• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဦးပိုင်အတွက် အမြတ်ငွေများကို Kirin က ဆက်လက်ဆိုင်းငံ့ထားမည်

by နန်းလွင်
9 January 2021
in စီးပွားရေး
A A
မြန်မာပြည်တွင် ကီရင်က အများအပြား ရင်းနှီးမြှုပ်နှံထားသည်/Kirin Ichiban Myanmar Facebook

မြန်မာပြည်တွင် ကီရင်က အများအပြား ရင်းနှီးမြှုပ်နှံထားသည်/Kirin Ichiban Myanmar Facebook

8.5k
VIEWS
Share on FacebookShare on Twitter

ဂျပန်အဖျော်ယမကာလုပ်ငန်းကြီး ကီရင် (Kirin) က ၎င်းတို့ စီးပွားဖက်၏ စစ်ဖက်အဆက်အသွယ်များအား စုံစမ်းစစ်ဆေးမှုသည် သတင်းအချက်အလက် မရရှိသောကြောင့်  ကောက်ချက် တစုံတရာ မချနိုင်ဘဲ ပြီးဆုံးသွားကြောင်း ပြောကြားလိုက်သည်။ သို့သော် ဘီယာလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်များကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် အများပိုင် ကုမ္ပဏီ (MEHL ) သို့ ပေးချေခြင်းကို ပြန်လည် စတင်ဦးမည် မဟုတ်ကြောင်း ပြောကြားသည်။

လွန်ခဲ့သောနှစ်က Kirin သည်  “လူမျိုးတုန်းသတ်ဖြတ်မှု” စွပ်စွဲချက်များအကြား မြန်မာ စစ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပြစ်တင်ရှုတ်ချခံရပြီးနောက် MEHL ၏ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေး ဖွဲ့စည်းပုံကို လွတ်လပ်သော စုံစမ်းသုံးသပ်မှု ပြုုလုပ်ရန် Deloitte Tohmatsu ဘဏ္ဍာရေး အတိုင်ပင်ခံလုပ်ငန်းကို ငှားရန်းခဲ့သည်။ ထိုသို့ သုံးသပ်ခြင်းသည် ဖက်စပ်လုပ်ငန်းများဖြစ်သော Myanmar Brewery Limited နှင့် Mandalay Brewery Limited တို့မှ အမြတ်ငွေများ မည်သည့်နေရာသို့ ရောက်သွားသည်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်။

Deloitte ၏ အကဲဖြတ်ချက်သည် တိကျသော ဆုံးဖြတ်ချက်ချရန် လုံလောက်သော သတင်းအချက်အလက်မရသောကြောင့် ကောက်ချက်ချရန် မဖြစ်နိုင်ကြောင်း Kirin Holdings Company Limited က ကြာသပတေးနေ့တွင်ကြေညာသည်။

မြန်မာနိုင်ငံရှိ ဖက်စပ်လုပ်ငန်းများမှ ရရှိသော မည်သည့်အကျိုးအမြတ်ကိုမဆို စစ်ရေးကိစ္စများအတွက် အသုံးပြုခြင်းကို လုံးဝလက်မခံနိုင်ကြောင်း Kirin Holdings Company Limited ကပြောသည်။ ထိုအချက်သည် ဖက်စပ်လုပ်ငန်း သဘောတူညီချက်၏ စည်းကမ်းချက် တခုဖြစ်သည်။

ဘီယာအမြတ်ငွေများကို Kirin နှင့် စစ်ဖက်ပိုင် ကုမ္ပဏီသို့ပေးချေခြင်းကို ဆက်လက်ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း Kirin Holdings Company Limited ကပြောသည်။

ဘီယာအမြတ်ငွေများကို Kirin နှင့် စစ်ဖက်ပိုင် ကုမ္ပဏီသို့ပေးချေခြင်းကို ဆက်လက်ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း Kirin Holdings Company Limited ကပြောသည်။

လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးမှုများကြောင့် Kirin Holdings Company Limited သည် Myanmar Brewery နှင့် Mandalay Brewery မှရရှိသော အကျိုးအမြတ်များ Kirin, MEHL နှင့် အခြားရှယ်ယာပိုင်ရှင်များအား ပေးအပ်ခြင်းကို နိုဝင်ဘာလမှ စတင် ဆိုင်းငံ့ထားသည်။

Kirin က ၎င်း၏ အစီအစဉ်များကို ဧပြီလကုန်တွင် ထပ်မံပြောကြားမည်ဖြစ်ကြောင်းပြောသည်။

Kirin သည် Myanmar Brewery နှင့် Mandalay Brewery လုပ်ငန်းနှစ်ခုလုံး၏ ရှယ်ယာများကို ၅၁ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို MEHL က ပိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက်ရှာဖွေရေး ကော်မရှင်က ၂၀၁၉ ခုနှစ် သြဂုတ်လကပြောကြားခဲ့သည်။

ထိုကော်မရှင် အစီရင်ခံစာက မြန်မာစစ်ဖက်နှင့် ၎င်း၏ လုပ်ငန်းများ ပါဝင်ပတ်သက်နေသော မည်သည့် ပြည်ပစီးပွားရေး လုပ်ငန်းမဆိုသည် လူ့အခွင့်အရေးဥပဒေ ချိုးဖေါက်ခြင်းနှင့် ပတ်သက်နိုင်သည့် အန္တရာယ်မြင့်မားစွာရှိကြောင်း သတိပေးထားသည်။

ကုလသမဂ္ဂအစီရင်ခံစာ၏ စွပ်စွဲချက်များထွက်လာပြီးနောက် လွန်ခဲ့သော ဖေဖေါ်ဝါရီလတွင် မြန်မာနိုင်ငံမှ လုပ်ငန်းများကို ပြန်လည်သုံးသပ်နေကြောင်း Kirin ကကြေညာသည်။

ကနဦးက ပေးထားသော သတင်းအချက်အလက်များသည် မလုံလောက်သောကြောင့် စနစ်တကျ လိုအပ်သော စာရွက်စာတမ်းများပေးရန် MEHL  ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ကြောင်း ဇွန်လတွင် Kirin ပြောသည်။

Kirin က မြန်မာနိုင်ငံတွင် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အလေးအနက်ထားကြောင်းနှင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများသည် အမြင့်မားဆုံး စံနှုန်းများနှင့် ကိုက်ညီအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။

Kirin က မြန်မာနိုင်ငံတွင် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အလေးအနက်ထားကြောင်းနှင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများသည် အမြင့်မားဆုံး စံနှုန်းများနှင့် ကိုက်ညီအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။

Kirin အနေဖြင့် အကဲဖြတ်သုံးသပ်ချက်များကို ထုတ်ဝေရန်နှင့် MEHL နှင့် အဆက်အသွယ်ဖြတ်ရန် Justice for Myanmar လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုသည်။

Kirin သည် MEHL နှင့် စီးပွားရေး ဆက်လုပ်နေသမျှကာလပါတ်လုံး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်မည်ဟု ထိုအဖွဲ့ကပြောသည်။

( Nan Lwin ၏ Kirin to Continue Profit Denial to Myanmar Military Conglomerate  ကို ဘာသာပြန်ဆိုသည်။)

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
214
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

You may also like these stories:

မြန်မာ့စီးပွားရေး ဦးပိုင်ကို လုပ်ဖော်ကိုင်ဖက် စင်ကာပူ ကုမ္ပဏီက တရားစွဲမည်

တနှစ်တာမြန်မာ့စီးပွားရေးကို ပြန်လည်သုံးသပ်ခြင်း

ရွှေကုက္ကိုလ်မှာ တရုတ်တွေ လောင်းကစား ဆက်လုပ်နေ

Your Thoughts …
Tags: KirinMandalay beerMEHLMyanmar beerကီရင်ဂျပန်အဖျော်ယမကာလုပ်ငန်းတပ်မတော်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်အများပိုင် ကုမ္ပဏီ
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

နိုင်ငံကို ၅၀ ရာခိုင်နှုန်းအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သော်လည်း

နိုင်ငံကို ၅၀ ရာခိုင်နှုန်းအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သော်လည်း

by ဧရာဝတီ
20 May 2024
10.8k

စစ်ကောင်စီ၏ သွင်ပြင်လက္ခဏာ သုံးခုကြောင့် ၎င်းကို ခြေမှုန်းရန် အထူးသဖြင့် ခက်ခဲသေးသည်။

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ  အပိုင်း ၁

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၁

by အောင်သစ်
20 August 2024
9.4k

PNO ၏ စီးပွားရေးတာဝန်ခံများ ဖြစ်သည့် ဦးနေဝင်းထွန်းနှင့် ဦးခွန်မြတ်တို့ ကုမ္ပဏီများထောင်၍ ကျောက်မျက်လောကသို့ တိုးချဲ့ဝင်ခဲ့ကြသည့်မှာ အချိန်တလသာ ကွာခဲ့ကြသည်။

စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်

စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်

by Zachary Abuza
6 September 2024
8.4k

တရုတ်သည် သတိထားစောင့်ကြည့်ရမည့် မြီရှင်၊ ကြွေးရှင် ဖြစ်သည်။

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

by Phar Kim Beng
11 April 2025
7.2k

ပြည်တွင်းစစ်နှင့် မတ်လ ၂၈ ရက်နေ့ ငလျင် တထပ်တည်းကျနေခြင်းသည် စစ်ကောင်စီကို ပိုမို အကာအကွယ်မဲ့သော အနေအထား ဖြစ်စေသည်။

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၄

by အောင်သစ်
30 August 2024
6.9k

ထိုစဉ်က အသတ်ခံရသူ ဗိုလ်မှူးကြီး အောင်ခမ်းမှာ PNO ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ဦးအောင်ခမ်းထီက ဥက္ကဋ္ဌဖြစ်သည်။

Next Post
ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်အမျိုးသားပါတီ စစ်တွေတွင် မဲဆွယ်စည်းရုံးနေစဉ်  / ခိုင်ရိုးလ / ဧရာဝတီ

ရခိုင် ရွေးကောက်ပွဲ ပြန်ကျင်းပရန် လုံခြုံရေး အာမခံချက် မရှိသေး ဟု သမ္မတရုံး ပြော

အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် ၃၇၅,၀၀၀ နီးပါး ရှိသွားပါပြီ။

အမေရိကန်မှာ ကိုဗစ်ကြောင့် ပထမဆုံးအကြိမ် တနေ့တည်း လူ ၄,၀၀၀ ကျော်သေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved