• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

LG W Series အသစ် စမတ်ဖုန်း ၃ မျိုး အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်

by Nigma
27 June 2019
in IT
A A
 LG W Series စမတ်ဖုန်းများ

 LG W Series စမတ်ဖုန်းများ

3.8k
VIEWS
Share on FacebookShare on Twitter

LG ရဲ့ W Series အသစ် စမတ်ဖုန်းတွေကို အိန္ဒိယနိုင်ငံမှာ ဇွန်လ ၂၆ ရက်နေ့က တရားဝင် မိတ်ဆက် လိုက်ပါတယ်။ W Series ရဲ့ ပထမဆုံးဖုန်း ၃ မျိုးကတော့ LG W10၊ W30 နဲ့ W30 Pro တို့ ဖြစ်ပါတယ်။ ဖုန်းမော်ဒယ် ၃ မျိုးလုံးမှာ 4,000mAh ဘက်ထရီ၊ Android 9 Pie ၊ ကျောဘက်လက်ဗွေရာ ဆန်ဆာနဲ့ Face Unlock စနစ်တို့ ပါဝင်လာပါတယ်။

LG W Series ဟာ တန်ဖိုးနည်းတွေ ခေတ်စားတဲ့ အိန္ဒိယဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပြီး၊ Xiaomi နဲ့ Realme တို့နဲ့ အဓိက ဈေးကွက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဈေးအနည်းဆုံးဖြစ်တဲ့ LG W10 မှာ ပိုလီကာဘွန်နိတ် ပလတ်စတစ် ကိုယ်ထည်အကွေးကို အသုံးပြုထားပြီး၊ ဒီဇိုင်းကတော့ တွေ့နေကျ ပုံစံမျိုးပါပဲ။ ၆ ဒဿမ ၁၉ လက်မအရွယ် FullVision HD+ Display မှာ ကြီးမားတဲ့ လေးထောင့်ပုံစံ Notch ကို ထည့်သွင်းထားပြီး၊ သူ့ထဲမှာတော့ 8MP ရှေ့ကင်မရာကို မြင်တွေ့ရမှာပါ။

MediaTek ရဲ့ Helio P22 Chipset နဲ့ ဖြစ်ကာ၊ 3GB RAM နဲ့ 32GB Storage တို့ ပါဝင်မှာပါ။ microSD ကတ်ကနေ Storage ထပ်တိုးနိုင်ပါတယ်။ ကျောဘက်မှာတော့ 13MP နဲ့ 5MP ကျောကင်မရာ နှစ်လုံးနဲ့ LED Flash မီးတို့ကို အတန်းလိုက် ထည့်သွင်းထားပါတယ်။

LG W10 ကို ဇူလိုင်လ ၃ ရက်နေ့မှာ Amazon India ကနေ ရူပီး ၈,၉၉၉ နဲ့ စတင် ဝယ်ယူနိုင်မှာပါ။ မြန်မာငွေနဲ့ဆိုရင်တော့ ကျပ် ၁ သိန်း ၉ သောင်း ကျော် ရှိပါလိမ့်မယ်။ Smoke Grey နဲ့ Tulip Purple အရောင် ၂ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153

ဒုတိယမော်ဒယ်ဖြစ်တဲ့ LG W30 မှာတော့ မဆိုစလောက် ပိုကြီးတဲ့ ၆ ဒဿမ ၂၆ လက်မအရွယ် FHD+ IPS LCD ကို အသုံးပြုထားပါတယ်။ ဒီဖုန်းမှာတော့ Notch က ရေစက်ပုံစံ ဖြစ်သွားပါတယ်။ 16MP ရှေ့ကင်မရာနဲ့ပါ။

ဒီဇိုင်းကွဲသွားပေမယ့် အတွင်းက Chipset ၊ RAM နဲ့ Storage ပမာဏတွေကတော့  W10 နဲ့ အတူတူပါပဲ။ ဒါပေမယ့် ကျောကင်မရာကတော့ W30 မှာ ၃ လုံးဖြစ်သွားပါတယ်။ 12MP Sony IMX486 ဆန်ဆာ၊ ၁၀၀ ဒီဂရီ မြင်ကွင်းကျယ် 13MP ကင်မရာနဲ့ 2MP Depth ဆန်ဆာ ၃ လုံးပါ။

ဖုန်းရှေ့ဘက်ကော နောက်ဘက်မှာပါ Gorilla Glass 5 မှန်သား အုပ်ပေးထားတာက ဒီဖုန်းရဲ့ အကောင်းဆုံးအချက်လို့ ပြောနိုင်ပါတယ်။ ကိုယ်ထည်ဖရိန်ကိုလည်း လေယာဉ်ထုတ်လုပ်ရာမှာ သုံးတဲ့ အလူမီနီယမ်သတ္တုနဲ့ လုပ်ပေးထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

LG W30 ရဲ့ ဈေးနှုန်းကိုတော့ ရူပီး ၉,၉၉၉ (မြန်မာငွေ ၂ သိန်း ၂ သောင်းဝန်းကျင်) သတ်မှတ်ထားပါတယ်။ Thunder Blue နဲ့ Platinum Grey နှစ်ရောင် ထုတ်မှာဖြစ်ပြီး၊ ဇူလိုင် ၃ ရက်မှာပဲ စတင်ရောင်းချမှာပါ။

နောက်ဆုံး တလုံးဖြစ်တဲ့ LG W30 Pro ရဲ့ ဈေးနှုန်းနဲ့ ထွက်မယ့်ရက်တွေကိုတော့ တခါတည်း မကြေညာသွားပါဘူး။ အချက်အလက်တွေအရတော့ W30 Pro မှာ MediaTek အစား Qualcomm ရဲ့ Snapdragon 632 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ 4GB RAM နဲ့ 64GB Storage တို့ ပါဝင်မှာပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။

မျက်နှာပြင်က ၆ ဒဿမ၂၂ လက်မ အကျယ်ရှိပြီး၊ ရေစက်ပုံစံ Notch က ပိုသေးသွားတာ တွေ့ရပါတယ်။ Notch ထဲမှာတော့ 16MP ရှေ့ကင်မရာ ပါဝင်မှာပါ။ 13MP+ 8MP 100-degree Ultrawide+5MP Depth Sensor ကျောကင်မရာ ၃ လုံးနဲ့ ဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ အားအမြန်သွင်းစနစ်ပါ ပါဝင်လာတယ်လို့ သိရပါတယ်။ Pine Green ၊ Denim Blue နဲ့ Black အရောင် ၄ မျိုး ထုတ်လုပ်ရောင်းချသွားမှာပါ။

Ref: GSM Arena, Gadgets 360

You may also like these stories:

LG က မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းမည်

ကုန်ကြမ်းဘူး ထည့်လိုက်ရုံနှင့် ရေခဲမုန့် ပြုလုပ်နိုင်သည့် SnowWhite စက်ကို LG ပြသ

Screen နှစ်ခုတပ် အသုံးပြုနိုင်မယ့် V50 ThinQ ကို LG မိတ်ဆက်

G8 ThinQ ဖုန်းမှာ 3D ရှေ့ကင်မရာစနစ် ပါဝင်လာမှာဖြစ်ကြောင်း LG အတည်ပြု

လိပ်သိမ်းနိုင်တဲ့ OLED TV ကို LG ပြသ

Your Thoughts …
Tags: LGW Seriesစမတ်ဖုန်း
Nigma

Nigma

Contributor

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
894

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

by ဧရာဝတီ
27 September 2025
415

နည်းပညာနဲ့ ထိတွေ့မှု လွန်ကဲခြင်းရဲ့ သက်ရောက်မှုတွေ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခြင်းက ဒီညွှန်ကြားချက်ကို ထွက်ပေါ်လာစေတာ ဖြစ်ပြီး ဂျပန်မှာ ပထမဆုံးအကြိမ် ဖြစ်မယ်လို့ ဆိုပါတယ်…

စမတ်ဖုန်းတွေကနေ ထွက်ရှိလာတဲ့ ရောင်ပြန်အလင်းတွေဟာ ကလေးငယ်တွေရဲ့ မျက်စိကို ထိခိုက်စေနိုင်ပါတယ်

ကလေးငယ်တွေကို စမတ်ဖုန်း ပေးမသုံးသင့်တဲ့ အကြောင်းအရင်း

by ဟယ်လ်သင်
11 March 2019
5.6k

ကလေးတွေအနေနဲ့ စမတ်ဖုန်းတွေကိုပဲ အသုံးပြုနေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ရေရှည်မှာ အဝလွန်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ

ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ

by Nigma
7 January 2020
8k

ဈေးပိုမို သက်သာသွားပေမယ့် မူလ Flagship ဖုန်းတွေက အမြင့်စားစွမ်းဆောင်ရည်တွေကို မပျက်မယွင်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင် မကြေညာရသေးပါဘူး။

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းများ

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းအသစ်များ ထွက်ရှိ

by Nigma
13 February 2020
9k

Xiaomi Mi 10 နဲ့ Mi 10 Pro ဟာ ကျောကင်မရာ ၄ လုံးတွဲ ပါဝင်တာချင်း တူညီသော်ငြား အသုံးပြုထားတဲ့ ကင်မရာတွေမှာတော့ ကွာခြားမှုရှိပါတယ်။

ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro စမတ်ဖုန်း

108MP နဲ့ ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro ကို Xiaomi မိတ်ဆက်

by Nigma
7 November 2019
6.8k

Mi CC9 Pro ဟာ အလွန်တရာ ပါးလျတဲ့ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာပါ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။

Next Post
စက်မှုဇုန်အတွင်းက ကျူးကျော်များကို ၃လအတွင်း နေရာချထားပေးမည် (ရုပ်/သံ)

စက်မှုဇုန်အတွင်းက ကျူးကျော်များကို ၃လအတွင်း နေရာချထားပေးမည် (ရုပ်/သံ)

အစ်မအရင်းဖြစ်သူက တရုတ်ပြည်သို့ ရောင်းစားခြင်းကို ခံခဲ့ရသည့် မသန္တာ(အမည်လွှဲ) / ထက်ဝေ / ဧရာဝတီ

သန်လျင်က လူကုန်ကူးခံရသည့် အမျိုးသမီး အမှုဖွင့်ရန်ပြင်ဆင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved