• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်အောင်”ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

by ထက်နိုင်ဇော်
19 August 2020
in သတင်း
A A
ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် မိန့်ခွန်း ပြောကြားနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် မိန့်ခွန်း ပြောကြားနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ထက်နိုင်ဇော် / ဧရာဝတီ

29.9k
VIEWS
Share on FacebookShare on Twitter

တပ်မတော်သည် ဖြတ်သန်းလာခဲ့သည့် အတွေ့ အကြုံများအရ “မဖြစ်သင့် မဖြစ်ထိုက်သည်များ မဖြစ်အောင်၊ ဖြစ်သင့် ဖြစ်ထိုက်သည်များ ဖြစ်အောင်”ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ယနေ့အချိန်အထိ ငြိမ်းချမ်းရေး ဘာကြောင့် မရသလဲဆိုသည်ကို လေ့လာဆန်းစစ်ရာတွင် တစ်အချက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါ မရိုးသားမှု၊ နှစ်အချက်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခြားလုပ်ငန်းများနှင့် တွဲဆက်ထားလိုမှု၊ သုံးအချက်မှာ တိကျပြတ်သားသည့် အခြေခံမူ အပေါ်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်မှု အားနည်းခြင်းတို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပထမချက်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့ အစည်း (Stakeholder) များသည် ရိုးသားကြဖို့ လိုကြောင်း၊ ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့်သာ သက်ဆိုင်ပြီး အစိုးရနှင့် မသက်ဆိုင် ဆိုသည့် အယူအဆ အပြောဆိုများကို တွေ့ နေရကြောင်းလည်း တပ်ချုပ်က ပြောသည်။

“တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပါ။ ဒါကြောင့် နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က ကာကွယ်နေတယ်ဆိုတာ ဖြစ်စဉ် ဖြစ်ရပ်များအပေါ် ဓမ္မဓိဌာန်ကျကျ လေ့လာကြည့်ရင် တွေ့ နိုင်ပါတယ်”ဟု ဗိုလ်ချုပ်မှူး ကြီးက ပြောသည်။

ဒုတိယ အချက်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခြားလုပ်ငန်းစဉ်များနှင့် တွဲဆက်ထားလိုမှုတွင် အမျိုးသား အကျိုး စီးပွားအပေါ်တွင် မရပ်တည်ဘဲ ပုဂ္ဂလိက ဆန္ဒများ၊ နိုင်ငံရေးလိုဘများ၊ အဖွဲ့ အစည်းတခု၏ အကျိုးစီးပွားအပေါ်တွင် အခြေ ခံ တွက်ချက်ခြင်းသည် အောင်မြင်မှုနှင့် အလှမ်းဝေးစေမှာ ဖြစ်ကြောင်း တပ်ချုပ်က ဆက်လက် ပြောကြားသည်။

တတိယအချက် ဖြစ်သည့် တိကျပြတ်သားသည် အခြေခံမူအပေါ်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်ရေးတွင် NCA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အခြေခံမူဖြစ်ကြောင်း၊ ယင်းအခြေခံမူပကေးတွင် ယိမ်းယိုင်နေ၍ မရကြောင်း ဆိုသည်။

“တာဝန်ရှိသူများကိုယ်တိုင် ဒီစာချုပ်အပေါ်မှာ သဘောထား ဝေဝါးနေတာ၊ ရပ်တည်ချက် ယိမ်းယိုင်နေတာဟာ အန္တရာယ် များပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်စားပြီး ခိုင်ခိုင်မာမာ ရပ်တည်ကာ အင်တိုက်အားတိုက် လုပ်ကိုင်ကြဖို့ တိုက်တွန်းလို ပါတယ်”ဟု တပ်မတော်ခေါင်းဆောင်က ဆိုသည်။

၂၁ ပင်လုံ ညီလာခံသို့ ရောက်ရှိလာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ငြိမ်းချမ်းရေး တည်ဆောက်နေခြင်းသည် သေနတ်သံ၊ ဗုံးသံ များ တိုးတိတ်သွားစေရုံသာ မဟုတ်ဘဲ လက်နက်အားကိုးမှ အင်အားသုံးမှ လူရာဝင်မည် ဆိုသည့် “နိုင်ငံရေး ဓလေ့ဆိုး”ကို အဓိက ရည်ရွယ်ကြောင်း ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

“လက်နက်အားကိုးမှ အင်အားသုံးမှ ထိရောက်မယ့်ဆိုတဲ့ နိုင်ငံရေး ဓလေ့ဆိုးနဲ့ ဒီဓလေ့ဆိုးကို ဖန်တီးပေးလိုက်တဲ့ အရင်းခံ စိတ်ဓါတ်တွေကို နိဂုံးကမ္ပတ် အဆုံးသတ်အောင် စွမ်းဆောင်ပေးနိုင်မှသာ တကယ့် ငြိမ်းချမ်းရေး တည်ဆောက်သူလို့ သတ်မှတ်နိုင်မှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပေးအယူလုပ်ခြင်းကို အရှုံးပေးခြင်းဟု ယူဆနေကြပြီး အပေးအယူလုပ်လိုသည့် စိတ်များ လျော့နည်းနေခြင်းကို သမိုင်းကြောင်း တလျှောက်လုံးတွင် တွေ့ မြင်နိုင်လိမ့်မည်ဟုလည်း ဆိုသည်။

“အပေးအယူ လုပ်လို့ ဖြေရှင်းနိုင်စွမ်း၊ အဖြေရှာနိုင်စွမ်း မရှိဘူးလို့ သိမြင်လာကြတဲ့ အခါ ကိုယ့်ဖက်ကို ချေမှုန်းခြင်း မခံရအောင် အင်အားတည်ဆောက်ရင်းနဲ့ အင်အားသာ အဓိကဆိုတဲ့ စိတ်ဓါတ်တွေ ပိုမိုရင့်သန်လာခဲ့ပြီး ပဋိပက္ခတွေ သက်ဆိုး ရှည်ကြာခဲ့ရတာကို အားလုံးက သတိချပ်စေချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ အခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ကိုယ်စား အမှာစကား ပြောဆိုသူ PPST အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က NCA စာချုပ်ကို ပူးတွဲ ပိုင်ဆိုင်ထားခြင်း ဖြစ်သဖြင့် မိမိတို့ အနေဖြင့် ပူးတွဲ ဖြေရှင်း ဖြတ် ကျော်ရမည်ဟု ပြောသည်။

“အောင်မြင်တယ်ဆိုရင်လည်း အောင်မြင်မှု အသီးအပွင့်ကို မျှဝေခံစား၊ စံစားရမှာ ဖြစ်ပါတယ်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ မိမိတို့ အားလုံးက တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။

ညီလာခံမှာ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စား အမှာစကား ပြောခွင့်ရရှိသူ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ ဦးစိုင်းညွှန့်လွင်က ပြည်ထောင်စုကို ချစ်မြတ်နိုးသည့် နိုင်ငံချစ်စိတ်ကို ပထမဦးစားပေးကြရန် တိုက်တွန်း ပြောဆိုခဲ့
သည်။

“မျိုးချစ်စိတ်ထက်စာရင် ပြည်ထောင်စုကို ချစ်မြတ်နိုးတဲ့ စိတ်ကသာလျှင် အမျိုးသား ရင်ကြားစေ့ရေးကို ဦးစီးရှေ့ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဦးစိုင်းညွှန်လွင်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) လက်ထက်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ညီလာခံကို ယနေ့ နေပြည်တော်ရှိ MICC – 1 တွင် ကျင်းပရာ အစိုးရ၊ လွှတ်တော်၊ တပ် မတော် ခေါင်းဆောင်များ၊ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များမှ ခေါင်းဆောင်များ တက်ရောက်ကြ
သည်။

အခမ်းအနားကို ကယားပြည်နယ် ငြိမ်းချမ်းရေးလူငယ်၏ “မငြိမ်းချမ်းလို့ မဖြစ်ဘူး”တေးသီချင်းဖြင့် စတင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ စိုင်းညွှန့်လွင်တို့က အမှာစကားများ ပြောဆိုခဲ့ကြသည်။

ခေါင်းဆောင်များ မိန့်ခွန်းပြောဆိုမှု အပြီးတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုကို ပြသခဲ့ပြီး တက်ရောက်လာသူ ခေါင်းဆောင်များက အမှတ်တရ ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ အတွင်းရေးမှူး အစည်းအဝေး၊ မနက်ဖြန်တွင် UPDJC အစည်းအဝေးနှင့် သြဂုတ်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးကြမည်ဟု သိရှိရသည်။

You may also like these stories:

“စကားလုံးတလုံး” အပေါ်မှာ ဆက်လက် ငြင်းခုံနေရတဲ့ နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ထိုင်းကျောင်းသားများ ဆန္ဒပြ

ရခိုင်တွင် မွတ်စလင် ၅ ဦး ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခံရ

Your Thoughts …
Tags: ငြိမ်းချမ်းရေးဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဩဂုတ် ၁၆ ရက်နေ့က ကျိန္တလီမြို့ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ မောင်းဒေါက်ချောင်းဝ အနီးကျောက်ချရပ်နားနေသည့် စက်လှေပေါ်မှ ဖမ်းမိသည့် မူးယစ်ဆေးများ / CCDAC Myanmar / facebook

ပြည်ပပို့မည့် ICE မူးယစ်ဆေးများ မြန်မာကမ်းခြေ ၂ ခုတွင် ဖမ်းမိ

သရုပ်ဆောင် နေယံ / နေပိုင် / ဧရာဝတီ

အနုပညာ အလုပ်တွေ ပါးနေချိန်မှာ ဖက်ရှင်ဆိုင် ဖွင့်လှစ်ခဲ့တဲ့ နေယံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved