• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူသေဆုံးမှုဖြစ်ခဲ့သည့် မန္တလေးလူငယ်သင်တန်းကျောင်း၏ ကျောင်းအုပ် ပြောင်းရွှေ့ခံရ

by မြတ်ပြည့်ဖြိုး
25 August 2020
in သတင်း
A A
မန္တလေး လူငယ်သင်တန်းကျောင်း / ဇော်ဇော် / ဧရာဝတီ

မန္တလေး လူငယ်သင်တန်းကျောင်း / ဇော်ဇော် / ဧရာဝတီ

15.9k
VIEWS
Share on FacebookShare on Twitter

မန္တလေးလူငယ် သင်တန်းကျောင်းမှ လူငယ် ၂ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် တာဝန်ရှိသူ ကျောင်းအုပ်အား အရေးယူသည့် အနေဖြင့် ယမန်နေ့က နယ်ပြောင်းရွှေ့မိန့် ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည် ဇူလိုင်လ ၃၁ ရက်က ယင်းသေဆုံးသူ လူငယ် နှစ်ဦးအပါအဝင် ကျောင်းသား ၅ ဦးသည် ကျောင်းမှ ထွက်ပြေးရာ ပြန်လည်ထိန်းသိမ်းခံရပြီးနောက် ကျောင်းတာဝန်ရှိသူ အချို့နှင့် ကျောင်းသားကြီးများ၏ ရိုက်နှက်သည့် ဒဏ်ခံရပြီး နောက် ၂ ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မိသားစုများက ပြောဆိုထားသည်။

“ကျောင်းမှာ ဒီလို ကိစ္စဖြစ်စေတဲ့ အတွက် ကျောင်းအုပ်ဖြစ်တဲ့ ကျနော်ကို မိခင်ဌာနက Action ယူတဲ့ အနေနဲ့ နယ် ပြောင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီလိုဆုံးဖြတ်တဲ့ အပေါ်မှာလည်း ဘာမှမပြောချင်ပါဘူး။ ကျောင်းမှာ ကလေးတွေ အခုလို ဖြစ်သွားတဲ့အတွက် ကျောင်းအုပ်ဖြစ်တဲ့ ကျနော်မှာ တာဝန်အရှိဆုံး ဖြစ်သလို ဆိုးမွေ ကောင်းမွေကို လက်ခံ ရမှာပါပဲ” ဟု မန္တလေး လူငယ်ထိန်းသိမ်းရေးကျောင်း၏ ကျောင်းအုပ် ဦးနေအောင်ကျော်က ဧရာဝတီကို ပြောသည်။

ထိုကိစ္စအား မိခင်ဌာနဖြစ်သော လူမှုဝန်ထမ်း ဦးစီးဌာန အပါအဝင် လူ့အခွင့်အရေးကော်မရှင်က ယခုလ ဒုတိယ ပတ်က စတင်စစ်ဆေးခဲ့ပြီးနောက် လက်ရှိ ကျောင်းအုပ်ဖြစ်သူအား အရေးယူသည့် အနေဖြင့် ရှမ်းပြည်နယ် ရွာငံ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၌ လက်ရှိဦးစီးအရာရှိရာထူးဖြင့် လာမည့် စက်တင်ဘာမှ စတင် တာဝန်ထမ်းဆောင်ရန် နယ်ပြောင်းရွှေ့မိန့် ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော ကျောင်းသားနှစ်ဦးအနက် ကျောင်းသား မောင်ခိုင်ဇော်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ချိုဦးက “အခုလို ကျောင်းအုပ် တယောက်တည်း နယ်ပြောင်းသွားရရုံနဲ့ မကျေနပ်နိုင်ပါဘူး။ ကျမက သားတယောက်လုံး ဆုံးရှုံးခဲ့ရတာ ဖြစ်သလို ဒီလိုသေဆုံးတဲ့ကိစ္စဟာ သွေးရိုးသားရိုး မဖြစ်နိုင်သလို ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့သူတွေအားလုံး ထိုက်တန်တဲ့ အပြစ်ကို ရမှ ကျေနပ်နိုင်မယ်” ဟု ဧရာဝတီကို ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သင်တန်းကျောင်းက သေမှုသေခင်းဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး နေပြီး ကျောင်းသားနှစ်ဦး သေဆုံးခဲ့မှုတွင် ပါဝင်ကျူးလွန်သူများအား ထုတ်ဖော်ပြောရန် ကျောင်းအုပ်က ငြင်းဆန်ခဲ့ သည်။

