• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သံဖြူဇရပ်တွင် လက္ခဏာဆရာက ကျောင်းသူ ၃ ဦးအား အဓမ္မပြုကျင့်

by ဉာဏ်စိုးဝင်း
5 February 2020
in သတင်း
A A
သံဖြူဇရပ်မြို့ / ဉာဏ်စိုးဝင်း / ဧရာဝတီ

သံဖြူဇရပ်မြို့ / ဉာဏ်စိုးဝင်း / ဧရာဝတီ

104.4k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာ အရှေ့ပိုင်းနေ လက္ခဏာဆရာ ၁ ဦးမှ အသက်မပြည့်သေးသည့် သတ္တမ တန်း ကျောင်းသူ ၃ ဦးကို တည်းခိုခန်းသို့ အလှည့်ကျ ခေါ်ကာ အဓမ္မပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း သံဖြူ ဇရပ်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

လက္ခဏာဆရာ အဖြစ် အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၂၈နှစ်ရှိ သီဟအောင်(ခ) သီဟဆိုသူမှာ ၃၈နှစ်ရှိ ဒေါ်အေးမြင့်ဆိုသူနှင့် ချစ်သူဖြစ်နေကြောင်း၊ ၎င်းက ဒေါ်အေးမြင့်မှာ ကံနိမ့်နေ၍ ယတြာချေရမည် ဖြစ်ကြောင်း၊ ထို့အတွက် အပတ်စဉ် စနေနေ့တိုင်း မိန်းကလေးငယ် ၁ဦးကို သူ့ထံသို့ ၇ ပတ်တိုင်တိုင် ခေါ်လာရမည်ဟု ဒေါ်အေးမြင့်အား စေခိုင်းခဲ့ပြီးနောက် ထိုမိန်းကလေးငယ်များကို အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတွက် သီဟအောင် (ခ) သီဟနှင့် ဒေါ်အေးမြင့်တို့ကို သံဖြူဇရပ်မြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၃၆၃/၁၁၄ တို့ဖြင့် အမှုဖွင့်၍ ဇန်နဝါရီ ၃ ရက်နေ့ ည ၁၀ နာရီတွင် ဖမ်းဆီးခဲ့ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး ဇော်မင်းဦးက အမှုစစ်ဆေးနေကြောင်း သိရသည်။

သံဖြူဇရပ် မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သန်းက “အဓမ္မကျင့်ခံရသော မိန်းကလေးငယ် ၃ ဦးက ဇန်နဝါရီ ၃၀ ရက်မှာ လက္ခဏာဆရာဆိုသူ ဦးသီဟအောင်ကို အမှုဖွင့် တိုင်ကြားခဲ့လို့ နစ်နာခဲ့သော မိန်းကလေးငယ် ၁ ဦးချင်းစီကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ ခုစီဖြင့် အမှုဖွင့်ပေးခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းလက္ခဏာဆရာ၏ စေခိုင်းချက်အရ ဒေါ်အေးမြင့်သည် သူ၏တူမဖြစ်သူ အသက် ၁၂နှစ် မိန်းကလေးငယ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် မုဒုံမြို့ရှိ မဟာနန္ဒာ တည်းခိုခန်း အခန်းနံပါတ် ၃ သို့ စည်းရုံးခေါ်ဆောင်လာသဖြင့် ၁ ကြိမ် အဓမ္မပြုကျင့်ပြီး နောက် ပြန်လွှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် သံဖြူဇရပ်မြို့၊ ဝယ်သွန်ချောင်ရွာ၊ ဗိုလ်နေဝင်းလမ်းရှိ မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ် ၃၀၄ ၌ ဒုတိယ အကြိမ် ထပ်မံ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ထို့အပြင် အဆိုပါ မိန်းကလေး၏ သူငယ်ချင်းများကိုလည်း ယတြာချေရမည်ဟုဆိုကာ ဒေါ်အေးမြင့်က စည်းရုံးခဲ့သဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို လည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အသက် ၁၂ အရွယ် မိန်းကလေးကို လည်းကောင်း လက္ခဏာဆရာဆိုသူက မြတ်မိခင် တည်းခိုခန်း အခန်းနံပါတ် ၃၀၄ တွင် ၁ ကြိမ်စီ အဓမ္မပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ အပတ်စဉ် အဓမ္မ ပြုကျင့်သည့် ကိစ္စကို ကလေးများအကြားမှ သတင်းထွက်ပေါ်လာခဲ့ရာမှ ကာယကံရှင် မိန်းကလေး ငယ်များရဲ့ မိဘအုပ်ထိန်းသူများက သိရှိသွားကြောင်း သံဖြူဇရပ်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

သံဖြူဇရပ်မြို့ခံ ကိုမင်းလတ်က “လက္ခဏာဆရာ ဆိုသူက သူ့ရည်းစား အပျိုကြီးကို ယတြာချေရမယ်ဆိုပြီး မိန်းကလေးငယ် တွေကို ၁ ပတ် ၁ ယောက်နှုန်းနဲ့ ပို့ခိုင်းတယ်လို့ ကြားတယ်။ ဒီလို ၁ ပတ် ၁ ကြိမ် ဖြစ်ရာကနေ ၄ ယောက်မြောက် ကလေး ကို အရှေ့က ကလေး ၃ ဦးက အခြေအနေကို ပြောပြတော့ ၄ ယောက်မြောက်ကလေးက ကြောက်လန့်သွားပြီး သူမိဘ တွေကို ပြောပြလို့ ဒီအဖြစ်အပျက် ပေါ်လာတာ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးအား ပြင်ဆင်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ၂၀၁၉ ခုနှစ်၊ မတ် ၂၆ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြု ပြဌာန်းထားသည်။

ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အတည်ပြု ပြဌာန်းလိုက်ပြီ ဖြစ်သည့်အတွက် အသက် ၁၂ အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀မှ ထောင်ဒဏ် တသက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

You may also like these stories:

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အရှိန်အဟုန်မြှင်ရန် လိုအပ်နေသေး

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် အမှုအရေအတွက် တိုးလာ ဟုဆို

အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့

Your Thoughts …
Tags: မုဒိမ်းမှုသံဖြူဇရပ်
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

မိန်းမ နှင့် ဒေါသ

မိန်းမ နှင့် ဒေါသ

by ခင်ဆွေဦး
28 July 2024
2k

အများအားဖြင့် မိန်းမတွေဟာ “ဒိန်းလိန်း” နတ် ပူးလာရင် သူတို့ရဲ့ စိတ်ထွက်ပေါက်ကို ဒေါသဘက် လှည့် ဖြေရှင်းတတ်ကြပါတယ်။

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

by ဆာရာနွယ်
21 November 2025
942

'မုဒိမ်း' စကားလုံးကို လူသုံးအများဆုံးနဲ့ အတွင်ကျယ်ဆုံး အစားထိုး စကားလုံးကတော့ 'သားမယား ပြုကျင့်သည်' ပဲ ဖြစ်တယ်။

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

--

ပုဒ်မ ၃၇၆ ပြင်ဆင်တဲ့အပေါ် ဘယ်လိုမြင်ကြလဲ

by လဲ့လဲ့ & မိုးမိုး
3 April 2019
13.1k

ပုဒ်မ ၃၇၆ ပြင်ဆင်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများ၏အမြင်သဘောထားများကို ဧရာဝတီသတင်းထောက်လဲ့လဲ့က မေးမြန်းတင်ပြထားသည်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
257

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇေ

စာသင်ကျောင်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူအား ထောင် နှစ် ၂၀ ချမှတ်

by ဇူးဇူး
31 July 2019
35.6k

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင်း အခြေခံပညာ အလယ်တန်းကျောင်း တကျောင်း၏ စာသင်ခန်းအတွင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကျောင်းအထွေထွေလုပ်သားအား ဇူလိုင် ၃၀ ရက်တွင် မင်းဘူးခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။

Next Post
သရုပ်ဆောင် မေသန်းနု (ဓာတ်ပုံ - ဧရာဝတီ)

သင်္ဃန်းကျွန်းတရားရုံးမှာ စွပ်စွဲခံထားရတဲ့ အမှုအတွက် မေသန်းနုအား ယနေ့ ရုံးထုတ်

-မန္တလေးမြို့ရှိ Sky Wall ရှော့ပင်းမောလ်တွင် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်း / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းတွင် ၂၀၁၉ အတွင်း မီးလောင်မှုများကြောင့် ကျပ် သိန်း ၄၃၀၀ ကျော် ဆုံးရှုံးခဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved