိုင်းနေရန်
( ပြည်သူတို့သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ခံစားချက် ပြင်းထန်သည်။ လောလောဆယ် ကျင်းပမည့်ရွေးကောက်ပွဲကို မည်သို့မျှ ဝင်ပါချင်ကြလိမ့်မည် မဟုတ်ပေ။ ၂၀၂၅ လောက်တွင်မူ လူအချို့၊ အထူးသဖြင့် မြို့နေလူထုသည် “ဘာမှ မဖြစ်တာထက်စာရင် အရွေ့တခုခုတော့ ရှိလာကောင်းရဲ့” ဟူသော သဘောထားဖြင့် ရွေးကောက်ပွဲကို ဝင်ပါကောင်းပါလာနိုင်သည်ဟု မျှော်လင့်နေပုံရသည်။)

၄) ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် သက်တမ်း ကုန်ဆုံးပြီဖြစ်ရာ ဤရွေးကောက်ပွဲရလဒ်မှာ အကျုံးမဝင်တော့၊ ၂၀၂၅ တွင် နောက်တကြိမ်လုပ်မည့် အချိန်ကျပြီဟု ဆင်ခြေပေးလာနိုင်ရန်

၅) နောက်ဆုံး အရေးကြီးသည့်အချက်မှာ ၎င်းတို့အတွက် အကြီးဆုံးရန်သူဟု မြင်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ပို၍ အိုမင်းလာကာ မစွမ်းတော့နိုင်တော့သည့် အချိန်သို့ ရောက်လာမည်၊ သို့မဟုတ် ထိုအချိန်မှ လွှတ်ပေးလိုက်လျှင်ပင် အန္တရာယ်မရှိလောက်တော့ပြီဟု မျှော်လင့်ထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။

စစ်တပ်သည် အာဏာသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် အကြမ်းနည်းသုံးကာ သွေးထွက်သံယို နှိမ်နင်းသည့် လုပ်ရပ်များကို တရစပ်သုံးခဲ့သည်။ ထိုနည်းသည်လည်း မအောင်မြင်နေပေ။

စစ်တပ်သည် အာဏာသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် အကြမ်းနည်းသုံးကာ သွေးထွက်သံယို နှိမ်နင်းသည့် လုပ်ရပ်များကို တရစပ်သုံးခဲ့သည်။ ထိုနည်းသည်လည်း မအောင်မြင်နေပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကနဦး နှစ်နှစ်အပြီးတွင် ရွေးကောက်ပွဲကျင်းပမည်ဟူသော အစီအစဉ်သည် ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း စစ်တပ်ကိုယ်တိုင် ဝန်ခံခဲ့ပြီးဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မြင်ကွင်း / ဧရာဝတီ

သို့ဖြစ်ရာ စစ်ကောင်စီသည် ယခုအခါ “ရွေးကောက်ပွဲ” ဟု အယောင်ပြ၍ လည်းကောင်း၊ “ရွေး‌ကောက်ပွဲကို နောက်ဆုတ်ခြင်း” အားဖြင့် လည်းကောင်း၊ “မဲပေးမည့်လူစာရင်း ကောက်ခံခြင်း” ဖြင့် လည်းကောင်း၊ “သန်းခေါင်စာရင်း” အားဖြင့် လည်းကောင်း စိတ်ဓာတ်စစ်ဆင်ရေးလက်နက်အဖြစ် တဖန်သုံးနေပြီး လိုရာကြိုးဆွဲဖို့ ကြိုးစားနေပြန်သည်။

ထိုအရာများအားလုံးသည် ပြည်သူ၏ အာရုံကို လှည့်ဖျားရန် မီးခိုးဗုံးသဖွယ် သုံးနေခြင်းဖြစ်သည်။ ပြည်သူကို အတုအယောင် အချိန်ဇယားတခုပြကာ အကြောင်းပြချက်ပေးနေခြင်းသာ ဖြစ်ပေသည်။ ဖြစ်နိုင်ခြေအရှိဆုံးမှာ စစ်တပ်က ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲသည် ၂၀၂၃ တွင်ဖြစ်စေ၊ ၂၀၂၄ တွင်ဖြစ်စေ၊ ၂၀၂၅ တွင်ဖြစ်စေ ရှိလာနိုင်မည်မဟုတ် ဆိုသော အချက်ပင်။

စစ်တပ်ကို တော်လှန်နေသော အင်အားစုများသည် တစတစ ပိုမိုအားကောင်းလာသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခင်ကအတိုင်း အာဏာကို ထိန်းချုပ်ထားဖို့ရန်မှာ မဖြစ်နိုင်တော့ပေ။ အကြမ်းနည်း ရန်ပြုသောအားဖြင့် သော်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူ အစီအစဉ်များအားဖြင့် သော်လည်းကောင်း၊ ရွေးကောက်ပွဲ အတုအယောင်အားဖြင့် သော်လည်းကောင်း အာဏာကို ဆက်လက်တည်ဆောက်ထားရန် မဖြစ်နိုင်တော့ပေ။

ပြည်သူများအနေနှင့် ရွေးကောက်ပွဲကို လက်မခံသည့် အကြောင်းသက်သက်နှင့်ပင် ရွေးကောက်ပွဲသည် ရှိလာမည်မဟုတ်ပါ။ ပြည်သူတို့သည် ပါဝင်ပြီး မဲပေးကြမည် မဟုတ်ပေ။ လက်နက်ကိုင် နည်းအားဖြင့် သို့မဟုတ် လက်နက်ကိုင်မဟုတ်ဘဲ ဆန့်ကျင်လို့ရသည့် မည်သည့်နည်းနှင့်မဆို ရွေးကောက်ပွဲကို ငြင်းပယ်ကြမည်ပင်။ ထို့ကြောင့် ရွေးကောက်ပွဲသည် ဖြစ်လာစရာအကြောင်းမရှိပါ။

အယောင်ဆောင်လှည့်စားမည့် ရွေးကောက်ပွဲဆိုသော ဟန်ပြလုပ်ဇာတ်ကို ဖြစ်နေခြင်းကြောင့်ပင် ဆန့်ကျင်ကန့်ကွက်မှုများသည် မလုပ်ကောင်းသော ကိစ္စများ မဟုတ်ပေ။

ဒွန်ဘာ့စ်နယ်ကို ရုရှားများ သိမ်းခဲ့စဉ်က ပြည်သူ‌များ သဘောတူ၊ မတူ ရုရှားအစိုးရက ပြည်သူ့ဆန္ဒခံယူပွဲလုပ်လျှင် လက်ခံကြရမည်ဟု ရုရှားက စီစဉ်သောအခါ ယူကရိန်းနိုင်ငံသားများက ခိုင်ခိုင်မာမာ ဆန့်ကျင်ကန့်ကွက်ကြသလို ထိုအကြံအစည် မပျက်ပျက်အောင် ကြိုးစားခဲ့ကြပါသည်။ ဤအခြေအနေ၌ ယူကရိန်းနိုင်ငံသားများထံတွင် ထိုကဲ့သို့ ကန့်ကွက်ခွင့်ရှိသလောဟု မည်သူမျှ မေးခွန်းမထုတ်နိုင်ပါ။

အယောင်ဆောင် လှည့်စားသော ရွေးကောက်ပွဲကို စင်ဆောက်ပြီဆိုသည်နှင့်တပြိုင်နက် တရားမဝင်ကြောင်းပြသရန်၊ စစ်တပ်၏အကြံ အရေးနိမ့်ရာနိမ့်ကြောင်း‌ ဆောင်ရွက်ကြရန် လိုပါသည်။

မြန်မာ့နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် တော်လှန်ရေး ဘက်တော်သားများသည် တရံမလပ် နိုးကြားသတိရှိနေကြရမည် ဖြစ်သည်။ အယောင်ဆောင် လှည့်စားသော ရွေးကောက်ပွဲကို စင်ဆောက်ပြီဆိုသည်နှင့်တပြိုင်နက် တရားမဝင်ကြောင်းပြသရန်၊ စစ်တပ်၏အကြံ အရေးနိမ့်ရာနိမ့်ကြောင်း‌ ဆောင်ရွက်ကြရန် လိုပါသည်။

