သတင်း

CDM ပါဝင်ဖို့ နောက်ဆုံးသတ်မှတ်ရက် ဒေါက်တာဇော်ဝေစိုး ကြေညာ

Want create site? Find Free WordPress Themes and plugins.

အာဏာ ဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်နေသူများစာရင်းနှင့် မပါဝင်သူများ စာရင်းအား မတ်လ ၇ ရက် ည ၁၂ နာ ရီ နောက်ဆုံးထား၍ ပေးပို့ကြရန် CRPH က ခန့်အပ်သည့် ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက လူမှုကွန် ရက်က တဆင့် ယမန်နေ့က ကြေညာလိုက်သည်။

CDM တွင် မပါဝင်သူများ အနေဖြင့် မတ်လ ၈ ရက်က စတင်ကာ ရုံးတက်ရန် မလိုတော့ဘဲ အမိန့်စာထုတ်ပြန်၍ ပြည်သူ့ အကျိုး လျစ်လျူရှုသူများအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

“ယခုအကြိမ်သည် နောက်ဆုံးအကြိမ် ခေါ်ယူခြင်း၊ တောင်းပန်ခြင်း ဖြစ်ပါသည်။ CDM တံခါး ပိတ်ပါတော့မည်။ အမှားနဲ့ အမှန်၊ တရားမှုနဲ့ မတရားမှု၊ ဓမ္မနဲ့ အဓမ္မ ခွဲခြားပါတော့မည်။ ပြည်သူဘက် ရပ်မှာလား၊ အာဏာရှင် လူသတ်သမားများ ဘက်မှာ ရပ်မှာလား ဆုံးဖြတ်ကြပါ” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောထားသည်။

ယင်းပြင် နွေဦးတော်လှန်ရေး ၂၀၂၁ အရေးတော်ပုံတွင် ကျဆုံးခဲ့ကြသည့် ဝန်ထမ်းများနှင့် ပြည်သူများအတွက် ဝမ်းနည်း ခြင်း အထိမ်းအမှတ်အနေဖြင့် ရုံးပိတ်ရက် ၁၀ ရက် ကြေညာမည်ဖြစ်ပြီး ရုံးများ၊ ကျောင်းများ၊ တက္ကသိုလ်များအား CDM ဝန်ထမ်းများမှ သိမ်းယူကာ ပြည်သူ့အစိုးရနှင့် ပူးပေါင်းဆန္ဒပြတော့မည် ဖြစ်ကြောင်းလည်း ၎င်းထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။


CRPH ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး

CDM တွင် ပါဝင်နေသူများအနေဖြင့်လည်း ရုံး၊ ဌာနအလိုက် ဆက်သွယ်ရမည့် Email၊ ဖုန်းနံပါတ်များနှင့် ထောက်ပံ့ရေး အစီအစဉ်များ ရေးဆွဲကာ [email protected][email protected][email protected] Com ၊ [email protected] တို့ထံ မတ်လ ၇ ရက် ည ၁၂ နာရီ နောက်ဆုံးပေးပို့ကြရန်လည်း တိုက်တွန်းထား သည်။

ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးအား မတ်လ ၂ ရက်က ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြုကော်မတီ(CRPH)မှ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်က တပ်မတော် အာဏာသိမ်းမှုကြောင့် အာဏာသိမ်း စစ်ကောင်စီ လက်ရောက်တွင် တာဝန်မထမ်းနိုင် ဟုဆိုကာ ကျန်မာရေး ဝန်ထမ်းများက စတင်လိုက်သည့် CDM လှုပ်ရှားမှုတွင် အစိုးရဌာနအသီးသီးက ဝန်ထမ်းများ ပါဝင် လျက်ရှိသော်လည်း CDM တွင် ပါဝင်ဆောင်ရွက်ခြင်း မပြုသည့် ဝန်ထမ်းများလည်းရှိနေသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း CDM လှုပ်ရှားမှုများကြောင့် အစိုးရယန္တရားများ နှောင့်နှေး ရပ်တန့်နေသည့် အပြင် ပုဂ္ဂလိကဘဏ်များလည်း ပိတ်ထားရသည့်အတွက် CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

You may also like these stories:

Social Punishment စာရင်းမှာ အနုပညာရှင်နဲ့ Influencer အချို့ ပါဝင်

CDM လုပ်သည့် ဝန်ထမ်း ထောင်ချီ တိုးလာ

စစ်အာဏာသိမ်းမှုက တိုင်းပြည်စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading