မြန်မာစစ်တပ် အကြီးအကျယ် ဒုက္ခရောက်နေသည်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုမှု ကြီးထွားနေပြီး ယခုအချိန်တွင် သူ့ကိုဆန့်ကျင်သူများကသာမက သူ၏ မဟာမိတ်များကပါ တောင်းဆိုနေခြင်းဖြစ်သည်။
အမိန့်ပေးကွင်းဆက်အတွင်း သဘောထားကွဲလွဲမှု၊ ဘက်ပြောင်းမှုနှင့် ပြိုကွဲမှုဖြစ်နေသည်။ မည်သို့ ဆက်ဖြစ်မည်နည်း။
တပ်တွင်းအာဏာသိမ်းမှု ဖြစ်မည်လား။
အာဏာသိမ်းပြီးနောက် သုံးနှစ်အကြာ စစ်တပ်ကို ခေါင်းဆောင်ရန်နှင့် နိုင်ငံကို အုပ်ချုပ်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အားထုတ်မှုသည် လုံးဝ မကျွမ်းကျင်ဟု မြင်ကြသည်။
အာဏာသိမ်းပြီးနောက် သုံးနှစ်အကြာ
စစ်တပ်ကို ခေါင်းဆောင်ရန်နှင့် နိုင်ငံကို အုပ်ချုပ်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အားထုတ်မှုသည်
လုံးဝ မကျွမ်းကျင်ဟု မြင်ကြသည်။
သို့သော် သူ့ကို အာဏာပြန်သိမ်းမှုဖြစ်လျှင် မည်သို့ဖြစ်မည်နည်း။ ထိုအာဏာသိမ်းမှုသည် စစ်မှန်သော အသွင်ကူးပြောင်းမှုဖြစ်မည်လား သို့မဟုတ် သဘောတင်းမာသောအုပ်စုက သူ့ကို အစားထိုးခြင်း ဖြစ်မည်လား။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တဦးတည်းကို ဖယ်ရှားခြင်းသည် လုံလောက်မည် မဟုတ်ကြောင်း သူ၏ အဖွဲ့တဖွဲ့လုံး ဖယ်ရှားရမည်ဖြစ်ကြောင်း သရုပ်ခွဲလေ့လာသူများက ပြောသည်။ ထိုသို့ဆိုလျှင် လက်ရှိအချိန်အထိ ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် သူနှင့် သူ၏ စစ်ကောင်စီကို မည်သူ အရေးယူမည်နည်း။
မည်သို့ဆိုစေ စစ်ကောင်စီနှင့် စစ်ကောင်စီခေါင်းဆောင်အပေါ် ဖိအားတိုးလာနေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရှက်တကွဲ ရှုံးနိမ့်ခြင်းနှင့် စစ်တပ်၏ များပြားလှစွာသော ဆုံးရှုံးမှုများသည် အောက်ခြေစစ်သားများအကြား မကျေနပ်မှုများ နက်နက်ရှိုင်းရှိုင်းဖြစ်စေသည်။ စစ်အရာရှိဟောင်းများကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ လက်နက်ချသည့် တပ်မှူးများကို ပြင်းပြင်းထန်ထန် အရေးယူရမည်ဟု လူမှုကွန်ရက်တွင် ရေးသားနေကြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ချသည့် ဗိုလ်မှူးချုပ် ခြောက်ဦးကို နေပြည်တော်တွင် ထောင် တသက်တကျွန်းချသည်။ စစ်အရာရှိများ၊ စစ်သားများ၏ မိသားစုများသည် အထက်အရာရှိများ၏ ခြိမ်းခြောက်မှုနှင့် ဒဏ်ခတ်မည့် အန္တရာယ်ကို ခံနေရသောကြောင့် အကြီးအကျယ် စိတ်ဖိစီးနေကြသည်။
စစ်မျက်နှာအများအပြားတွင် စစ်ကောင်စီ၏ ကျဆုံးမှုများကို မြင်ရသောကြောင့်
စစ်ကောင်စီလိုလားသူအများအပြားသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နုတ်ထွက်ရန် တောင်းဆိုနေကြသည်။
ရခိုင်၊ ကရင်နှင့် ကရင်နီ (ကယား) ပြည်နယ်မှ စစ်မျက်နှာများတွင် စစ်သားများသည် တိုက်ခိုက်မည်၊ ကြားနေမည် သို့မဟုတ် အပေးအယူလုပ်မည်နှင့် ပတ်သက်ပြီး သဘောထားကွဲလွဲနေကြသည်။
မကြာသေးမီလများအတွင်း အရာရှိအများအပြားသည် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယသို့ တိတ်တဆိတ် ရွှေ့ပြောင်းနေကြသည်။
စစ်မျက်နှာအများအပြားတွင် စစ်ကောင်စီ၏ ကျဆုံးမှုများကို မြင်ရသောကြောင့် စစ်ကောင်စီလိုလားသူအများအပြားသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နုတ်ထွက်ရန် တောင်းဆိုနေကြသည်။
စစ်ကောင်စီလိုလားသော ပျူစောထီးတပ်များကို ကူညီထူထောင်ပေးခဲ့သူ အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတပါးသည် သိက္ခာကျသည့် စစ်ရေးရှုံးနိမ့်မှု အများအပြားအတွက် တာဝန်ယူပြီး မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုမှုများတွင် ပါဝင်သောကြောင့် လွန်ခဲ့သောအပတ်တွင် စစ်ဆေးခံခဲ့ရသည်။
စစ်တပ်ခေါင်းဆောင်အဖြစ်မှ မင်းအောင်လှိုင် နုတ်ထွက်ပြီး ရာထူးကို သူ၏လက်ထောက် ဒု စစ်ခေါင်းဆောင် စိုးဝင်းထံ လွှဲပေးရန် မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲတွင် စုဝေးနေသည့် လူအုပ်ကို ဘုန်းကြီးက မိန့်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြီးအကျယ် ဒုက္ခရောက်နေသည်။
သူ နုတ်ထွက်မည်လား။
သူ၏ ရာထူးအား ဒု စစ်ခေါင်းဆောင် စိုးဝင်းကို ပေးမည်လား။
အရှင် အရိယဝံသ ခေါ် ပေါက်ကိုယ်တော် ဆိုသည့် ထိုဘုန်းကြီးကို နံနက်ပိုင်းတွင် ခေါ်ယူစစ်မေးပြီး ပြန်လွှတ်ပေးခဲ့သည်။
စစ်ကောင်စီ ထောက်ခံသူများက YouTube နှင့် Facebook တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူသိရှင်ကြား ဒေါသပေါက်ကွဲကြသည်။
မင်းအောင်လှိုင်သည် ကျွမ်းကျင်မှုမရှိ၊ အတ္တကြီးကာ အားမာန်ကင်းမဲ့သည်ဟု ၎င်းတို့က ပြောကြားပြီး တချိန်က ချေမှုန်းမရဟု ယူဆကြသည့် စစ်တပ်ကို အရှက်တကွဲအကျိုးနည်းအောင် ဦးဆောင်သည်ဟု စွပ်စွဲကြသည်။
“သုံးနှစ်ဆိုရင် တော်လောက်ပြီ ဦးမင်းအောင်လှိုင်” ဆိုသည့်စကားသည် ၎င်းတို့၏ လက်သုံးစကားဖြစ်သည်။ သုံးနှစ်ဆိုသည်မှာ မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းနောက်ပိုင်း ကာလကို ရည်ညွှန်းခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြီးအကျယ် ဒုက္ခရောက်နေသည်။ သူ နုတ်ထွက်မည်လား။ သူ၏ ရာထူးအား ဒု စစ်ခေါင်းဆောင် စိုးဝင်းကို ပေးမည်လား။
ထိုနှစ်ယောက် အဆင်မပြေကြောင်း အတွင်းလူအများအပြားက ပြောသည်။ လူထုထောက်ခံမှု လုံးဝ မရသော စစ်ကောင်စီသည် ရှေ့တန်းစစ်မျက်နှာတွင် အကျပ်အတည်းများ၊ ဆုံးရှုံးမှုများ ရင်ဆိုင်နေရသောကြောင့် ၎င်းတို့ နှစ်ဦးသည် ဆုံးရှုံးမှု၊ ကျရှုံးမှုများအတွက် အပြင်းအထန် အငြင်းပွားနေသည်ဟု ကောလာဟလ ထွက်နေသည်။
စစ်ကောင်စီအတွက် ရွေးစရာ ပထမတခုမှာ နောက်ထပ် သက်တမ်းတိုးခြင်းသာ ဖြစ်သည်။
အတိုက်အခံအင်အားစုများက နောက်ထပ် ထိုးစစ်များ ပြုလုပ်ပြီး နိုင်ငံသည် ဆက်လက် စစ်မီးတောက်နေဦးမည်ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ မိသားစုသည် အလွန် အကျင့်ပျက်ခြစားသည်ဟု ကျော်ကြားသည်။ ဒု စစ်ခေါင်းဆောင် စိုးဝင်း၏ မိသားစု (သူ့ဇနီးဘက်မှ လူများ) သည် မန္တလေးနှင့် ပြင်ဦးလွင်တွင် ဆောက်လုပ်ရေးနှင့် ဟိုတယ်လုပ်ငန်းများ၊ ကချင်ပြည်နယ်တွင် သယံဇာတ တူးဖော်သည့်လုပ်ငန်းများ လုပ်ကိုင်ကြသော်လည်း စိုးဝင်းသည် မင်းအောင်လှိုင်လောက် အကျင့်ပျက်ခြစားခြင်းမရှိဟု သတ်မှတ်ကြသည်။ အကျင့်ပျက်ခြစားသည့် ကိစ္စများအပြင် လွန်ခဲ့သော သုံးနှစ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် မည်သူက အမိန့်ပေးသည်ကို ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ကြားနာမှု ပြုသင့်သည်။
စစ်ကောင်စီ၏ ခြောက်လ သက်တမ်းတိုးထားမှု ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုန်ဆုံးခါနီး၌ မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုမှု ကြီးမားလာခြင်း ဖြစ်သည်။
နောက်ထပ် ခြောက်လ သက်တမ်းတိုးရန် စစ်ကောင်စီသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ခေါ်ရမည်ဖြစ်သည်။ ခေတ္တသမ္မတ ဦးမြင့်ဆွေသည် အကြီးအကျယ် ဖျားနာနေသော်လည်း မင်းအောင်လှိုင်သည် မည်သည့် ကလိမ်ကကျစ်နည်းဖြင့်မဆို ကာ/လုံ အစည်းအဝေးကို ခေါ်မည်ဖြစ်သည်။
မည်သို့ရှေ့ဆက်မည်နှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေ အနည်းငယ်သာရှိကြောင်း သရုပ်ခွဲလေ့လာသူများက ပြောသည်။ စစ်ကောင်စီအတွက် ရွေးစရာ ပထမတခုမှာ နောက်ထပ် သက်တမ်းတိုးခြင်းသာ ဖြစ်သည်။ အတိုက်အခံအင်အားစုများက နောက်ထပ် ထိုးစစ်များ ပြုလုပ်ပြီး နိုင်ငံသည် ဆက်လက် စစ်မီးတောက်နေဦးမည်ဖြစ်သည်။
ဒုတိယ ရွေးချယ်စရာမှာ ရာထူးအပြောင်းအလဲ အကြီးအကျယ် ပြုလုပ်ခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သည့် သရုပ်ခွဲလေ့လာသူအချို့က ပြောသည်။ ထိုသို့လုပ်ရာတွင် မင်းအောင်လှိုင်သည် သူ၏ ဝန်ကြီးချုပ်ရာထူးကို ဒုဝန်ကြီးချုပ် နှစ်ဦးဖြစ်သည့် တင်အောင်စန်းနှင့် မြထွန်းဦး အနက် တဦးကို လွှဲပြောင်းပေးပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်ကောင်စီဥက္ကဋ္ဌအဖြစ် ဆက်လက် လုပ်ကိုင်ရန်ဖြစ်သည်။ သို့သော် ထိုသို့ ရာထူးအပြောင်းအလဲ လုပ်ခြင်းကို မည်သူမှ ကျေနပ်မည်မဟုတ်ပေ။
ဒုဝန်ကြီးချုပ် တင်အောင်စန်းသည် ရေတပ်ဗိုလ်ချုပ်နှင့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး ဒုဝန်ကြီးချုပ် မြထွန်းဦးသည် ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် လက်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဖြစ်သည်။ မြထွန်းဦးသည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ စိတ်ကြိုက်လူဖြစ်သည်ဟု ကျော်ကြားသည်။
တတိယဖြစ်နိုင်ခြေမှာ စစ်ကောင်စီသည် အရပ်သားနိုင်ငံရေးသမားများ ကြားဖြတ်အစိုးရဖွဲ့ရန် ခွင့်ပြုခြင်း ဖြစ်သည်။ ညွန့်ပေါင်းအစိုးရ ဖွဲ့ခွင့်ပြုရန် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ မကြာသေးမီက အကြံပြုထားသည်။
တရုတ်နှင့် မြန်မာ၏ အခြားအိမ်နီးချင်းနိုင်ငံများ မည်သို့ မြင်ကြမည်နည်း။
လွန်ခဲ့သော သုံးနှစ်အတွင်း တရုတ်အရာရှိ အများအပြားသည်
ဦးသန်းရွှေနှင့် တွေ့ဆုံသောကြောင့်
ဦးသန်းရွှေသည် အာဏာသိမ်းခေါင်းဆောင်နှင့်
စစ်ကောင်စီအပေါ် ဆက်လက် သြဇာလွှမ်းမိုးနေသည်ဆိုသည့်
ကောလာဟလများ ထွက်စေခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ရှားပြီး အသွင်ကူးပြောင်းရေး အစိုးရဖွဲ့ရန် တရုတ်က လိုလားသည်ဟု အတိုက်အခံ အင်အားစုများအတွင်း ခန့်မှန်းမှုများရှိနေသည်။
မကြာသေးမီက ခရီးစဉ်အတွင်း တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆွန်းဝေတုန်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေကို သူ၏အိမ်တွင် သွားရောက်တွေ့ဆုံသည်။ (တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုသော်လည်း ပယ်ချခံရသည်ဟု သတင်းများအရ သိရသည်။)
တရုတ်အရာရှိများ ဦးသန်းရွှေနှင့် တွေ့သည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။ လွန်ခဲ့သော သုံးနှစ်အတွင်း တရုတ်အရာရှိ အများအပြားသည် ဦးသန်းရွှေနှင့် တွေ့ဆုံသောကြောင့် ဦးသန်းရွှေသည် အာဏာသိမ်းခေါင်းဆောင်နှင့် စစ်ကောင်စီအပေါ် ဆက်လက် သြဇာလွှမ်းမိုးနေသည်ဆိုသည့် ကောလာဟလများ ထွက်စေခဲ့သည်။
မေးစရာရှိသည်မှာ မည်သူက မင်းအောင်လှိုင်ကို ဆက်လက် အာဏာချုပ်ကိုင်ထားစေလိုသနည်း ဆိုသည့် မေးခွန်းဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Will the MyanmarJunta Boss Step Down? All Sides Now Want Him Gone ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ ပထမဆုံး စစ်အာဏာသိမ်းမှု နှစ် ၆၀ ပြည့်တဲ့အခါ
တစစီ ပြန်လည်တပ်ဆင်ရန် လိုအပ်နေသည့် မြန်မာ့အနာဂတ်
အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့