သို့ဖြစ်ရာ ယခုအချိန်တွင် “၂၀၂၃၊ ၂၀၂၄ နှင့် ၂၀၂၅ တနှစ်နှစ်တွင် စစ်တပ်က ပြင်ဆင်ထားသော ရွေးကောက်ပွဲ ပုံစံတခုခု ရှိလာလိမ့်မည်လား” ဟူသော မေးခွန်းမှာ မေးခွန်းအမှား ဖြစ်ပေသည်။ လက်ရှိ မြေပြင်ပကတိတရားများနှင့် ထင်ဟပ်မိသော အဖြေကို ရနိုင်လိမ့်မည် မဟုတ်ပေ။

ယခုအချိန်တွင် မေးကြရမည့် မေးခွန်းမှာ တော်လှန်ရေးတပ်များ၏ ဖိအားကြောင့် မြန်မာစစ်တပ် မပြိုကျနိုင်သေးခင် ကာလအတွင်း မြန်မာ၏အိမ်နီးချင်းများနှင့် အာဆီယံနိုင်ငံများ အနေဖြင့် မင်းအောင်လှိုင်နှင့် စကစကို မည်မျှကြာကြာအထိ တိုင်းပြည်ကို ဖျက်ဆီးခွင့်ပြုထားပြီး ပြည်သူအပေါ် အကြမ်းဖက်ခွင့် ပေးထားမည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

တခုတည်းသော နောက်မေးခွန်းတခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသမိုင်း၏ အဆိုးဆုံး၊ လူသတ်အကြမ်းဆုံး၊ လောဘအကြီးဆုံး၊ မအောင်မြင်ဆုံး အာဏာရှင်အဖြစ် သမိုင်းအမှိုက်ပုံးထဲသို့ ဂုဏ်ကျက်သရေကင်းမဲ့စွာ ကျဆင်းသွားမသွားမီ ကာလအတွင်း မည်မျှအထိ တိုင်းပြည်ကို ဖျက်ဆီးသွားဦးမည်နည်းဟူသော မေးခွန်းပင်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Myanmar Junta’s ‘Election Plan’ Is Just a PSYOPS Operation That Will Fail ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)

You may also like these stories:

NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

ရွေးကောက်ပွဲ ဘယ်တော့ဆိုတာ မပြောဘဲ ပါတီတွေ မှတ်ပုံတင်ခိုင်းတာ တရားတယ်လို့ မမြင်ဘူး

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ

]]>
အာဏာသိမ်း ၂ နှစ်ပြည့် စစ်ကောင်စီက ရုပ်သေးအစိုးရသစ် ဖွဲ့မလား https://burma.irrawaddy.com/article/2023/01/25/257545.html Wed, 25 Jan 2023 09:32:04 +0000 https://burma.irrawaddy.com/lytbox/?p=257545 စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ခေတ္တသမ္မတ ဦးမြင့်ဆွေဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် စစ်တပ်ကလွှမ်းမိုးသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အတုအယောင် အာဏာလွှဲပြောင်းမှု ဖြစ်မည်။ ]]> စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ခေတ္တသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုလကုန်တွင် အရေးပေါ်စစ်အုပ်ချုပ်ရေး သက်တမ်း ၂ နှစ် ကုန်ဆုံးသောအခါ သူ၏ရုပ်သေးရုပ်ဖြစ်သော ခေတ္တသမ္မတ ဦးမြင့်ဆွေကို အရပ်သားခေါင်းဆောင်အဖြစ် အာဏာလွှဲပြောင်းပေးပြီး ကျန်အာဏာကို နောက်ကွယ်မှ ဆက်လက်ချုပ်ကိုင်နိုင်သည်။

ထိုသို့သောအခြေအနေသည် စစ်ကောင်စီက ယခုနှစ်အတွင်း စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရင်း စစ်ကောင်စီခေါင်းဆောင်သည် စစ်တပ်အကြီးအကဲ ရာထူးကို ဆက်လက်ချုပ်ကိုင်ကာ လာမည့်ရွေးကောက်ပွဲမှတဆင့် သမ္မတဖြစ်ရန် စောင့်နေမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များနှင့် သုတေသီများက ပြောသည်။ မြန်မာစစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ပွဲကို အရေးပေါ်အုပ်ချုပ်ရေးအပြီး ခြောက်လအတွင်း ကျင်းပရမည်ဟု ဖော်ပြထားသည်။

အရေးပေါ်အုပ်ချုပ်ရေးကို ၂ နှစ်ထက် ပိုမိုသက်တမ်းတိုးခြင်းအား ဖွဲ့စည်းပုံက ခွင့်မပြုသောကြောင့် စစ်ကောင်စီခေါင်းဆောင်သည် ထိုနည်းလမ်းကို ရွေးချယ်နိုင်ခြေ အများဆုံးရှိကြောင်း သုတေသီများနှင့် သတင်းရင်းမြစ်များက ပြောသည်။ ပိုမိုအရေးကြီးသောအချက်မှာ ရွေးကောက်ပွဲကျင်းပချိန်အထိ သြဇာလွှမ်းမိုးနိုင်ပြီး မင်းအောင်လှိုင်သည် နိုင်ငံခေါင်းဆောင်မဟုတ်တော့ဆိုသည့် အလိမ်အညာကို ကူညီလိမ်လည်ပေးသူတဦးအား ရွေးချယ်ပြီး အာဏာဟာကွက်ကို ဖြည့်ရန် လိုအပ်ခြင်းဖြစ်သည်။

စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ဖွဲ့စည်းပုံအရ စစ်တပ်ကို ပေးထားသည့် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းနှင့်ပေါင်းရန် လွှတ်တော်နေရာ ၂၆ ရာခိုင်နှုန်းသာ လိုအပ်သောကြောင့် ကြီးမားသောအခက်အခဲမရှိဘဲ မင်းအောင်လှိုင် သမ္မတဖြစ်မည့်လမ်းသည် ပွင့်နေသည်။

စီစဉ်ထားသည့် ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက အတုအယောင်အဖြစ် ရှုတ်ချနေသော်လည်း ထိုသို့လုပ်ဆောင်လိုက်ပါက ရွေးကောက်ခံအစိုးရအဖြစ် တရားဝင်မှုရလာစေမည်ဟု စစ်ကောင်စီက ထင်နေကြောင်း လေ့လာသူများက ပြောသည်။

အမည်ခံ သမ္မတ

ထိုသို့ အတုအယောင် အာဏာလွှဲပြောင်းမှု ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် စစ်တပ်ချုပ်ကိုင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် လုပ်မည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် စစ်ကောင်စီက အရေးပေါ်အုပ်ချုပ်ရေး နှစ်နှစ်အတွက် အစီရင်ခံစာကို တင်သွင်းမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ကာလုံ အစည်းအဝေး။ ထိုအစည်းအဝေးတွင် ကာလုံက စစ်အုပ်ချုပ်ရေးကို ခြောက်လ သက်တမ်းတိုးပေးခဲ့သည်။ / Cincds

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲလိမ်သည်ဟု အကြောင်းပြကာ စစ်ကောင်စီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထံမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး “အရေးပေါ်အခြေအနေ” ကြေညာခဲ့သော်လည်း ထိုစွပ်စွဲချက်သည် လိမ်လည်မှုဖြစ်သည်ဟု နိုင်ငံတကာ လေ့လာသူများက ပယ်ချသည်။ ထိုရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို နိုင်ခဲ့သည်။

“အသွင်ကူးပြောင်းရေးကောင်စီ” အမည်ခံအဖွဲ့ကို NLD အစိုးရတွင် စစ်တပ်က ခန့်အပ်သည့် ဒုသမ္မတ၊ ဗိုလ်ချုပ်ဟောင်း၊ လက်ရှိခေတ္တသမ္မတ ဦးမြင့်ဆွေက ဦးဆောင်မည်ဖြစ်သည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းစဉ်ကလည်း သူ့ကို ယာယီသမ္မတအဖြစ် ရွေးချယ်ခဲ့သော်လည်း ဦးမြင့်ဆွေသည် စစ်ကောင်စီတွင် ရာထူးယူထားခြင်း မရှိပေ။ မင်းအောင်လှိုင် နောက်ကွယ်မှ ကြိုးဆွဲနေမည့် အစိုးရသစ်တွင် ဦးမြင့်ဆွေ သမ္မတရာထူးယူခြင်းသည်လည်း အဆောင်အယောင်မျှသာ ဖြစ်မည်ဟု သုတေသီများက ပြောသည်။

အစိုးရအဖွဲ့ဝင်သစ်များတွင် စစ်ကောင်စီ (SAC) အဖွဲ့ဝင်အချို့လည်း ဆက်လက် ပါဝင်မည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ရန် လိုသည့် စစ်ဘက်နှင့် အရပ်ဘက်မှ လတ်တလော အစိုးရရာထူးယူထားသူများ နုတ်ထွက်ကြမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဖွဲ့စည်းပုံနှင့် ညီသော်လည်း

ထိုအခြေအနေသည် ဖွဲ့စည်းပုံနှင့် ကိုက်ညီသည်။ ဖွဲ့စည်းပုံတွင် ကာလုံက စစ်ခေါင်းဆောင်သို့ ပေးအပ်ထားသည့် အာဏာကို ပြန်ယူပြီးနောက် ဥပဒေပြုအာဏာကို ချုပ်ကိုင်ထားကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို ရွေးကောက်ပွဲ ကျင်းပသည်အထိ ချုပ်ကိုင်ထားမည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။

သို့သော် စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသောကြောင့် မြေပြင်အခြေအနေသည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် အဟန့်အတား ဖြစ်စေသည်။ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက ရွေးကောက်ပွဲရုံးများနှင့် မဲစာရင်းပြုစုသူများကို တိုက်ခိုက်နေသည်။ ထို့ကြောင့် ဖြစ်နိုင်ခြေရှိသည့် အခြားအခြေအနေတခု ထွက်ပေါ်လာသည်။

ကာလုံသည် အရေးပေါ်အုပ်ချုပ်ရေးကို ပုံမှန်အားဖြင့် သက်တမ်း ခြောက်လ နှစ်ကြိမ်တိုးနိုင်သည်ဟု ဖော်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို စစ်ကောင်စီက လိုသလို အသုံးချနိုင်သည်ဟု လေ့လာသူအချို့ ပြောသည်။ တနိုင်ငံလုံးတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ထူးခြားသောအခြေအနေကြောင့် ကာလုံသည် အရေးပေါ် အုပ်ချုပ်ရေးကို တတိယအကြိမ် သက်တမ်းတိုးနိုင်၊ မတိုးနိုင်ဆိုသည့် မေးခွန်းများ ရှိနေသည်။

မည်သို့ဖြစ်စေ မင်းအောင်လှိုင်သည် ဥပဒေနှင့်ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ အာဏာကို ဆက်လက်ချုပ်ကိုင်မည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။ ထိုကိစ္စကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် ကာလုံအစည်းအဝေးက ဆုံးဖြတ်မည်ဖြစ်သည်။

You may also like these stories:

မင်းအောင်လှိုင်၏ သမ္မတရူးထမှု ဇာတ်ရှိန်မြင့်နေ

နိုင်ငံကို စစ်ကောင်စီ မထိန်းချုပ်နိုင်ကြောင်း အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းက ပြသ

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို

စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့

၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက် မဟုတ်

]]>
မင်းအောင်လှိုင်၏ သမ္မတရူးထမှု ဇာတ်ရှိန်မြင့်နေ https://burma.irrawaddy.com/article/2023/01/09/257185.html Mon, 09 Jan 2023 04:18:12 +0000 https://burma.irrawaddy.com/lytbox/?p=257185 ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၂၀၁၅ ခုနှစ်က သမ္မတ ဦးသိန်းစိန်  / AFPပြည်သူများ၏အမြင်တွင် မင်းအောင်လှိုင်သည် မည်သည့်အခါကမျှ နိုင်ငံခေါင်းဆောင် မဟုတ်ပေ။]]> ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၂၀၁၅ ခုနှစ်က သမ္မတ ဦးသိန်းစိန်  / AFP

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတရူးထမှုသည် အတားအဆီးမရှိဘဲ မြန်မာပြည်သူများ ဒေါသထွက်စရာ ကောင်းလောက်အောင် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာသည်။

မကြာသေးမီ ရက်များက နှစ်သစ်ကူးနှင့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အာဏာသိမ်း ခေါင်းဆောင်က သူသဘောတွေ့သူများကို ဆုတံဆိပ်များ ပေးသောအခါ သမ္မတ၏စလွယ် ဝတ်ထားသည်ကို တွေ့ရသောကြောင့် မြန်မာပြည်သူများ စိတ်ကသိကအောက် ဖြစ်ကြရသည်။ ထို့နောက် အာဏာသိမ်း ခေါင်းဆောင်သည် နိုင်ငံ၏တရားဝင် သမ္မတဟန်ပန် ဖမ်းနေသည်။

ပြည်သူများ၏အမြင်တွင် မင်းအောင်လှိုင်သည် မည်သည့်အခါကမျှ နိုင်ငံခေါင်းဆောင် မဟုတ်ပေ။ စစ်အာဏာသိမ်းမှုဖြင့် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံမှ အာဏာလုယူပြီးနောက် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ကာ သူ၏အုပ်ချုပ်ရေးကို ဆန့်ကျင်သူ ၂,၆၀၀ ကျော်ကို သတ်ဖြတ်သည့် လူရှုပ်လူလိမ်အဖြစ်သာ မြင်ကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ သမ္မတအဖြစ် တရားဝင်ခေါ်နိုင်ခြင်း မရှိပေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထိုရာထူးကို လွှတ်တော်ကသာ ရွေးချယ်ရမည်ဖြစ်သည်။ လက်တွေ့တွင် သူသည် လွှတ်တော်ကို ဖျက်သိမ်းကာ စစ်အာဏာသိမ်းခြင်းဖြင့် အာဏာရလာသူ ဖြစ်သည်။

သို့သော်သူသည် သမ္မတရာထူးကို ငမ်းငမ်းတက်ဖြစ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယသမ္မတရာထူး သို့မဟုတ် စစ်ကော်မရှင်ဥက္ကဋ္ဌရာထူး ပေးသော်လည်း NLD ကို အာဏာသိမ်းခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ သမ္မတအဖြစ် တရားဝင်ခေါ်နိုင်ခြင်း မရှိပေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထိုရာထူးကို လွှတ်တော်ကသာ ရွေးချယ်ရမည်ဖြစ်သည်။ လက်တွေ့တွင် သူသည် လွှတ်တော်ကို ဖျက်သိမ်းကာ စစ်အာဏာသိမ်းခြင်းဖြင့် အာဏာရလာသူ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် မကြာမီသူသည် သမ္မတအိမ်တော်တွင် ပြောင်းရွှေ့နေထိုင်သည်။

ထို့နောက်သူသည် သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်ပြီး ကမ္ဘာကိုလိမ်လည်ကာ အာဏာသိမ်းခေါင်းဆောင် မဟုတ်ဘဲ စစ်ခေါင်းဆောင်ရာထူးကို ဆက်လက် ရယူထားသည့် အရပ်သားခေါင်းဆောင်အဖြစ် အမြင်ခံလိုသည်။ နောက်ပိုင်းတွင် ၎င်းကို စစ်ဝတ်စုံဖြင့် တွေ့ရခဲသည်။ စစ်ဝတ်စုံမဝတ်ဘဲ သမ္မတဝတ်စုံဝတ်ကာ ယခင်သမ္မတများကို အတုခိုးပြီး မြန်မာအချုပ်အခြာအာဏာ၏ သင်္ကေတဖြစ်သော သီဟာသနပလ္လင် ရှေ့တွင် သူ့ထံလာရောက်သည့် သံတမန်များကို လက်ခံတွေ့ဆုံသည်။

သူ၏ သမ္မတရူးထမှုသည် ယခင်သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခြေရာနင်းပြီး လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက ဗိုလ်ရှုခံ အခမ်းအနား ကျင်းပသောအခါ ဇာတ်ရှိန်မြင့်လာသည်။ အတိုချုပ်ပြောရပါက မင်းအောင်လှိုင်သည် ဆင်ဖြူရူးထခြင်း၊ ပတ္တမြားရူးထခြင်း၊ ဘုရားတည် အနေကဇာတင်ခြင်းနှင့် ဂုဏ်ထူးဆောင် ဘွဲ့များပေးခြင်း အပါအဝင် မြန်မာသမ္မတနှင့် ဘုရင်များအစဉ်အလာအရ လုပ်ခဲ့သည်များ အားလုံးနီးပါးကို လုပ်ခဲ့ပြီးဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၂၀၁၁ ခုနှစ်၊ မတ်လက သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှ ဦးသိန်းစိန်

ဗိုလ်ရှုခံနှင့် ဘွဲ့တံဆိပ်များပေးသည့် အခမ်းအနားတွင် သူသည် မြန်မာသမ္မတများ၏ အဆောင်အယောင် ဖြစ်သည့် စလွယ်ဝတ်ဆင်ကာ ဦးသိန်းစိန် ၂၀၁၁ ခုနှစ်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် ပုံစံမျိုးကို အတုခိုးသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့် သြဂုတ်လတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားပြီး ထိုကိစ္စသည် လွှတ်တော်ခေါ်ကာ မြန်မာ၏ ရွေးကောက်ခံ သမ္မတဖြစ်ရန် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။

ထိုကြောင့် နှစ်သစ်ကူးနှင့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့များ၌ သူပြောကြားသည့် မိန့်ခွန်းများတွင် မင်းအောင်လှိုင်က စစ်ကောင်စီသည် နိုင်ငံတဝန်း ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေကြောင်းပြောပြီး စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် နယ်မြေများ ဆုံးရှုံးနေသည့်အချက်ကို လျစ်လျူရှုထားသည်။

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နေပြီး လုံခြုံရေး အကြောင်းပြချက်ဖြင့် အချို့မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် သူခန့်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အမိန့်ပေးထားသည်။

အတိုချုပ်ပြောရပါက မင်းအောင်လှိုင်သည် ဆင်ဖြူရူးထခြင်း၊ ပတ္တမြားရူးထခြင်း၊ ဘုရားတည် အနေကဇာတင်ခြင်းနှင့် ဂုဏ်ထူးဆောင် ဘွဲ့များပေးခြင်း အပါအဝင် မြန်မာသမ္မတနှင့် ဘုရင်များအစဉ်အလာအရ လုပ်ခဲ့သည်များ အားလုံးနီးပါးကို လုပ်ခဲ့ပြီးဖြစ်သည်။

မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်မခံဘဲ သူသည် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားသည့်တိုင် ထိုပါတီကို ဆက်လက် ဖိနှိပ်ပြီး မည်သည့်ပါတီ တခုတည်းမျှ ပြတ်ပြတ်သားသား မနိုင်စေရန် မဲများသူနိုင်သည့် ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် အစားထိုးရန် လုပ်ဆောင်နေသည်။

ယခင်စစ်အုပ်စုခေတ်က ရဲချုပ်ဖြစ်ပြီး စစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်သော တက်ကြွလှုပ်ရှားသူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသောကြောင့် ကျော်ကြားသူ ဦးခင်ရီကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည်။ ထိုပါတီသည် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ ၎င်း၏အနေအထား ကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်နေသည်။

NLD က ရွေးကောက်ပွဲကို သပိတ်မှောက်သောကြောင့် USDP သည် လွှတ်တော်တွင်နေရာ အများစု ရနိုင်ဖွယ်ရှိသည်။ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်တပ်က ချုပ်ကိုင်ထားသောကြောင့် USDP ကိုယ်စားလှယ်များနှင့် စစ်တပ်ကခန့်အပ်သည့် ကိုယ်စားလှယ်များက သူသမ္မတဖြစ်စေရန် မဲပေးမည်ဖြစ်သောကြောင့် မင်းအောင်လှိုင်၏ စိတ်ကူးယဉ်အိပ်မက်သည် လက်တွေ့ဖြစ်လာမည့်သဘော ဖြစ်နေသည်။

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နေပြီး လုံခြုံရေး အကြောင်းပြချက်ဖြင့် အချို့မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် သူခန့်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အမိန့်ပေးထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုလကုန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) သို့ အာဏာလွှဲပြောင်းပေးရန် လိုအပ်သည်။ ထိုနေ့မှစတင်ပြီး နောက် ၆ လအတွင်း ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ သြဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲဆိုသည့် ကိစ္စမတိုင်မီ စစ်အုပ်စု အာဏာချုပ်ကိုင်မှုကို ခိုင်မာအောင် လုပ်ဆောင်ရန်အတွက် သူ၏ဦးဆောင်မှုအောက်တွင် အသွင်ကူးပြောင်းရေး ကောင်စီတခုကို ဖွဲ့စည်းလိမ့်မည်ဖြစ်သည်။

ထိုလုပ်ဆောင်မှုများက စစ်အုပ်ချုပ်ရေးသည် ၆ လအတွင်း မကုန်ဆုံးစေရန် သို့မဟုတ် စီစဉ်ထားသည့် ရွေးကောက်ပွဲနောက်ပိုင်းအထိ အာမခံချက် ရှိရေးအတွက်ဖြစ်သည်။ သူ၏ သမ္မတရာထူးကို မည်သည့်နည်းဖြင့်မဆို တရားဝင်စေရေးအတွက် ထိုရွေးကောက်ပွဲကို အသုံးချမည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Min Aung Hlaing’s Mania for the Presidency Is Alive and Well—and May Soon Bear Fruit ကို ဘာသာပြန် ဖော်ပြသည်။)

စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်း အတင်းအကျပ် မဲဆွယ်စည်းရုံးမှုများရှိနေ

မင်းအောင်လှိုင်ကို ဖယ်ရင် အားလုံးပါတဲ့ စေ့စပ်ညှိနှိုင်းရေး ဖြစ်နိုင်မယ်

စစ်ခေါင်းဆောင် အာဏာမြဲဖို့ ဆွေစဉ်မျိုးဆက် နိုင်ငံရေး အသုံးချ

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို

စစ်အာဏာမသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကမ်းလှမ်းခဲ့သလဲ

]]>
စစ်အာဏာမသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ကမ်းလှမ်းခဲ့သလဲ https://burma.irrawaddy.com/news/2022/12/31/257030.html Sat, 31 Dec 2022 04:34:40 +0000 https://burma.irrawaddy.com/lytbox/?p=257030 ဒေါ်အောင်ဆန်းစုကြည်။ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် / AFPတဘက်နှင့်တဘက် မည်သည်တို့ ကမ်းလှမ်းခဲ့သည်ကို လွန်ခဲ့သောလက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသည့် အမေရိကန် နိုင်ငံသား ဦးကျော်ဌေးဦးက ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုခြင်း မပြုမီအထိ လူသိနည်းသည်။ ]]> ဒေါ်အောင်ဆန်းစုကြည်။ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် / AFP

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို တားဆီးရန် နောက်ဆုံးအချိန်တွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုခေါင်းဆောင်ကို ကမ်းလှမ်းသည့် အချက် နှစ်ချက်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပယ်ချခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်နေခဲ့သူ တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယ ၅ နှစ်သက်တမ်း အနိုင်ရသောအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကို သမ္မတလုပ်ခွင့်ပေးရန် ဖိအားပေးခဲ့ကြောင်း သတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပြီးဖြစ်သည်။ သို့သော် အာဏာသိမ်းမှုမတိုင်မီ ရက်အနည်းငယ်က နေပြည်တော်မှ တံခါးပိတ် ဆွေးနွေးပွဲ အသေးစိတ်များနှင့် တဘက်နှင့်တဘက် မည်သည်တို့ ကမ်းလှမ်းခဲ့သည်ကို လွန်ခဲ့သောလက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသည့် အမေရိကန် နိုင်ငံသား ဦးကျော်ဌေးဦးက ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုခြင်း မပြုမီအထိ လူသိနည်းသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နှောင်းပိုင်းက အစည်းအဝေးများတွင် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတ ရာထူးကို အကြိမ်ကြိမ် တောင်းဆိုသည်။ အပေးအယူအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် တားဆီးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၉ စကို ပြင်ဆင်ရေး ထောက်ခံမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ကမ်းလှမ်းသည်ဟု သတင်းရင်းမြစ်က ဆိုသည်။ သူ၏ အပေးအယူအရ ဒေါ်အောင်ဆန်းစုကြည်သည် NLD အနိုင်ရသည့် ဒုတိယ သက်တမ်း ပထမ ၃ နှစ်တွင် နိုင်ငံ၏သမ္မတဖြစ်လာပြီး ကျန် ၂ နှစ်နှင့်နောက်ပိုင်းတွင် သူ သမ္မတ လုပ်မည်ဟုဆိုသည်။

သူ၏ကမ်းလှမ်းမှုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပယ်ချပြီး စစ်တပ်အကြီးအကဲရာထူး သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သောကြောင့် ဒုတိယ သမ္မတ သို့မဟုတ် အသစ်ဖန်တီးထားသည့် စစ်ကော်မရှင် ဥက္ကဋ္ဌလုပ်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့သည်။

“တကယ်တော့ မင်းအောင်လှိုင်က သူသမ္မတဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့မညီတာတွေ လုပ်ခိုင်းတယ်။ သူသမ္မတ မဖြစ်နိုင်တော့ အာဏာသိမ်းတယ်” ဟု ဦးကျော်ဌေးဦးက ပြောသည်။

အာဏာမသိမ်းမီအထိ ရုက္ခဗေဒ ပညာရှင် ဦးကျော်ဌေးဦးသည် လူငယ်များကို စိုက်ပျိုးရေး ပညာသင်ကြားပေသည့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးရေးသင်တန်းကျောင်း မန်နေဂျာဖြစ်သည်။ ထိုဖောင်ဒေးရှင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည်ကို ဂုဏ်ပြုသောအားဖြင့် တည်ထောင်ထားသော ဖောင်ဒေးရှင်းဖြစ်သည်။

ဦးကျော်ဌေးဦးက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး တွေ့ခဲ့သည့်အချိန်မှာ စစ်သားများ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ရောက်မလာမီ နာရီအနည်းငယ်အလို ဇန်နဝါရီလ ၃၁ ရက်နေ့ညတွင် ဖြစ်သည်။

၂၀၂၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု အကြီးအကျယ်ရှိသောကြောင့် အာဏာသိမ်းရသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပြီး NLD မဲလိမ်သည်ဟု စွပ်စွဲသည်။ သို့သော် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာသူများက ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည်ဟု အခိုင်အမာပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ကို သမ္မတရာထူး ပေးရန် ငြင်းဆန်သောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းသည်ဆိုသည့် သတင်းများ အာဏာသိမ်းပြီးနောက် ထွက်ပေါ်လာသည်။ စစ်တပ်၏ မဟာမိတ်ပါတီများကို NLD က ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် သမ္မတလုပ်ရန် သူကြိုးစားခြင်း ဖြစ်သည်။ သို့သော် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် မင်းအောင်လှိုင်သည် အငြင်းပွားဖွယ် ဇာတ်လမ်းများကို ပြောလာပြီး NLD သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် သူ့ကို ချဉ်းကပ်ခဲ့ကြောင်း ပြောသည်။

အာဏာသိမ်းပြီးနောက် ၂ နှစ်နီးပါးကြာသည့်တိုင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုဆန့်ကျင်သည့် ကျယ်ပြန့်သော လက်နက်ကိုင်တိုက်ပွဲများကြောင့် နိုင်ငံကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူသည် ခုခံတော်လှန်ရေး အင်အားစုများကို အမြောက်များ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီး အရပ်သား အပါအဝင် ၂,၆၀၀ ကျော်ကို သတ်ဖြတ်ထားသည်။

ဦးကျော်ဌေးဦးသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ယခင်က ထောင် ၂ ကြိမ် ကျဖူးသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သည်။ နိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလ ဖြစ်မည်ဟု ထင်ခဲ့သည့်ကာလတွင် ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရခေတ်တွင် အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးရေးသင်တန်းကျောင်း မန်နေဂျာ ရုက္ခဗေဒ ပညာရှင် ဦးကျော်ဌေးဦး

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖုန်းဖြင့်ဆက်သွယ်သောကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလက အကြမ်းဖက်မှုစွဲချက်ဖြင့် အဖမ်းမခံရမီအထိ ဦးကျော်ဌေးဦးသည် နေပြည်တော်မှ မည်သည့်နေရာမှန်းမသိရသည့် အိမ်တအိမ်တွင် ဖမ်းဆီးထားခံရသော ဒေါ်အောင်ဆန်းစုကြည်ထံ အစားအသောက်များ ပို့ဆောင်ပေးခဲ့သူဖြစ်သည်။

သူသည် တနှစ်ကျော်ကြာ ဖမ်းဆီးခံရပြီး ပထမတွင် နေပြည်တော်၌ နေရကာ ထို့နောက် မန္တလေးတိုင်း၊ ရမည်းသင်းထောင်တွင် နေရသည်။ ယင်းနောက် နိုဝင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။ သူ့ကို ဖမ်းဆီးထားစဉ်အတွင်း သူသည် အာဏာမသိမ်းမီက ဆွေးနွေးမှုများအကြောင်း အတည်ပြုသော ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံ အများအပြားနှင့် တွေ့ဆုံခဲ့သည်။

သူ့ကို ဖမ်းဆီးပြီးနောက် စစ်ဘက်စစ်ကြောရေးစခန်းသို့ ခေါ်သွားပြီး စစ်ကောင်စီအရာရှိများက သူသည် အမေရိကန် နိုင်ငံသားဖြစ်သည်ကို သိသွားသည်အထိ ၁၈ ရက်ကြာ ညှဉ်းပန်းနှိပ်စက် ခံရသည်။ သူ့ကို ဖမ်းဆီးထားသူများက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သည်ကိုလည်း ခံရသည်။ “စစ်ကြောရေးမှာ မင်းသေရင် ငါတို့ရာထူးတက်မယ်” ဟု ထိုဖမ်းဆီးစစ်ဆေးသူများက ပြောသည်။

စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များတွင် သူတွေ့ဆုံခဲ့သည့် ဖမ်းဆီးခံရသူအများစုသည် ငယ်ရွယ်သော တက်ကြွလှုပ်ရှားသူများ ဖြစ်သည်။ သူသည် ဖြုတ်ချခံ NLD အစိုးရ အရာရှိများ၊ ပါတီဝင်များ၊ စစ်တပ်မှ အထက်အရာရှိများနှင့် မပြေလည်သောကြောင့် သို့မဟုတ် အတိုက်အခံလှုပ်ရှားမှုနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသောကြောင့် ထောင်ချခံရသည့် ဗိုလ်ကြီး၊ ဗိုလ်မှူးများနှင့်လည်း တွေ့ဆုံခဲ့သည်။

စစ်အရာရှိ အများအပြားသည် စစ်တပ်ကို အယုံအကြည်ကင်းမဲ့မှု ကြီးထွားနေပြီး စစ်တပ်မှလူအများစုနှင့် မိသားစုများသည် မမျှတမှုများကြောင့် သို့မဟုတ် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များအောက်တွင် မလုံခြုံမှုကြောင့် စိတ်ပျက်နေကြောင်း အဆိုပါ ထောင်ကျ စစ်သားများက ဦးကျော်ဌေးဦးကို ပြောသည်။

သူနှင့်အတူ ဖမ်းဆီးချုပ်နှောင်ခံရသည့် စစ်တပ်မှလူများကို ကိုးကားပြီး ဦးကျော်ဌေးဦးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မောက်မာပြီး မည်သူ့ကိုမျှမယုံကြောင်း ပြောသည်။

“သူက သူ မကျေနပ်ရင် စိုးဝင်းကိုတောင် ဖိုင်တွေနဲ့ ကောက်ပေါက်တယ်” ဟု ဦးကျော်ဌေးဦးက ပြောသည်။ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာစစ်အုပ်စုတွင် မင်းအောင်လှိုင်ပြီးလျှင် သြဇာအကြီးမားဆုံး စစ်ဗိုလ်ချုပ်ဖြစ်သည်။

You may also like these stories:

မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု

သူတို့ တွေ့ပြီး ဘာတွေ တိုင်ပင်ခဲ့ကြလဲ

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ

စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းပုံ ရေးဆွဲဦးမလား

]]>
စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့ https://burma.irrawaddy.com/article/2022/06/27/252783.html Mon, 27 Jun 2022 03:21:33 +0000 https://burma.irrawaddy.com/lytbox/?p=252783 ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက နေပြည်တော်၌ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် USDP ထောက်ခံသူများ / ဧရာဝတီဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတအိပ်မက်သည် လူတိုင်းသိနေသော လျှို့ဝှက်ချက်ဖြစ်သည်။]]> ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက နေပြည်တော်၌ ရွေးကောက်ပွဲ မဲဆွယ်မှုတွင် USDP ထောက်ခံသူများ / ဧရာဝတီ

စစ်အုပ်စုလက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အစည်းအဝေးကို လွန်ခဲ့သောအပတ်က ကျင်းပသော်လည်း ပါတီ၏ အနာဂတ် ခေါင်းဆောင်မှုအပေါ် သဘောထားကွဲလွဲပြီး အဆုံးသတ်သွားသည်။ ခေါင်းဆောင်မှုအသစ်နှင့်ပတ်သက်ပြီး မကြာမီကျင်းပမည့် ပါတီညီလာခံတွင် ကြေညာမည်ဟု မျှော်လင့်ရသည်။

လွန်ခဲ့သောရက်များအတွင်း ကျင်းပသည့် CEC အစည်းအဝေးတွင် USDP သည် အုပ်စု ၂ ခုကွဲသွားပြီး ဥက္ကဋ္ဌ ဦးသန်းဌေးကို ဖြုတ်ချလိုသောအုပ်စုနှင့် သူ့ကိုသစ္စာခံသော အုပ်စုဟူ၍ ပေါ်ပေါက်လာသည်။

ဦးသန်းဌေးကို ဖြုတ်ချလိုသောအုပ်စုသည် အင်အားပိုမိုကြီးမားပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံသော အုပ်စုဟု ယူဆရသည်။

ပါတီ CEC အဖွဲ့၏ ၅ နှစ်သက်တမ်းသည် လွန်ခဲ့သောနှစ် သြဂုတ်လက ကုန်ဆုံးသော်လည်း ဦးသန်းဌေးက ကိုဗစ်နိုင်တင်းဖြစ်ပွားမှုနှင့် နိုင်ငံရေးအခြေအနေကို အကြောင်းပြကာ ၂၀၂၁ ခုနှစ် ပါတီညီလာခံကို ဖျက်သိမ်းထားသည်။ သို့သော် ထိုလုပ်ရပ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် USDP ခွက်ခွက်လန်ရှုံးအပြီး ပါတီဥက္ကဋ္ဌရာထူးကို ဆက်လက်ထိန်းသိမ်းထားရန် ဦးသန်းဌေးပေးသော ဆင်ခြေအဖြစ် USDP အဖွဲ့ဝင် အများအပြားက မြင်ကြသည်။

ဦးသန်းဌေးသည် စစ်ကောင်စီက နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် ပါတီဒုဥက္ကဋ္ဌရာထူးတွင် ဆက်လက်ရှိနေရန် အနည်းဆုံး မျှော်လင့်နေသည်ဟု သူ့ကို ဖြုတ်ချရန် ကြိုးစားနေသူများ ယူဆသည်။

ဦးသန်းဌေး၏ ခေါင်းဆောင်မှု ခြိမ်းခြောက်ခံနေရ

USDP ၏ အရေးအပါဆုံး အစည်းအဝေးသည် ၅ နှစ်သက်တမ်းရှိ CEC များကို ရွေးချယ်သည့် ပါတီညီလာခံ ဖြစ်သည်။ CEC က ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ရွေးချယ်သည်။

နေပြည်တော်တွင် မကြာသေးမီက ကျင်းပသည့် USDP ၏ CEC အစည်းအဝေးတွင် တွေ့ရသည့် ဦးသန်းဌေး / USDP Facebook

ပါတီညီလာခံ ပြီးဆုံးသောအခါ CEC အစည်းအဝေးသည် လစ်လပ် CEC များကို ပြန်လည်ခန့်ထားရန် အခွင့်အာဏာသာရှိသော်လည်း USDP ၏ အဆင့်အမြင့်ဆုံး အစည်းအဝေးဖြစ်သည်

ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် ကျင်းပသည့် USDP ၏ CEC အစည်းအဝေးတွင် ဦးသန်းဌေးသည် ပါတီ ညီလာခံ၏ အတည်ပြုချက်မယူဘဲ သူ၏ဥက္ကဋ္ဌသက်တမ်းကို နောက်ထပ် ၅ နှစ်တိုးချဲ့ရန် ကြိုးစားသည်။ သို့သော် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ထောက်ခံသည်ဆိုသည့် အထက်ပါ USDP အုပ်စုက ထိုကိစ္စကို ဆန့်ကျင်သောကြောင့် ဦးသန်းဌေးသည် ပါတီညီလာခံ မကြာမီကျင်းပမည်ဟု ကတိပေးခဲ့ရသည်ဟု ဆိုသည်။

ပါတီညီလာခံမခေါ်ဘဲ ရာထူးသက်တမ်းတိုးရေးကို ဦးသန်းဌေးက ခေါင်းမာမာ ဆက်လုပ်နေပါက သူသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့် အာဏာလုပွဲတွင် ပါတီမှထုတ်ပစ်ခံရသည့် သူရဦးရွှေမန်း၏ ခြေရာနင်းရမည်ဟု အမည်မဖော်လိုသော CEC အဖွဲ့ဝင်တဦးက ပြောသည်။

CEC အစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြောသောအခါ ဦးသန်းဌေးသည် စိတ်မချမ်းမြေ့ဖြစ်နေပြီး နှုတ်ဆက် မိန့်ခွန်းသဖွယ်ဖြစ်နေကြောင်း အထက်ပါ CEC အဖွဲ့ဝင်က ပြောသည်။

နောက်ကွယ်မှ အကွက်ရွှေ့နေသော စစ်ကောင်စီခေါင်းဆောင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတအိပ်မက်သည် လူတိုင်းသိနေသော လျှို့ဝှက်ချက်ဖြစ်သည်။ စစ်အုပ်စု ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို လွှတ်တော်နေရာများ၏ ၂၅ ရာခိုင်နှုန်း ပေးရသောကြောင့် သမ္မတဖြစ်ရေးအိပ်မက်သည် သူ့အတွက် စိတ်ကူးယဉ်သက်သက် မဟုတ်ပေ။

သို့သော် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် USDP သည် အစိုးရဖွဲ့နိုင်သည့်မဲ ၂၆ ရာခိုင်နှုန်း မရသောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းရသည့် အခြေဆိုက်သွားသည်။

ယခုအခါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။ သူသည်ရွေးကောက်ပွဲအပြီးတွင် သူ့ကိုဆက်ခံမည့်သူကို စိတ်တွင် ရွေးထားပြီး ဖြစ်နိုင်သည်။ တချိန်တည်းတွင် သူသည် သမ္မတအိပ်မက် အကောင်အထည် ဖော်ရေးအတွက် USDP သည် အရေးပါသောအခန်းမှ ပါဝင်နေသောကြောင့် သူစိတ်ချယုံကြည်ရသူတဦးကို USDP ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုသည်။

ဦးသန်းဌေးကို USDP ဥက္ကဋ္ဌအဖြစ်ရွေးခဲ့သူသည် အာဏာရှင်ဟောင်း ဦးသန်းရွှေဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဦးသန်းဌေးကို သူကိုယ်တိုင်ဖြုတ်ချရန် ခက်ခဲနေသည်။ ဦးသန်းဌေးသည် အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေး အာဏာသိမ်းမည့် အစီအစဉ်ကို ဖွင့်ချသည့် ဆုကြေးအဖြစ် ပါတီဥက္ကဋ္ဌ ရာထူးကို ရရှိခြင်းဖြစ်သည်။

ပါတီ၏ စီမံခန့်ခွဲမှုများတွင် ဦးသန်းရွှေ ဝင်ရောက်မစွက်ဖက်ဟု CEC အဖွဲ့ဝင်များ ယုံကြည်နေသော်လည်း ဦးသန်းရွှေသည် USDP ကို အကြံပေးနေဆဲဖြစ်သည်။

အစိုးရသို့ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ပေးရန် လယ်သမားများ နေ့စဉ် တမင်းတနပ် လျှော့စားရန် ပြောသောကြောင့် ‘တနပ်စား’ မြင့်လှိုင်ဟု ကျော်ကြားသူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်သည် မကြာသေးမီက ဦးသန်းရွှေထံသို့သွားကြောင်း CEC အဖွဲ့ဝင်တဦးက ပြောသည်။

“ကိုမြင့်လှိုင်က စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖြုတ်ချရာမှာပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဟောင်းက သူ့ကိုယုံတယ်” ဟု ထို CEC အဖွဲ့ဝင်က ပြောသည်။

တချိန်တည်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ လူယုံများမှတဆင့် ပါတီကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း အခြား CEC အဖွဲ့ဝင်တဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် USDP အကြောင်း တခွန်းမျှပင်မဟပေ။ ၎င်းတို့သည် အာဏာသိမ်း ခေါင်းဆောင်နှင့် လူကိုယ်တိုင် မတွေ့ရသေးကြောင်း USDP ခေါင်းဆောင်များက ပြည်တွင်း သတင်းဌာနများကို ပြောသည်။ “မင်းအောင်လှိုင်က ဦးခင်ရီနဲ့ ဦးသောင်းအေးကတဆင့် ပါတီကို ထိန်းချုပ်နေတာ ဖြစ်ပုံရတယ်” ဟု CEC အဖွဲ့ဝင်တဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဦးခင်ရီသည် USDP ဒုဥက္ကဋ္ဌဖြစ်သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီတွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးလည်း ဖြစ်သည်။ ဦးသောင်းအေးသည် CEC အဖွဲ့ဝင်၊ ဒုဗိုလ်ချုပ်ကြီးဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည်။ လာမည့် USDP ညီလာခံတွင် သူ့ကို ပါတီရာထူးသက်တမ်း တိုးပေးမည်ဟု မျှော်လင့်ရသည်။

ဦးသန်းဌေးကို ဝေဖန်သူများ

ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုအောက်မှာ တောက်ပတဲ့ပါတီ မရှိနိုင်ဘူးဟု ဦးမောင်မြင့်က CEC အစည်းအဝေး မတိုင်မီက ရေးသားခဲ့သည်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ဇာတိဖြစ်သော ဦးမောင်မြင့်သည် ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရတွင် စက်မှုဝန်ကြီး ဖြစ်ခဲ့သည်။

ဒုဗိုလ်မှူးကြီးဟောင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေခေါ် ဘူးလက်လှဆွေကလည်း ဦးသန်းဌေးကို ဆန့်ကျင်သည်။ မကြာသေးမီက CEC အစည်းအဝေးတွင် USDP ညီလာခံကျင်းပရန် သူက တရားဝင် တောင်းဆိုသည်။ သို့သော် ဦးလှဆွေနှင့် ဦးမောင်မြင့် နှစ်ဦးလုံးသည် USDP ဥက္ကဋ္ဌ မဖြစ်နိုင်ပေ။

ဦးမြင့်လှိုင်သည် ဦးသန်းဌေးကို ဝေဖန်သည့် နောက်ထပ် ဝါရင့်ပါတီဝင်ဖြစ်ပြီး နေပြည်တော် USDP အကြီးအကဲအဖြစ် ကာကွယ်ရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်ကို ဆက်ခံသောကြောင့် သူသည် ပါတီကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်သည်။ သူသည် ဦးသိန်းစိန်အစိုးရအတွင်း သဘောထား တင်းမာသူအဖြစ် လူသိများသည်။

ဦးသန်းဌေးကို ဆန့်ကျင်သည့် အခြားထင်ရှားသူတဦးမှာ ဦးသောင်းအေးဖြစ်ပြီး သူသည် စာအုပ်ကြီးအတိုင်းလုပ်သည့် ထက်မြက်သူအဖြစ် ယူဆခံရသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ်သူဖြစ်သည်။

သူသမ္မတဖြစ်ရေးအတွက် ဦးသန်းဌေးသည် လွှတ်တော်နေရာ ၂၆ ရာခိုင်နှုန်းနိုင်အောင် လုပ်နိုင်၊ မလုပ်နိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံသယရှိခဲ့ကြောင်း USDP လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက ပြောသည်။

ဦးသန်းဌေး ပြောသောစကားတခွန်းကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေါသထွက်နေကြောင်း ပါတီဝင်တဦးက ပြောသည်။

“ပါတီက USDP ကနေ ရွေးကောက်ပွဲဝင်တဲ့ စစ်အရာရှိတွေက လွှမ်းမိုးထားတယ်။ ဒါပေမယ့် ဦးသန်းဌေးက USDP နဲ့ စစ်တပ်နဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ပြောတယ်။ မင်းအောင်လှိုင်က ဒါကို မကြိုက်ဘူး” ဟု ထိုပါတီဝင်က ပြောသည်။

USDP နှင့် ၂၀၂၃ ရွေးကောက်ပွဲ

စစ်ကောင်စီက လာမည့်နှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဖယ်ထုတ်ပြီး ရွေးကောက်ပွဲ နိုင်ပါက USDP ခေါင်းဆောင်ပိုင်းသည် ဒုသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး အပါအဝင် အဆင့်မြင့် ရာထူးများကို ရနိုင်သည်။ လက်ရှိ ဝါရင့်ခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ်တွင် အစိုးရအဖွဲ့ ရာထူးများကို မျက်စောင်းထိုးနေကြသည်။

USDP ၏ CEC အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး

ဦးသန်းရွှေ၏ တပည့်အများအပြားသည် USDP တွင် ရှိနေသေးကြောင်း ပါတီကထုတ်ပြန်သည့် ဓာတ်ပုံအရ သိရသည်။ ဒုဥက္ကဋ္ဌ ဦးခင်ရီ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဟောင်း ဦးလှထွန်း၊ လေတပ်အကြီးအကဲဟောင်း ဦးမြတ်ဟိန်းတို့ အားလုံးသည် ဦးသန်းရွှေ၏ လူယုံများဖြစ်သည်။

ဦးသိန်းဇော်၊ ဦးသိန်းအောင်၊ ဦးစိုးသိန်း၊ ဦးမြင့်လှိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဉာဏ်ထွန်းနှင့် ဦးဉာဏ်ထွန်းအောင် အပါအဝင် အခြားဝါရင့်အဖွဲ့ဝင်များသည် ဦးသန်းရွှေအစိုးရတွင် ဝန်ကြီးဖြစ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် ဝါရင့်သူများဖြစ်သည်။

သို့သော် စစ်ကောင်စီခေါင်းဆောင်သည် USDP ၏ နောက်ဥက္ကဋ္ဌရာထူးအတွက် သူ့ထက်ဝါနုသူကိုသာ ရှာမည်ဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးသည် သူသမ္မတဖြစ်ရေးကို ချောမွေ့အောင်လုပ်ပေးနိုင်မည် ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးချယ်မည့်သူဖြစ်ကြောင်း CEC အဖွဲ့ဝင်များက ယူဆကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How Myanmar Junta Chief Plays Military Proxy Party for His Presidency ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက် မဟုတ်

ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ

]]>
မြန်မာ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြား မဟာအပေးအယူ ရမလား https://burma.irrawaddy.com/article/2020/12/18/235108.html Fri, 18 Dec 2020 06:59:29 +0000 https://burma.irrawaddy.com/lytbox/?p=235108 ရည်မှန်းချက်များ အောင်မြင်ရန် တဖက်နှင့်တဖက် အပြန်အလှန် လိုအပ်နေသည်မှာ အမှန်တရားဖြစ်သည် နှစ်ဖက်လုံးက အဆိုပါ တွေ့ဆုံဆွေးနွေးမှုအကြောင်း ထုတ်မပြောရန် ရေငုံနှုတ်ပိတ်ထားကြသည်။]]> ရည်မှန်းချက်များ အောင်မြင်ရန် တဖက်နှင့်တဖက် အပြန်အလှန် လိုအပ်နေသည်မှာ အမှန်တရားဖြစ်သည်

ရွေးကောက်ပွဲလွန်ကာလတိုင်းသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ အနိုင်ရသူ၏ အစိုးရဖွဲ့စည်းခြင်းသည် ကြီးမားသော သတင်းဖြစ်ပြီး လာမည့်အစိုးရကို ဖွဲ့စည်းမည့်သူများကို အားလုံးစိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။

မြန်မာနိုင်ငံတွင်မူ အခြေအနေသည် ထိုမျှရိုးရှင်းလှခြင်းမရှိပေ။ သြဇာကြီးမားသော တပ်မတော်က တိုင်းပြည်၏ နိုင်ငံရေးတွင် ဝင်ရောက်ပတ်သက်နေခြင်းနှင့်အတူ အနိုင်ရခေါင်းဆောင်နှင့် တပ်အကြီးအကဲတို့ တွေ့ဆုံခြင်းသည် ပထမဆုံးလုပ်ရမည့်ကိစ္စဖြစ်ကြောင်း သမိုင်းကပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်အပြီး လွန်ခဲ့သော ၅ နှစ် ဒီဇင်ဘာလကလည်း ထိုအတိုင်း အတိအကျဖြစ်ခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ပြည်သူ့ဆန္ဒကို လိုက်နာပြီး နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြကြောင်း ထိုစဉ်က စစ်ဖက်မှ ထုတ်ပြန်သည့် ကြေညာချက်တစောင်အရ သိရသည်။

ထိုအစဉ်အလာကို ယခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး တလကျော်အကြာတွင် ထပ်မံလုပ်ဆောင်ကြောင်း သတင်းများက ဆိုသည်။ ထိုအစည်းအဝေးကို မြို့တော် နေပြည်တော်တွင် လွန်ခဲ့သောအပတ်က ကျင်းပသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်များက ဆိုသည်။ နောက်တကြိမ် အစည်းအဝေး ကျင်းပရန်လည်း စီစဉ်ထားပြီး ယခုလမကုန်မီဖြစ်ဖွယ်ရှိကြောင်း စစ်ဖက်နှင့် အစိုးရ သတင်းရင်းမြစ်များက ဆိုသည်။

ယခုတကြိမ်တွင် နှစ်ဖက်လုံးက အဆိုပါ တွေ့ဆုံဆွေးနွေးမှုအကြောင်း ထုတ်မပြောရန် ရေငုံနှုတ်ပိတ်ထားကြသော်လည်း လာမည့် ၅ နှစ်အတွက် ၎င်းတို့၏ မျှော်မှန်းချက်များအသီးသီးရှိနေကာ ဒေသမတည်ငြိမ်မှုကြောင့် နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောနေရာများတွင် ရွေးကောက်ပွဲ ကျင်းပရေးကို ဆွေးနွေးကြောင်း စုံစမ်းသိရှိရသည်။

မတ်လတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယသက်တမ်းစတင်သောအခါ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူးကို မျက်စပစ်နေသည်ဟု ဧရာဝတီက လေ့လာသိရှိရသည်။

မတ်လတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယသက်တမ်းစတင်သောအခါ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူးကို မျက်စပစ်နေသည်ဟု ဧရာဝတီက လေ့လာသိရှိရသည်။

ထိုရာထူးသည် ဒေါ်အောင်ဆန်းစုကြည် လိုလားနေသည်မှာ ကြာပြီဖြစ်ပြီး ရသင့်ရထိုက်သော ရာထူး ဖြစ်သော်လည်း  သားများနှင့် ကွယ်လွန်သူ ခင်ပွန်းသည်သည် နိုင်ငံခြားသားဖြစ်သောကြောင့် စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေက တားမြစ်ထားသည့် ရာထူးဖြစ်သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သောကြောင့် အငြိမ်းစားယူရမည့် အသက် ၆၀ ထက် လွန်စွာကျော်လွန်နေသည့် ဗိုလ်ချုပ်မှူးကြီးသည်လည်း လက်ရှိရာထူးဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာတွင် အနည်းဆုံး နောက်ထပ် ၃ နှစ် ဆက်လက်ရှိလိုသည်။

၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်ရန် တဖက်နှင့်တဖက် အပြန်အလှန် လိုအပ်နေသည်မှာ အမှန်တရားဖြစ်သည်။

သမ္မတရာထူးယူရန် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ထောက်ခံရန် လိုသည်။ ထိုသို့ဖြစ်ရန်အတွက် ရွေးကောက်ခံမဟုတ်သော လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ဖျက်သိမ်းရေးကို ထောက်ခံရန် လိုသည်။ ထိုပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် တားဆီးထားသော ပုဒ်မဖြစ်သည်။

တချိန်တည်းတွင် ဖွဲစည်းပုံအခြေခံဥပဒေအရ တပ်မတော်အကြီးအကဲခန့်အပ်ခြင်း (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်အတွက်မူ ရာထူးသက်တမ်းတိုးခြင်း) ကို သမ္မတက ထောက်ခံအတည်ပြုရန်လိုသည်။

တချိန်တည်းတွင် ဖွဲစည်းပုံအခြေခံဥပဒေအရ တပ်မတော်အကြီးအကဲခန့်အပ်ခြင်း (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်အတွက်မူ ရာထူးသက်တမ်းတိုးခြင်း) ကို သမ္မတက ထောက်ခံအတည်ပြုရန်လိုသည်။

နေပြည်တော်ရှိ သတင်းရင်းမြစ်များအရ ဖြစ်နိုင်ခြေရှိသော အလားအလာမှာ တပ်မတော်က လာမည့် ၅ နှစ်အတွင်း ပုဒ်မ ၅၉(စ) ကို မကျင့်သုံးဘဲထားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေကာ အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုဖြင့် ဗိုလ်ချုပ်မှူးကြီး၏ တပ်မတော်အကြီးအကဲရာထူး သက်တမ်းရှေ့ဆက်ရေးဖြစ်သည်။

ယင်းသည် လိုရာဆွဲတွေးခြင်းဟု အချို့က ပယ်ချပြီး  ဗိုလ်ချုပ်ကြီးများသည် ခန့်မှန်းရခက်သူများဖြစ်ကြောင်း ထောက်ပြကြသည်။ သို့သော် အချို့ကလည်း ထိုကဲ့သို့သော အလားအလာ၏ အပြုသဘောဆောင်နိုင်ခြေကို အာရုံစိုက်ကြသည်။ ထိုကဲ့သို့ဖြစ်မည်ဆိုလျှင် အခြားသော ဖြစ်ပေါ်တိုးတက်မှုများနှင့်တကွ နိုင်ငံ၏ရှည်လျှားလှသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အောင်မြင်ရန်ခက်ခဲ့သည့် ရည်မှန်းချက်ဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါသော အလှည့်အပြောင်းဖြစ်နိုင်ကြောင်း သူတို့က ဆိုသည်။

အမှန်တကယ် မည်သို့ ဖြစ်လာသည်ဖြစ်စေ ဆိုရိုစကားအတိုင်းဆိုရပါက နိုင်ငံရေးသည် ဖြစ်နိုင်ခြေများ၏ အန္တိမကစားပွဲဖြစ်သည်။

လတ်တလောတွင်မူ နှစ်ဖက်လုံးက နှုတ်ဆိတ်နေသောကြောင့် အရေးပါသော ဖြစ်ပေါ်တိုးတက်မှုများ နီးကပ်လာသည့် သဘောဖြစ်နေသည်။ ဆက်လက်စောင့်ကြည့်နေရမည် ဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Will Myanmar’s Two Most Powerful Figures Strike a Grand Bargain? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ဆက်ရှိဦးမလား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ

]]>