အဆိုပါအမှုအား လက်ခံစစ်ဆေးနေသော မန္တလေး အမှတ် ၂ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝမ်းလေးက “သေမှု သေခင်း အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေး နေဆဲဖြစ်သလို လုပ်စရာတွေလည်း အများကြီး ကျန်သေးတဲ့အတွက် အသေးစိတ် ပြောပြလို့ မရနိုင်သေးပါဘူး။ မကြာခင်မှာ အခြေအနေ အားလုံးကို ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက မုံရွာမြို့တွင် ဖြစ်ပွားခဲ့သည့် လုယက်မှု ဖြစ်စဉ်တွင် မောင်ခိုင်ဇော်ထွန်း အပါအဝင် သူငယ်ချင်း ၇ ဦးက ဖုန်း ၃ လုံးနှင့် ငွေ ၄၅၀၀ ကျပ် ကို လုယက်ခဲ့ကြရာ ဖြစ်စဉ်၌ ကျုးလွန်သူမှာ ၅ ဦးထက် ပိုသည့်အတွက် ဓားပြမှုအဖြစ် တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကျခံခဲ့ရကြောင်း ၎င်း၏ မိသားစုများထံမှ သိရသည်။

၎င်းတို့အဖွဲ့အား မုံရွာမြို့ရဲစခန်းအချုပ်တွင် ၁ နှစ် ၂ လ၊ မုံရွာထောင်ကြီးချုပ်တွင် ၆လ ကျခံစေခဲ့ပြီး ဇူလိုင် ၂၆ ရက်က မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ခဲ့ကြောင်း၊ ဇူလိုင် ၃၁ ရက် ထမင်းစားချိန် နံနက် ၁၁ နာရီတွင် သေဆုံးသူ မောင်ခိုင်ဇော်ထွန်း အပါအဝင် သူငယ်ချင်း ၅ ဦးသည် ထမင်းစားဆောင်မှတဆင့် ကျောင်းမှ ထွက်ပြေးရန် ကြိုးစား ခဲ့ကြသည်။

၎င်းတို့အား လိုက်လံဖမ်းဆီးစဉ် ဒဏ်ရာများ ရရှိခဲ့ကြကာ ၂ ဦးမှာ သေဆုံးခဲ့ပြီး ၃ ဦးကို လူငယ်သင်တန်းကျောင်း တွင်ပင် ဆက်လက်ထိန်းသိမ်းထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
40
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
21
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
51

မန္တလေးလူငယ် သင်တန်းကျောင်းတွ် ဆရာ၊ ဆရာမအင်အားမှာ ၂၅ ဦး၊ မန္တလေးတိုင်း အပါအဝင် အထက်မြန်မာ ပြည်ရှိ ပြစ်မှုမျိုးစုံဖြင့် ပြစ်ဒဏ်ကျခံလာရသော အသက် ၂၀ အောက်လူငယ် ကျောင်းသားဦးရေ စုစုပေါင်း ၄၆၀ ကျော်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာ၊ ကျောင်းပညာတို့အား သင်ကြားပေးနေသော ထိန်းသိမ်းရေး ကျောင်းတ ကျောင်း ဖြစ်သည်။

You may also like these stories:

လူငယ်ထိန်းသိမ်းရေးကျောင်းမှ၂ ဦး သေဆုံးရမှု ကျူးလွန်သူကို အရေးယူရန် တောင်းဆို

ပြစ်မှုကျူးလွန်သူ ကလေးသူငယ်တွေရဲ့ အနာဂတ် ဘာလဲ ဘယ်လဲ

Your Thoughts …
Tags: မန္တလေးလူငယ်သင်တန်းကျောင်းလူ့အခွင့်အရေးအသက်မွေးပညာ
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

by Bertil Lintner
15 March 2025
6.2k

မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

by Koh Ewe
7 November 2024
6k

နိဂုံးသည် မနီးကပ်သေးသော်လည် ရှင်းလင်းထင်ရှားသည်ဟု ၂၀၂၁ ခုနှစ်တွင် မြန်မာ စစ်အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကို အနီးကပ်လေ့လာနေသူများက ပြောသည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.9k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Next Post
လက်ရှိ ဆန္ဒပြပွဲများကို ဦးဆောင်နေသော ကျောင်းသားများသည် အင်တာနက်ခေတ်တွင် အရွယ်ရောက် ကြီးပြင်းလာသူ လူငယ်များဖြစ်ကြပြီး အွန်လိုင်းတွင် ထောက်ခံစုရုံးမှုကလည်း ကြီးထွားလာနေသည် / Nikkei Asian Review

ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ

မိုးစက်ဝိုင်အား တရားစွဲဆိုထားသူ မမေဟန်နီထွေး  / ယုဖြူဟန် / ဧရာဝတီ

Mozey Cosmetics ရဲ့ မှားယွင်းစွပ်စွဲမှုကြောင့် အချုပ် ကျခံခဲ့ရတဲ့ မေဟန်နီထွေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved