Trend

နှစ်ကူးညမှာ အမှိုက်များနဲ့ ပြည့်နှက်ခဲ့တဲ့ ကွာလာလမ်ပူမြို့က လမ်းမများ

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကွာလာလမ်ပူမြို့မှာ နှစ်ကူးကြိုဆိုသူတွေ လည်ပတ်လေ့ရှိတဲ့ နေရာတွေမှာ အမှိုက်များတဲ့ ပြည့်နှက်ခဲ့တယ်လို့ သိရပါတယ်။ ဆယ်စုနှစ်အသစ်တခုကို စပြီး ဝင်ချိန်မှာ မြို့လယ်ခေါင်က လမ်းတွေမှာ ပလက်စတစ်အိတ်များ၊ စပရေးဘူးများ၊ ဘီယာဘူးခွံများ ကို နှစ်ကူးကြိုပြီးတဲ့ နောက် ဖြစ်သလို စွန့်ပစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

“ညသန်းခေါင်မရောက်ခင် ကတည်းက အမှိုက်တွေက ပွနေပြီ။ ပန်းခြံတွေထဲမှာလည်း ဖြစ်သလို ပစ်ကြတယ်။ ပလက်စတစ် ဟွန်းတွေကို ဝယ်ပြီး အသံကျယ်လောင်အောင် တီးကြတယ်။ ပြီးတော့ နှင်းမှုန်ဘူးသည်တွေ ရောက်လာတော့ ဝယ်ပြီးသား ပစ္စည်းတွေကို လွှင့်ပစ်ကြပြန်ရော”

“နောက်ပြီး အမှိုက်ပုံးတွေ မလောက်တာလည်း ပါတယ်။ အမှိုက်ပုံးမလောက်တော့ လူတွေက ပစ်ချင်တိုင်း ပစ်ကြရော။ တချို့ဈေးသည်တွေဆို အဲဒီ ပြည့်နေတဲ့ အမှိုက်ပုံးနားမှာပဲ ဈေးရောင်းနေကြတာ”လို့ နှစ်ကူးအကြိုပွဲ လာရောက်ဆင်နွှဲတဲ့ အသက် ၂၆နှစ်အရွယ် Naz Luna Harun က ပြောပါတယ်။

နှစ်ကူးကို ကြိုဆိုသူတွေ ပြန်ချိန်မှာတော့ အမှိုက်များကို ကွာလာလမ်ပူမြို့ရဲ့ သန့်ရှင်းရေးဝန်ထမ်း ၁၀၀ ကျော် ညတွင်းချင်း သန့်ရှင်းရေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“နှစ်ကူးကို လာရောက် ကြိုဆိုမယ့်သူတွေ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ အမှိုက်အိတ်တွေ တနိုင်တပိုင်လောက်လေး သယ်လာဖို့ ကျနော်တို့ အနေနဲ့ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘာမှ မထူးဘူး ဖြစ်သွားတယ်”လို့ ကွာလာလမ်ပူ စည်ပင်သာယာရေးဌာနက တာဝန်ရှိသူက ပြောပါတယ်။

နှစ်ကူးည အတွင်းမှာပဲ ကွာလာလမ်ပူမြို့ရဲ့ နာမည်ကျော်လမ်းတွေမှာ အမှိုက်အလေးချိန် ကီလို ၉၀၀၀ ခန့်ကို သန့်ရှင်းရေးဝန်ထမ်းတွေက ကောက်ယူသိမ်းဆည်းခဲ့ရတယ်လို့ မလေးရှားအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

Ref. nst.com

You may also like these stories:

ကမ္ဘာလှည့်ခရီးသွားတွေ မဲပေးရွေးချယ်ခဲ့တဲ့ အာရှတိုက်ရဲ့ အလှဆုံးနေရာများ

မလေးရှားနိုင်ငံက ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ကျောင်းတော်များ

ခရီးသွား အများဆုံး လည်ပတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘန်ကောက်မြို့

Did you find apk for android? You can find new Free Android Games and apps.
Loading