• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

နိုင်ငံ့အရေးမှာ နှုတ်ဆိတ်နေကြတဲ့ အလှမယ်များကို အလှမယ်လောက ရှုတ်ချ

by ဧရာဝတီ
4 March 2021
in Entertainment
A A
ရှုတ်ချခံရတဲ့ အလှမယ်များ / Missosology Myanmar

ရှုတ်ချခံရတဲ့ အလှမယ်များ / Missosology Myanmar

25.1k
VIEWS
Share on FacebookShare on Twitter

ပြည်သူလူထုအပေါ် စစ်အာဏာရှင်များရဲ့ မတရားသဖြင့် အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူများ အသက်ပေးနေရတဲ့အချိန်မှာ နိုင်ငံ့ကိုယ်စားပြု အလှမယ်များဟာ ပြည်သူများရဲ့ဘက်မှာ ရပ်တည်မှု မရှိဘဲ နှုတ်ဆိတ်နေတာကြောင့် အလှမယ်လောကနဲ့ အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင် လှုပ်ရှားနေတဲ့ အလှမယ်များက ရှုတ်ချခဲ့ပါတယ်။

“အလှမယ် ရွှေအိမ်စည်နှင့် ဟန်တီ၊ သင်တို့ လိုအပ်ချိန်မှာ ပြည်သူများရဲ့ အားပေးမှုကို အသုံးချခဲ့ပြီး ပြည်သူများ တဖန် လိုအပ်နေချိန်မှာ အသိစိတ်ဓာတ်မဲ့သလို ရှောင်တိမ်းခြင်း ပြုလုပ်နေခြင်းကို မိမိတို့ Missosology Myanmar သာမက Myanmar Beauty Pageant Industry တခုလုံးကပါ များစွာ ရှုတ်ချလိုက်ပါတယ်”လို့ Missosology Myanmar Page ကနေ ထုတ်ပြန်ထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

သူတို့ရဲ့ နယ်ပယ် အသိုင်းအဝိုင်းကို နားလည်ပေမယ့် အခုလို ပြည်သူတွေ အသက်နှင့် ချွေးများဖြင့် ပေးဆပ်နေချိန် တလအတွင်းမှာ တဖက်တလမ်းမှ အားပေးစကား တကြောင်းပင် မရေးနိုင်ဘဲ တိတ်တဆိတ် နေခြင်းဟာ အကျင့် စရိုက်များ ပေါ်လွင်နေကြောင်း ပြောထားပါတယ်။

အလှမယ် ရွှေအိမ်စည်နဲ့ အလှမယ် ဟန်တီ

“သင်တို့ဟာ Pageant လောကမှာ ထိပ်တန်းအလှမယ်များ ဖြစ်တာနှင့်အညီ ပြိုင်ပွဲဝင်နေချိန် ကာလများမှာ ပြည်သူ ပရိတ်သတ်များဘက်က နေ့မနား၊ ညမနားနဲ့ Voting များ ပေးခြင်းကြောင့် ဆုတံဆိပ်များ ရရှိခဲ့တာ သင်တို့ကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြည်သူတွေနှင့် တသားတည်းလည်း မရှိသလို၊ ကျေးဇူးရှင် ပရိတ်သတ်များကို “လိုသုံး” လုပ်ခဲ့ပြီး၊ ရဲရဲဝံ့ဝံ့ ကူညီထောက်ပံ့ခြင်းမျိုးလည်း မရှိတာကြောင့် မိမိတို့ Myanmar Beauty Pageant Industry မှ သင်တို့အား လွန်စွာ အပြစ်တင် ဝေဖန်လိုက်ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

အလှမယ် ရွှေအိမ်စည်၊ ဟန်တီ၊ ဆွေဇင်ထက်၊ ဝိုင်းလေး၊ သျှားထွဋ်အိန္ဒြာတို့ဟာ ပြည်သူဘက်မှ ရပ်တည်ခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်များကို Deactivate ပြုလုပ်ထားခြင်းများ၊ Page များကိုလည်း Unpublished လုပ်ထားခြင်းများ ပြုလုပ်ထားကြပါတယ်။

“အလှမယ် ဟန်တီသည် တပ်မတော် အာဏာ ခိုးယူသည့်ရက်မှစ၍ Page ကို Unpublished ထား၍ အကောင့်မှ ပို့စ်များကိုလည်း ဖျက်ခဲ့ရာ Unactive ဖြစ်သွားခဲ့သည်မှာ တလရှိပြီ ဖြစ်ပါသည်။ အလှမယ်တယောက်၏ ခေါင်းစဉ်အောက်မှ နေ၍ မြန်မာပြည်သူ ပြည်သားများဘက်မှ ရပ်တည်ပေးခြင်း မရှိခဲ့ပါ”

ကိုဝေယံအောင်၊ အလှမယ် ဟန်တီ

“မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ”ဆိုသည့် စာနှင့် အပေါ်ယံနှမ်းဖြူး ပို့စ်များကိုသာ တင်ခဲ့ပါသည်။ အလှမယ် ဆိုသည်မှာ မြန်မာအမျိုးသမီးထု၏ စံပြအဖြစ် နေထိုင်ရမည်ဖြစ်သော်လည်း ယခုအခါတွင် အမျိုးသမီးများဘက်မှသာမက တတိုင်းပြည်လုံးဘက်မှ ပါဝင်အားဖြည့် ကူညီခြင်း မရှိပါ”လို့ ဟန်တီရဲ့ ဆရာတဦးဖြစ်သူ ကိုဝေယံအောင်က ပြောထားပါတယ်။

ဒါကြောင့် ဟန်တီနဲ့ ဆက်လက် လက်တွဲမယ့် အလှမယ်လောကဆိုင်ရာ လုပ်ငန်းများ၊ ထုတ်လုပ်ရေး၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူပြည်သားများအနေနဲ့ ဆက်လက် အားပေးတော့မှာ မဟုတ်ဘဲ Social Punishment (လူမှုရေးပြစ်ဒဏ်) ပြင်းပြင်းထန်ထန် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“Miss Myanmar World 2014 ဆုရှင် အလှမယ် ဝိုင်းလေး

ဒါ့အပြင် အလှမယ် ဝိုင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း “Miss Myanmar World 2014 ဆုရှင် အလှမယ် ဝိုင်းလေးသည် နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုး မတွေ့ရခြင်း၊ ရရှိထားသော Miss World Title ကြီးအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တဦးအဖြစ် ရှိမနေခြင်း၊ အခုလို ပြည်သူများ အသက်ချွေး ပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်း မရှိပါ”

“အဆိုးဆုံးကတော့ အာဏာသိမ်း စစ်ကောင်စီအား ပုန်ကန်ပြီး စစ်မှန်သော ဒီမိုကရေစီ ရရှိအောင် ဖော်ဆောင်နေသော အစ်မအရင်း ဖြစ်သူအား ရိုင်းပြစွာ အတိုက်အခံလုပ် ပြောဆိုနေခြင်းသည် မိမိတို့ပြည်သူလူထုကို ပုန်ကန်သည့် သဘောကို သက်ရောက်နေတာဖြစ်လို့ ယနေ့၊ ယခုမှ စတင်ကာ Myanmar Beauty Pageant တခုလုံးတင်မက Missosology နှင့် Missosology Myanmar Organization တို့ကပါ ဝိုင်းလေးအား ရာသက်ပန် တရားဝင် ပိတ်ပင်သွားမည်ဖြစ်ပြီး သူမနှင့် ပတ်သက်သော သတင်းအချက်အလက်များ အားလုံးကိုလည်း မိမိတို့ဘက်မှ ဖျက်သိမ်းမည် ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည်”လို့ ထုတ်ပြန်ထားပါတယ်။

“ဝိုင်းလေးအား မိမိတို့ Myanmar Beauty Pageant မှ Miss Myanmar World တဦးအနေဖြင့် မသတ်မှတ်နိုင်တော့သည့်အပြင် ပြည်သူနှင့်အတူ မရှိနေသော အလှမယ်အား Miss World Organization အထိပါ ထပ်မံတင်ပြသွားမည်”လို့ ဆိုထားပါတယ်။

Miss World အလှမယ် တဦးဖြစ်တဲ့ Bella ကလည်း “ကျမအတွက် Organization တခုတည်းကနေ မွေးထုတ်ပေးခဲ့တဲ့ Miss World Myanmar Winner ညီအစ်မ ၅ ဦးအနက် ကျမ အပါအဝင် ညီအမ ၃ ယောက်သာ ဒီအရေးတော်ပုံမှာ တက်ကြွစွာ ပါဝင်နေတဲ့အတွက်ကြောင့် ကျန် ၂ ယောက်ကို ကျမအနေနဲ့ ညီအစ်မတွေအဖြစ် မသတ်မှတ်နိုင်တော့ပါ” လို့ ပြောထားပါတယ်။

လက်ရှိ နိုင်ငံ့အရေးမှာ နိုင်ငံကိုယ်စားပြု အလှမယ်များဖြစ်ကြတဲ့ Bella၊ ခင်ရတနာသိန်းမြင့်၊ အိကျော့ခိုင်၊ သူဇာဝင့်လွင်၊ ယွန်းမီမီကျော်၊ အမရာငြိမ်း၊ နှင်းသွေးယုအောင်၊ မေမြတ်နိုး၊ ခင်ဝင့်ဝါ၊ ထွန်းပုလဲရတနာ၊ အိမ်ထောင်ရှင်အလှမယ်ဖြစ်တဲ့ ဟန်နီချို အစရှိသူတို့ဟာ နေ့စဉ်နဲ့အမျှ တက်ကြွစွာ ပါဝင်လှုပ်ရှားလျက် ရှိကြပါတယ်။

You may also like these stories:

နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်

Social Punishment စာရင်းမှာ အနုပညာရှင်နဲ့ Influencer အချို့ ပါဝင်

“ပြည်သူ့အာဏာ ပြန်မရမချင်း CDM လုပ်ရမယ်”လို့ သည်ခေတ်နေ ပြော

Your Thoughts …
Tags: Missosology Myanmarရွှေအိမ်စည်ဝိုင်းလေးဟန်တီအလှမယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

နိုင်ငံတကာမှာ အရှက်ရခဲ့ရတဲ့ Miss Grand Myanmar (ရုပ်/သံ)

by ဧရာဝတီ
2 November 2024
7.8k

Miss Grand International 2024 ကို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သဲစုငြိမ်း တတိယဆု ရရှိခဲ့တဲ့အပေါ် အလှမယ်ကိုယ်စားပြု ဒါရိုက်တာက မကျေနပ်ခဲ့ဘဲ သရဖူနဲ့ ဆုစလွယ်ကို ပြိုင်ပွဲစင်မြင့်မှာတင် ဖယ်ရှားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ပွဲဆူသွားစေခဲ့ပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး / Han Lay's Facebook

အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်

by ဧရာဝတီ
29 March 2021
8.4k

ဟန်လေးရဲ့ အလုပ်ကိစ္စများအတွက်လည်း ထိုင်းနိုင်ငံဘက်မှ မန်နေဂျာတဦး စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင်  / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

by ဧရာဝတီ
14 May 2021
15.4k

Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ "Pray for Myanmar" ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။

အလှမယ် ထွန်းပုလဲရတနာ  / Htun Palal Yadanar's Facebook

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

by ဧရာဝတီ
1 March 2021
9.3k

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထွန်းပုလဲရတနာ ပါဝင်တဲ့ ဆေးတက္ကသိုလ် သပိတ်စစ်ကြောင်းဟာ ရန်ကင်း ကျောက်ကုန်းအထွက်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ဖြိုခွင်း ဖမ်းဆီးခြင်းကို ခံရပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် / Thuzar Wint Lwin's Facebook

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
12 May 2021
18.9k

Miss Universe Myanmar သူဇာဝင့်လွင်ရဲ့ National Costume ကို အခက်အခဲ အမျိုးမျိုးကြားမှ သူမဆီ ရောက်ရှိဖို့ Organization မှ ကြိုးစား ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Next Post
ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ဗဟိုဘဏ်ရှေ့တွင် ဝန်ထမ်းများ CDM တွင်ပါဝင်လာရန် တောင်းဆိုနေကြ စဉ်  / ဧရာဝတီ

CDM ပါဝင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒေါက်တာဇော်ဝေစိုး ကြေညာ

ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်  / ဧရာဝတီ

ဆန္ဒပြပွဲအတွင်း သေဆုံးသူများကို စာရင်းပြုစုထားတဲ့ “Heroes of Myanmar” ဝက်ဘ်ဆိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved