Travel

ဗီယက်နမ် နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းရန် ပြင်ဆင်

Want create site? Find Free WordPress Themes and plugins.

စက်တင်ဘာလ အစောပိုင်းကတည်းက ဗီယက်နမ် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းဖို့ စီစဉ် ထားခဲ့ပြီး အခုအချိန်မှာတော့ ပြန်လည် ပြေးဆွဲဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဗီယက်နမ် မြို့ပြလေကြောင်းလိုင်း အာဏာပိုင်အဖွဲ့ကလည်း ပြီးခဲ့တဲ့ ၅ လအတွင်း နိုင်ငံတကာလေကြောင်းလိုင်း ပျံသန်းမှုကို ယာယီ ရပ်ဆိုင်ခဲ့ရပြီးတဲ့နောက် စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ပြန်လည် ပြေးဆွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လေကြောင်းလိုင်း အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးကတော့ ဗီယက်နမ်နိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေ Quarantine ၁၄ ရက် ဝင်ဖို့ လိုအပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်လည် ပြေးဆွဲတဲ့အချိန်မှာ ဦးစားပေး ပျံသန်းသွားမယ့် နိုင်ငံတွေကတော့ ဂျပန်နဲ့ တောင်ကိုရီးယားဖြစ်ပြီး လမ်းကြောင်း တကြောင်းကို တပတ် ၄ ကြိမ် ပျံသန်းသွားမယ်လို့ သိရပါတယ်။

ဗီယက်နမ်လေကြောင်း အာဏာပိုင်အဖွဲ့က ပြင်ဆင်ထားတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ အလုပ်သမား စတဲ့ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာ COVID-19 ကူးစက်ခံရပြီးနောက်ပိုင်း ဧပြီလ ၁ ရက်နေ့ကစပြီး နိုင်ငံတကာ လေကြောင်းလိုင်း ပျံသန်းမှုတွေကို ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းခဲ့ရတဲ့ အတွက်ကြောင့် ဝင်ငွေ ထိခိုက်ခဲ့သလို ၂၀၂၀ ခုနှစ်အတွင်း ဒေါ်လာ ၄ ဘီလီယံ နီးပါး ဆုံးရှုံးခဲ့ရပါ တယ်။

ဗီယက်နမ်နိုင်ငံက နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပျံသန်းဖို့ စီစဉ်နေချိန်မှာပဲ ထိုင်းနိုင်ငံကလည်း COVID-19 ကူးစက်မှုနည်းတဲ့ နိုင်ငံက အထူးဧည့်သည်တွေကို ပြည်တွင်း ဝင်ရောက်ခွင့်ပြုဖို့ စီစဉ်နေ ပါတယ်။

ထိုင်းနိုင်ငံမှာ ရေရှည် နေထိုင်ကြမယ့် ခရီးသွားတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုထုတ်ပြန်ခြင်း မရှိသေးပေမယ့် ပြည်ဝင်ခွင့်ပြုလိုက်တဲ့ ခရီးသွားတွေဟာ Quarantine ၁၄ ရက် ဝင်ရမှာဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်း ခရီးသွားတွေကိုယ်တိုင် ပေးဆောင်ရမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံကတော့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရပ်ဆိုင်းထားမယ်လို့ ကြေညာထားပါတယ်။ မလေးရှားနိုင်ငံကို လာရောက်ခွင့် ရှိသူတွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မလေးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားသူတွေပဲ ဖြစ်ကြပါတယ်။

ခွင့်ပြုထားတဲ့ ခရီးသွားတွေအနေနဲ့ မလေးရှားကောင်စစ်ဝန်ရုံး (သို့ဟုတ်) သံရုံးက ခွင့်ပြုစာပါဖို့ လိုအပ်သလို မလေးရှားနိုင်ငံကို ရောက်ရောက်ချင်း Quarantine ၁၄ ရက် ဝင်ဖို့ လိုအပ်ပါတယ်။

Ref: Bangkokpost, thethaiger

You may also like these stories:

Mask မတပ်ရင် လေယာဉ်စီးခွင့်မပြုတဲ့ အမေရိကန် Delta Air Lines

နိုင်ငံအချို့နှင့် ထိုင်းလေကြောင်းခရီးစဉ် ပြန်လည် စတင်မည်

၂ နှစ်အရွယ် ကလေး Mask မတပ်တာကြောင့် လေယာဉ်စီးခွင့် မရခဲ့တဲ့ မိသားစု

Did you find apk for android? You can find new Free Android Games and apps.
Loading