• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဂျက်ဖ် ဘီဇော့ရဲ့ ရွက်လှေ မြန်မာကျွန်းသစ်တွေ ဆင်ထားလား

by Paul Woolwich
24 June 2023
in ဆောင်းပါး
A A
မစ္စတာ ဘီဇော့သည် နယ်သာလန်နိုင်ငံ၊ ရော့တာဒန်မှ Oceanco လုပ်ငန်းကို သူ့အတွက် ကမ္ဘာတွင် အကြီးမားဆုံး ရွက်သင်္ဘောအား ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်ပေးရန် အပ်နှံသည်။

မစ္စတာ ဘီဇော့သည် နယ်သာလန်နိုင်ငံ၊ ရော့တာဒန်မှ Oceanco လုပ်ငန်းကို သူ့အတွက် ကမ္ဘာတွင် အကြီးမားဆုံး ရွက်သင်္ဘောအား ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်ပေးရန် အပ်နှံသည်။

6.3k
VIEWS
Share on FacebookShare on Twitter

ဝေလမင်းသား တတိယမြောက် ချားလ်ဘုရင်နှင့် လက်ဖက်ရည်သောက်ပြီးနောက် ကမ္ဘာ့လက်လီ အရောင်းလုပ်ငန်းဘုရင်ကြီး မစ္စတာ ဂျက်ဖ် ဘီဇော့သည် ကမ္ဘာကို ကယ်ဆယ်ရန် ကူညီရေးအတွက် သူ၏ အားထုတ်မှု နောက်တဆင့်ကို ခမ်းနားစွာ ကြေညာလိုက်သည်။

Amazon.com ကို တည်ထောင်သူနှင့် ကမ္ဘာတွင် ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ် မစ္စတာ ဂျက်ဖ် ဘီဇော့သည် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရန်နှင့် သဘာဝကို ကာကွယ်ရန် သူ၏ Earth Fund မှတဆင့် ဒေါ်လာ ၁ ဘီလီယံ လှူဒါန်းပြီး ဖြစ်သည်။

ယခုအခါ သူသည် သစ်ပင်များဘက်သို့ အာရုံစိုက်လာသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ဂလပ်စဂိုတွင် ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ CoP26 တွင် သူက သစ်တောပြုန်တီးမှုနှင့် သဲကန္တာရ ဖြစ်ပေါ်မှုကို သူ့ကုမ္ပဏီနှင့်အမည်တူ မုတ်သုန်တောတွင် မဟုတ်ဘဲ အာဖရိကတွင် မဟာအစိမ်းရောင်တံတိုင်း (The Great Green Wall) စီမံကိန်းအရ သစ်ပင်ပေါင်း သန်း ၂၀ စိုက်ပျိုးပြီး တားဆီးမည်ဖြစ်ကြောင်း ကြေညာသည်။

တချိန်တည်းတွင် မိုင် ၇၀၀ အဝေး၌ လျှို့ဝှက်စွာဖြင့် ရည်မှန်းချက်ကြီးပြီး ငွေကုန်ကြေးကျများသော အခြားစီမံကိန်းတခုတွင် သူပါဝင်ပတ်သက်နေသည်။ သို့သော် ထိုစီမံကိန်းသည် ကြီးမားသော တရားမဝင် သစ်တောပြုန်းတီးမှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ အကျင့်ပျက်ခြစားမှုနှင့် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်နှင့် ဥရောပသမဂ္ဂ ဥပဒေကို ချိုးဖောက်ခြင်းတို့နှင့် ပတ်သက်နိုင်သည်ဆိုသည့် ပူပန်မှုများ ရှိနေသည်။

မည်သို့မည်ပုံ ပတ်သက်နေသနည်း။

လွန်ခဲ့သော သုံးနှစ်က မစ္စတာ ဘီဇော့သည် နယ်သာလန်နိုင်ငံ၊ ရော့တာဒန်မှ Oceanco လုပ်ငန်းကို သူ့အတွက် ကမ္ဘာတွင် အကြီးမားဆုံး ရွက်သင်္ဘောအား ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်ပေးရန် အပ်နှံသည်။

‘နိဒါန်းသစ်၊ ဘဝသစ်နှင့် မျှော်လင့်ချက်သစ်’ ဟု အဓိပ္ပာယ်ရသည့် မော်ရိ စကားလုံးဖြစ်သော ကိုရူ (Koru) အမည်ရှိ ရွက်လှေ / Oceanco

Y721 ဟု အမည်ဝှက်ပေးထားသော ၁၂၇ မီတာရှည်သည့် အလူမီနီယမ်နှင့်၊ စတီးကိုယ်ထည်နှင့် လွန်စွာ ကြီးမားသည့် ရွက်တိုင် သုံးတိုင်ဖြင့် ထိုရွက်သင်္ဘောသည် မဟာဂီဇာ ပိရမစ်၏ ထက်ဝက် မြင့်မားသည်။ ကုန်ကျစရိတ်ကို လုံးဝမချွေတာဘဲ ထိုသင်္ဘောကို လှေဦးမှ ပဲ့ဖျားအထိ အလွန်လှပသော ကျွန်းသစ်များဖြင့် အလှဆင်ထားသည်။

သူနှင့် Oceano က အတည်မပြုသော်လည်း ကမ္ဘာတွင် အကောင်းဆုံး ကျွန်းသစ်ကို မြန်မာတွင် တွေ့ရသောကြောင့် ဘီဇော့၏ ရွက်သင်္ဘော ကုန်းပတ်အတွက် ကျွန်းသစ် ဧကပေါင်းမျာစွာ အသုံးပြုခဲ့ပေလိမ့်မည်။

ကျွန်းသစ်သည် သက်တမ်းရှည်ကြာခြင်း၊ ရေမဝင်ခြင်းနှင့် ကျက်သရေရှိခြင်း စသည့် ဂုဏ်သတ္တိများကြောင့် ဇိမ်ခံရွက်လှေများတွင် လွန်စွာတန်ဖိုးထားကြသည်။ ထို့ပြင် သူနှင့် Oceano က အတည်မပြုသော်လည်း ကမ္ဘာတွင် အကောင်းဆုံး ကျွန်းသစ်ကို မြန်မာတွင် တွေ့ရသောကြောင့် ဘီဇော့၏ ရွက်သင်္ဘော ကုန်းပတ်အတွက် ကျွန်းသစ် ဧကပေါင်းမျာစွာ အသုံးပြုခဲ့ပေလိမ့်မည်။

ဧည့်သည် ၁၈ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၆ ဦး တင်ဆောင်နိုင်ကာ ရဟတ်ယာဉ်ကွင်းပါသည့် ၂၄၇ ပေရှိ ထောက်ပံ့ပို့ဆောင်ရေးလှေနှင့် ရေငုပ်သင်္ဘောငယ်လည်း ပါဝင်သော ဘီဇော့၏ ကစားစရာအသစ်ကို တည်ဆောက်တပ်ဆင်ခြင်းနှင့် ပတ်သက်ပြီး စာရေးသူ၏ အဖွဲ့အစည်းဖြစ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ၏ အကြိမ်ကြိမ် စုံစမ်းစစ်ဆေးမှုများကို လုံးဝတုံ့ပြန်ခြင်း မရှိပေ။

ထိုသို့ ဖြစ်ရခြင်းမှာ ကျွန်းသစ်၊ အထူးသဖြင့် မြန်မာ့ကျွန်းသစ်ကို ဥရောပမှ ရွက်လှေ တည်ဆောက်သည့်လုပ်ငန်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂုဏ်ထူးဝိသေသများအတွက် ဂုဏ်ယူသော လုပ်ငန်းအပ်နှံသူအတွက် အကောင်းဆုံးပစ္စည်းအဖြစ် ရယူရန်ကြိုးစားခြင်းသည် လွန်စွာအငြင်းပွားဖွယ် ရွေးချယ်မှု ဖြစ်သောကြောင့်ပင် ဖြစ်သည်။

၂၀၁၃ ခုနှစ်မှ စတင်ပြီး ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများက မြန်မာမှ ကျွန်းသစ်တင်သွင်းခြင်းနှင့် ပတ်သက်ပြီး အထူးတင်းကျပ်သော ရပ်တည်မှု ချမှတ်ထားသည်။ ထိုကျွန်းသစ်များသည် တရားမဝင် ခုတ်လှဲထားသော သစ်များဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် အဆင့်ဆင့် ဖြတ်သန်းမှု မှတ်တမ်းတင်ရာတွင် မအောင်မြင်မှုများကြောင့် မြန်မာမှသစ်ကို တရားဝင်ခုတ်လှဲကြောင်း အာမခံရန် မဖြစ်နိုင်ဆိုသည့် ဘုံသဘောထားကို နောက် ၅ နှစ်ကြာသောအခါ ချမှတ်ခဲ့သည်။

ဥရောပသမဂ္ဂ၏ သစ်ဆိုင်ရာလုပ်ထုံးလုပ်နည်း (EUTR) အရ သစ်တင်သွင်းသူများသည် သစ်ပင်တပင်ကို ခုတ်လှဲသည့်အချိန်မှ စတင်ပြီး အခြားတနိုင်ငံသို့ တင်ပို့သည်အထိ ခြေရာခံလိုက်ရန် လိုအပ်သည်။

ဥရောပသမဂ္ဂ၏ သစ်ဆိုင်ရာလုပ်ထုံးလုပ်နည်း (EUTR) အရ သစ်တင်သွင်းသူများသည် သစ်ပင်တပင်ကို ခုတ်လှဲသည့်အချိန်မှ စတင်ပြီး အခြားတနိုင်ငံသို့ တင်ပို့သည်အထိ ခြေရာခံလိုက်ရန် လိုအပ်သည်။ သို့သော် ထိုသို့လုပ်ရန် မြန်မာနိုင်ငံတွင် မဖြစ်နိုင်ပေ။ ထို့ကြောင့် မြန်မာမှ မည်သည့် သစ်တင်သွင်းမှုမဆိုသည် ဥပဒေကို ချိုးဖောက်သည်။

၂၀၂၀ ပြည့်နှစ်က သိမ်းဆည်းရမိသည့် မြန်မာ့ကျွန်းသစ်များ / EIA

ထို့ကြောင့် Oceanco ပိုင်ရှင်၊ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းရှင် ဘီလျံနာ အိုမန်ဇာတိဖွား မိုဟာမက် အယ်လ် ဘာဝန်နီသည် Y721 အတွက် ကျွန်းသစ်ကို မည်သည့်နေရာမှ မည်သည့်အချိန်တွင် ရရှိခဲ့သနည်း။ သင်္ဘောတည်ဆောက်သည့် လုပ်ငန်းသည် ထိုကိစ္စအတွက် လုံးဝပွင့်လင်းရန် စိတ်အားထက်သန်ခြင်း မရှိပေ။

သို့သော် Mongabay က မေးသောအခါ ပြောခွင့်ရသူတဦးက “Oceanco မှာ ကျနော်တို့ စီမံကိန်းတွေအတွက် သုံးတဲ့ ကျွန်းသစ်အားလုံးက EUTR-order 995/2010 နဲ့ ကိုက်ညီတယ်။ လုံလောက်တဲ့ လုံ့လစိုက်ထုတ်မှုနဲ့ ပတ်သက်ပြီး သီးခြားကြားခံအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အတည်ပြုတယ်” ဟု ပြောသည်။

၎င်းတို့ ကုမ္ပဏီသည် အတည်ပြုရန်အတွက် Double Helix Tracking Technologies ကို သုံးကြောင်း ၎င်းက ပြောသည်။

Double Helix သည် စင်ကာပူတွင် အခြေစိုက်သည့် စိတ်ဝင်စားစရာကောင်းသော ကုန်စည် မူရင်းဒေသ ခြေရာခံလိုက်သည့် ကုမ္ပဏီဖြစ်သည်။ ထိုလုပ်ငန်းက ၎င်းတို့သည် သစ်ပင်တပင်၏ တိကျသော သစ်တောမှ တရားဝင်ခုတ်လှဲခြင်းကို သက်သေပြရန်အထိ မူလရင်းမြစ်ကို ခြေရာခံရန် ထူးခြားသော လုပ်ငန်းစဉ်များနှင့် မျိုးဗီဇ ခြေရာခံခြင်းကို အသုံးပြုသည်ဟုဆိုသည်။

“DNA သရုပ်ခွဲလေ့လာပြီး သစ်ပင်ခုတ်လှဲတဲ့နေရာ အတိအကျကို မှီခိုအားထားလောက်တဲ့ အဆင့်အထိ ဖော်ထုတ်နိုင်တယ်လို့ Double Helix က ပြောတယ်” ဟု မြန်မာကျွန်းသစ်ဆိုင်ရာ EUTR Expert Panel ကျွမ်းကျင်သူများအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ပြောသည်။

“သို့သော် သစ်ပင်ကို ခုတ်လှဲသည့် ထိုနည်းပညာနှင့် အခြားနည်းပညာများသည် နိုင်ငံကိုသာသိနိုင်ပြီး အချို့သော ဒေသများကို မဖော်ထုတ်ပေးနိုင်သောကြောင့် စမ်းသပ်နေသောသစ်သည် တစုံတခုသော သစ်တောအတွင်း သို့မဟုတ် ပြင်ပမှ ခုတ်လှဲခဲ့သည်၊ သို့မဟုတ် ပဋိပက္ခဒေသတွင်းမှ၊ သို့မဟုတ် ပြင်ပမှ ခုတ်လှဲခဲ့သည်ကို မှားယွင်းကြောင်း ယုံကြည်လောက်အောင် သက်သေပြနိုင်ခြင်း မရှိပေ” ဟုလည်း ၎င်းတို့က ပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
19
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
11
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက လန်ဒန် လှေပြပွဲတွင် ပြသသည့် ဇိမ်ခံရွက်လှေကို အလှဆင်ထားသော ကျွန်းသားများ / Mongabay

ဥရောပသမဂ္ဂ ကျွမ်းကျင်သူများက “ထို့ကြောင့် ထိုနည်းလမ်းက သစ်သည် ပဋိပက္ခဒေသတခုမှ လာသည်၊ သို့မဟုတ် အခြားဒေသတခုမှ ခုတ်လှဲခဲ့သည်ကို မှားယွင်းကြောင်း မပြနိုင်ပေ” ဟု ကောက်ချက်ချခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ထိုကျွမ်းကျင်သူအုပ်စုက မြန်မာမှ ကျွန်းသစ်၏ မူရင်းဒေသကို အတည်ပြုနိုင်သည့် Double Helix ၏ စွမ်းရည်နှင့်ပတ်သက်ပြီး သံသယရှိကြောင်း ထပ်မံပြောကြားလိုက်သည်။ မြန်မာသစ်တော အသိအမှတ်ပြုလက်မှတ်ကော်မတီ (MFCC) က Double Helix ကို သီးခြားလွတ်လပ်သော စစ်ဆေးအတည်ပြု အဖွဲ့အဖြစ် အသိအမှတ်ပြုထားသော်လည်း “အသိအမှတ်ပြုလုပ်ငန်းစဉ်တွင် စနစ်ချို့ယွင်းမှုများကြောင်း၊ ခုတ်လှဲမှု တရားဝင်ခြင်းကို သီးခြားအတည်ပြုခြင်းနှင့် ဖြန့်ချိရေး ကွင်းဆက်များတလျှောက် ခြေရာခံနိုင်ခြေကို အာမခံရန် မဖြစ်နိုင်ပေ” ဟု မှတ်ချက်ချသည်။

တနည်းအားဖြင့်ဆိုရပါက ဥရောသမဂ္ဂ၏ အမြင်တွင် ထိုကိစ္စကို လက်မခံနိုင်ပေ။ ထို့ကြောင့် သက်ဆိုင်ရာ ဒတ်ချ် အာဏာပိုင်များအနေဖြင့် ထိုရွက်လှေ ကုန်းပတ်သည် မြန်မာကျွန်းသစ် ဟုတ် မဟုတ်နှင့် မြန်မာမှ ဖြစ်ပါက ဟော်လန်သို့ မည်သို့ရောက်လာသည်ကို စုံစမ်းစစ်ဆေးရန်၊ ဥပဒေကို လိုက်နာရန် ရည်ရွယ်ခြင်း ရှိ မရှိ ဆုံးဖြတ်ရန်သာ ဖြစ်သည်။

မြန်မာမှ သစ်တောပြုန်းတီးမှုအဆင့်မှာ လွန်စွာဆိုးရွားပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ အရွယ်အစားခန့်ရှိသော သစ်တောများ ပြုန်းတီးသည်ဟု ကမ္ဘာ့သစ်တောစောင့်ကြည့်အဖွဲ့မှ အချက်အလက်များအရ သိရပြီး ထိုနှုန်းအတိုင်း ဆက်လက်သွားပါက မြန်မာမှသစ်တောများသည် ၂၀၃၅ ခုနှစ်တွင် ကုန်ခန်းသွားမည်

မြန်မာမှ သစ်တောပြုန်းတီးမှုအဆင့်မှာ လွန်စွာဆိုးရွားပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ အရွယ်အစားခန့်ရှိသော သစ်တောများ ပြုန်းတီးသည်ဟု ကမ္ဘာ့သစ်တောစောင့်ကြည့်အဖွဲ့မှ အချက်အလက်များအရ သိရပြီး ထိုနှုန်းအတိုင်း ဆက်လက်သွားပါက မြန်မာမှသစ်တောများသည် ၂၀၃၅ ခုနှစ်တွင် ကုန်ခန်းသွားမည်ဖြစ်ကြောင်း EIA က ခန့်မှန်းသည်။

၎င်းတို့တင်ပို့သည့် သစ်များသည် တရားဝင်ပြီး သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေကြောင်း၊ သစ်အများစုသည် ယခင် သိုလှောင်ထားသည့် သစ်ဟောင်းများဖြစ်ကြောင်းနှင့် နှစ်စဉ် သစ်ခုတ်လှဲမှု ဝေစုအတိုင်း ဖြစ်ကြောင်း နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) က အမြဲတမ်း ပြောသည်။ အဂတိလိုက်စားမှု ထူပြောသော MTE သည် နိုင်ငံ၏ ကျွန်းသစ်များခုတ်ခြင်း၊ ပြုပြင်ခြင်း၊ ဈေးကွက်တင်ခြင်းနှင့် ပြည်ပတင်ပို့ခြင်း စသည့် အဆင့်အားလုံးကို လက်ဝါးကြီးအုပ်ထားသည့် လုပ်ငန်းဖြစ်သည်။

မစ္စတာ ဘီဇော့၏ ကြီးမားလှသည့် ရွက်သင်္ဘော၏ လှပသော လှေဦးနှင့် ကုန်းပတ်တလျှောက်ကို အရုပ်ဆိုး အကျည်းတန်စေသည်မှာ ထိုသစ်ဘုရင်ခေါ် ကျွန်းသစ်ကို ဟော်လန်သို့ မည်သို့တင်သွင်းသည်၊ တရားဝင်သည်၊ မဝင်သည်မျှသာ မဟုတ်ပေ။

မြန်မာတွင် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း၊ ရက်စက်ကြမ်းကြုတ်မှုများ နောက်ပိုင်းတွင် မြန်မာကျွန်းသစ်သည် ‘သွေးစွန်းသစ်’ ဖြစ်လာသည်။ ယနေ့အထိ မြန်မာစစ်အုပ်စုသည် ဒီမိုကရေစီလှုပ်ရှားမှုကို ခြေမှုန်းရာတွင် ကလေး ၃၆၃ ဦး အပါအဝင် ခန့်မှန်းခြေ လူပေါင်း ၃,၄၆၃ ဦးကို သတ်ဖြတ်ထားသည်။ နောက်ထပ်လူပေါင်း ၂၁,၈၇၉ ဦးကို ဖမ်းဆီးထားပြီး လူပေါင်း ၁၅၄ ဦးကို သေဒဏ်ချထားသည်။

အာဏာသိမ်းပြီးလျှင်ပြီးခြင်း စစ်ကောင်စီသည် MTE ကို ထိန်းချုပ်လိုက်ပြီး နိုင်ငံမှ အဖိုးတန်ကာ လျှော့ပါးလာသော သွေးစွန်းသစ်များကို လေလံတင်ရာမှရသည့် အမြတ်အစွန်းများကို သုံးပြီး ၎င်းတို့ ဘဏ္ဍာတိုက်ကို ဖြည့်တင်းသည်။ ထိုအချိန်တွင် မြန်မာမှ ဌာနေတိုင်းရင်းသားများသည် သစ်ခုတ်သူများ၏ တရားမဝင်မြေသိမ်းမှုများနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံမှ တရားမဝင် သစ်ခိုးထုတ်သည့် ကားများ / EIA

EIA က မကြာသေးမီက ဖော်ထုတ်ခဲ့သည့်အတိုင်း တရားမဝင်တင်သွင်းသည့် သစ်ထုတ်ကုန်များကို ကမ္ဘာတွင် ပထမဆုံး ပိတ်ပင်သည့် ၂၀၁၈ ခုနှစ် အမေရိကန် ပြည်ထောင်စု၏ Lacey Act ရှိသော်လည်း ပမာဏများပြားလှသော ကျွန်းများကို ဘီဇော့၏ ဇာတိမြေ အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းခဲ့သည်။

မြန်မာတွင် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဘိုင်ဒင်အစိုးရသည် MTE ကဲ့သို့သော လုပ်ငန်းများနှင့် ဗိုလ်ချုပ်များကို ၎င်းတို့၏ တုန်လှုပ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသည်။ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဗြိတိန်တို့ကလည်း အလားတူ လုပ်ဆောင်သည်။

အထက်ပါအချက်များ အားလုံးသည် လူကြီးလူကောင်းအဖြစ် အမြင်ခံလိုသူတဦးအတွက် ကြည့်ကောင်းသည့် ကိစ္စမဟုတ်ပေ။

သစ်ပင်များကို ရည်စူးပြီး ဘီဇော့က “သဘာဝကို ဆုံးရှုံးခြင်းအား ပြောင်းပြန်လှန်နိုင်ခြင်း မရှိဘဲ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရန် မဖြစ်နိုင်သလို သဘာဝကို ဆက်လက် ဆုံးရှုံးအောင်လုပ်ဆောင်က ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ” ဟု တခါက ပြောခဲ့သည်။

သစ်ပင်များကို ရည်စူးပြီး ဘီဇော့က “သဘာဝကို ဆုံးရှုံးခြင်းအား ပြောင်းပြန်လှန်နိုင်ခြင်း မရှိဘဲ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရန် မဖြစ်နိုင်သလို သဘာဝကို ဆက်လက် ဆုံးရှုံးအောင်လုပ်ဆောင်က ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ” ဟု တခါက ပြောခဲ့သည်။

ထို့ကြောင့် သူသည် စံပြအနေဖြင့် သူ၏ ထူးခြားသောအနေအထားနှင့် ဒဏ္ဍာရီဆန်သော ချမ်းသာကြွယ်ဝမှုကို သုံးကာ မြန်မာ၏ ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီနှင့် မြန်မာမှ တရားမဝင် သစ်ထုတ်လုပ်ခြင်းကို ဆန့်ကျင်ပြောကြားနိုင်မည်လား။

ထိုသို့လုပ်ရန်အတွက် သူ့အနေဖြင့် ‘နိဒါန်းသစ်၊ ဘဝသစ်နှင့် မျှော်လင့်ချက်သစ်’ ဟု အဓိပ္ပာယ်ရသည့် မော်ရိ စကားလုံးဖြစ်သော ကိုရူ (Koru) ကို လက်ခံပွေ့ပိုက်ရမည် ဖြစ်သည်။ သို့သော် ထိုစကားလုံးသည် သူ၏ ရွက်လှေအမည် ဖြစ်နေသည်။

(Mongabay ပါ Paul Woolwich ၏ Is Jeff Bezos’s $500 million yacht made with ‘blood timber’ from Myanmar? ကို ဘာသာပြန်သည်။ ပေါလ် ဝိုးလ်ဝစ်သည် EIA ၏ ဆက်သွယ်ရေး အကြီးအကဲဖြစ်သည်။)

You may also like these stories:

ကြေးနီနှင့် ကျွန်းသစ်ရောင်းပြီး စစ်ကောင်စီ ငွေရှာဦးမည်

ကျွန်းသစ်လုံး အပါအဝင် သစ်တန် ၁ သောင်းကျော် စစ်ကောင်စီ ရောင်းချဦးမည်

ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှု ချိုးဖေါက်ပြီး အီတလီက မြန်မာမှ တရားမဝင်သစ်များ ဝယ်ယူ

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

စစ်အာဏာသိမ်းပြီးနောက် အလောင်းတော် ကဿပနယ်မြေတွင် သစ်ခိုးထုတ်သူများနှင့် စည်ကားနေ

Your Thoughts …
Tags: AmazonDouble HelixEIAOceancoကျွန်းသစ်ဂျက်ဖ် ဘီဇော့စစ်ကောင်စီစစ်အာဏာသိမ်းမှုမြန်မာ့သစ်လုပ်ငန်းရာသီဥတု ပြောင်းလဲမှုလူ့အခွင့်အရေး ချိုးဖောက်မှုသစ်တောပြုန်းတီးမှုသစ်ထုတ်လုပ်မှုသဘာဝပတ်ဝန်းကျင်အရေးယူ ပိတ်ဆိုမှုဥရောပသမဂ္ဂ
Paul Woolwich

Paul Woolwich

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမြင်ကွင်း / ကျော်ခ၊ ဧရာဝတီ

စစ်ကောင်စီအား လက်တွေ့ကျသည့် အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်း

သတင်းစာဆရာကြီး အထောက်တော် လှအောင်

အတွေးအခေါ် တော်လှန်ရေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved