• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အာဆီယံ ကုန်သွယ်ရေး၌ အခွန် ကင်းလွတ်ခွင့် နှင့် နှုန်းထား လျှော့နိုင်မည့် အွန်လိုင်းစနစ် စတင်တော့မည်

by မျိုးပပစန်း
19 October 2019
in စီးပွားရေး
A A
အောက်တိုဘာ လ ၁၇ ရက်က ပြုလုပ်သော“ASEAN Single Window စနစ်တွင် Form D လဲလှယ်ခြင်း ကိစ္စရပ်များ အများပြည်သူ အသိပညာ‌ပေးခြင်း” အခမ်းအနား / မျိုးပပစန်း / ဧရာဝတီ

အောက်တိုဘာ လ ၁၇ ရက်က ပြုလုပ်သော“ASEAN Single Window စနစ်တွင် Form D လဲလှယ်ခြင်း ကိစ္စရပ်များ အများပြည်သူ အသိပညာ‌ပေးခြင်း” အခမ်းအနား / မျိုးပပစန်း / ဧရာဝတီ

4.3k
VIEWS
Share on FacebookShare on Twitter

အာဆီယံ ဒေသတွင်း ကုန်သွယ်မှု ပြုလုပ်ရာ၌ အကောက်ခွန် ကင်းလွတ်ခွင့်နှင့် နှုန်းထားများ လျှော့ချ ပေးနိုင်သည့် Form D လက်မှတ် အစီအစဉ်ကို နိုဝင်ဘာလ အတွင်း အွန်လိုင်းစနစ်ဖြင့် စတင်‌ ဆောင်ရွက်နိုင်မည် ဖြစ်‌ကြောင်း သိရ သည်။

အာဆီယံ ပင်ရင်းနိုင်ငံ ထောက်ခံချက် လက်မှတ် Form D (Certificate of Origin) ပြရုံနှင့် ကုန်သွယ်မှုတွင် တနိုင်ငံ နှင့် တနိုင်ငံ သတ်မှတ်ထားသော ကုန်ပစ္စည်းများအလိုက် အကောက်ခွန် ကင်းလွတ်ခွင့် နှင့် လျှော့ချခွင့်ကို ရရှိနိုင်မည် ဖြစ်သည်ဟု အကောက်ခွန် ဦးစီးဌာန အလိုအလျောက် ကုန်တင် ရှင်းလင်းရေး စနစ် (MACCS) ဌာနခွဲ ညွှန်ကြားရေး မှူး ဦးဝင်းသန့်က ပြောသည်။

ဦးဝင်းသန့်က“တနိုင်ငံနဲ့ တနိုင်ငံ အကောက်ခွန် ကင်းလွတ်ခွင့်တွေ၊ နှုန်းထား‌ လျှော့ချတာ‌တွေကို ခံစားနိုင်ဖို့အတွက် ဒီနိုင်ငံရဲ့ ပင်ရင်း ကုန်ပစ္စည်း ဖြစ်‌ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးတာကို (Form D) လို့ ခေါ်ပါတယ်။ ဒါကို သက်ဆိုင်ရာ ပို့ကုန်နိုင်ငံ အာဏာပိုင်ကနေ ထုတ်ပေးလိုက်တယ်။ အဲဒီတော့ လုပ်ငန်းရှင်က ကျနော်တို့ သွင်းကုန် နိုင်ငံရဲ့ အကောက်ခွန် ဦးစီးဌာနကို တင်ပြတယ်ဆိုရင် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို အကောက်ခွန်လျှော့တာ တွေ၊ ကင်းလွတ်ခွင့်တွေ ပေးတာ ဖြစ်တယ်”ဟု ရှင်းပြသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် အောက်တိုဘာ လ ၁၇ ရက်က ပြုလုပ်သော“ASEAN Single Window စနစ်တွင် Form D လဲလှယ်ခြင်း ကိစ္စရပ်များ အများပြည်သူ အသိပညာ‌ပေးခြင်း”အခမ်းအနား၌ ၎င်းက ပြောကြားခြင်း ဖြစ်သည်။

ယင်းစနစ်သည် ယခင်က စာရွက်စာတမ်းများဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနရုံးများသို့ သွားရောက်ဆောင်ရွက်ရ၍ စရိတ် စကများစွာ ကုန်ကျခြင်း၊ အချိန်ကုန်ခြင်းတို့ကြောင့် ယခုကဲ့သို့ အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်မည် ဆိုပါက အချိန်နှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် အာဆီယံနိုင်ငံ အချင်းအချင်း ကုန်သွယ်ရာ၌ စာရင်း အချက်အလက်များ အပြန်အလှန် ပေးပို့နိုင်သည့် ကြားခံ အီလက်ထရွန်နစ် စနစ် (ASEAN Single Window) ကို မြန်မာနိုင်ငံ အနေနှင့် စမ်းသပ် ဆောင် ရွက်နေသည် မှာ အောင်မြင်နေပြီ ဖြစ်သဖြင့် ယင်းစနစ်မှ အဆင့်တဆင့်ဖြစ်သော Form D စနစ်ကို အာဆီယံ နိုင်ငံ တချို့နှင့် အတူ စတင်ခြင်း ဖြစ်ကြောင်း ဦးဝင်းသန့်က ပြောဆိုသည်။

Form D ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း)၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ဝက်ဘ် ဆိုက်သို့ ဝင်ရောက်၍ Online Co Application system ဖြင့် လျှောက်ထားနိုင်မည်ဟု ဆိုသည်။

လက်ရှိတွင် အာဆီယံ ပင်ရင်းနိုင်ငံ ထောက်ခံချက် လက်မှတ် (Form D) ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယမ်နမ်နိုင်ငံများက မြန်မာနိုင်ငံထက် စော၍ ဆောင်ရွက်လျက်ရှိကာ မြန်မာအနေဖြင့် ထိုသို့ အီလက်ထရွန်နစ် စနစ် ပြောင်းလဲရခြင်းသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေဖြင့် National Window စနစ် ထူထောင်ရခြင်း အတွက် ဖြစ်ကြောင်း သိရသည်။

စီးပွား/ကူးသန်း ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လတ်က“Form D ကို အွန်လိုင်းစနစ်နဲ့ လဲလှယ် ခြင်းဖြင့် ကုန်ပစ္စည်း တင်သွင်းသူ တင်ပို့သူ ကုန်သည်တွေ အနေနဲ့ တိကျမှန်ကန်မှုနဲ့ အချိန်ကုန် သက်သာစေမှာ ဖြစ် တယ်”ဟု ပြောသည်။

အဆိုပါ Form D စနစ်နှင့် ဆောင်ရွက်ခြင်းဖြင့် အာဆီယံ ဒေသတွင်း နိုင်ငံများ အချင်းချင်း ကုန်သွယ်မှု ကဏ္ဍတွင် ပူး ပေါင်း ဆောင်ရွက်မည် ဆိုသော ကတိကို အကောင်အထည်ဖော်နိုင်ခြင်း၊ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများ နည်း တူ နည်းပညာများကို တန်းတူဆောင်ရွက်နိုင်ခြင်း တို့‌ကြောင့် ကုန်သွယ်မှုကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ် ခေါ်နိုင်ခြင်း စသည်တို့အပြင် အွန်လိုင်းဖြင့် ဆောင်ရွက်ရခြင်း‌ကြောင့် ကုန်သွယ်မှုတွင် လွယ်ကူ လျင်မြန်လာမည် ဖြစ်ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာန အလိုအလျောက် ကုန်တင် ရှင်းလင်းရေး စနစ် (MACCS) ဌာနခွဲ ညွှန်ကြားရေး မှူး ဦးဝင်းသန့် မီဒီယာများကို ဖြေကြားနေစဉ် (ဓာတ်ပုံ – မျိုးပပစန်း/ဧရာဝတီ)

ထို့ပြင် အီလက်ထရွန်နစ် စနစ်ဖြင့် လုပ်ဆောင်ရခြင်း‌ကြောင့် လုပ်ငန်းများတွင် တိကျမှု၊ မြန်ဆန်မှု၊ စာရင်းဇယား ထိန်း သိမ်းမှု၊ အချိန်နှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဟု အကောက်ခွန် ဦးစီးဌာနက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

အဆိုပါ နည်းပညာ အသုံးပြုရန် အတွက်  အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)မှ ငွေကြေးနှင့် နည်း ပညာပိုင်းကို ပံ့ပိုးပေးထားပြီး ပြည်တွင်း နည်းပညာကို အ‌ခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) စီးပွားရေး တာဝန်ခံ အဲလက်စ်အယ်ဘာတင်က“မြန်မာနိုင်ငံ အနေနဲ့ ဒီ ASEAN Single Window စနစ်ကို အသုံးပြုခြင်းဖြင့် အလွဲသုံးစားပြုလုပ်မှု‌တွေကိုလည်း လျှော့နိုင်မှာ ဖြစ် တယ်။ စစ်ဆေးမှုတွေ ပြုလုပ်တဲ့နေရာမှာလည်း ပိုပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ကုန်သွယ်မှုကိုလည်း ပိုပြီး တိုးတက်လာနိုင်မှာ ဖြစ်တယ်”ဟု ပြောသည်။

USAID အနေနှင့် အရှေ့တောင်အာရှဒေသတွင်း ကုန်သွယ်မှု ပိုမို မြန်ဆန်ကောင်းမွန်လာစေရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း ၎င်းက ပြောဆိုသည်။

အထက်ပါ ASEAN Single Window စနစ်မှာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization-WTO) ၏ Trade facilitation ဆိုသည့် တကမ္ဘာ့လုံး ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး ခေါင်းစဉ်အောက်တွင်လည်း ပါဝင်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း  (AEC) တွင်လည်း ကုန်စည်များ လွတ်လပ်စွာ စီးဆင်းနိုင်ရန် ယင်းစနစ်ကို အသုံး ပြုရမည့် အချက်တခု အဖြစ် ပါဝင်ကြောင်း သိရသည်။

Kyaw Eleven Trading ဒါရိုက်တာ ဦးသက်တင်ဦးက“ကုမ္ပဏီအနေနဲ့ သတင်းအချက်အလက်တွေ အရင်ထက် စာ ရင် ပိုပြီး တိကျဖို့ လိုတယ်။ အရင်တုန်းက စာရွက်စာတမ်းနဲ့ လုပ်တာ အခုကျတော့ နိုင်ငံတကာ အကုန်သိအောင် သွားမယ့် အွန်လိုင်းစနစ်နဲ့ သွားမှာ အရင်က စာရွက်က ပြင်လို့ ရတယ်။ အခုက ပြင်လို့မရဘူး။ မှားရင် ပယ်ဖျက်ပြီး အသစ် လုပ်ရမယ်။ ဒါ‌ကြောင့် Information ပိုင်းမှာ ပိုတိကျဖို့ လိုတယ်”ဟု ပြောသည်။

ယခင်စာရွက်စာတမ်းနှင့် Form D လုပ်ဆောင်ရာတွင် မလိုအပ်သော အ‌ကြောင်းအရာများသော်လည်း ယခု အွန်လိုင်း စနစ်နှင့် လုပ်ဆောင်ရာတွင် ယင်းအချက်များ သက်သာစေခြင်း၊ သွားလာရသည့် စရိတ်များနှင့် အချိန်ကုန်လည်း သက်သာစေသဖြင့် အွန်လိုင်းစနစ်ကို ကြိုဆို‌ကြောင်းလည်း ၎င်းက‌ ပြောဆိုသည်။

ပို့ကုန် တင်ပို့သူများ အနေနှင့် အာဆီယံ ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ် ASEAN Trade in Goods Agreement (ATIGA) အရ မြန်မာနိုင်ငံအတွက် အခွန် သက်သာခွင့်‌ပေးထားသည့် ကုန်စည်များ အကျိုးခံစားခွင့် ရရှိမည်ဟု ဆိုသည်။

အ‌ကောက်ခွန်နှုန်းထား လျှော့ချမှု နှင့် ကင်းလွတ်သည့် ကုန်စည်များတွင် လယ်ယာထွက်ကုန် ပစ္စည်းများ၊ စက်မှု လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ အစရှိသည့် ပြည်တွင်းမှ ထွက်ရှိသော ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

You may also like these stories:

မြန်မာနိုင်ငံ၌ အမေရိကန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ရှိနေ

စင်ကာပူ-မြန်မာ ကုန်သွယ်ရေး မြှင့်တင် ကာကွယ်ရန် သဘောတူစာချုပ်ချုပ်ဆို

တောင်ကိုရီးယား- မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် သဘောတူ

ပြည်ပက မျက်နှာသစ် ပြိုင်ဘက်များ ဝင်လာတော့မည့် ပို့ကုန်ကဏ္ဍ

Your Thoughts …
Tags: Form D စနစ်ကင်းလွတ်ခွင့်အကောက်ခွန်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

by Sean Turnell
18 July 2025
5.9k

အခွန်ကိစ္စနှင့် ပတ်သက်သည့် သမ္မတ ထရမ့်ထံသို့ ပြန်စာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မည်သည့်စကားလုံးကိုမှ လက်လွတ်မခံပေ။

စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများပါ၍ မိသားစု စိုးရိမ်

စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများပါ၍ မိသားစု စိုးရိမ်

by ဧရာဝတီ
26 May 2024
4.4k

စစ်မှုထမ်းရမည့်ဥပဒေအရ စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်း၏ သားသမီးများပါဝင်လာသဖြင့် ကင်း လွတ်ခွင့်ပြုနိုင်ရန် တင်ပြခြင်းများလုပ်ဆောင်နေကြောင်း

သွင်းကုန်အပေါ်  စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

သွင်းကုန်အပေါ် စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

by ဧရာဝတီ
12 August 2024
4.3k

ရည်ညွှန်းဈေး သတ်မှတ်၍ တင်သွင်း ရောင်းချစေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ဘဲ လက်ရှိ ဈေးနှုန်းသတ်မှတ်လုပ်ဆောင်နေသော စက်သုံးဆီ၊ ဒေါ်လာ၊ ရွှေ၊ အခြေခံစားသောက်ကုန်တို့ကဲ့သို့ပင် ပစ္စည်းပြတ်လပ်ခြင်းနှင့် မှောင်ခိုဈေးကွက်သို့သာ ဦးတည်နိုင်ကြောင်း

မြောက်ပိုင်းညီနောင် ၃ ဖွဲ့  နယ်စပ်အုပ်ချုပ်ရေးမှူးများ ဖြစ်လာတဲ့အခါ

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ နယ်စပ်အုပ်ချုပ်ရေးမှူးများ ဖြစ်လာတဲ့အခါ

by Athena Awn Naw
21 August 2025
4.3k

"စစ်တပ်က ဒီမှာ နယ်မြေသာ ဆုံးရှုံးတာ မကဘူး။ သူတို့ရဲ့စစ်ဆင်ရေးတွေကို ထောက်ပံ့နေတဲ့ငွေလည်း ဆုံးရှုံးတယ်”

ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ

ထရမ့် ကုန်သွယ်ခွန် တိုးမြှင့်နိုင်ငံများ စာရင်းထဲ စစ်နှင့် ငလျင်ဒဏ်ခံ မြန်မာလည်း ပါ

by ဧရာဝတီ
6 April 2025
4.2k

အရှေ့တောင်အာရှနိုင်ငံများကို ချမှတ်သည့်အခွန်များသည် တရုတ်ကို ထိခိုက်စေရန် ရည်ရွယ်သည်ဟု စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ ဝါရင့်သုတေသီ ဒေါက်တာ စီဝါဂေ ဓာမာ နေဂရက ပြောသည်။

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

by သက်ထားမောင်
14 May 2025
2.9k

မြန်မာစစ်ကောင်စီကမူ ရုရှားနှင့်တရုတ်အတွက် ဈေးအပေါဆုံး ရုပ်သေးအစိုးရဖြစ်၏။

Next Post
သားရေတုနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်ကို ဒေါ်လာ ၅၀ ကျသင့်မှာလည်းဖြစ်ပါတယ်

ပန်းသီးအခွံ သားရေအတုနဲ့ ပိုက်ဆံအိတ်တွေ ထုတ်လုပ်မယ့် ကနေဒါကုမ္ပဏီ

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင် တခု  / ဧရာဝတီ

EITI စံနှုန်း အကောင်အထည်ဖော်မှု အဓိပ္ပာယ်ရှိသော တိုးတက် အဆင့် မြန်မာ ရရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved